[Zawgyi]

ဒီႏွစ္ေဘာလံုးရာသီမွာ မန္ယူအသင္းအတြက္ ေျခစြမ္းျပေနတဲ႔ ကစားသမားမ်ား

ဒီႏွစ္ေဘာလံုးရာသီ မန္ယူအသင္းရဲ႕ အေျခအေနေတြဟာ ဆိုးရြားေနတာ အားလံုးအသိပါပဲ။ မန္ယူအသင္းဟာ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ ပံုမွန္ေအာက္ကိုေရာက္ေနတဲ႔ အေျခအေနေတြနဲ႔ ရင္ဆိုင္ေနရသလို အသင္းဟာလည္း တည္ျငိမ္မႈ ပ်က္ျပားေနပါတယ္။ ဒီအေနအထားေတြေၾကာင္႔ မန္ယူအသင္းဟာ ႐ုန္းကန္ေနရတယ္လို႔ ယူဆရမွာပါ။ ဒီလိုမ်ိဳး အေျခအေနေတြဆိုးေနေပမယ္႔ အသင္းအတြက္ အေကာင္းဆံုးစြမ္းေဆာင္ျပေနတဲ႔ ကစားသမားေတြလည္း ရိွေနပါတယ္။ ဒီကစားသမားေတြဟာ ဒီႏွစ္ေဘာလံုးရာသီမွာ မန္ယူအသင္းအတြက္ ေျခစြမ္းျပေနတဲ႔ ကစားသမားေတြျဖစ္ျပီး Akhayar Sports ပရိသတ္ေတြအတြက္ ဒီကစားသမားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၃) လင္ဒီေလာ႔ဖ္ Lindelof

Lindelof

Lindelof

လင္ဒီေလာ႔ဖ္ Lindelof ဟာ မန္ယူအသင္းကို စေရာက္ခ်ိန္ကတည္းက အၿမဲလိုလို ပရိသတ္ေတြရဲ႕ ေ၀ဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ႔ရတဲ႔ ကစားသမားပါ။ လင္ဒီေလာ႔ဖ္ရဲ႕ မန္ယူကစားသမားဘ၀အစဟာ သာယာခဲ႔တာမဟုတ္ပဲ အခက္အခဲေတြ ၊ ႐ုန္းကန္မႈေတြနဲ႔ စခဲ႔ရတာပါ။ ဒီႏွစ္ေဘာလံုးရာသီအစပိုင္းမွာလည္း လင္ဒီေလာ႔ဖ္ရဲ႕ ေျခစြမ္းဟာ လိုအပ္ခ်က္ေတြရိွခဲ႔ေပမယ္႔ ေနာက္ပိုင္းမွာေတာ႔ တည္ျငိမ္တဲ႔ ေျခစြမ္းေတြကိုျပသႏိုင္ခဲ႔ျပီး အသင္းရဲ႕ ေနာက္တန္းမွာ စိတ္ဓာတ္ပိုင္း ေကာင္းေကာင္းနဲ႔ကစားႏိုင္ခဲ႔တာေၾကာင္႔ ပံုမွန္ေနရာတစ္ေနရာ ေသခ်ာေစခဲ႔ပါတယ္။ လက္ရိွမွာေတာ႔ လင္ဒီေလာ႔ဖ္ ဟာ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ေနရျပီး ပံုစံေကာင္းရေနခ်ိန္မွာ ဒဏ္ရာနဲ႔ၾကံဳေတြ႕ခဲ႔ရတာကလည္း စိုးရိမ္စရာျဖစ္ခဲ႔ရပါတယ္။ လင္ဒီေလာ႔ဖ္ အေနနဲ႔ ဒဏ္ရာအေျခအေနကေန ျပန္လာခဲ႔ရင္လည္း အရင္လိုပံုစံေကာင္းမွာရိွေနဖို႔ မန္ယူပရိသတ္ေတြ ေမွ်ာ္လင္႔ေနမွာကေတာ႔ အေသအခ်ာပါပဲ။

(၂) လုခ္ေရွာ Luke Shaw

Luke-Shaw

Luke-Shaw

စိတ္ဓာတ္ပိုင္း မာေက်ာျပီး ရရိွခဲ႔တဲ႔ အခြင္႔အေရးကို အမိအရဆုပ္ကိုင္ႏိုင္ခဲ႔တဲ႔ ကစားသမားဆိုရင္ မန္ယူပရိသတ္အမ်ားစုကေတာ႔ လုခ္ေရွာ Luke Shaw ကိုေျပးျမင္ၾကမွာပါ။ ျပင္းထန္တဲ႔ ဒဏ္ရာျပႆနာနဲ႔ ၾကံဳေတြ႔ခဲ႔ရသလို ကာလရွည္ အရန္ခံုမွာပဲ အခ်ိန္ျဖဳန္းခဲ႔ရျပီး နည္းျပရဲ႕ ေ၀ဖန္မႈကိုပါ ခံခဲ႔ရတဲ႔ လုခ္ေရွာ ဟာ လက္ရိွမွာေတာ႔ မန္ယူအသင္းရဲ႕ ဘယ္ေနာက္ခံေနရာကို အပိုင္သိမ္းထားတဲ႔ ကစားသမားျဖစ္လာခဲ႔ပါျပီ။ လုခ္ေရွာ ဟာ သူ႔ရဲ႕အလုပ္ကို ၾကိဳးၾကိဳးစားစား လုပ္ေဆာင္တဲ႔ အသီးအပြင္႔ကို ခံစားေနရတာပဲ ျဖစ္ပါတယ္။ ဒီႏွစ္ေဘာလံုးရာသီမွာ လုခ္ေရွာ ဟာ မန္ယူအသင္းရဲ႕ ဘယ္ျခမ္းမွာ ခံစစ္ ၊ တိုက္စစ္ မွ်တစြာကစားေနျပီး ေျခစြမ္းျပေနေပမယ္႔ လက္ရိွမွာေတာ႔ အေသးစား ဒဏ္ရာျပႆနာနဲ႔ ၾကံဳေတြ႕ေနရပါတယ္။

(၁) မာစီယဲလ္ Martial

Martial

Martial

ဒီႏွစ္ေဘာလံုးရာသီမွာ မန္ယူအသင္းအတြက္ အေကာင္းဆံုး စြမ္းေဆာင္ရည္ေတြကို ျပသေနသူကေတာ႔ ေတာင္ပံတိုက္စစ္ကစားသမား မာစီယဲလ္ Martial ပါပဲ။ ဒါကေတာ႔ အားလံုးလက္ခံရမယ္႔ အရာတစ္ခုပဲျဖစ္ပါတယ္။ ပံုမွန္ပြဲကစားခြင္႔မရခဲ႔လို႔ အသင္းကေနထြက္ခြာေတာ႔မယ္ဆိုတဲ႔ သတင္းေတြထြက္ခဲ႔ေပမယ္႔ ကစားခြင္႔ရခဲ႔တဲ႔အခ်ိန္မွာေတာ႔ မာစီယဲလ္ ဟာအသင္းရဲ႕ တိုက္စစ္ကို အေကာင္းဆံုးဦးေဆာင္ကစားေနပါတယ္။ မာစီယဲလ္ ရဲ႕ လက္ရိွေျခစြမ္းေကာင္းေတြေၾကာင္႔ မန္ယူအသင္းအေနနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ၾကိဳးစားေနခဲ႔ျပီး ဒီႏွစ္ေဘာလံုးရာသီမွာေတာ႔ မာစီယဲလ္ ဟာ အသင္းအတြက္ ျပိဳင္ပြဲစံုသြင္းဂိုး(၈)ဂိုးသြင္းယူထားပါတယ္။

Ref: Sportskeeda
Photo: The Times , Sporting News , Manchester United
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဒီနှစ်ဘောလုံးရာသီမှာ မန်ယူအသင်းအတွက် ခြေစွမ်းပြနေတဲ့ ကစားသမားများ

ဒီနှစ်ဘောလုံးရာသီ မန်ယူအသင်းရဲ့ အခြေအနေတွေဟာ ဆိုးရွားနေတာ အားလုံးအသိပါပဲ။ မန်ယူအသင်းဟာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည် ပုံမှန်အောက်ကိုရောက်နေတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရသလို အသင်းဟာလည်း တည်ငြိမ်မှု ပျက်ပြားနေပါတယ်။ ဒီအနေအထားတွေကြောင့် မန်ယူအသင်းဟာ ရုန်းကန်နေရတယ်လို့ ယူဆရမှာပါ။ ဒီလိုမျိုး အခြေအနေတွေဆိုးနေပေမယ့် အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပြနေတဲ့ ကစားသမားတွေလည်း ရှိနေပါတယ်။ ဒီကစားသမားတွေဟာ ဒီနှစ်ဘောလုံးရာသီမှာ မန်ယူအသင်းအတွက် ခြေစွမ်းပြနေတဲ့ ကစားသမားတွေဖြစ်ပြီး Akhayar Sports ပရိသတ်တွေအတွက် ဒီကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၃) လင်ဒီလော့ဖ် Lindelof

Lindelof

Lindelof

လင်ဒီလော့ဖ် Lindelof ဟာ မန်ယူအသင်းကို စရောက်ချိန်ကတည်းက အမြဲလိုလို ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကစားသမားပါ။ လင်ဒီလော့ဖ်ရဲ့ မန်ယူကစားသမားဘဝအစဟာ သာယာခဲ့တာမဟုတ်ပဲ အခက်အခဲတွေ ၊ ရုန်းကန်မှုတွေနဲ့ စခဲ့ရတာပါ။ ဒီနှစ်ဘောလုံးရာသီအစပိုင်းမှာလည်း လင်ဒီလော့ဖ်ရဲ့ ခြေစွမ်းဟာ လိုအပ်ချက်တွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တည်ငြိမ်တဲ့ ခြေစွမ်းတွေကိုပြသနိုင်ခဲ့ပြီး အသင်းရဲ့ နောက်တန်းမှာ စိတ်ဓာတ်ပိုင်း ကောင်းကောင်းနဲ့ကစားနိုင်ခဲ့တာကြောင့် ပုံမှန်နေရာတစ်နေရာ သေချာစေခဲ့ပါတယ်။ လက်ရှိမှာတော့ လင်ဒီလော့ဖ် ဟာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ပုံစံကောင်းရနေချိန်မှာ ဒဏ်ရာနဲ့ကြုံတွေ့ခဲ့ရတာကလည်း စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။ လင်ဒီလော့ဖ် အနေနဲ့ ဒဏ်ရာအခြေအနေကနေ ပြန်လာခဲ့ရင်လည်း အရင်လိုပုံစံကောင်းမှာရှိနေဖို့ မန်ယူပရိသတ်တွေ မျှော်လင့်နေမှာကတော့ အသေအချာပါပဲ။

(၂) လုခ်ရှော Luke Shaw

Luke-Shaw

Luke-Shaw

စိတ်ဓာတ်ပိုင်း မာကျောပြီး ရရှိခဲ့တဲ့ အခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်ခဲ့တဲ့ ကစားသမားဆိုရင် မန်ယူပရိသတ်အများစုကတော့ လုခ်ရှော Luke Shaw ကိုပြေးမြင်ကြမှာပါ။ ပြင်းထန်တဲ့ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရသလို ကာလရှည် အရန်ခုံမှာပဲ အချိန်ဖြုန်းခဲ့ရပြီး နည်းပြရဲ့ ဝေဖန်မှုကိုပါ ခံခဲ့ရတဲ့ လုခ်ရှော ဟာ လက်ရှိမှာတော့ မန်ယူအသင်းရဲ့ ဘယ်နောက်ခံနေရာကို အပိုင်သိမ်းထားတဲ့ ကစားသမားဖြစ်လာခဲ့ပါပြီ။ လုခ်ရှော ဟာ သူ့ရဲ့အလုပ်ကို ကြိုးကြိုးစားစား လုပ်ဆောင်တဲ့ အသီးအပွင့်ကို ခံစားနေရတာပဲ ဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ လုခ်ရှော ဟာ မန်ယူအသင်းရဲ့ ဘယ်ခြမ်းမှာ ခံစစ် ၊ တိုက်စစ် မျှတစွာကစားနေပြီး ခြေစွမ်းပြနေပေမယ့် လက်ရှိမှာတော့ အသေးစား ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့နေရပါတယ်။

(၁) မာစီယဲလ် Martial

Martial

Martial

ဒီနှစ်ဘောလုံးရာသီမှာ မန်ယူအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနေသူကတော့ တောင်ပံတိုက်စစ်ကစားသမား မာစီယဲလ် Martial ပါပဲ။ ဒါကတော့ အားလုံးလက်ခံရမယ့် အရာတစ်ခုပဲဖြစ်ပါတယ်။ ပုံမှန်ပွဲကစားခွင့်မရခဲ့လို့ အသင်းကနေထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပေမယ့် ကစားခွင့်ရခဲ့တဲ့အချိန်မှာတော့ မာစီယဲလ် ဟာအသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံးဦးဆောင်ကစားနေပါတယ်။ မာစီယဲလ် ရဲ့ လက်ရှိခြေစွမ်းကောင်းတွေကြောင့် မန်ယူအသင်းအနေနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေခဲ့ပြီး ဒီနှစ်ဘောလုံးရာသီမှာတော့ မာစီယဲလ် ဟာ အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး(၈)ဂိုးသွင်းယူထားပါတယ်။

Ref: Sportskeeda
Photo: The Times , Sporting News , Manchester United
Ko Kyue(Akhayar)
www.akhayar.com