[Zawgyi]

အလုပ္ေလွ်ာက္လို႔ မရရင္ ဒီအမွားေတြလုပ္မိေနလား ေသခ်ာေပါက္စစ္ေဆးၾကည္႔ပါ

စီးပြားေရးပ်က္ကပ္ေတြျဖစ္ေနတဲ့ ယေန႔ေခတ္ႀကီးထဲမွာ အလုပ္အကိုင္ရွာေဖြရတာ အပ္ေပ်ာက္ရွာရသလုိ အရမ္းခက္ခဲပါတယ္။ အရမ္းခက္ခဲတယ္လို႔ ေျပာရင္လည္း လူေတြက ဟုတ္ေကာ ဟုတ္ရဲ႕လားဆိုၿပီး ေမးခြန္းေတြ ျပန္ထုတ္ၾကမွာ အေသအခ်ာပါပဲ။ တိတိက်က် ေျပာရမယ္ဆိုရင္ အလုပ္ေတြ ရွားပါးတာထက္ ကိုယ္နဲ႔ကုိက္ညီတဲ့ အလုပ္အကိုင္ကုိ ေရြးခ်ယ္ၿပီး လုပ္ကိုင္ဖို႔ ခက္ခဲလာျခင္း ျဖစ္ပါတယ္။ အဲဒီလို ရွာေဖြၿပီး လုပ္ကိုင္ဖို႔ ခက္ခဲတဲ့အျပင္ အလုပ္ရွာတဲ႔အခါ မသိလိုက္ဘဲ မွားသြားတဲ့ အမွားယြင္းေလးေတြေၾကာင့္ အလုပ္မရတာမ်ဳိးလည္း ျဖစ္တတ္ပါတယ္။ အလုပ္မရတဲ႔အခါ ကိုယ္အရည္အခ်င္းမရွိလို႔ မရတာဆုိၿပီး စိတ္ဓာတ္က်မယ့္အစား ဘယ္နားမွာ ဘာမွားသြားလို႔ အလုပ္မရတာလဲဆိုၿပီး ေသခ်ာ ျပန္ဆန္းစစ္ၾကည္႔သင့္ပါတယ္။ အခုေဖာ္ျပေပးမယ့္ အမွားအယြင္းေလးေတြက သတိမျပဳမိတဲ႔ အမွားအယြင္းေလးေတြပဲ ျဖစ္ပါတယ္။ ဘယ္လိုအမွားအယြင္းေလးေတြလဲဆိုေတာ့…..

(၁) Resume Letter က စိတ္ဝင္စားဖြယ္မေကာင္းျခင္း

အလုပ္ေလွ်ာက္တယ္ဆိုတာ ကိုယ္နဲ႔ အလုပ္ေခၚမယ့္ အင္တာဗ်ဴးသူနဲ႔ မေတြ႔ခင္ ကုိယ္ကို အင္တာဗ်ဳးေခၚခ်င္လာေအာင္ ျပဳလုပ္ေပးတဲ႔ အရာကေတာ့ Resume Letter ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ Resume Letter ကို စိတ္ဝင္စားဖြယ္ျဖစ္ေအာင္ အခ်ိန္ေပးၿပီး ေသခ်ာေလးေရးသားသင့္ပါတယ္။ အလုပ္ရဖို႔အတြက္ Resume Letter ေရးမယ္ဆိုရင္ အရမ္းႀကီးရွည္တာမ်ဳိး မဟုတ္ဘဲ လိုရင္းတိုရွင္းနဲ႔ က်စ္လစ္ျပည့္စံုေအာင္ ေရးသားသင့္ပါတယ္။ အလုပ္အေတြ႔အႀကံဳရွိရင္လည္း အေတြ႔အၾကံဳကို ထည့္သြင္းေရးသားသင့္သလို ကိုယ္လုပ္ႏိုင္စြမ္းကိုလည္း မီးေမွာင္ထိုးၿပီး ေသခ်ာေလး ေဖာ္ျပေပးသင့္ပါတယ္။

(၂) ညိႈိႏႈိင္းလြယ္တဲ႔ Salary ပမာဏမေရးထားျခင္း

ဘယ္ကုမၸဏီက ဘယ္လုိက္ေတာင္းရင္ ဘယ္ေလာက္ေပးႏိုင္တယ္ဆုိတာ ႀကိဳသိထားခဲ႔လုိ႔ Salary ပမာဏအတိအက် ေရးတာကိစၥသိပ္မရွိေပမယ့္ ကုမၸဏီက မေပးႏိုင္ေလာက္တဲ႔ ပမာဏမ်ဳိးကို ေရးမိခဲ့ရင္ အလုပ္မရတာမ်ဳိးလည္း ျဖစ္တတ္ပါတယ္။ အေကာင္းဆံုးကေတာ့ ညိႈႏႈိင္းလြယ္တဲ႔ လစာမ်ဳိးေရးတာနဲ႔ ဘယ္အလုပ္အကိုင္မ်ဳိးကို လစာဘယ္ေလာက္ေပးလဲ စံုစမ္းၿပီး ကိုယ္ရွာတဲ႔အလုပ္အကိုင္နဲ႔႔ ကိုက္ညီတဲ႔ လစာမ်ဳိးေရးတာက အေကာင္းဆံုးပါပဲ။ ကိုယ္ကလည္း အရည္အခ်င္းနဲ႔ ျပည္႔စံုတယ္ စိတ္လည္းရွည္ၿပီး အခ်ိန္တစ္ခုကို ေစာင့္လုိက္ရင္ ေမွ်ာ္လင့္ထားတဲ႔ လစာရရွိလာမွာ ေသခ်ာပါတယ္။

(၃) Connection ေကာင္းေကာင္းမရွိထားျခင္း

Connection ေကာင္းေကာင္းဆိုလို႔ ကိုယ့္ေလွ်ာက္မယ္႔ ကုမၸဏီမွာ ကိုယ္နဲ႔ သိကၽြမ္းတဲ႔ အထက္လူႀကီးေတြ ရွိရမယ္လို႔ ေျပာတာမ်ဳိး မဟုတ္ပါဘူးေနာ္။ သူငယ္ခ်င္းအေပါင္းအသင္းေတြလိုမ်ဳိး Connection ေကာင္းေကာင္းေတြ ရွိေအာင္ ျပဳလုပ္ထားဖို႔ ေျပာတာပါ။ ကိုယ့္ကိုယ္ကို Connection မေကာင္းဘူးလို႔ ထင္ရင္ တတ္ႏိုင္သမွ် Connection ေကာင္းေအာင္ ႀကိဳးစားတည္ေဆာက္ၾကည့္ပါ။ ကိုယ္သာ Connection ေတြက်ယ္ျပန္႔လာၿပီဆိုရင္ အလုပ္ေကာင္းေကာင္းမရမွာေတာ့ မပူပါနဲ႔။ ကိုယ္ကေအးေဆးသမားဆိုရင္လည္း Connection ေတာ့ ေကာင္းေအာင္ ႀကိဳးစားတည္ေဆာက္ထား ၾကည္႔ပါ။ အလုပ္အကိုင္ေကာင္းေကာင္းရဖို႔ဆို မ်က္စိပြင့္ နားပြင့္ၿပီး Connection ေကာင္းဖို႔က အဓိကပါ။ အလုပ္အကိုင္ျပပဲြေတြဟာ အလုပ္ရဖို႔ လမ္းစျဖစ္တဲ႔အတြက္ ျပပဲြေတြကို တက္ဖို႔လည္းမေမ့ပါနဲ႔။ ဘယ္နားမွာ ဘယ္လို အလုပ္အကိုင္ျပပဲြေတြရွိတယ္ဆိုတာကို သိႏိုင္တဲ႔ နည္းလမ္းကေတာ့ အင္တာနက္ေပၚက Post ေတြနဲ႔ ေကာင္းမြန္တဲ႔ Connection ေတြပဲ ျဖစ္ပါတယ္။

သတိမထားမိတတ္တဲ႔ ဒီအမွားသံုးခုကို တတ္ႏိုင္သမွ် မလုပ္မိေအာင္ ႀကိဳးစားေရွာင္လာႏိုင္ၿပီဆိုရင္ အလုပ္အကိုင္အခြင့္အလမ္းေကာင္းေတြ ေသခ်ာေပါက္ ရရွိပိုင္ဆိုင္လာမွာ အေသအခ်ာပါပဲ။ အလုပ္ေလွ်ာက္ထားတဲ႔သူတိုင္း ကိုယ္မွန္းထားတဲ႔ လစာမ်ဳိးနဲ႔ ကိုယ္လုပ္ခ်င္တဲ႔ အလုပ္အကိုုင္မ်ဳိးကို ရရွိပိုင္ဆိုင္ခြင့္ရတဲ႔သူေတြ ျဖစ္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

အလုပ်လျှောက်လို့ မရရင် ဒီအမှားတွေလုပ်မိနေလား သေချာပေါက်စစ်ဆေးကြည့်ပါ

စီးပွားရေးပျက်ကပ်တွေဖြစ်နေတဲ့ ယနေ့ခေတ်ကြီးထဲမှာ အလုပ်အကိုင်ရှာဖွေရတာ အပ်ပျောက်ရှာရသလို အရမ်းခက်ခဲပါတယ်။ အရမ်းခက်ခဲတယ်လို့ ပြောရင်လည်း လူတွေက ဟုတ်ကော ဟုတ်ရဲ့လားဆိုပြီး မေးခွန်းတွေ ပြန်ထုတ်ကြမှာ အသေအချာပါပဲ။ တိတိကျကျ ပြောရမယ်ဆိုရင် အလုပ်တွေ ရှားပါးတာထက် ကိုယ်နဲ့ကိုက်ညီတဲ့ အလုပ်အကိုင်ကို ရွေးချယ်ပြီး လုပ်ကိုင်ဖို့ ခက်ခဲလာခြင်း ဖြစ်ပါတယ်။ အဲဒီလို ရှာဖွေပြီး လုပ်ကိုင်ဖို့ ခက်ခဲတဲ့အပြင် အလုပ်ရှာတဲ့အခါ မသိလိုက်ဘဲ မှားသွားတဲ့ အမှားယွင်းလေးတွေကြောင့် အလုပ်မရတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အလုပ်မရတဲ့အခါ ကိုယ်အရည်အချင်းမရှိလို့ မရတာဆိုပြီး စိတ်ဓာတ်ကျမယ့်အစား ဘယ်နားမှာ ဘာမှားသွားလို့ အလုပ်မရတာလဲဆိုပြီး သေချာ ပြန်ဆန်းစစ်ကြည့်သင့်ပါတယ်။ အခုဖော်ပြပေးမယ့် အမှားအယွင်းလေးတွေက သတိမပြုမိတဲ့ အမှားအယွင်းလေးတွေပဲ ဖြစ်ပါတယ်။ ဘယ်လိုအမှားအယွင်းလေးတွေလဲဆိုတော့…..

(၁) Resume Letter က စိတ်ဝင်စားဖွယ်မကောင်းခြင်း

အလုပ်လျှောက်တယ်ဆိုတာ ကိုယ်နဲ့ အလုပ်ခေါ်မယ့် အင်တာဗျူးသူနဲ့ မတွေ့ခင် ကိုယ်ကို အင်တာဗျုးခေါ်ချင်လာအောင် ပြုလုပ်ပေးတဲ့ အရာကတော့ Resume Letter ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Resume Letter ကို စိတ်ဝင်စားဖွယ်ဖြစ်အောင် အချိန်ပေးပြီး သေချာလေးရေးသားသင့်ပါတယ်။ အလုပ်ရဖို့အတွက် Resume Letter ရေးမယ်ဆိုရင် အရမ်းကြီးရှည်တာမျိုး မဟုတ်ဘဲ လိုရင်းတိုရှင်းနဲ့ ကျစ်လစ်ပြည့်စုံအောင် ရေးသားသင့်ပါတယ်။ အလုပ်အတွေ့အကြုံရှိရင်လည်း အတွေ့အကြုံကို ထည့်သွင်းရေးသားသင့်သလို ကိုယ်လုပ်နိုင်စွမ်းကိုလည်း မီးမှောင်ထိုးပြီး သေချာလေး ဖော်ပြပေးသင့်ပါတယ်။

(၂) ညှိုနှိုင်းလွယ်တဲ့ Salary ပမာဏမရေးထားခြင်း

ဘယ်ကုမ္ပဏီက ဘယ်လိုက်တောင်းရင် ဘယ်လောက်ပေးနိုင်တယ်ဆိုတာ ကြိုသိထားခဲ့လို့ Salary ပမာဏအတိအကျ ရေးတာကိစ္စသိပ်မရှိပေမယ့် ကုမ္ပဏီက မပေးနိုင်လောက်တဲ့ ပမာဏမျိုးကို ရေးမိခဲ့ရင် အလုပ်မရတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အကောင်းဆုံးကတော့ ညှိုနှိုင်းလွယ်တဲ့ လစာမျိုးရေးတာနဲ့ ဘယ်အလုပ်အကိုင်မျိုးကို လစာဘယ်လောက်ပေးလဲ စုံစမ်းပြီး ကိုယ်ရှာတဲ့အလုပ်အကိုင်နဲ့ ကိုက်ညီတဲ့ လစာမျိုးရေးတာက အကောင်းဆုံးပါပဲ။ ကိုယ်ကလည်း အရည်အချင်းနဲ့ ပြည့်စုံတယ် စိတ်လည်းရှည်ပြီး အချိန်တစ်ခုကို စောင့်လိုက်ရင် မျှော်လင့်ထားတဲ့ လစာရရှိလာမှာ သေချာပါတယ်။

(၃) Connection ကောင်းကောင်းမရှိထားခြင်း

Connection ကောင်းကောင်းဆိုလို့ ကိုယ့်လျှောက်မယ့် ကုမ္ပဏီမှာ ကိုယ်နဲ့ သိကျွမ်းတဲ့ အထက်လူကြီးတွေ ရှိရမယ်လို့ ပြောတာမျိုး မဟုတ်ပါဘူးနော်။ သူငယ်ချင်းအပေါင်းအသင်းတွေလိုမျိုး Connection ကောင်းကောင်းတွေ ရှိအောင် ပြုလုပ်ထားဖို့ ပြောတာပါ။ ကိုယ့်ကိုယ်ကို Connection မကောင်းဘူးလို့ ထင်ရင် တတ်နိုင်သမျှ Connection ကောင်းအောင် ကြိုးစားတည်ဆောက်ကြည့်ပါ။ ကိုယ်သာ Connection တွေကျယ်ပြန့်လာပြီဆိုရင် အလုပ်ကောင်းကောင်းမရမှာတော့ မပူပါနဲ့။ ကိုယ်ကအေးဆေးသမားဆိုရင်လည်း Connection တော့ ကောင်းအောင် ကြိုးစားတည်ဆောက်ထား ကြည့်ပါ။ အလုပ်အကိုင်ကောင်းကောင်းရဖို့ဆို မျက်စိပွင့် နားပွင့်ပြီး Connection ကောင်းဖို့က အဓိကပါ။ အလုပ်အကိုင်ပြပွဲတွေဟာ အလုပ်ရဖို့ လမ်းစဖြစ်တဲ့အတွက် ပြပွဲတွေကို တက်ဖို့လည်းမမေ့ပါနဲ့။ ဘယ်နားမှာ ဘယ်လို အလုပ်အကိုင်ပြပွဲတွေရှိတယ်ဆိုတာကို သိနိုင်တဲ့ နည်းလမ်းကတော့ အင်တာနက်ပေါ်က Post တွေနဲ့ ကောင်းမွန်တဲ့ Connection တွေပဲ ဖြစ်ပါတယ်။

သတိမထားမိတတ်တဲ့ ဒီအမှားသုံးခုကို တတ်နိုင်သမျှ မလုပ်မိအောင် ကြိုးစားရှောင်လာနိုင်ပြီဆိုရင် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ သေချာပေါက် ရရှိပိုင်ဆိုင်လာမှာ အသေအချာပါပဲ။ အလုပ်လျှောက်ထားတဲ့သူတိုင်း ကိုယ်မှန်းထားတဲ့ လစာမျိုးနဲ့ ကိုယ်လုပ်ချင်တဲ့ အလုပ်အကိုင်မျိုးကို ရရှိပိုင်ဆိုင်ခွင့်ရတဲ့သူတွေ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

H.H(Akhayar)

www.akhayar.com