[Zawgyi]

ပရီးမီးယားလိဂ္ ၊ စီးရီးေအ နဲ႔ လာလီဂါျပိဳင္ပြဲေတြမွာ ေျခစြမ္းျပကစားႏိုင္တဲ႔ ကစားသမားမ်ား

ကစားသမားတစ္ေယာက္အေနနဲ႔ ဥေရာပရဲ႕ထိပ္တန္းလိဂ္(၃)ခုျဖစ္တဲ႔ ပရီးမီးယားလိဂ္ ၊ စီးရီးေအ နဲ႔ လာလီဂါျပိဳင္ပြဲေတြမွာ ကစားဖို႔ဆိုတာ ေျခစြမ္းအျပင္ ကံတရားကလည္းလိုအပ္ပါတယ္။  ဒီလိဂ္(၃)ခုလံုးမွာ ေျခစြမ္းျပကစားႏိုင္ဖို႔ဆိုတာ ပိုျပီးေတာ႔ မလြယ္တဲ႔အရာလို႔ေျပာရမွာပါ။ ဒါေပမဲ႔ ဒီလိဂ္(၃)ခုလံုးမွာ ေျခစြမ္းျပကစားႏိုင္တဲ႔ ကစားသမားေတြရိွေနပါတယ္။ ရိွေတာ႔ ရိွတယ္ ၊ ရွားတယ္လို႔ ေျပာရမွာျဖစ္ျပီး ဒီကစားသမားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အီဘရာဟီမိုဗစ္ Ibrahimovic

Ibrahimovic

Ibrahimovic

အီဘရာဟီမိုဗစ္ Ibrahimovic ကေတာ႔ ရွားရွားပါးပါးထဲကမွ ရွားရွားပါးပါးလို႔ေျပာရမွာပါ။ ဘာလို႔လဲဆိုေတာ႔ အီဘရာဟီမိုဗစ္ ဟာ စီးရီးေအကလပ္အသင္းေတြျဖစ္ၾကတဲ႔ ဂ်ဴဗင္တပ္စ္ ၊ အင္တာမီလန္ ၊ ေအစီမီလန္ စတဲ႔ ထိပ္သီးအသင္း(၃)သင္းလံုးနဲ႔ ေအာင္ျမင္ခဲ႔သူျဖစ္လို႔ပါပဲ။ စပိန္ကလပ္ ဘာစီလိုနာအသင္းမွာ ကစားတုန္းကလည္း ဆုဖလားေအာင္ျမင္မႈေတြရရိွခဲ႔သလို မန္ယူအသင္းမွာလည္း အေကာင္းဆံုးေျခစြမ္းျပ ကစားႏိုင္ခဲ႔ပါတယ္။

(၂) အြန္နရီ Henry

Henry

Henry

ဒီစာရင္းမွာ အြန္နရီ Henry ပါ၀င္ေနတာကေတာ႔ နည္းနည္းထူးဆန္းေနပါတယ္။ ဘာလို႔လဲဆိုေတာ႔ အြန္နရီ ဟာ စီးရီးေအကလပ္ ဂ်ဴဗင္တပ္စ္အသင္းမွာ ကစားတုန္းက ႐ုန္းကန္ခဲ႔ရလို႔ပါပဲ။ ပရီးမီးယားလိဂ္မွာ အြန္နရီရဲ႕ ေအာင္ျမင္မႈေတြကေတာ႔ အထူးေျပာစရာမလုိေအာင္ အားလံုးသိျပီးသားပါ။ ဘာစီလိုနာအသင္းမွာ ကစားေတာ႔လည္း အြန္နရီ ဟာ ေျခစြမ္းျပကစားႏိုင္ခဲ႔သလို ခ်န္ပီယံလိဂ္ခ်န္ပီယံဆုကို လည္းရရိွခဲ႔ပါတယ္။

(၃) စီေရာ္နယ္လ္ဒို Cristiano Ronaldo

juventus

juventus

စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာလည္း ဥေရာပရဲ႕ထိပ္တန္းလိဂ္(၃)ခုျဖစ္တဲ႔ ပရီးမီးယားလိဂ္ ၊ စီးရီးေအ နဲ႔ လာလီဂါျပိဳင္ပြဲေတြမွာ ေျခစြမ္းျပကစားႏိုင္ခဲ႔သူပါ။ မန္ယူ နဲ႔ ရီးယဲလ္အသင္းေတြမွာ ေအာင္ျမင္မႈမ်ားစြာရရိွခဲ႔တဲ႔ စီေရာ္နယ္လ္ဒို ဟာ ဂ်ဴဗင္တပ္စ္အသင္းမွာ စကစားတုန္းက ခက္ခဲမႈေတြၾကံဳေတြ႕ခဲ႔ရေပမယ္႔ လက္ရိွမွာေတာ႔ သြင္းဂိုးေတြနဲ႔ ျပန္လာႏိုင္ခဲ႔ပါျပီ။ စီေရာ္နယ္လ္ဒို ရဲ႕ ေျခစြမ္းအရ ဂ်ဴဗင္တပ္စ္အသင္းမွာလည္း ဂိုးေတြမ်ားစြာသြင္းယူႏိုင္ဦးမွာကေတာ႔ အေသအခ်ာပါပဲ။

Photo: Goonersphere.com , 10z Soccer , Kickbola Blog
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ် ၊ စီးရီးအေ နဲ့ လာလီဂါပြိုင်ပွဲတွေမှာ ခြေစွမ်းပြကစားနိုင်တဲ့ ကစားသမားများ

ကစားသမားတစ်ယောက်အနေနဲ့ ဥရောပရဲ့ထိပ်တန်းလိဂ်(၃)ခုဖြစ်တဲ့ ပရီးမီးယားလိဂ် ၊ စီးရီးအေ နဲ့ လာလီဂါပြိုင်ပွဲတွေမှာ ကစားဖို့ဆိုတာ ခြေစွမ်းအပြင် ကံတရားကလည်းလိုအပ်ပါတယ်။  ဒီလိဂ်(၃)ခုလုံးမှာ ခြေစွမ်းပြကစားနိုင်ဖို့ဆိုတာ ပိုပြီးတော့ မလွယ်တဲ့အရာလို့ပြောရမှာပါ။ ဒါပေမဲ့ ဒီလိဂ်(၃)ခုလုံးမှာ ခြေစွမ်းပြကစားနိုင်တဲ့ ကစားသမားတွေရှိနေပါတယ်။ ရှိတော့ ရှိတယ် ၊ ရှားတယ်လို့ ပြောရမှာဖြစ်ပြီး ဒီကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အီဘရာဟီမိုဗစ် Ibrahimovic

Ibrahimovic

Ibrahimovic

အီဘရာဟီမိုဗစ် Ibrahimovic ကတော့ ရှားရှားပါးပါးထဲကမှ ရှားရှားပါးပါးလို့ပြောရမှာပါ။ ဘာလို့လဲဆိုတော့ အီဘရာဟီမိုဗစ် ဟာ စီးရီးအေကလပ်အသင်းတွေဖြစ်ကြတဲ့ ဂျူဗင်တပ်စ် ၊ အင်တာမီလန် ၊ အေစီမီလန် စတဲ့ ထိပ်သီးအသင်း(၃)သင်းလုံးနဲ့ အောင်မြင်ခဲ့သူဖြစ်လို့ပါပဲ။ စပိန်ကလပ် ဘာစီလိုနာအသင်းမှာ ကစားတုန်းကလည်း ဆုဖလားအောင်မြင်မှုတွေရရှိခဲ့သလို မန်ယူအသင်းမှာလည်း အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။

(၂) အွန်နရီ Henry

Henry

Henry

ဒီစာရင်းမှာ အွန်နရီ Henry ပါဝင်နေတာကတော့ နည်းနည်းထူးဆန်းနေပါတယ်။ ဘာလို့လဲဆိုတော့ အွန်နရီ ဟာ စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းမှာ ကစားတုန်းက ရုန်းကန်ခဲ့ရလို့ပါပဲ။ ပရီးမီးယားလိဂ်မှာ အွန်နရီရဲ့ အောင်မြင်မှုတွေကတော့ အထူးပြောစရာမလိုအောင် အားလုံးသိပြီးသားပါ။ ဘာစီလိုနာအသင်းမှာ ကစားတော့လည်း အွန်နရီ ဟာ ခြေစွမ်းပြကစားနိုင်ခဲ့သလို ချန်ပီယံလိဂ်ချန်ပီယံဆုကို လည်းရရှိခဲ့ပါတယ်။

(၃) စီရော်နယ်လ်ဒို Cristiano Ronaldo

juventus

juventus

စီရော်နယ်လ်ဒို Cristiano Ronaldo ဟာလည်း ဥရောပရဲ့ထိပ်တန်းလိဂ်(၃)ခုဖြစ်တဲ့ ပရီးမီးယားလိဂ် ၊ စီးရီးအေ နဲ့ လာလီဂါပြိုင်ပွဲတွေမှာ ခြေစွမ်းပြကစားနိုင်ခဲ့သူပါ။ မန်ယူ နဲ့ ရီးယဲလ်အသင်းတွေမှာ အောင်မြင်မှုများစွာရရှိခဲ့တဲ့ စီရော်နယ်လ်ဒို ဟာ ဂျူဗင်တပ်စ်အသင်းမှာ စကစားတုန်းက ခက်ခဲမှုတွေကြုံတွေ့ခဲ့ရပေမယ့် လက်ရှိမှာတော့ သွင်းဂိုးတွေနဲ့ ပြန်လာနိုင်ခဲ့ပါပြီ။ စီရော်နယ်လ်ဒို ရဲ့ ခြေစွမ်းအရ ဂျူဗင်တပ်စ်အသင်းမှာလည်း ဂိုးတွေများစွာသွင်းယူနိုင်ဦးမှာကတော့ အသေအချာပါပဲ။

Photo: Goonersphere.com , 10z Soccer , Kickbola Blog
Ko Kyue(Akhayar)
www.akhayar.com