[Zawgyi]

Ballon d’Or ဆုအတြက္ စီေရာ္နယ္လ္ဒို Cristiano Ronaldo နဲ႔ မက္ဆီ Messi တို႔ရဲ႕ အဓိကျပိဳင္ဘက္ျဖစ္လာမယ္႔သူမ်ား

၂၀၀၈ ခုႏွစ္ကေန ျပီးခဲ႔တဲ႔ ၂၀၁၇ ခုႏွစ္အထိ (၁၀)နွစ္ဆိုတဲ႔အခ်ိန္ကာလမွာ Ballon d’Or ဆုကို စီေရာ္နယ္လ္ဒို Cristiano Ronaldo နဲ႔ မက္ဆီ Messi တို႔ဟာ တစ္ေယာက္တစ္လွည္႔စီသိမ္းပိုက္ထားၾကပါတယ္။ ဒီ(၁၀)ႏွစ္အတြင္းမွာ စီေရာ္နယ္လ္ဒို Cristiano Ronaldo နဲ႔ မက္ဆီ Messi တို႔ရဲ႕စြမ္းေဆာင္ရည္ေတြဟာ ျပိဳင္ဘက္မရိွေကာင္းမြန္ၾကတာေၾကာင္႔ ဒီဆုကိုလႊမ္းမိုးထားၾကတာျဖစ္ျပီး တစ္ေယာက္ကို Ballon d’Or ဆု(၅)ၾကိမ္စီရရိွထားၾကတာျဖစ္ပါတယ္။ ၂၀၁၈ Ballon d’Or ဆုကိုေတာ႔ စီေရာ္နယ္လ္ဒို Cristiano Ronaldo နဲ႔ မက္ဆီ Messi တို႔အေနနဲ႔ အရင္ကလိုအလြယ္တကူ လႊမ္းမိုးဖို႔ဆိုတာသိပ္မျဖစ္ႏိုင္ေတာ႔ပါဘူး။ လက္ရိွမွာ Ballon d’Or ဆုအတြက္ စီေရာ္နယ္လ္ဒို Cristiano Ronaldo နဲ႔ မက္ဆီ Messi တို႔ကို စိန္ေခၚႏိုင္တဲ႔ ကစားသမားေတြေပၚထြက္လာခဲ႔ျပီျဖစ္တာေၾကာင္႔ ဒီကစားသမားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဆာလာ Salah

Salah

Salah

ျပီးခဲ႔တဲ႔ ေဘာလံုးရာသီက လီဗာပူးလ္အသင္းမွာ ေမွာ္၀င္ေျခစြမ္းေတြျပသခဲ႔တဲ႔ ဆာလာ Salah ဟာ Ballon d’Or ဆုကို အျပည္႔အ၀ေမွ်ာ္လင္႔ခြင္႔ရိွေနပါတယ္။ ဆာလာ Salah ဟာ လီဗာပူးလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဒုတိယဆုကိုရရိွခဲ႔ျပီး အသင္းအတြက္ ပြဲေပါင္း(၅၂)ပြဲမွာ သြင္းဂိုး(၄၄)ဂိုးထိသြင္းယူႏိုင္ခဲ႔ပါတယ္။ ဆာလာ Salah ရဲ႕စြမ္းေဆာင္ရည္ေတြဟာ ေကာင္းမြန္တာေၾကာင္႔ Ballon d’Or ဆုကို ရရိွမလားဆိုတာ စိတ္၀င္စားစရာပါ။

(၂) ေနမာ Neymar

Neymar

Neymar

ေနမာ Neymar အေနနဲ႔ ဘာစီလိုနာအသင္းကေန ထြက္ခြာျပီး PSG အသင္းကို ေျပာင္းေရႊ႕ခဲ႔တာဟာ တစ္ဦးခ်င္းထူးခ်ြန္ဆုေတြရယူဖို႔ဆိုတာ အားလံုးသိေနတဲ႔အရာပါ။ ေနမာ Neymar ဟာ ျပီးခဲ႔တဲ႔ေဘာလံုးရာသီက ဒဏ္ရာျပႆနာေတြၾကံဳေတြ႕ခဲ႔ရေပမယ္႔ အသင္းအတြက္သြင္းဂိုး (၂၈)ဂိုးသြင္းယူခဲ႔ပါတယ္။ ျပင္သစ္ေျမမွာရိွတဲ႔ ဆုဖလားအားလံုးကို ေနမာ Neymar ဟာ PSG အသင္းနဲ႔အတူ သိမ္းပိုက္ႏိုင္ခဲ႔တာေၾကာင္႔ Ballon d’Or ဆုဟာ ေနမာ Neymar အတြက္ျဖစ္လာမလားဆိုတာ ေစာင္႔ၾကည္႔သြားရမွာပါ။

(၃) ဂရစ္ဇ္မန္း Griezmann

Griezmann

Griezmann

အက္သလက္တီကုိအသင္းရဲ႕ အဓိကတိုက္စစ္ကစားသမား ဂရစ္ဇ္မန္း Griezmann ဟာ Ballon d’Or ဆုနဲ႔ထိုက္တန္သူပါ။ ဂရစ္ဇ္မန္း Griezmann ဟာ ျပီးခဲ႔တဲ႔ ေဘာလံုးရာသီက အက္သလက္တီကုိအသင္းအတြက္ သြင္းဂိုး(၂၉)ဂိုးသြင္းယူခဲ႔ပါတယ္။ အက္သလက္တီကိုအသင္းနဲ႔အတူ ဂရစ္ဇ္မန္း Griezmann ဟာ ယူ႐ုိပါလိဂ္ခ်န္ပီယံဆု ၊ ဥေရာပစူပါဖလားခ်န္ပီယံဆုေတြရရိွခဲ႔ျပီး ျပင္သစ္အသင္းနဲ႔ ကမၻာ႔ဖလားခ်န္ပီယံဆုကို ရယူႏိုင္ခဲ႔သူပါ။ The Best ဆုေနာက္ဆံုး(၃)ေယာက္စာရင္းမွာ အံအားသင္႔စရာေကာင္းေလာက္ေအာင္ မပါ၀င္ခဲ႔တဲ႔ ဂရစ္ဇ္မန္း Griezmann အတြက္ Ballon d’Or ဆုဟာေမွ်ာ္လင္႔ခ်က္တစ္ခု ျဖစ္လာခဲ႔ပါတယ္။

ကဲ ပရိသတ္ၾကီးေရ အခုေဖာ္ျပေပးခဲ႔တာက Ballon d’Or ဆုအတြက္ စီေရာ္နယ္လ္ဒို Cristiano Ronaldo နဲ႔ မက္ဆီ Messi တို႔ရဲ႕ အဓိကျပိဳင္ဘက္ျဖစ္လာမယ္႔သူေတြကို ေဖာ္ျပေပးခဲ႔တာပါ။ ပရိသတ္ၾကီးကလည္း Ballon d’Or ဆုကို ဘယ္ကစားသမားရမယ္လို႔ ထင္ပါသလဲ …

Ballon d’Or ဆုရရိွခဲ႔တဲ႔ ကစားသမားအျပည္႔အစံုစာရင္း

Ref: sportskeeda
Photo: Goal.com , Stadium Astro , SPORTbible , eusunt12.ro
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

Ballon d’Or ဆုအတွက် စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မက်ဆီ Messi တို့ရဲ့ အဓိကပြိုင်ဘက်ဖြစ်လာမယ့်သူများ

၂၀၀၈ ခုနှစ်ကနေ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အထိ (၁၀)နှစ်ဆိုတဲ့အချိန်ကာလမှာ Ballon d’Or ဆုကို စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မက်ဆီ Messi တို့ဟာ တစ်ယောက်တစ်လှည့်စီသိမ်းပိုက်ထားကြပါတယ်။ ဒီ(၁၀)နှစ်အတွင်းမှာ စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မက်ဆီ Messi တို့ရဲ့စွမ်းဆောင်ရည်တွေဟာ ပြိုင်ဘက်မရှိကောင်းမွန်ကြတာကြောင့် ဒီဆုကိုလွှမ်းမိုးထားကြတာဖြစ်ပြီး တစ်ယောက်ကို Ballon d’Or ဆု(၅)ကြိမ်စီရရှိထားကြတာဖြစ်ပါတယ်။ ၂၀၁၈ Ballon d’Or ဆုကိုတော့ စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မက်ဆီ Messi တို့အနေနဲ့ အရင်ကလိုအလွယ်တကူ လွှမ်းမိုးဖို့ဆိုတာသိပ်မဖြစ်နိုင်တော့ပါဘူး။ လက်ရှိမှာ Ballon d’Or ဆုအတွက် စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မက်ဆီ Messi တို့ကို စိန်ခေါ်နိုင်တဲ့ ကစားသမားတွေပေါ်ထွက်လာခဲ့ပြီဖြစ်တာကြောင့် ဒီကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆာလာ Salah

Salah

Salah

ပြီးခဲ့တဲ့ ဘောလုံးရာသီက လီဗာပူးလ်အသင်းမှာ မှော်ဝင်ခြေစွမ်းတွေပြသခဲ့တဲ့ ဆာလာ Salah ဟာ Ballon d’Or ဆုကို အပြည့်အဝမျှော်လင့်ခွင့်ရှိနေပါတယ်။ ဆာလာ Salah ဟာ လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဒုတိယဆုကိုရရှိခဲ့ပြီး အသင်းအတွက် ပွဲပေါင်း(၅၂)ပွဲမှာ သွင်းဂိုး(၄၄)ဂိုးထိသွင်းယူနိုင်ခဲ့ပါတယ်။ ဆာလာ Salah ရဲ့စွမ်းဆောင်ရည်တွေဟာ ကောင်းမွန်တာကြောင့် Ballon d’Or ဆုကို ရရှိမလားဆိုတာ စိတ်ဝင်စားစရာပါ။

(၂) နေမာ Neymar

Neymar

Neymar

နေမာ Neymar အနေနဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာပြီး PSG အသင်းကို ပြောင်းရွှေ့ခဲ့တာဟာ တစ်ဦးချင်းထူးချွန်ဆုတွေရယူဖို့ဆိုတာ အားလုံးသိနေတဲ့အရာပါ။ နေမာ Neymar ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဒဏ်ရာပြဿနာတွေကြုံတွေ့ခဲ့ရပေမယ့် အသင်းအတွက်သွင်းဂိုး (၂၈)ဂိုးသွင်းယူခဲ့ပါတယ်။ ပြင်သစ်မြေမှာရှိတဲ့ ဆုဖလားအားလုံးကို နေမာ Neymar ဟာ PSG အသင်းနဲ့အတူ သိမ်းပိုက်နိုင်ခဲ့တာကြောင့် Ballon d’Or ဆုဟာ နေမာ Neymar အတွက်ဖြစ်လာမလားဆိုတာ စောင့်ကြည့်သွားရမှာပါ။

(၃) ဂရစ်ဇ်မန်း Griezmann

Griezmann

Griezmann

အက်သလက်တီကိုအသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ဂရစ်ဇ်မန်း Griezmann ဟာ Ballon d’Or ဆုနဲ့ထိုက်တန်သူပါ။ ဂရစ်ဇ်မန်း Griezmann ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အက်သလက်တီကိုအသင်းအတွက် သွင်းဂိုး(၂၉)ဂိုးသွင်းယူခဲ့ပါတယ်။ အက်သလက်တီကိုအသင်းနဲ့အတူ ဂရစ်ဇ်မန်း Griezmann ဟာ ယူရိုပါလိဂ်ချန်ပီယံဆု ၊ ဥရောပစူပါဖလားချန်ပီယံဆုတွေရရှိခဲ့ပြီး ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့သူပါ။ The Best ဆုနောက်ဆုံး(၃)ယောက်စာရင်းမှာ အံအားသင့်စရာကောင်းလောက်အောင် မပါဝင်ခဲ့တဲ့ ဂရစ်ဇ်မန်း Griezmann အတွက် Ballon d’Or ဆုဟာမျှော်လင့်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

ကဲ ပရိသတ်ကြီးရေ အခုဖော်ပြပေးခဲ့တာက Ballon d’Or ဆုအတွက် စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မက်ဆီ Messi တို့ရဲ့ အဓိကပြိုင်ဘက်ဖြစ်လာမယ့်သူတွေကို ဖော်ပြပေးခဲ့တာပါ။ ပရိသတ်ကြီးကလည်း Ballon d’Or ဆုကို ဘယ်ကစားသမားရမယ်လို့ ထင်ပါသလဲ …

Ballon d’Or ဆုရရှိခဲ့တဲ့ ကစားသမားအပြည့်အစုံစာရင်း

Ref: sportskeeda
Photo: Goal.com , Stadium Astro , SPORTbible , eusunt12.ro
Ko Kyue(Akhayar)
www.akhayar.com