[Zawgyi]

ဇီဒန္း Zidane နည္းျပျဖစ္လာႏိုင္တဲ႔ ကလပ္အသင္း(၃)သင္း

ရီးယဲလ္မက္ဒရစ္အသင္းနဲ႔ အတူ ေအာင္ျမင္မႈမ်ားစြာရွာေဖြႏိုင္ခဲ႔တဲ႔ ဇီဒန္း Zidane ဟာ လက္ရိွမွာေတာ႔ နည္းျပေလာကထဲကေန ခဏအနားယူေနသူပါ။ ဇီဒန္းကို နည္းျပအျဖစ္ ခန္႔အပ္ဖို႔ စိတ္၀င္စားေနတဲ႔ ကလပ္အသင္းေတြမ်ားစြာရိွေနေပမယ္႔ အခုခ်ိန္ထိေတာ႔ ေသခ်ာေရရာတဲ႔ အေျဖထြက္လာျခင္းမရိွေသးပါဘူး။ အသင္းၾကီးနည္းျပဘ၀ (၂)ႏွစ္ခြဲဆိုတဲ႔ အခ််ိန္ကာလအတြင္းမွာ ခ်န္ပီယံလိဂ္ဆုဖလား(၃)လံုးအပါအ၀င္ အျခားဆုဖလားမ်ားစြာရရိွခဲ႔တဲ႔ ဇီဒန္း အေနနဲ႔ နည္းျပျဖစ္လာႏိုင္တဲ႔ ကလပ္အသင္း(၃)သင္းကို နာမည္ေက်ာ္ အားကစား ၀က္ဆိုက္ဘ္တစ္ခုျဖစ္တဲ႔ Sportskeeda က အခုလိုေဖာ္ျပေပးခဲ႔ပါတယ္။

(၁) မန္ယူ

ManU

ManU

မန္ယူအသင္းရလဒ္ေတြ ေတာ္ေတာ္ဆိုးေနခ်ိန္မွာ ဇီဒန္းဟာ မန္ယူနည္းျပျဖစ္လာဖို႔ အနီးစပ္ဆံုးအေနအထားမွာရိွခဲ႔တာပါ။ နယူးကာဆယ္ကို အိမ္ကြင္းမွာ ေနာက္က်သြင္းဂိုးေတြနဲ႔ မန္ယူအသင္းသာ အႏိုင္မရခဲ႔ရင္ လက္ရိွမွာ ဇီဒန္းဟာ မန္ယူနည္းျပျဖစ္ေနေလာက္ပါျပီ။ ဒါေပမယ္႔ ေဘာလံုးေလာကဆိုတာ ဘာမွၾကိဳေျပာလို႔မရသလို မန္ယူပရိသတ္ေတြဟာလည္း ဇီဒန္းကို အၾကိဳက္ေတြ႕ၾကတာေၾကာင္႔ မန္ယူအသင္းဟာ ဒီစာရင္းရဲ႕ ထိပ္ဆံုးေနရာမွာရိွေနတာျဖစ္ပါတယ္။

(၂) ဘိုင္ယန္ျမဴးနစ္

Bayern-Munich

Bayern-Munich

နည္းျပ ကိုဗက္ Kovac ရဲ႕ လက္ထဲမွာ ေကာင္းလိုက္ ဆိုးလိုက္ျဖစ္ေနတဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းဟာလည္း ဇီဒန္းကို ခ်ိန္ရြယ္ေနတဲ႔ ကလပ္အသင္းေတြထဲက တစ္သင္းပါ။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ကစားသမားေတြနဲ႔ တန္းညီျပီး ေျပာႏိုင္ဆိုႏိုင္မယ္႔ ပံုရိပ္ျမင္႔မားတဲ႔ နည္းျပကိုေခၚယူလိုေနတာပဲျဖစ္ပါတယ္။ ဘြန္ဒစ္လီဂါမွာ ေဒါ႔မြန္ရဲ႕ ေနာက္ကိုေရာက္လာတဲ႔ ဘိုင္ယန္ျမဴးနစ္နဲ႔ ဇီဒန္းတို႔ရဲ႕ အေနအထားဟာလည္း စိတ္၀င္စားစရာပါပဲ။

(၃) PSG

PSG

PSG

PSG အသင္းအဓိက လိုအပ္ေနတာကေတာ႔ ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈပါ။ အသင္းနဲ႔အတူ ျပည္တြင္းဆုဖလားေတြ အားလံုးရရိွခဲ႔တဲ႔ အမ္မရီ Emery နဲ႔လမ္းခြဲျပီး တူဟယ္ Tuchel ကို ခန္႔အပ္ခဲ႔တာကလည္း ဒီအရာေတြထဲက တစ္ခုပါပဲ။ ဒါေပမယ္႔ တူဟယ္ လက္ထက္ PSG အသင္းရဲ႕ ခ်န္ပီယံလိဂ္ရလဒ္ေတြဟာလည္း ထင္သေလာက္ အားရစရာမေကာင္းတာေၾကာင္႔ ခ်န္ပီယံလိဂ္နဲ႔ ကံလိုက္တဲ႔ ဇီဒန္းကို စိတ္၀င္စားေနၾကတာပါ။

Ref: Sportskeeda
Photo: WSTale.com , The Independent 
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဇီဒန်း Zidane နည်းပြဖြစ်လာနိုင်တဲ့ ကလပ်အသင်း(၃)သင်း

ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အတူ အောင်မြင်မှုများစွာရှာဖွေနိုင်ခဲ့တဲ့ ဇီဒန်း Zidane ဟာ လက်ရှိမှာတော့ နည်းပြလောကထဲကနေ ခဏအနားယူနေသူပါ။ ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေများစွာရှိနေပေမယ့် အခုချိန်ထိတော့ သေချာရေရာတဲ့ အဖြေထွက်လာခြင်းမရှိသေးပါဘူး။ အသင်းကြီးနည်းပြဘ၀ (၂)နှစ်ခွဲဆိုတဲ့ အချျိန်ကာလအတွင်းမှာ ချန်ပီယံလိဂ်ဆုဖလား(၃)လုံးအပါအဝင် အခြားဆုဖလားများစွာရရှိခဲ့တဲ့ ဇီဒန်း အနေနဲ့ နည်းပြဖြစ်လာနိုင်တဲ့ ကလပ်အသင်း(၃)သင်းကို နာမည်ကျော် အားကစား ဝက်ဆိုက်ဘ်တစ်ခုဖြစ်တဲ့ Sportskeeda က အခုလိုဖော်ပြပေးခဲ့ပါတယ်။

(၁) မန်ယူ

ManU

ManU

မန်ယူအသင်းရလဒ်တွေ တော်တော်ဆိုးနေချိန်မှာ ဇီဒန်းဟာ မန်ယူနည်းပြဖြစ်လာဖို့ အနီးစပ်ဆုံးအနေအထားမှာရှိခဲ့တာပါ။ နယူးကာဆယ်ကို အိမ်ကွင်းမှာ နောက်ကျသွင်းဂိုးတွေနဲ့ မန်ယူအသင်းသာ အနိုင်မရခဲ့ရင် လက်ရှိမှာ ဇီဒန်းဟာ မန်ယူနည်းပြဖြစ်နေလောက်ပါပြီ။ ဒါပေမယ့် ဘောလုံးလောကဆိုတာ ဘာမှကြိုပြောလို့မရသလို မန်ယူပရိသတ်တွေဟာလည်း ဇီဒန်းကို အကြိုက်တွေ့ကြတာကြောင့် မန်ယူအသင်းဟာ ဒီစာရင်းရဲ့ ထိပ်ဆုံးနေရာမှာရှိနေတာဖြစ်ပါတယ်။

(၂) ဘိုင်ယန်မြူးနစ်

Bayern-Munich

Bayern-Munich

နည်းပြ ကိုဗက် Kovac ရဲ့ လက်ထဲမှာ ကောင်းလိုက် ဆိုးလိုက်ဖြစ်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာလည်း ဇီဒန်းကို ချိန်ရွယ်နေတဲ့ ကလပ်အသင်းတွေထဲက တစ်သင်းပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ ကစားသမားတွေနဲ့ တန်းညီပြီး ပြောနိုင်ဆိုနိုင်မယ့် ပုံရိပ်မြင့်မားတဲ့ နည်းပြကိုခေါ်ယူလိုနေတာပဲဖြစ်ပါတယ်။ ဘွန်ဒစ်လီဂါမှာ ဒေါ့မွန်ရဲ့ နောက်ကိုရောက်လာတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဇီဒန်းတို့ရဲ့ အနေအထားဟာလည်း စိတ်ဝင်စားစရာပါပဲ။

(၃) PSG

PSG

PSG

PSG အသင်းအဓိက လိုအပ်နေတာကတော့ ချန်ပီယံလိဂ် အောင်မြင်မှုပါ။ အသင်းနဲ့အတူ ပြည်တွင်းဆုဖလားတွေ အားလုံးရရှိခဲ့တဲ့ အမ်မရီ Emery နဲ့လမ်းခွဲပြီး တူဟယ် Tuchel ကို ခန့်အပ်ခဲ့တာကလည်း ဒီအရာတွေထဲက တစ်ခုပါပဲ။ ဒါပေမယ့် တူဟယ် လက်ထက် PSG အသင်းရဲ့ ချန်ပီယံလိဂ်ရလဒ်တွေဟာလည်း ထင်သလောက် အားရစရာမကောင်းတာကြောင့် ချန်ပီယံလိဂ်နဲ့ ကံလိုက်တဲ့ ဇီဒန်းကို စိတ်ဝင်စားနေကြတာပါ။

Ref: Sportskeeda
Photo: WSTale.com , The Independent 
Ko Kyue(Akhayar)
www.akhayar.com