[Zawgyi]

ႏွစ္ေပါင္း(၂၀)ေက်ာ္ ေပ်ာက္ဆုံးေနတဲ့ ပရီးမီးယားလိဂ္အိပ္မက္ကုိ ဒီရာသီမွာ လီဗာပူးလ္ ျပန္မက္ခြင့္ရမလား

လီဗာပူးလ္ Liverpool ဆုိတာက တစ္ေခတ္တစ္ခါတုန္းက အဂၤလန္မွာ ၿပိဳင္ဘက္မရွိတဲ့ Undisputed King ၊ ဥေရာပ ေဘာလုံးေလာကမွာလည္း ေအာင္ျမင္မႈအမ်ားဆုံး အဂၤလန္အသင္းဆုိတဲ့ ဂုဏ္ပုဒ္ေတြ ပုိင္ဆုိင္ခဲ့ဖူးတယ္။ ၂၀ ရာစုကာလအတြင္း ျပည္တြင္းမွာ လီဗာပူးလ္ကုိ ယွဥ္ႏုိင္တဲ့အသင္းဆုိတာ မရွိခဲ့ဘူး။

Liverpool-Players-with-Milk-Cup

Liverpool-Players-with-Milk-Cup

၁၉၇၀ ကာလက စၿပီး ၁၉၈၀ ေက်ာ္အထိ ႀကိဳးၾကာနီတို႔ရဲ႕ ေတာင္ပံခတ္သံက ဥေရာပတစ္၀ွမ္းလုံးကုိ လႊမ္းမုိးထားႏုိင္ခ့ဲတယ္။ ဒဲလ္ဂလစ္ရွ္ Dalglish ၊ အီရန္ရွပ္ Ian Rush ၊ ေဆာင္းနက္စ္ Souness ၊ လင္ေဆး Lindsay ၊ အလန္ဟန္ဆန္ Alan Hansen ၊ ဂၽြန္ဘန္းစ္ John Barnes တို႔လုိ သူရဲေကာင္းေတြရဲ႕ စြမ္းေဆာင္ရည္ ဂႏၳ၀င္နည္းျပေတြျဖစ္ၾကတဲ့ ဘီရွန္ကေလ Bill Shankly ၊ ေဘာ့ဘ္ပီယာစေလ Bob Paisley ၊ ဂ်ိဳးဖာဂန္ Joe Fagan တို႔ရဲ႕စြမ္းရည္ေတြ ေပါင္းစပ္ခဲ့တဲ့အခ်ိန္မွာ ႀကိဳးၾကာနီတို႔ အျမင့္ပ်ံကာလေတြျဖစ္ခဲ့တယ္။

Liverpool-wins-1984-European-Cup

Liverpool-wins-1984-European-Cup

ေလာကႀကီးမွာ အနိမ့္အျမင့္အတက္အက် သေဘာတရားက Natural Truth လုိ႔ ဆုိရမလား။ အဲဒီကန္႔သတ္ခ်က္ကုိ ဘယ္အရာမွ မလြန္ဆန္ႏုိင္ဘူး။ လီဗာပူးလ္လည္း ဒီအတိုင္းပဲ။ ၁၉၈၀ ေက်ာ္ေနာက္ပုိင္းႏွစ္ေတြမွာ လီဗာပူးလ္အသင္း က်ရိပ္ျပလာၿပီး ၁၉၉၀ ကေန လက္ရွိအခ်ိန္အထိ ႏွစ္ေပါင္း(၃၀)နီးပါးကာလအတြင္း FA ဖလား(၂)ႀကိမ္၊ လိဂ္ဖလား(၁)ႀကိမ္၊ ခ်န္ပီယံလိဂ္(၁)ႀကိမ္ရခဲ့ေပမယ့္ အဂၤလန္မွာေတာ့ မန္ယူရဲ႕ေက်ာ္ျဖတ္တာကုိ ခံခဲ့ရတယ္။ လီဗာပူးလ္နဲ႔ မန္ယူဆုိတာကလည္း အဂၤလန္အေနာက္ေျမာက္ဒါဘီ ၿပိဳင္ဘက္ေတြျဖစ္လုိ႔ တျခားအသင္းေတြထက္စာရင္ မန္ယူကုိ အေက်ာေပးခဲ့ရတာက လီဗာပူးလ္တို႔အတြက္ ပုိၿပီး မခံခ်ိမခံသာျဖစ္စရာပဲ။ အခုဆုိရင္ လီဗာပူးလ္အသင္း အမွတ္ေပးဖလားမရတာက (၂၈)ႏွစ္အထိ ၾကာေနၿပီ။ လီဗာပူးလ္ အဂၤလန္အမွတ္ေပးလိဂ္မွာ ေနာက္ဆုံးဗုိလ္စဲြခဲ့တာက ၁၉၈၉-၉၀ ျဖစ္ၿပီး လက္ရွိအသင္းရဲ႕ စီနီယာကစားသမား(၆)ဦးက အဲဒီတုနး္က ေမြးဖြားခဲ့တဲ့သူေတြ။

Liverpool-wins-Last-League-Title

Liverpool-wins-Last-League-Title

ေနာက္ပုိင္းႏွစ္ေတြမွာ ပရီးမီးယားလိဂ္ဖလားကုိ မန္ယူ၊ အာဆင္နယ္တို႔သာမကဘဲ ခ်ယ္လ္ဆီး၊ မန္စီးတီးအသင္းေတြပါ အျပန္အလွန္ရယူခဲ့တာေၾကာင့္ လီဗာပူးလ္အသင္းရဲ႕ အမွတ္ေပးခ်န္ပီယံျဖစ္ေရး ေမွ်ာ္လင့္ခ်က္က ေမွးမိွန္ေနခဲ့ရတယ္။ ဒီရာသီမွာေတာ့ (၂၈)ႏွစ္ၾကာ ေပ်ာက္ဆုံးေနတဲ့ ပရီးမီးယားလိဂ္အိပ္မက္ေတြ တစ္ေက်ာ႔ျပန္မက္ဖုိ႔ အေျခအေနေကာင္းေတြ ပုိင္ဆုိင္ထားေနၿပီ။

Jurgen-Klopp

Jurgen-Klopp

နည္းျပယာဂန္ကေလာ့ပ္ Jurgen Klopp ကလည္း ႀကိဳးၾကာနီတို႔ရဲ႕ Image ကုိ ျမႇင့္တင္ေပးဖုိ႔ အစြမး္ကုန္ႀကိဳးပမ္းေနၿပီး ဒီေႏြရာသီမွာ ကစားသမားသစ္ေတြ ေခၚယူအားျဖည့္ထားတယ္။ ဒီရာသီ လီဗာပူးလ္အသင္းရဲ႕ ပရီးမီးယားလိဂ္အိပ္မက္ေတြ အသက္၀င္လာေစႏုိင္တဲ့ အေၾကာငး္အရာေတြကေတာ့ . . .

‘Messi Of Goalkeepers’ အယ္လစ္ဆန္ Alisson ကုိ ေခၚယူခဲ့တာ

Alisson

Alisson

ဂုိးသမားတစ္ဦးအတြက္ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္(၆၇)သန္းနဲ႔ ေခၚယူခဲ့တ့ဲအခ်ိန္မွာ လူတိုင္းရဲ႕ စိတ္ထဲမွာ ဒီေလာက္ပမာဏအထိ သုံးစရာလုိသလားဆုိတဲ့ သံသယေမးခြန္းေတြနဲ႔ေပါ့။ ဒါေပမဲ့ လီဗာပူးလ္အသင္းမွာ ဂုိးသမားေကာင္းမရွိတဲ့ျပႆနာက ၿပီးခဲ့တဲ့ႏွစ္ေတြကတညး္ကရွိေနတာျဖစ္ၿပီး အဲဒီျပႆနာဟာ ယာဂန္ကေလာ့ပ္အတြက္လည္း ေခါင္းကုိက္စရာျဖစ္ခဲ့ရတယ္။ မစ္ဂႏုိလက္ Mignolet ေရာ၊ ကာရီးယပ္စ္ Karius ပါ ထိပ္တန္းအသင္းမွာ ကစားေနတဲ့ဂုိးသမားလုိ႔ မထင္ရေလာက္ေအာင္ ႐ူးေၾကာင္ေၾကာင္ အမွားေတြ က်ဴးလြန္ခ့ဲၿပီး ရသင့္တဲ့အမွတ္ေတြ မရခဲ့တာ၊ မ႐ႈံးသင့္ဘဲ ႐ႈံးခဲ့ရတာေတြကလည္း ခဏခဏ။ ဒါေၾကာင့္ ယာဂန္ကေလာ့ပ္က ထိပ္တန္းအဆင့္ရွိတဲ့ ႐ုိးမားအသင္းဂုိးသမား အယ္လစ္ဆန္ကုိ ဒီေလာက္အထိ ေငြအမ်ားႀကီးအသုံးျပဳ ေခၚယူခဲ့တာျဖစ္တယ္။ ႐ုိးမားအားကစားဒါ႐ုိက္တာ မြန္ခ်ီ Monchi ဆုိရင္ အယ္လစ္ဆန္ဟာ ဂုိးသမားထဲမွာ မက္ဆီလုိ ကစားသမားမ်ိဳး ‘Messi Of Goalkeepers’လုိ႔ေတာင္ ခ်ီးက်ဴးခဲ့တဲ့အထိပဲ။ အယ္လစ္ဆန္ေရာက္လာတာက လီဗာပူးလ္အသင္းမွာ ႏွစ္ေပါင္းမ်ားစြာ ရင္ဆုိင္ေနရတဲ့ ဂုိးသမားျပႆနာႀကီးကုိ ေျဖရွင္းႏုိင္လုိက္တာပါပဲ။

ထိပ္သီးအသင္းေတြနဲ႔ပဲြမွာ ရလဒ္ေကာင္းရယူႏုိင္ခဲ့တယ္

Jurgen-Klopp-and-Guardiola

Jurgen-Klopp-and-Guardiola

အန္ဖီးလ္ Anfield ေျမကုိ ယာဂန္ကေလာ့ပ္ ေျခခ်ခဲ့တဲ့အခ်ိန္စၿပီး လီဗာပူးလ္အသငး္က ထိပ္သီးအသင္းေတြကုိ Challenge လုပ္ႏုိင္တဲ့အေနအထားကုိ ျပန္ေရာက္လာခဲ့တယ္။ အထူးသျဖင့္ မန္စီးတီးေပါ့။ မန္စီးတီးနဲ႔ ဂြါဒီယုိလာ Guardiola ဆုိတာက ယာဂန္ကေလာ့ပ္အတြက္ Piece Of Cake ပါပဲ။ ေနာက္ၿပီး က်န္တဲ့ ႀကီး(၆)ႀကီးစာရင္း၀င္အသင္းေတြနဲ႔ Head To Head ကုိ ၾကည့္ရင္လည္း အားရစရာေကာငး္ေနတယ္။ လီဗာပူးလ္ သတိထားရမွာက အသင္းငယ္ေတြနဲ႔ပဲြမွာ တလဲြတေခ်ာ္မျဖစ္ဖုိ႔ပဲ။ အဲဒီ အားနည္းခ်က္ကုိ ျပင္ဆင္ႏုိင္ရင္ေတာ့ ယာဂန္ကေလာ့ပ္ဟာ လီဗာပူးလ္အသင္းအတြက္ ပထမဆုံးပရီးမီးယားလိဂ္ဖလား ရယူေပးခဲ့တဲ့ ပထမဆုံးနည္းျပျဖစ္လာပါလိမ့္မယ္။

ၿပိဳင္ဘက္တိုင္းကုိ အိပ္မက္ဆုိးေတြ ဖန္တီးေပးႏုိင္တဲ့ MSF တိုက္စစ္အတြဲ

MSF-Attacking-Trio

MSF-Attacking-Trioၿပီးခဲ့တဲ့ရာသီက မာေနး Mane ၊ ဆာလာ Salah ၊ ေဖမီႏုိ Firmino တို႔ရဲ႕ MSF အတြဲက ၿပိဳင္ဘက္ခံစစ္အတြက္ နတ္ဆုိးေတြျဖစ္ခဲ့တယ္။ “အီဂ်စ္မက္ဆီ”ဆာလာဆုိရင္လည္း လီဗာပူးလ္ကစားသမားဘ၀ ပထမဆုံးရာသီမွာပဲ မထင္မွတ္ေလာက္တဲ့ေျခစြမ္းေတြနဲ႔ ဂုိးေတြ တဒုိင္းဒုိင္းသြင္းယူခဲ့တဲ့အျပင္ တစ္ဦးခ်င္းအေကာင္းဆုံးဆုေတြကုိလည္း သိမ္းက်ံဴးရယူခဲ့တဲ့ဆုိတာလည္း ပရိသတ္ေတြ အသိပဲ။ ၿပီးခဲ့တဲ့ရာသီက ဒီ(၃)ေယာက္ရဲ႕ သြင္းဂုိးက(၉၁)ဂုိးအထိ ရွိခဲ့တာက တကယ့္ကုိ အားရစရာေကာင္းတယ္။

shaqiri

shaqiri

အခုဆုိ ရွာကီရီ Shaqiri ၊ နာဘီကီတာ Naby Keita တို႔လုိ တိုက္စစ္အတြက္ အားကစားရတဲ့ကစားသမား၊ ဖာဘင္ဟုိ Fabinho လုိ Quality Midfielder ေတြ ပုိင္ဆုိင္ထားတဲ့ လီဗာပူးလ္အသငး္ရဲ႕ ကစားသမားစုဖဲြ႕မႈက အရင္ႏွစ္ကထက္ ပုိေတာင့္တင္းလာေတာ့ အမွန္ပဲ။ ဒီအခ်က္ကလည္း လီဗာပူးလ္အသင္းရဲ႕ ပရီးမီးယားလိဂ္အိပ္မက္ေတြ အထေျမာက္ဖုိ႔ ေမွ်ာ္လင့္ခြင့္ရွိေစႏုိင္တာပဲျဖစ္ပါတယ္။လီဗာပူးလ္အသင္းကေတာ့ (၂၈)ႏွစ္ၾကာ ေပ်ာက္ဆုံးေနတဲ့ အမွတ္ေပးဖလားအိပ္မက္ကုိ ဒီရာသီမွာ ျပန္အသက္သြင္းဖုိ႔ ႀကိဳးပမ္းေနပါၿပီ။ သူတို႔ေတြ ေအာင္ျမင္မလား ၊ ဒါမွမဟုတ္ . . . .

လီဗာပူးလ္အသင္းရဲ႕ ေအာင္ျမင္မႈ မွတ္တမ္း

First Division
Winners (18): 1900–01, 1905–06, 1921–22, 1922–23, 1946–47, 1963–64, 1965–66, 1972–73, 1975–76, 1976–77, 1978–79, 1979–80, 1981–82, 1982–83, 1983–84, 1985–86, 1987–88, 1989–90

FA Cup
Winners (7): 1964–65, 1973–74, 1985–86, 1988–89, 1991–92, 2000–01, 2005–06

Football League Cup
Winners (8): 1980–81, 1981–82, 1982–83, 1983–84, 1994–95, 2000–01, 2002–03, 2011–12 (record)

FA Charity / Community Shield
Winners (15): 1964*, 1965*, 1966, 1974, 1976, 1977*, 1979, 1980, 1982, 1986*, 1988, 1989, 1990*, 2001, 2006 (* shared)

European Cup/UEFA Champions League
Winners (5): 1976–77, 1977–78, 1980–81, 1983–84, 2004–05

UEFA Cup
Winners (3): 1972–73, 1975–76, 2000–01

European Super Cup/UEFA Super Cup
Winners (3): 1977, 2001, 2005

REF:.sportskeeda.com
Photo:Goal.com,Evening Telegraph,Pinterest,The Sun,Ghanasoccernet.com,
Sports Illustrated,The Anfield Wrap,Vivaronews
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နှစ်ပေါင်း(၂၀)ကျော် ပျောက်ဆုံးနေတဲ့ ပရီးမီးယားလိဂ်အိပ်မက်ကို ဒီရာသီမှာ လီဗာပူးလ် ပြန်မက်ခွင့်ရမလား

လီဗာပူးလ် Liverpool ဆိုတာက တစ်ခေတ်တစ်ခါတုန်းက အင်္ဂလန်မှာ ပြိုင်ဘက်မရှိတဲ့ Undisputed King ၊ ဥရောပ ဘောလုံးလောကမှာလည်း အောင်မြင်မှုအများဆုံး အင်္ဂလန်အသင်းဆိုတဲ့ ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ခဲ့ဖူးတယ်။ ၂၀ ရာစုကာလအတွင်း ပြည်တွင်းမှာ လီဗာပူးလ်ကို ယှဉ်နိုင်တဲ့အသင်းဆိုတာ မရှိခဲ့ဘူး။

Liverpool-Players-with-Milk-Cup

Liverpool-Players-with-Milk-Cup

၁၉၇၀ ကာလက စပြီး ၁၉၈၀ ကျော်အထိ ကြိုးကြာနီတို့ရဲ့ တောင်ပံခတ်သံက ဥရောပတစ်ဝှမ်းလုံးကို လွှမ်းမိုးထားနိုင်ခဲ့တယ်။ ဒဲလ်ဂလစ်ရှ် Dalglish ၊ အီရန်ရှပ် Ian Rush ၊ ဆောင်းနက်စ် Souness ၊ လင်ဆေး Lindsay ၊ အလန်ဟန်ဆန် Alan Hansen ၊ ဂျွန်ဘန်းစ် John Barnes တို့လို သူရဲကောင်းတွေရဲ့ စွမ်းဆောင်ရည် ဂန္ထဝင်နည်းပြတွေဖြစ်ကြတဲ့ ဘီရှန်ကလေ Bill Shankly ၊ ဘော့ဘ်ပီယာစလေ Bob Paisley ၊ ဂျိုးဖာဂန် Joe Fagan တို့ရဲ့စွမ်းရည်တွေ ပေါင်းစပ်ခဲ့တဲ့အချိန်မှာ ကြိုးကြာနီတို့ အမြင့်ပျံကာလတွေဖြစ်ခဲ့တယ်။

Liverpool-wins-1984-European-Cup

Liverpool-wins-1984-European-Cup

လောကကြီးမှာ အနိမ့်အမြင့်အတက်အကျ သဘောတရားက Natural Truth လို့ ဆိုရမလား။ အဲဒီကန့်သတ်ချက်ကို ဘယ်အရာမှ မလွန်ဆန်နိုင်ဘူး။ လီဗာပူးလ်လည်း ဒီအတိုင်းပဲ။ ၁၉၈၀ ကျော်နောက်ပိုင်းနှစ်တွေမှာ လီဗာပူးလ်အသင်း ကျရိပ်ပြလာပြီး ၁၉၉၀ ကနေ လက်ရှိအချိန်အထိ နှစ်ပေါင်း(၃၀)နီးပါးကာလအတွင်း FA ဖလား(၂)ကြိမ်၊ လိဂ်ဖလား(၁)ကြိမ်၊ ချန်ပီယံလိဂ်(၁)ကြိမ်ရခဲ့ပေမယ့် အင်္ဂလန်မှာတော့ မန်ယူရဲ့ကျော်ဖြတ်တာကို ခံခဲ့ရတယ်။ လီဗာပူးလ်နဲ့ မန်ယူဆိုတာကလည်း အင်္ဂလန်အနောက်မြောက်ဒါဘီ ပြိုင်ဘက်တွေဖြစ်လို့ တခြားအသင်းတွေထက်စာရင် မန်ယူကို အကျောပေးခဲ့ရတာက လီဗာပူးလ်တို့အတွက် ပိုပြီး မခံချိမခံသာဖြစ်စရာပဲ။ အခုဆိုရင် လီဗာပူးလ်အသင်း အမှတ်ပေးဖလားမရတာက (၂၈)နှစ်အထိ ကြာနေပြီ။ လီဗာပူးလ် အင်္ဂလန်အမှတ်ပေးလိဂ်မှာ နောက်ဆုံးဗိုလ်စွဲခဲ့တာက ၁၉၈၉-၉၀ ဖြစ်ပြီး လက်ရှိအသင်းရဲ့ စီနီယာကစားသမား(၆)ဦးက အဲဒီတုန်းက မွေးဖွားခဲ့တဲ့သူတွေ။

Liverpool-wins-Last-League-Title

Liverpool-wins-Last-League-Title

နောက်ပိုင်းနှစ်တွေမှာ ပရီးမီးယားလိဂ်ဖလားကို မန်ယူ၊ အာဆင်နယ်တို့သာမကဘဲ ချယ်လ်ဆီး၊ မန်စီးတီးအသင်းတွေပါ အပြန်အလှန်ရယူခဲ့တာကြောင့် လီဗာပူးလ်အသင်းရဲ့ အမှတ်ပေးချန်ပီယံဖြစ်ရေး မျှော်လင့်ချက်က မှေးမှိန်နေခဲ့ရတယ်။ ဒီရာသီမှာတော့ (၂၈)နှစ်ကြာ ပျောက်ဆုံးနေတဲ့ ပရီးမီးယားလိဂ်အိပ်မက်တွေ တစ်ကျော့ပြန်မက်ဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်ထားနေပြီ။

Jurgen-Klopp

Jurgen-Klopp

နည်းပြယာဂန်ကလော့ပ် Jurgen Klopp ကလည်း ကြိုးကြာနီတို့ရဲ့ Image ကို မြှင့်တင်ပေးဖို့ အစွမ်းကုန်ကြိုးပမ်းနေပြီး ဒီနွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ထားတယ်။ ဒီရာသီ လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ်အိပ်မက်တွေ အသက်ဝင်လာစေနိုင်တဲ့ အကြောင်းအရာတွေကတော့ . . .

‘Messi Of Goalkeepers’ အယ်လစ်ဆန် Alisson ကို ခေါ်ယူခဲ့တာ

Alisson

Alisson

ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၆၇)သန်းနဲ့ ခေါ်ယူခဲ့တဲ့အချိန်မှာ လူတိုင်းရဲ့ စိတ်ထဲမှာ ဒီလောက်ပမာဏအထိ သုံးစရာလိုသလားဆိုတဲ့ သံသယမေးခွန်းတွေနဲ့ပေါ့။ ဒါပေမဲ့ လီဗာပူးလ်အသင်းမှာ ဂိုးသမားကောင်းမရှိတဲ့ပြဿနာက ပြီးခဲ့တဲ့နှစ်တွေကတည်းကရှိနေတာဖြစ်ပြီး အဲဒီပြဿနာဟာ ယာဂန်ကလော့ပ်အတွက်လည်း ခေါင်းကိုက်စရာဖြစ်ခဲ့ရတယ်။ မစ်ဂနိုလက် Mignolet ရော၊ ကာရီးယပ်စ် Karius ပါ ထိပ်တန်းအသင်းမှာ ကစားနေတဲ့ဂိုးသမားလို့ မထင်ရလောက်အောင် ရူးကြောင်ကြောင် အမှားတွေ ကျူးလွန်ခဲ့ပြီး ရသင့်တဲ့အမှတ်တွေ မရခဲ့တာ၊ မရှုံးသင့်ဘဲ ရှုံးခဲ့ရတာတွေကလည်း ခဏခဏ။ ဒါကြောင့် ယာဂန်ကလော့ပ်က ထိပ်တန်းအဆင့်ရှိတဲ့ ရိုးမားအသင်းဂိုးသမား အယ်လစ်ဆန်ကို ဒီလောက်အထိ ငွေအများကြီးအသုံးပြု ခေါ်ယူခဲ့တာဖြစ်တယ်။ ရိုးမားအားကစားဒါရိုက်တာ မွန်ချီ Monchi ဆိုရင် အယ်လစ်ဆန်ဟာ ဂိုးသမားထဲမှာ မက်ဆီလို ကစားသမားမျိုး ‘Messi Of Goalkeepers’လို့တောင် ချီးကျူးခဲ့တဲ့အထိပဲ။ အယ်လစ်ဆန်ရောက်လာတာက လီဗာပူးလ်အသင်းမှာ နှစ်ပေါင်းများစွာ ရင်ဆိုင်နေရတဲ့ ဂိုးသမားပြဿနာကြီးကို ဖြေရှင်းနိုင်လိုက်တာပါပဲ။

ထိပ်သီးအသင်းတွေနဲ့ပွဲမှာ ရလဒ်ကောင်းရယူနိုင်ခဲ့တယ်

Jurgen-Klopp-and-Guardiola

Jurgen-Klopp-and-Guardiola

အန်ဖီးလ် Anfield မြေကို ယာဂန်ကလော့ပ် ခြေချခဲ့တဲ့အချိန်စပြီး လီဗာပူးလ်အသင်းက ထိပ်သီးအသင်းတွေကို Challenge လုပ်နိုင်တဲ့အနေအထားကို ပြန်ရောက်လာခဲ့တယ်။ အထူးသဖြင့် မန်စီးတီးပေါ့။ မန်စီးတီးနဲ့ ဂွါဒီယိုလာ Guardiola ဆိုတာက ယာဂန်ကလော့ပ်အတွက် Piece Of Cake ပါပဲ။ နောက်ပြီး ကျန်တဲ့ ကြီး(၆)ကြီးစာရင်းဝင်အသင်းတွေနဲ့ Head To Head ကို ကြည့်ရင်လည်း အားရစရာကောင်းနေတယ်။ လီဗာပူးလ် သတိထားရမှာက အသင်းငယ်တွေနဲ့ပွဲမှာ တလွဲတချော်မဖြစ်ဖို့ပဲ။ အဲဒီ အားနည်းချက်ကို ပြင်ဆင်နိုင်ရင်တော့ ယာဂန်ကလော့ပ်ဟာ လီဗာပူးလ်အသင်းအတွက် ပထမဆုံးပရီးမီးယားလိဂ်ဖလား ရယူပေးခဲ့တဲ့ ပထမဆုံးနည်းပြဖြစ်လာပါလိမ့်မယ်။

ပြိုင်ဘက်တိုင်းကို အိပ်မက်ဆိုးတွေ ဖန်တီးပေးနိုင်တဲ့ MSF တိုက်စစ်အတွဲ

MSF-Attacking-Trio

MSF-Attacking-Trio

ပြီးခဲ့တဲ့ရာသီက မာနေး Mane ၊ ဆာလာ Salah ၊ ဖေမီနို Firmino တို့ရဲ့ MSF အတွဲက ပြိုင်ဘက်ခံစစ်အတွက် နတ်ဆိုးတွေဖြစ်ခဲ့တယ်။ “အီဂျစ်မက်ဆီ”ဆာလာဆိုရင်လည်း လီဗာပူးလ်ကစားသမားဘ၀ ပထမဆုံးရာသီမှာပဲ မထင်မှတ်လောက်တဲ့ခြေစွမ်းတွေနဲ့ ဂိုးတွေ တဒိုင်းဒိုင်းသွင်းယူခဲ့တဲ့အပြင် တစ်ဦးချင်းအကောင်းဆုံးဆုတွေကိုလည်း သိမ်းကျူံးရယူခဲ့တဲ့ဆိုတာလည်း ပရိသတ်တွေ အသိပဲ။ ပြီးခဲ့တဲ့ရာသီက ဒီ(၃)ယောက်ရဲ့ သွင်းဂိုးက(၉၁)ဂိုးအထိ ရှိခဲ့တာက တကယ့်ကို အားရစရာကောင်းတယ်။

shaqiri

shaqiri

အခုဆို ရှာကီရီ Shaqiri ၊ နာဘီကီတာ Naby Keita တို့လို တိုက်စစ်အတွက် အားကစားရတဲ့ကစားသမား၊ ဖာဘင်ဟို Fabinho လို Quality Midfielder တွေ ပိုင်ဆိုင်ထားတဲ့ လီဗာပူးလ်အသင်းရဲ့ ကစားသမားစုဖွဲ့မှုက အရင်နှစ်ကထက် ပိုတောင့်တင်းလာတော့ အမှန်ပဲ။ ဒီအချက်ကလည်း လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ်အိပ်မက်တွေ အထမြောက်ဖို့ မျှော်လင့်ခွင့်ရှိစေနိုင်တာပဲဖြစ်ပါတယ်။လီဗာပူးလ်အသင်းကတော့ (၂၈)နှစ်ကြာ ပျောက်ဆုံးနေတဲ့ အမှတ်ပေးဖလားအိပ်မက်ကို ဒီရာသီမှာ ပြန်အသက်သွင်းဖို့ ကြိုးပမ်းနေပါပြီ။ သူတို့တွေ အောင်မြင်မလား ၊ ဒါမှမဟုတ် . . . .

လီဗာပူးလ်အသင်းရဲ့ အောင်မြင်မှု မှတ်တမ်း

First Division
Winners (18): 1900–01, 1905–06, 1921–22, 1922–23, 1946–47, 1963–64, 1965–66, 1972–73, 1975–76, 1976–77, 1978–79, 1979–80, 1981–82, 1982–83, 1983–84, 1985–86, 1987–88, 1989–90

FA Cup
Winners (7): 1964–65, 1973–74, 1985–86, 1988–89, 1991–92, 2000–01, 2005–06

Football League Cup
Winners (8): 1980–81, 1981–82, 1982–83, 1983–84, 1994–95, 2000–01, 2002–03, 2011–12 (record)

FA Charity / Community Shield
Winners (15): 1964*, 1965*, 1966, 1974, 1976, 1977*, 1979, 1980, 1982, 1986*, 1988, 1989, 1990*, 2001, 2006 (* shared)

European Cup/UEFA Champions League
Winners (5): 1976–77, 1977–78, 1980–81, 1983–84, 2004–05

UEFA Cup
Winners (3): 1972–73, 1975–76, 2000–01

European Super Cup/UEFA Super Cup
Winners (3): 1977, 2001, 2005

REF:.sportskeeda.com
Photo:Goal.com,Evening Telegraph,Pinterest,The Sun,Ghanasoccernet.com,
Sports Illustrated,The Anfield Wrap,Vivaronews
Naing Linn(Akhayar)
www.akhayar.com