နှစ်တစ်နှစ်အတွင်းမှာ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေ ရရှိခဲ့သူများ

ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်ဆိုတာ ကမ္ဘာ့ဘောလုံးလောကရဲ့ အစဉ်အလာအကြီးမားဆုံး ဘောလုံးပြိုင်ပွဲတွေပါ။ကစားသမား တစ်ဦးအနေနဲ့ ဒီဆုဖလားနှစ်ခုလုံးကို ရရှိဖို့ဆိုတာ တော်ရုံကံလောက်နဲ့တော့ မဖြစ်နိုင်ပါဘူး။ နှစ်တစ်နှစ်အတွင်းမှာပဲ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်ဆုဖလားတွေကို ရယူဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်ဘူးလို့ ယူဆရမှာပါ။ ဒါပေမယ့် ဒီလိုမျိုးစွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားတွေရှိပါတယ်။ ရှိတော့ ရှိတယ် ရှားတယ်လို့ ပြောရမှာဖြစ်ပြီး Akhayar Sports ပရိသတ်တွေအတွက် ဒီကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကာရမ္ဘူ Karembeu

Karembeu

Karembeu

နှစ်တစ်နှစ်အတွင်းမှာပဲ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်ဆုဖလားတွေကို ရရှိခဲ့တဲ့ ပထမဆုံးကစားသမားကတော့ ပြင်သစ်ကွင်းလယ်ခံစစ်ကစားသမား ကာရမ္ဘူ Karembeu ပါ။ ကာရမ္ဘူ ဟာ ရီးယဲလ်အသင်းနဲ့အတူ ၁၉၉၇ – ၁၉၉၈ ဘောလုံးရာသီက ချန်ပီယံလိဂ်ဆုဖလားကို ရရှိခဲ့သလို ပြင်သစ်အသင်းနဲ့လည်း ၁၉၉၈ ကမ္ဘာ့ဖလားချန်ပီယံဆုကိုရရှိခဲ့ပါတယ်။

(၂) ကားလို့စ် Carlos

Carlos

Carlos

ဒီစာရင်းမှာ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ဘရာဇီးလ် ကစားသမား ကားလို့စ် Carlos လည်းပါဝင်နေပါတယ်။ ကားလို့စ် ဟာ ၂၀၀၂ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်အသင်းနဲ့ ချန်ပီယံဖြစ်ခဲ့သလို ၂၀၀၁ – ၂၀၀၂ ဘောလုံးရာသီမှာလည်း ရီးယဲလ်အသင်းနဲ့ ချန်ပီယံလိဂ်ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ ကားလို့စ် ဟာ ဒီပြိုင်ပွဲ(၂)ခုလုံးမှာ အသင်းအတွက် အဓိကကျနေတဲ့နေရာကနေ ပါဝင်ခဲ့သူဖြစ်ပါတယ်။

(၃) ဗာရန်း Varane

Varane

Varane

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုဖလားမျိုးစုံကို ရယူနေတဲ့ ပြင်သစ်နောက်ခံလူ ဗာရန်း Varane ဟာလည်း နှစ်တစ်နှစ်အတွင်းမှာပဲ ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်ဆုဖလားတွေကို ရရှိခဲ့သူပါ။ ရီးယဲလ်အသင်းနဲ့ အတူ သူ့ရဲ့(၄)ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလား ကို ၂၀၁၇ – ၂၀၁၈ ဘောလုံးရာသီက ရရှိခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပြင်သစ်အသင်းနဲ့ ချန်ပီယံဆုဖလားကို ရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲ(၂)ခုလုံးမှာ ဗာရန်းဟာ ခံစစ်ပိုင်းမှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။

Ref: Sportskeeda
Photo: Sportskeeda , Goal.com , The Independent
Ko Kyue(Akhayar)
www.akhayar.com