ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်သလို ဘောလုံးလောကမှာ အောင်မြင်မှုအစဉ်အလာကြီးမားတဲ့ အသင်းလည်းဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို (၂)ကြိမ် ၊ ယူရိုချန်ပီယံဆုကို (၂)ကြိမ် ၊ ကွန်ဖက်ဒရေးရှင်းဖလား ချန်ပီယံဆုကိုလည်း (၂)ကြိမ်ရရှိထားတဲ့ အသင်းပဲဖြစ်ပါတယ်။ ဒီလိုမျိုး အောင်မြင်မှုတွေများစွာရယူထားတဲ့ ပြင်သစ်အသင်းရဲ့ ကစားသမားတွေဟာ ဘယ်လောက်တောင်ကောင်းတဲ့သူတွေဖြစ်မလဲဆိုတာ အထူးပြောစရာလိုမယ် မထင်ပါဘူး။ ဒီအထဲက အကောင်းဆုံးကစားသမားတွေကို ထပ်ပြီးရွေးချယ်ဖို့ ဆိုတာပိုခက်ခဲတဲ့ အရာပါ။ အခု ဒီ Article မှာတော့ ပြင်သစ်ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Barthez

ပြင်သစ်အသင်းရဲ့ အကောင်းဆုံးဂိုးသမားတစ်ဦးဖြစ်တဲ့ ဘားသက်ဇ် Barthez ကတော့ ဒီစာရင်းမှာမပါမဖြစ်ပါပဲ။ ဘားသက်ဇ် ရဲ့ လက်စွမ်းတွေဟာ ပြင်သစ်အသင်း ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်စွဲတဲ့နေရာမှာ အဓိကကျခဲ့တာကိုလည်း ပရိသတ်တွေ အားလုံးအသိပါ။ ပြင်သစ်အသင်းအတွက် ဘားသက်ဇ် ဟာ ပွဲပေါင်း(၈၆)ပွဲကစားခဲ့ပြီး အသင်းနဲ့အတူ ကမ္ဘာ့ဖလား ၊ ယူရိုနဲ့ ကွန်ဖက်ဒရေးရှင်းဖလား ချန်ပီယံဆုတွေကို (၁)ကြိမ်စီရရှိခဲ့ပါတယ်။

Desailly

ဒက်ဆယ်လီ Desailly ကတော့ ဘောလုံးလောကရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးပါ။ ဒက်ဆယ်လီ ဟာ ဗဟိုခံစစ်သာမကပဲ ကွင်းလယ်ခံစစ်ပိုင်းမှာလည်း ကစားနိုင်တဲ့သူဖြစ်ပြီး ခေါင်းဆောင်မှုစွမ်းရည်ကောင်းမွန်သူလည်း ဖြစ်ပါတယ်။ ပြင်သစ်အသင်းရဲ့ ခံစစ်ပိုင်းမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ပေးဆပ်ခဲ့တဲ့ ဒက်ဆယ်လီ ဟာ အသင်းအတွက် ပွဲပေါင်း(၁၁၆)ပွဲကစား (၃)ဂိုးသွင်းယူခဲ့ပါတယ်။ ဒက်ဆယ်လီ ဟာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ၊ ယူရိုချန်ပီယံဆုကို (၁)ကြိမ်စီ နဲ့ ကွန်ဖက်ဒရေးရှင်းဖလား ချန်ပီယံဆုကို (၂)ကြိမ်ရရှိခဲ့ပါတယ်။

Thuram

သူရမ် Thuram ဟာလည်း ဒက်ဆယ်လီ လိုပဲ ဘောလုံးလောကရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးအဖြစ် စာရင်းပေါက်ခဲ့သူပါ။ ဗဟိုခံစစ်မှာသာမကပဲ ညာနောက်ခံလူ အဖြစ်ပါ ကစားနိုင်တဲ့ သူရမ် ဟာ ပြိုင်ဘက်တိုက်စစ်မှူးတွေ ကျော်ဖြတ်ရခက်ခဲတဲ့ နောက်ခံလူဖြစ်ခဲ့ပါတယ်။ သူရမ် ဟာ ပြင်သစ်အသင်းအတွက် ၁၉၉၄ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ကစားပေးခဲ့ပြီး ပွဲပေါင်း(၁၄၂)ပွဲမှာ (၂)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သူရမ် ဟာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ၊ ယူရိုနဲ့ ကွန်ဖက်ဒရေးရှင်းဖလား ချန်ပီယံဆုတွေကို (၁)ကြိမ်စီရရှိခဲ့ပါတယ်။

အခု ပရိသတ်တွေကို ဖော်ပြပေးခဲ့တာကတော့ ပြင်သစ်ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားများ အပိုင်း(၁)ဖြစ်ပါတယ်။ အပိုင်း(၂)ကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး …

Ref:Sportskeeda
Photo: Business Insider , Scroll.in , SBS , talkSPORT
Ko Kyue(Akhayar)
www.akhayar.com