[Zawgyi]

ေအာင္ျမင္မႈရရွိိဖို႔ Michelle Obama က်င့္သံုးတဲ႔ လူသိနည္း အမူအက်င့္ဆန္းမ်ား

တစ္ခ်ိန္တုန္းက လူမည္းသမၼတကေတာ္ေဟာင္းျဖစ္ခဲ့တဲ႔ Michelle Obama ဟာ ပညာမွာလည္း ထူးခၽြန္ထက္ျမက္ပီး အမ်ဳိးသားျဖစ္တဲ႔သမၼတ Obama ကိုလည္း တစ္ဖက္တစ္လမ္းကေန ေအာင္ျမင္မႈ လမ္းေၾကာင္းေပၚေရာက္ရွိေအာင္ အေကာင္းဆံုးပံ့ပိုးေပးႏိုင္သူ ျဖစ္ပါတယ္။ သားသမီးေတြကိုလည္း အလုပ္တစ္ဖက္နဲ႔ ပညာထူးခၽြန္ၿပီး လိမၼာေရးျခားရွိေအာင္၊ ထူးခၽြန္ထက္ျမက္တဲ႔သူျဖစ္ေအာင္ အေကာင္းဆံုး သြန္သင္ႏိုင္သူျဖစ္ပါတယ္။ ဒီလို အဘက္ဘက္ကေနေတာ္တယ္လုိ႔ ဆိုလုိ႔ရတဲ့ Michelle Obama မွာ လူသိနည္းတဲ႔ အခ်က္ေလးေတြလည္း ရွိပါေသးတယ္။ ဒီအခ်က္ေလးေတြကေန ယူတတ္ရင္ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ ေရာက္ရွိႏိုင္တာမို႔ လူသိနည္းတဲ႔ အခ်က္တစ္ခ်ဳိ႕ကို ေကာက္ႏု္တ္ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အမ်ားျပည္သူအက်ဳိးေဆာင္ရြက္ဖို႔ ကိုယ္ပိုင္ Career အလုပ္ကေန ႏႈတ္ထြက္ခဲ႔သူ

Michelle Obama ဟာ ေက်ာင္းတုန္းက ထူးခၽြန္ထက္ျမက္သူတစ္ဦးျဖစ္ၿပီး ဆ႒မအႀကီးဆံုး U.S အေျခစိုက္ Law Firm တစ္ခုျဖစ္တဲ႔ Sidley Austin LLP မွာ အလုပ္မလုပ္ခင္ Princeton University နဲ႔ Harvard Law School မွာ တက္ေရာက္သင္ယူခဲ႔သူ ျဖစ္ပါတယ္။ ဒီလိုေကာင္းမြန္တဲ႔ အလုပ္အကိုင္ကို ရရွိခဲ႔ေပမယ့္ ၁၉၉၃ ခုနစ္မွာ အလုပ္ကေနထြက္ၿပီး Public Allies Chicago လို႔ေခၚတဲ႔ National Service Program တစ္ခုမွာ ဝင္ေရာက္ကူညီ လုပ္ကိုင္ေပးခဲ႔ပါတယ္။ သူမ အဲဲ့ဒီလုိျပဳလုပ္ရတဲ့ ရည္ရြယ္ခ်က္ကေတာ့ ဘဝႀကီးကုိ ပံုမွန္သမရုိးက် ျဖတ္သန္းရတာထက္ စိန္ေခၚမႈေတြကို ရင္ဆိုင္ေျဖရွင္းရင္း လူေတြကို ပိုမိုအက်ဳိးျပဳတဲ့သူ ျဖစ္ခ်င္တဲ႔အတြက္ေၾကာင္႔႔ ျဖစ္ပါတယ္။ အေျပာင္းအလဲျပဳလုပ္လိုက္ျခင္းက အေတြ႔အၾကံဳအသစ္ေတြကို စုေဆာင္းခြင့္ရရွိေစၿပီး အေတြ႔အၾကံဳေတြကေန ေအာင္ျမင္မႈကို တစ္ဆင့္ ရွာေဖြလို႔ရပါတယ္ဆိုတာကို လက္ကိုင္ထားသူပါ။

(၂) French Fries ကို ႀကိဳက္ႏွစ္သက္သူပါ

သူမဟာ က်န္းမာတဲ႔ စားေသာက္မႈပံုစံကုိ ႀကိဳက္ႏွစ္သက္သူျဖစ္ၿပီး လူအမ်ားကုိလည္း က်န္းမာေရးနဲ႔ကိုက္ညီေအာင္ စားေသာက္ရန္ တုိက္တြန္းတတ္သူျဖစ္ေပမယ့္ သူမကိုယ္တိုင္းက French Fries ကို အလြန္ႀကိဳက္ႏွစ္သက္သူ ျဖစ္ပါတယ္။ က်န္းမာေရးဟာ ဘဝမွာ အေရးႀကီးဆံုုးဆိုတာသိလို႔ က်န္းမာေရးနဲ႔ ညီညႊတ္ေအာင္ ဂရုတစိုက္ေနထုိင္ေပမယ့္ စားေသာက္ဆိုင္ေရာက္လုိ႔ Menu ၾကည့္တဲ႔အခါ French Fries ကို မမွာစားဘဲ မေနႏုိင္သူ ျဖစ္ပါတယ္။ လူတုိင္းမွာ မေကာင္းမွန္းသိေပမယ့္ စြန္႔လႊတ္ဖို႔ ခက္ခဲတဲ႔ အမူအက်င့္ဆုိးေတြ ရွိသလိုမ်ဳိး သူမမွာလည္း ပါးစပ္ကို အလုိလုိက္တဲ႔ အက်င့္ဆိုးရွိပါတယ္။ အက်င့္ဆိုးရွိတာက စိတ္ညစ္စရာ၊ ရွက္ေနစရာမဟုတ္ဘဲ အတတ္ႏိုင္ဆံုး အက်င့္ဆိုးကို ေဖ်ာက္ဖ်က္ႏို္င္ေအာင္ ႀကိဳးစားဖို႔ပဲ လုိတယ္လို႔ စိတ္ထဲမွာေတြးေလ့ရွိသူ ျဖစ္ပါတယ္။

(၃) “Girls’ Night Out”လုပ္ကာ အခုခ်ိန္ထိ သူငယ္ခ်င္းနဲ႔ အခ်ိန္ကုန္ဆံုးတတ္သူပါ

၂၀၁၃ ခုနစ္က Washington Post ရဲ႕ ေဖာ္ျပခ်က္အရ Michelle Obama ဟာ Washington မွာ စားေသာက္္ဆုိင္ေပါင္း အေျမာက္အျမားနဲ႔ ေဖ်ာ္ေျဖေရးေနရာေပါင္း ေတာ္ေတာ္မ်ားမ်ားမွာ လုပ္ေဖာ္ကိုင္ဘက္ေတြနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပါဝင္ဆင္ႏဲြေနတာကို ေတြ႔ဖူးပါတယ္လို႔ ေရးသားေဖာ္ျပထားပါတယ္။ သူမဟာ မိခင္တာဝန္၊ ဇနီးတာဝန္နဲ႔ ဝန္ထမ္းတာဝန္ အစရွိသျဖင့္ တာဝန္ေတြ အေျမာက္အျမားယူထားရေပမယ့္လုိ႔ သူမရဲ႕ သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ေပးၿပီး လြတ္လြတ္လပ္လပ္ကုန္ဆံုးတာကိုလည္း ေတြ႔ရပါတယ္။ သူငယ္ခ်င္းေတြနဲ႔ ေတြ႔ဆံုျခင္းဟာ စိတ္ထြက္ေပါက္ေတြ ဖြင့္ထုတ္ခြင့္ရရွိျခင္းျဖစ္ၿပီး အားသစ္ေတြလည္း ရရွိပိုင္ဆိုင္ေစပါတယ္။ ဒါေၾကာင့္မို႔ မိမိကိုယ့္ကိုယ္ကုိယ္ေပ်ာ္ရႊင္ဖုိ႔ သူငယ္ခ်င္းေတြနဲ႔ အားလပ္ခ်ိန္မွာ အခ်ိန္ေပးေတြ႔ဆံုုျခင္းျဖင့္ ကိုယ္ပိုင္ေပ်ာ္ရႊင္မႈကို ရွာေဖြသူပါ။ သူမေျပာၾကားခဲ႔တာကေတာ့ သူငယ္ခ်င္းေတြကို တန္ဖိုးထားဆက္ဆံျခင္းက စိတ္ဖိစီးမႈကို ေလာ့်က်ေအာင္လုပ္ေဆာင္တာနဲ႔ တူၿပီး စိတ္ဖိစီးမႈကင္းတဲ႔အခါ ေအာင္ျမင္မႈနဲ႔ ေပ်ာ္ရႊင္မႈေတြ အလုိလုိရရွိပိုင္ဆိုင္လာပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

အောင်မြင်မှုရရှိဖို့ Michelle Obama ကျင့်သုံးတဲ့ လူသိနည်း အမူအကျင့်ဆန်းများ

တစ်ချိန်တုန်းက လူမည်းသမ္မတကတော်ဟောင်းဖြစ်ခဲ့တဲ့ Michelle Obama ဟာ ပညာမှာလည်း ထူးချွန်ထက်မြက်ပီး အမျိုးသားဖြစ်တဲ့သမ္မတ Obama ကိုလည်း တစ်ဖက်တစ်လမ်းကနေ အောင်မြင်မှု လမ်းကြောင်းပေါ်ရောက်ရှိအောင် အကောင်းဆုံးပံ့ပိုးပေးနိုင်သူ ဖြစ်ပါတယ်။ သားသမီးတွေကိုလည်း အလုပ်တစ်ဖက်နဲ့ ပညာထူးချွန်ပြီး လိမ္မာရေးခြားရှိအောင်၊ ထူးချွန်ထက်မြက်တဲ့သူဖြစ်အောင် အကောင်းဆုံး သွန်သင်နိုင်သူဖြစ်ပါတယ်။ ဒီလို အဘက်ဘက်ကနေတော်တယ်လို့ ဆိုလို့ရတဲ့ Michelle Obama မှာ လူသိနည်းတဲ့ အချက်လေးတွေလည်း ရှိပါသေးတယ်။ ဒီအချက်လေးတွေကနေ ယူတတ်ရင် အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိနိုင်တာမို့ လူသိနည်းတဲ့ အချက်တစ်ချို့ကို ကောက်နု်တ်ဖော်ပြပေးလိုက်ပါတယ်။

(၁) အများပြည်သူအကျိုးဆောင်ရွက်ဖို့ ကိုယ်ပိုင် Career အလုပ်ကနေ နှုတ်ထွက်ခဲ့သူ

Michelle Obama ဟာ ကျောင်းတုန်းက ထူးချွန်ထက်မြက်သူတစ်ဦးဖြစ်ပြီး ဆဋ္ဌမအကြီးဆုံး U.S အခြေစိုက် Law Firm တစ်ခုဖြစ်တဲ့ Sidley Austin LLP မှာ အလုပ်မလုပ်ခင် Princeton University နဲ့ Harvard Law School မှာ တက်ရောက်သင်ယူခဲ့သူ ဖြစ်ပါတယ်။ ဒီလိုကောင်းမွန်တဲ့ အလုပ်အကိုင်ကို ရရှိခဲ့ပေမယ့် ၁၉၉၃ ခုနစ်မှာ အလုပ်ကနေထွက်ပြီး Public Allies Chicago လို့ခေါ်တဲ့ National Service Program တစ်ခုမှာ ဝင်ရောက်ကူညီ လုပ်ကိုင်ပေးခဲ့ပါတယ်။ သူမ အဲ့ဒီလိုပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဘဝကြီးကို ပုံမှန်သမရိုးကျ ဖြတ်သန်းရတာထက် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရင်း လူတွေကို ပိုမိုအကျိုးပြုတဲ့သူ ဖြစ်ချင်တဲ့အတွက်ကြောင့့် ဖြစ်ပါတယ်။ အပြောင်းအလဲပြုလုပ်လိုက်ခြင်းက အတွေ့အကြုံအသစ်တွေကို စုဆောင်းခွင့်ရရှိစေပြီး အတွေ့အကြုံတွေကနေ အောင်မြင်မှုကို တစ်ဆင့် ရှာဖွေလို့ရပါတယ်ဆိုတာကို လက်ကိုင်ထားသူပါ။

(၂) French Fries ကို ကြိုက်နှစ်သက်သူပါ

သူမဟာ ကျန်းမာတဲ့ စားသောက်မှုပုံစံကို ကြိုက်နှစ်သက်သူဖြစ်ပြီး လူအများကိုလည်း ကျန်းမာရေးနဲ့ကိုက်ညီအောင် စားသောက်ရန် တိုက်တွန်းတတ်သူဖြစ်ပေမယ့် သူမကိုယ်တိုင်းက French Fries ကို အလွန်ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။ ကျန်းမာရေးဟာ ဘဝမှာ အရေးကြီးဆုံးဆိုတာသိလို့ ကျန်းမာရေးနဲ့ ညီညွှတ်အောင် ဂရုတစိုက်နေထိုင်ပေမယ့် စားသောက်ဆိုင်ရောက်လို့ Menu ကြည့်တဲ့အခါ French Fries ကို မမှာစားဘဲ မနေနိုင်သူ ဖြစ်ပါတယ်။ လူတိုင်းမှာ မကောင်းမှန်းသိပေမယ့် စွန့်လွှတ်ဖို့ ခက်ခဲတဲ့ အမူအကျင့်ဆိုးတွေ ရှိသလိုမျိုး သူမမှာလည်း ပါးစပ်ကို အလိုလိုက်တဲ့ အကျင့်ဆိုးရှိပါတယ်။ အကျင့်ဆိုးရှိတာက စိတ်ညစ်စရာ၊ ရှက်နေစရာမဟုတ်ဘဲ အတတ်နိုင်ဆုံး အကျင့်ဆိုးကို ဖျောက်ဖျက်နိုင်အောင် ကြိုးစားဖို့ပဲ လိုတယ်လို့ စိတ်ထဲမှာတွေးလေ့ရှိသူ ဖြစ်ပါတယ်။

(၃) “Girls’ Night Out”လုပ်ကာ အခုချိန်ထိ သူငယ်ချင်းနဲ့ အချိန်ကုန်ဆုံးတတ်သူပါ

၂၀၁၃ ခုနစ်က Washington Post ရဲ့ ဖော်ပြချက်အရ Michelle Obama ဟာ Washington မှာ စားသောက်ဆိုင်ပေါင်း အမြောက်အမြားနဲ့ ဖျော်ဖြေရေးနေရာပေါင်း တော်တော်များများမှာ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွဲနေတာကို တွေ့ဖူးပါတယ်လို့ ရေးသားဖော်ပြထားပါတယ်။ သူမဟာ မိခင်တာဝန်၊ ဇနီးတာဝန်နဲ့ ဝန်ထမ်းတာဝန် အစရှိသဖြင့် တာဝန်တွေ အမြောက်အမြားယူထားရပေမယ့်လို့ သူမရဲ့ သူငယ်ချင်းတွေနဲ့ အချိန်ပေးပြီး လွတ်လွတ်လပ်လပ်ကုန်ဆုံးတာကိုလည်း တွေ့ရပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံခြင်းဟာ စိတ်ထွက်ပေါက်တွေ ဖွင့်ထုတ်ခွင့်ရရှိခြင်းဖြစ်ပြီး အားသစ်တွေလည်း ရရှိပိုင်ဆိုင်စေပါတယ်။ ဒါကြောင့်မို့ မိမိကိုယ့်ကိုယ်ကိုယ်ပျော်ရွှင်ဖို့ သူငယ်ချင်းတွေနဲ့ အားလပ်ချိန်မှာ အချိန်ပေးတွေ့ဆုံခြင်းဖြင့် ကိုယ်ပိုင်ပျော်ရွှင်မှုကို ရှာဖွေသူပါ။ သူမပြောကြားခဲ့တာကတော့ သူငယ်ချင်းတွေကို တန်ဖိုးထားဆက်ဆံခြင်းက စိတ်ဖိစီးမှုကို လောျ့ကျအောင်လုပ်ဆောင်တာနဲ့ တူပြီး စိတ်ဖိစီးမှုကင်းတဲ့အခါ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုတွေ အလိုလိုရရှိပိုင်ဆိုင်လာပါတယ်။

H.H(Akhayar)

www.akhayar.com