[Zawgyi]

ရာသီကုန္မွာ အနားယူၾကမယ္႔ ပရိသတ္အၾကိဳက္ နာမည္ေက်ာ္ကစားသမားမ်ား

ဒီႏွစ္ေဘာလံုးရာသီကုန္ဆံုးရင္ ကစားသမားဘ၀ကေန အနားယူၾကမယ္႔ ပရိသတ္ေတြ အၾကိဳက္ကစားသမားေတြရိွပါတယ္။ ဒီကစားသမားေတြဟာ ပရိသတ္ေတြရဲ႕ ရင္ထဲမွာအၿမဲစြဲက်န္ခဲ႔မယ္႔ ကစားသမားေတြပဲျဖစ္ပါတယ္။ အခု Akhayar Sports ပရိသတ္ေတြအတြက္ ဒီကစားသမားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဇာဗီ Xavi

Xavi

Xavi

ဘာစီလိုနာ ၊ စပိန္အသင္းေတြရဲ႕ ဂႏၳ၀င္ကစားသမား ဇာဗီ Xavi ဟာ ဒီႏွစ္ေဘာလံုးရာသီကုန္ဆံုးရင္ ကစားသမားဘ၀ကေန အနားယူေတာ႔မွာျဖစ္ပါတယ္။ လက္ရိွမွာေတာ႔ ဇာဗီဟာ ကာတာကလပ္ အယ္လ္ဆဒ္အသင္းမွာ ေျခစြမ္းျပကစားေနပါတယ္။ ဇာဗီလို ေဘာလံုးဦးေႏွာက္ေကာင္းျပီး ေဘာလံုးေပးပို႔ ျဖန္႔ေ၀မႈေကာင္းမြန္တဲ႔ ကစားသမားကို ပရိသတ္ေတြအေနနဲ႔ ဆံုးရံႈးၾကရေတာ႔မွာပါ။ နာမည္ေက်ာ္ ဂႏၳ၀င္ေဘာလံုးသမားေတြအနားယူေလ ပရိသတ္ေတြလည္း လြမ္းေမာရေလပါပဲ။

ဇာဗီရဲ႕ ကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

Barcelona

La Liga: 1998–99, 2004–05, 2005–06, 2008–09, 2009–10, 2010–11, 2012–13, 2014–15
Copa del Rey: 2008–09, 2011–12, 2014–15
Supercopa de España: 2005, 2006, 2009, 2010, 2011, 2013
UEFA Champions League: 2005–06, 2008–09, 2010–11, 2014–15
UEFA Super Cup: 2009, 2011
FIFA Club World Cup: 2009, 2011

Al Sadd

Qatar Emir Cup: 2017
Qatar Crown Prince Cup: 2017
Sheikh Jassim Cup: 2017

International

Spain

FIFA World Cup: 2010
UEFA European Championship: 2008, 2012

(၂) ဒေရာ႔ဘာ Drogba

Drogba

Drogba

ခ်ယ္လ္ဆီးအသင္းရဲ႕ ဂႏၳ၀င္တိုက္စစ္မွဴး ဒေရာ႔ဘာ Drogba ဟာလည္း ဒီႏွစ္ေဘာလံုးရာသီကုန္ဆံုးရင္ ကစားသမားဘ၀ကေန အနားယူေတာ႔မွာပါ။ ဒေရာ႔ဘာဟာ လက္ရိွမွာ သူပိုင္ဆိုင္တဲ႔ Phoenix Rising အသင္းမွာကစားေနပါတယ္။ ဒါဟာေဘာလံုးသမိုင္းမွာ ပိုင္ရွင္အေနနဲ႔ အသင္းမွာ ကစားသမားအျဖစ္ျပန္ကစားတဲ႔ ပထမဆံုးေသာျဖစ္ရပ္ပဲျဖစ္ပါတယ္။ ဒေရာ႔ဘာရဲ႕ တိုးအား ၊ ႐ုန္းအား နဲ႔ ေကာင္းမြန္တဲ႔ အဆံုးသတ္ပိုင္းေတြကို ပရိသတ္ေတြဟာ လြမ္းေနၾကရဦးမွာပါ။

ဒေရာ႔ဘာ ရဲ႕ကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

Chelsea

Premier League: 2004–05, 2005–06, 2009–10, 2014–15
FA Cup: 2006–07, 2008–09, 2009–10, 2011–12
Football League Cup: 2004–05, 2006–07, 2014–15
FA Community Shield: 2005, 2009
UEFA Champions League: 2011–12

Galatasaray

Süper Lig: 2012–13
Turkish Cup: 2013–14
Turkish Super Cup: 2013

(၃) ဗန္ပါစီ Van Persie

van Persie

van Persie

အာဆင္နယ္ ၊ မန္ယူအသင္းေတြရဲ႕ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း လက္ရိွဖီယင္ႏုအသင္း တိုက္စစ္မွဴး ဗန္ပါစီဟာလည္း ဒီႏွစ္ေဘာလံုးရာသီကုန္ဆံုးရင္ ကစားသမားဘ၀ကေန အနားယူမယ္႔ နာမည္ေက်ာ္ကစားသမားေတြထဲက တစ္ေယာက္ပါ။ ဗန္ပါစီဟာ လက္ရိွမွာ သူ႕ရဲ႕ငယ္ေမြးျခံေပါက္ အသင္းျဖစ္တဲ႔ ဖီယင္ႏုအသင္းမွာ ကစားေနျပီး ဒီအသင္းမွာပဲ ကစားသမားဘ၀ကို အဆံုးသတ္မွာပဲျဖစ္ပါတယ္။ ပရိသတ္ေတြအေနနဲ႔ ဗန္ပါစီရဲ႕ ျပင္းထန္အားပါတဲ႔ ဘယ္ေျခကန္ခ်က္ေတြကို လြမ္းေနရမွာကေတာ႔ အေသအခ်ာပါပဲ။

ဗန္ပါစီ ရဲ႕ကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

Feyenoord

KNVB Cup: 2017–18
Johan Cruyff Shield: 2018
UEFA Cup: 2001–02

Arsenal

FA Cup: 2004–05
FA Community Shield: 2004

Manchester United

Premier League: 2012–13
FA Community Shield: 2013

Ref: Sportskeeda
Photo: Bleacher Report Football , AS English – Diario AS , Konbini.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ရာသီကုန်မှာ အနားယူကြမယ့် ပရိသတ်အကြိုက် နာမည်ကျော်ကစားသမားများ

ဒီနှစ်ဘောလုံးရာသီကုန်ဆုံးရင် ကစားသမားဘဝကနေ အနားယူကြမယ့် ပရိသတ်တွေ အကြိုက်ကစားသမားတွေရှိပါတယ်။ ဒီကစားသမားတွေဟာ ပရိသတ်တွေရဲ့ ရင်ထဲမှာအမြဲစွဲကျန်ခဲ့မယ့် ကစားသမားတွေပဲဖြစ်ပါတယ်။ အခု Akhayar Sports ပရိသတ်တွေအတွက် ဒီကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဇာဗီ Xavi

Xavi

Xavi

ဘာစီလိုနာ ၊ စပိန်အသင်းတွေရဲ့ ဂန္ထဝင်ကစားသမား ဇာဗီ Xavi ဟာ ဒီနှစ်ဘောလုံးရာသီကုန်ဆုံးရင် ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဇာဗီဟာ ကာတာကလပ် အယ်လ်ဆဒ်အသင်းမှာ ခြေစွမ်းပြကစားနေပါတယ်။ ဇာဗီလို ဘောလုံးဦးနှောက်ကောင်းပြီး ဘောလုံးပေးပို့ ဖြန့်ဝေမှုကောင်းမွန်တဲ့ ကစားသမားကို ပရိသတ်တွေအနေနဲ့ ဆုံးရှုံးကြရတော့မှာပါ။ နာမည်ကျော် ဂန္ထဝင်ဘောလုံးသမားတွေအနားယူလေ ပရိသတ်တွေလည်း လွမ်းမောရလေပါပဲ။

ဇာဗီရဲ့ ကစားသမားဘ၀ အောင်မြင်မှုများ

Barcelona

La Liga: 1998–99, 2004–05, 2005–06, 2008–09, 2009–10, 2010–11, 2012–13, 2014–15
Copa del Rey: 2008–09, 2011–12, 2014–15
Supercopa de España: 2005, 2006, 2009, 2010, 2011, 2013
UEFA Champions League: 2005–06, 2008–09, 2010–11, 2014–15
UEFA Super Cup: 2009, 2011
FIFA Club World Cup: 2009, 2011

Al Sadd

Qatar Emir Cup: 2017
Qatar Crown Prince Cup: 2017
Sheikh Jassim Cup: 2017

International

Spain

FIFA World Cup: 2010
UEFA European Championship: 2008, 2012

(၂) ဒရော့ဘာ Drogba

Drogba

Drogba

ချယ်လ်ဆီးအသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူး ဒရော့ဘာ Drogba ဟာလည်း ဒီနှစ်ဘောလုံးရာသီကုန်ဆုံးရင် ကစားသမားဘဝကနေ အနားယူတော့မှာပါ။ ဒရော့ဘာဟာ လက်ရှိမှာ သူပိုင်ဆိုင်တဲ့ Phoenix Rising အသင်းမှာကစားနေပါတယ်။ ဒါဟာဘောလုံးသမိုင်းမှာ ပိုင်ရှင်အနေနဲ့ အသင်းမှာ ကစားသမားအဖြစ်ပြန်ကစားတဲ့ ပထမဆုံးသောဖြစ်ရပ်ပဲဖြစ်ပါတယ်။ ဒရော့ဘာရဲ့ တိုးအား ၊ ရုန်းအား နဲ့ ကောင်းမွန်တဲ့ အဆုံးသတ်ပိုင်းတွေကို ပရိသတ်တွေဟာ လွမ်းနေကြရဦးမှာပါ။

ဒရော့ဘာ ရဲ့ကစားသမားဘ၀ အောင်မြင်မှုများ

Chelsea

Premier League: 2004–05, 2005–06, 2009–10, 2014–15
FA Cup: 2006–07, 2008–09, 2009–10, 2011–12
Football League Cup: 2004–05, 2006–07, 2014–15
FA Community Shield: 2005, 2009
UEFA Champions League: 2011–12

Galatasaray

Süper Lig: 2012–13
Turkish Cup: 2013–14
Turkish Super Cup: 2013

(၃) ဗန်ပါစီ Van Persie

van Persie

van Persie

အာဆင်နယ် ၊ မန်ယူအသင်းတွေရဲ့ နာမည်ကျော် တိုက်စစ်မှူးဟောင်း လက်ရှိဖီယင်နုအသင်း တိုက်စစ်မှူး ဗန်ပါစီဟာလည်း ဒီနှစ်ဘောလုံးရာသီကုန်ဆုံးရင် ကစားသမားဘဝကနေ အနားယူမယ့် နာမည်ကျော်ကစားသမားတွေထဲက တစ်ယောက်ပါ။ ဗန်ပါစီဟာ လက်ရှိမှာ သူ့ရဲ့ငယ်မွေးခြံပေါက် အသင်းဖြစ်တဲ့ ဖီယင်နုအသင်းမှာ ကစားနေပြီး ဒီအသင်းမှာပဲ ကစားသမားဘဝကို အဆုံးသတ်မှာပဲဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ ဗန်ပါစီရဲ့ ပြင်းထန်အားပါတဲ့ ဘယ်ခြေကန်ချက်တွေကို လွမ်းနေရမှာကတော့ အသေအချာပါပဲ။

ဗန်ပါစီ ရဲ့ကစားသမားဘ၀ အောင်မြင်မှုများ

Feyenoord

KNVB Cup: 2017–18
Johan Cruyff Shield: 2018
UEFA Cup: 2001–02

Arsenal

FA Cup: 2004–05
FA Community Shield: 2004

Manchester United

Premier League: 2012–13
FA Community Shield: 2013

Ref: Sportskeeda
Photo: Bleacher Report Football , AS English – Diario AS , Konbini.com
Ko Kyue(Akhayar)
www.akhayar.com