[Zawgyi]

ကစားသမားဘ၀မွာ Cristiano Ronaldo ရယူဖုိ႔ က်န္ရွိေနေသးတဲ့ မွတ္တမ္းမ်ား

ေပၚတူဂီ နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo အတြက္ ေဘာလုံးေလာကမွာ မရဘူးေသးတဲ့ စံခ်ိန္မွတ္တမ္းဆုိတာ မရွိသေလာက္ပါပဲ။ မန္ယူ၊ ရီးယဲလ္အသင္းေတြမွာ တစ္ဦးခ်င္း စံခ်ိန္မွတ္တမ္းေကာင္းေတြ ရယူခဲ့တယ္၊ ခ်န္ပီယံလိဂ္နဲ႔ Ballon d’Or ဆုကုိ (၅)ႀကိမ္စီ ရယူႏုိင္ခဲ့တယ္။ ေပၚတူဂီအသင္းနဲ႔လည္း ယူ႐ုိဖလားရယူခဲ့ၿပီး ႏုိင္ငံကစားသမားဘ၀မွာပါ ေအာင္ျမင္မႈ အလံ စုိက္ထူခဲ့သူျဖစ္ပါတယ္။ အခုဆုိရင္ စီေရာ္နယ္လ္ဒုိက ေပၚတူဂီမွာ သြင္းဂုိးအမ်ားဆုံး၊ ရီးယဲလ္အသင္း သမုိင္းတစ္ေလွ်ာက္ သြင္းဂုိးအမ်ားဆုံး စတဲ့ဂုဏ္ပုဒ္ေတြအျပင္ သူရယူခဲ့တဲ့ စံခ်ိန္မွတ္တမ္းေတြက ေနာက္လူေတြ ခ်ိဳးျဖတ္ဖုိ႔ ခပ္ခက္ခက္ပဲ။

Cristiano-Ronaldo-with-Ballon-dOr

Cristiano-Ronaldo-with-Ballon-dOr

ဒါေပမဲ့ တျခားတျခားေသာ ဂႏၳ၀င္ကစားသမားေတြလုိပဲ စီေရာ္နယ္လ္ကလည္း ၿပီးျပည့္စုံတဲ့ ေအာင္ျမင္မႈေတြကုိ ပုိင္ဆုိင္ထားသူေတာ့ မဟုတ္ပါဘူး။ အခုအခ်ိန္မွာ စီေရာ္နယ္လ္ဒုိအတြက္ ကမၻာ႔ဖလားဆု ကုိင္ေျမႇာက္ခြင့္ ရဖုိ႔ဆုိတာက မျဖစ္ႏုိင္ေတာ့သလုိ သူ မရေသးတဲ့ တျခားစံခ်ိန္မွတ္တမ္းေတြလည္း က်န္ရွိေနပါေသးတယ္။ အဲဒါေတြက ဘာေတြမ်ားျဖစ္မလဲဆုိတာ ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပေပးခ်င္ပါတယ္ . .

တစ္ရာသီအတြင္း ဖလား(၃)လုံးမွတ္တမ္း

Cristiano-Ronaldo-with-Champions-League

Cristiano-Ronaldo-with-Champions-League

စီေရာ္နယ္လ္ဒုိရဲ႕ ကစားသမား ဘ၀တစ္ေလွ်ာက္ အမွတ္ေပးဖလား(၅)ႀကိမ္၊ ျပည္တြင္းဖလား (FA၊ စပိန္ဘုရင့္ဖလား)(၃)ႀကိမ္၊ ခ်န္ပီယံလိဂ္ (၅)ႀကိမ္အထိ ရယူခဲ့ေပမယ့္ အခုအခ်ိန္အထိ အဲဒီဆုဖလား(၃)ခုကုိ တစ္ရာသီထဲ မရဖူးေသးပါဘူး။ ၂၀၀၇-၀၈ ရာသီတုန္းက မန္ယူအသင္းနဲ႔အတူ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္ဖလားကုိ ရယူခဲ့ေပမယ့္ FA ဖလားကုိ လက္လႊတ္ခဲ့ရတယ္။ အဲဒီရာသီမွာ ကြန္ျမဴနတီဒုိင္းကုိ ဆြတ္ခူးခဲ့ေပမယ့္လည္း ဒါက အဓိက ဆုဖလားအျဖစ္ မသတ္မွတ္ထားပါဘူး။ ရီးယဲလ္ကစားသမားဘ၀ ေနာက္ဆုံးရာသီတုန္းကလည္း ဥေရာပစူပါဖလား၊ စပိန္စူပါဖလား၊ ခ်န္ပီယံလိဂ္၊ ဖီဖာကလပ္ကမၻာ႔ဖလား ေတြ ရယူခဲ့ေပမယ့္ လာလီဂါ၊ စပိန္ဘုရင့္ဖလားေတြ မရခဲ့လုိ႔ စံခ်ိန္ေကာင္းတစ္ခုနဲ႔ ေတ့လဲြလဲြခဲ့ရတယ္။ အခု ဂ်ဴဗင္တပ္စ္ ကစားသမားဘ၀မွာ ဒီမွတ္တမ္းေကာင္းရဖုိ႔ ေမွ်ာ္လင့္ခ်က္ရွိေနၿပီ။ ဂ်ဴဗင္တပ္စ္အသင္းက စီးရီးေအ၊ ကုိပါအီတာလီယာ ဖလားေတြကုိ ရယူဖုိ႔ဆုိတာ အခက္အခဲမရွိႏုိင္ဘဲ အဓိက ပစ္မွတ္ထားရမွာက ခ်န္ပီယံလိဂ္ပါ။ အခုဆုိရင္ ဒီရာသီ ခ်န္ပီယံလိဂ္ဖလားရဖုိ႔ ေရပန္းစားေနတဲ့အသင္းထဲမွာ စီေရာ္နယ္လ္ဒုိရဲ႕ ဂ်ဴဗင္တပ္စ္အသင္းလည္း ပါ၀င္ေနပါၿပီ။

ႏုိင္ငံတကာအဆင့္မွာ ေရႊဖိနပ္၊ ေရႊေဘာလုံးဆုစံခ်ိန္

Cristiano-Ronaldo-and-Euro-2016-Trophy

Cristiano-Ronaldo-and-Euro-2016-Trophy

စီေရာ္နယ္လ္ဒုိကုိ ကမၻာ႔ဖလား မရဘူးတာနဲ႔ ဂႏၳ၀င္ကစားသမား မျဖစ္ေသးဘူးလုိ႔ ေ၀ဖန္ရင္ေတာ့ အရမ္းျပင္းထန္လြန္းပါတယ္။ ဒါေပမ့ဲ ဂႏၳ၀င္ကစားသမားတစ္ဦးျဖစ္ဖုိ႔ ႏုိင္ငံတကာအဆင့္မွာ ေရႊဖိနပ္ဆု၊ ေရႊေဘာလုံးဆုေတြ ရယူဖုိ႔ေတာ့ လုိတာေပ့ါ။ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ကမၻာ႔ဖလားၿပိဳင္ပဲြေတြမွာ စီေရာ္နယ္လ္ဒုိရဲ႕ စြမ္းေဆာင္ရည္က အႏုတ္လကၡဏာ ျပခဲ့ၿပီး စုစုေပါင္း (၃)ဂုိးပဲ သြင္းယူႏုိင္ခဲ့တယ္။ ၂၀၁၈ ကမၻာ႔ဖလားက်ေတာ့လည္း (၄)ဂုိးသြင္းၿပီး ေျခစြမ္းေတာ့ ျပႏုိင္ပါရဲ႕၊ သူ႔ ေပၚတူဂီအသင္းက စိတ္ပ်က္စရာေကာငး္ခဲ့လုိ႔ ႐ႈံးထြက္ (၁၆)သင္းအဆင့္က လွည့္ျပန္ခဲ့ရလုိ႔ ေရႊေဘာလုံးဆု၊ ေရႊဖိနပ္ဆုေတြနဲ႔ ေ၀းကြာခဲ့ရတယ္။ အခုေလာေလာဆယ္ စီေရာ္နယ္လ္ဒုိက ႏုိင္ငံအသင္းကေန အနားယူဖုိ႔ အရိပ္အေယာင္ မရွိေသးလုိ႔ ယူ႐ုိ-၂၀၂၀ က်ရင္ ပါ၀င္ကစားမယ့္ အေနအထားရွိေနတာေၾကာင့္ သူ႔ရဲ႕ ေနာက္ဆုံးေမွ်ာ္လင့္ကုိ အေကာင္အထည္ ေဖာ္ႏုိင္မလားဆုိတာ စိတ္၀င္စားစရာပါပဲ။

ခ်န္ပီယံလိဂ္တစ္ပဲြတည္း သြင္းဂုိး(၅)ဂုိး

Messi-and-Luiz-Adriano

Messi-and-Luiz-Adriano

စီေရာ္နယ္လ္ဒုိဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြရဲ႕ Greatest Player လုိ႔ သတ္မွတ္လုိ႔ ရေကာင္းရပါလိမ့္မယ္။ ခ်န္ပီယံလိဂ္သမုိင္းတစ္ေလွ်ာက္ ခ်န္ပီယံဆုဖလားကုိ (၅)ႀကိမ္ ရယူခဲ့ၿပီး၊ ၿပိဳင္ပဲြတစ္ေလွ်ာက္မွာလည္း သြင္းဂုိးအမ်ားဆုံး ကစားသမားအျဖစ္ ရပ္တည္ေနတယ္။ ဒါေပမဲ့ သူ႔မွာ ကြက္လပ္တစ္ခုေတာ့ က်န္ေနပါေသးတယ္။ အဲဒါက ခ်န္ပီယံလိဂ္ပဲြစဥ္တစ္ပဲြတည္းမွာ (၅)ဂုိးအထိ မသြင္းဖူးေသးတာပါပဲ။ ခ်န္ပီယံလိဂ္မွာလည္း တစ္ပဲြတည္း (၅)ဂုိးသြင္းခဲ့တဲ့သူက (၂)ဦးပဲရွိပါေသးတယ္။ သူတို႔ကေတာ့ မက္ဆီ Messi (ဘာစီလုိနာ ၇-၁ ေလဗာကူဆင္၊ ၇-၃-၂၀၁၂) နဲ႔ လူး၀စ္ဇ္အက္ဒရီယာႏုိ Luiz Adriano (ရွက္တာဒုိးနက္ ၇-၀ BATE ၊ ၂၁-၁၀-၂၀၁၄) တို႔ပါပဲ။ ဒါေၾကာင့္ ဒီရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြမွာ တစ္ပဲြတည္း(၅)ဂုိး သြင္းခဲ့တဲ့ မွတ္တမ္းကုိ ပထမဆုံးအႀကိမ္ ရယူဖုိ႔ စီေရာ္နယ္လ္ဒုိ ဆႏၵျပင္းျပေနပါလိမ့္မယ္။

ပရိသတ္ႀကီးေရ .. ဒါေတြက စီေရာ္နယ္လ္ဒုိရဲ႕ ကစားသမားဘ၀မွတ္တုိင္မွာ ကြက္လပ္ျဖစ္ေနတဲ့ မွတ္တမ္းေတြပါပဲ။ အသက္(၃၃)ႏွစ္အရြယ္ရွိေနၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒုိ ကစားသမားဘ၀ အဆုံးမသတ္ခင္ ဒီကြက္လပ္ေတြကုိ ျဖည့္ဆည္းႏုိင္မလားဆုိတာေတာ့ . . .

REF:sportskeeda
Photo:Wallpaper Cave,slate.com,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကစားသမားဘဝမှာ Cristiano Ronaldo ရယူဖို့ ကျန်ရှိနေသေးတဲ့ မှတ်တမ်းများ

ပေါ်တူဂီ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo အတွက် ဘောလုံးလောကမှာ မရဘူးသေးတဲ့ စံချိန်မှတ်တမ်းဆိုတာ မရှိသလောက်ပါပဲ။ မန်ယူ၊ ရီးယဲလ်အသင်းတွေမှာ တစ်ဦးချင်း စံချိန်မှတ်တမ်းကောင်းတွေ ရယူခဲ့တယ်၊ ချန်ပီယံလိဂ်နဲ့ Ballon d’Or ဆုကို (၅)ကြိမ်စီ ရယူနိုင်ခဲ့တယ်။ ပေါ်တူဂီအသင်းနဲ့လည်း ယူရိုဖလားရယူခဲ့ပြီး နိုင်ငံကစားသမားဘဝမှာပါ အောင်မြင်မှု အလံ စိုက်ထူခဲ့သူဖြစ်ပါတယ်။ အခုဆိုရင် စီရော်နယ်လ်ဒိုက ပေါ်တူဂီမှာ သွင်းဂိုးအများဆုံး၊ ရီးယဲလ်အသင်း သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး စတဲ့ဂုဏ်ပုဒ်တွေအပြင် သူရယူခဲ့တဲ့ စံချိန်မှတ်တမ်းတွေက နောက်လူတွေ ချိုးဖြတ်ဖို့ ခပ်ခက်ခက်ပဲ။

Cristiano-Ronaldo-with-Ballon-dOr

Cristiano-Ronaldo-with-Ballon-dOr

ဒါပေမဲ့ တခြားတခြားသော ဂန္ထဝင်ကစားသမားတွေလိုပဲ စီရော်နယ်လ်ကလည်း ပြီးပြည့်စုံတဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားသူတော့ မဟုတ်ပါဘူး။ အခုအချိန်မှာ စီရော်နယ်လ်ဒိုအတွက် ကမ္ဘာ့ဖလားဆု ကိုင်မြှောက်ခွင့် ရဖို့ဆိုတာက မဖြစ်နိုင်တော့သလို သူ မရသေးတဲ့ တခြားစံချိန်မှတ်တမ်းတွေလည်း ကျန်ရှိနေပါသေးတယ်။ အဲဒါတွေက ဘာတွေများဖြစ်မလဲဆိုတာ ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြပေးချင်ပါတယ် . .

တစ်ရာသီအတွင်း ဖလား(၃)လုံးမှတ်တမ်း

Cristiano-Ronaldo-with-Champions-League

Cristiano-Ronaldo-with-Champions-League

စီရော်နယ်လ်ဒိုရဲ့ ကစားသမား ဘဝတစ်လျှောက် အမှတ်ပေးဖလား(၅)ကြိမ်၊ ပြည်တွင်းဖလား (FA၊ စပိန်ဘုရင့်ဖလား)(၃)ကြိမ်၊ ချန်ပီယံလိဂ် (၅)ကြိမ်အထိ ရယူခဲ့ပေမယ့် အခုအချိန်အထိ အဲဒီဆုဖလား(၃)ခုကို တစ်ရာသီထဲ မရဖူးသေးပါဘူး။ ၂၀၀၇-၀၈ ရာသီတုန်းက မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလားကို ရယူခဲ့ပေမယ့် FA ဖလားကို လက်လွှတ်ခဲ့ရတယ်။ အဲဒီရာသီမှာ ကွန်မြူနတီဒိုင်းကို ဆွတ်ခူးခဲ့ပေမယ့်လည်း ဒါက အဓိက ဆုဖလားအဖြစ် မသတ်မှတ်ထားပါဘူး။ ရီးယဲလ်ကစားသမားဘ၀ နောက်ဆုံးရာသီတုန်းကလည်း ဥရောပစူပါဖလား၊ စပိန်စူပါဖလား၊ ချန်ပီယံလိဂ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား တွေ ရယူခဲ့ပေမယ့် လာလီဂါ၊ စပိန်ဘုရင့်ဖလားတွေ မရခဲ့လို့ စံချိန်ကောင်းတစ်ခုနဲ့ တေ့လွဲလွဲခဲ့ရတယ်။ အခု ဂျူဗင်တပ်စ် ကစားသမားဘဝမှာ ဒီမှတ်တမ်းကောင်းရဖို့ မျှော်လင့်ချက်ရှိနေပြီ။ ဂျူဗင်တပ်စ်အသင်းက စီးရီးအေ၊ ကိုပါအီတာလီယာ ဖလားတွေကို ရယူဖို့ဆိုတာ အခက်အခဲမရှိနိုင်ဘဲ အဓိက ပစ်မှတ်ထားရမှာက ချန်ပီယံလိဂ်ပါ။ အခုဆိုရင် ဒီရာသီ ချန်ပီယံလိဂ်ဖလားရဖို့ ရေပန်းစားနေတဲ့အသင်းထဲမှာ စီရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်စ်အသင်းလည်း ပါဝင်နေပါပြီ။

နိုင်ငံတကာအဆင့်မှာ ရွှေဖိနပ်၊ ရွှေဘောလုံးဆုစံချိန်

Cristiano-Ronaldo-and-Euro-2016-Trophy

Cristiano-Ronaldo-and-Euro-2016-Trophy

စီရော်နယ်လ်ဒိုကို ကမ္ဘာ့ဖလား မရဘူးတာနဲ့ ဂန္ထဝင်ကစားသမား မဖြစ်သေးဘူးလို့ ဝေဖန်ရင်တော့ အရမ်းပြင်းထန်လွန်းပါတယ်။ ဒါပေမဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်ဖို့ နိုင်ငံတကာအဆင့်မှာ ရွှေဖိနပ်ဆု၊ ရွှေဘောလုံးဆုတွေ ရယူဖို့တော့ လိုတာပေ့ါ။ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ စီရော်နယ်လ်ဒိုရဲ့ စွမ်းဆောင်ရည်က အနုတ်လက္ခဏာ ပြခဲ့ပြီး စုစုပေါင်း (၃)ဂိုးပဲ သွင်းယူနိုင်ခဲ့တယ်။ ၂၀၁၈ ကမ္ဘာ့ဖလားကျတော့လည်း (၄)ဂိုးသွင်းပြီး ခြေစွမ်းတော့ ပြနိုင်ပါရဲ့၊ သူ့ ပေါ်တူဂီအသင်းက စိတ်ပျက်စရာကောင်းခဲ့လို့ ရှုံးထွက် (၁၆)သင်းအဆင့်က လှည့်ပြန်ခဲ့ရလို့ ရွှေဘောလုံးဆု၊ ရွှေဖိနပ်ဆုတွေနဲ့ ဝေးကွာခဲ့ရတယ်။ အခုလောလောဆယ် စီရော်နယ်လ်ဒိုက နိုင်ငံအသင်းကနေ အနားယူဖို့ အရိပ်အယောင် မရှိသေးလို့ ယူရို-၂၀၂၀ ကျရင် ပါဝင်ကစားမယ့် အနေအထားရှိနေတာကြောင့် သူ့ရဲ့ နောက်ဆုံးမျှော်လင့်ကို အကောင်အထည် ဖော်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

ချန်ပီယံလိဂ်တစ်ပွဲတည်း သွင်းဂိုး(၅)ဂိုး

Messi-and-Luiz-Adriano

Messi-and-Luiz-Adriano

စီရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ Greatest Player လို့ သတ်မှတ်လို့ ရကောင်းရပါလိမ့်မယ်။ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ချန်ပီယံဆုဖလားကို (၅)ကြိမ် ရယူခဲ့ပြီး၊ ပြိုင်ပွဲတစ်လျှောက်မှာလည်း သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတယ်။ ဒါပေမဲ့ သူ့မှာ ကွက်လပ်တစ်ခုတော့ ကျန်နေပါသေးတယ်။ အဲဒါက ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲတည်းမှာ (၅)ဂိုးအထိ မသွင်းဖူးသေးတာပါပဲ။ ချန်ပီယံလိဂ်မှာလည်း တစ်ပွဲတည်း (၅)ဂိုးသွင်းခဲ့တဲ့သူက (၂)ဦးပဲရှိပါသေးတယ်။ သူတို့ကတော့ မက်ဆီ Messi (ဘာစီလိုနာ ၇-၁ လေဗာကူဆင်၊ ၇-၃-၂၀၁၂) နဲ့ လူးဝစ်ဇ်အက်ဒရီယာနို Luiz Adriano (ရှက်တာဒိုးနက် ၇-၀ BATE ၊ ၂၁-၁၀-၂၀၁၄) တို့ပါပဲ။ ဒါကြောင့် ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်ပွဲတည်း(၅)ဂိုး သွင်းခဲ့တဲ့ မှတ်တမ်းကို ပထမဆုံးအကြိမ် ရယူဖို့ စီရော်နယ်လ်ဒို ဆန္ဒပြင်းပြနေပါလိမ့်မယ်။

ပရိသတ်ကြီးရေ .. ဒါတွေက စီရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝမှတ်တိုင်မှာ ကွက်လပ်ဖြစ်နေတဲ့ မှတ်တမ်းတွေပါပဲ။ အသက်(၃၃)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ စီရော်နယ်လ်ဒို ကစားသမားဘ၀ အဆုံးမသတ်ခင် ဒီကွက်လပ်တွေကို ဖြည့်ဆည်းနိုင်မလားဆိုတာတော့ . . .

REF:sportskeeda
Photo:Wallpaper Cave,slate.com,Getty Images
Naing Linn(Akhayar)
www.akhayar.com