[Zawgyi]

ေလယာဥ္စီးရမွာကုိ ေၾကာက္တဲ့ နာမည္ေက်ာ္ ေဘာလုံးသမားမ်ား

ေဘာလုံးေလာကမွာ ေလယာဥ္ပ်က္က်လုိ႔ အသက္ဆုံး႐ႈံးခဲ့ရတဲ့ ျဖစ္ရပ္ဆုိးေတြက အမ်ားႀကီးပါပဲ။ လက္စတာအသင္းပုိင္ရွင္ ဗီခ်ိဳင္း Vichai Srivaddhanaprabha ရဟတ္ယာဥ္ပ်က္က်လုိ႔ ေသဆုံးခဲ့တာကလည္း သိပ္မၾကာေသးပါဘူး။ ၁၉၅၈ ခုႏွစ္တုနး္က မန္ယူအသင္း စီးနင္းလာတဲ့ ေလယာဥ္ဟာ ျမဴးနစ္မွာပ်က္က်ခဲ့လုိ႔ (၂၃)ဦး ေသဆုံးခဲ့ၿပီး အဲဒီအထဲမွာ မန္ယူကစားသမား (၈)ဦးအထိ ပါ၀င္ခဲ့တယ္။

Vichai-Srivaddhanaprabha-

Vichai-Srivaddhanaprabha-

၁၉၉၃ ခုႏွစ္မွာ ဇမ္ဘီယာအသင္း၊ ၂၀၁၆ ခုႏွစ္မွာ ဘရာဇီးလ္ကလပ္ ခ်ာပီကုိအန္စီ Chapecoense အသင္းတုိ႔ဟာ ေလယာဥ္ပ်က္က်မႈေၾကာင့္ ကစားသမား၊ တာ၀န္ရွိသူေတြနဲ႔ ၀န္ထမ္းေတြရဲ႕ အသက္အႏၱရာယ္ ထိခုိက္ဆုံး႐ႈံးမႈေတြ ျဖစ္ခဲ့တယ္။ ဒါေၾကာင့္ တခ်ိဳ႕ဆုိရင္ ေလယာဥ္စီးရမွာကုိ ေသမေလာက္ေၾကာက္ရြံ႕ၿပီး ဒါကုိ ေဆးပညာရွင္ေတြက Aviophobia ေရာဂါလုိ႔ အမည္သတ္မွတ္ခဲ့ၾကပါတယ္။ အခုေနာက္ပုိင္း ေဘာလုံးသမားေတြထဲမွာ ေလယာဥ္စီးရမွာေၾကာက္တဲ့သူ သိပ္မရွိေတာ့ေပမယ့္၊ အရင္တုန္းကေတာ့ ေလယာဥ္စီးရမွာ ေၾကာက္တဲ့ နာမည္ေက်ာ္ ကစားသမားေတြ ရွိခဲ့ဖူးတယ္။ သူတို႔ေတြက ဘယ္သူေတြလဲဆုိေတာ့ . . . .

ေပါလ္မာဆင္ Paul Merson

Paul-Gascoigne-and-Paul-Merson

Paul-Gascoigne-and-Paul-Merson

ကစားသမားဘ၀တုန္းက ေဘာလုံးကြင္းထဲမွာ ၾကမ္းၾကမ္းရမ္းရမ္း ကစားတတ္တဲ့ ေပါလ္မာဆင္လုိ ကစာသမားမ်ိဳးက ေလယာဥ္စီးမွာ ေၾကာက္တဲ့သူဆုိေတာ့ ရယ္စရာေကာင္းေနတယ္။ အာဆင္နယ္၊ အက္စတြန္ဗီလာ၊ မစ္ဒယ္ဘေရာ့၊ ပုိ႔စ္ေမာက္အသင္းတို႔မွာ ကစားခဲ့သူ မာဆင္ဟာ အရက္အလြန္အက်ံေသာက္တာ၊ မူးယစ္ေဆး၀ါး ျပႆနာေတြေၾကာင့္ သူ႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ဘ၀ ထိခုိက္ခဲ့တာကုိ ပရိသတ္ အမ်ားစု သိၿပီးသားျဖစ္ေပမယ့္ မာဆင္ဟာ Aviophobia ျဖစ္ေနတယ္္ဆုိတာေတာ့ လူသိနည္းပါတယ္။ အဲဒါေၾကာင့္ အေ၀းကြင္းကစားရမယ့္ပဲြေတြဆုိ မာဆင္က ေလယာဥ္မစီးဘဲ ရထားနဲ႔သာ သြားေလ့ရွိၿပီး ႀကံဳေတာင့္ႀကံဳခဲ အဂၤလန္အသင္းနဲ႔အတူ ေလယာဥ္ပ်ံစီးခဲ့ရတဲ့ အျဖစ္အပ်က္ကုိ ဖြင့္ဟေျပာခဲ့ဖူးတယ္။ ”အဲဒီတုန္းက ကၽြန္ေတာ္ တကယ္ေၾကာက္ရြံ႕ေနၿပီး ထုိင္ခုံလက္တန္းကုိ အတင္းဆုပ္ကုိင္ထားရတယ္။ ဂလင္းေဟာ္ဒယ္ (အဂၤလန္အသင္းနည္းျပ) ေရာက္လာၿပီး ‘စိတ္မပူပါနဲ႔ကြ၊ ငါတို႔ ေလယာဥ္ပ်က္မက်ပါဘူး’ လုိ႔ ႏွစ္သိမ့္ေပးခဲ့တယ္။ ကၽြန္ေတာ့္ စိတ္ထဲမွာ ‘အင္း ဘာျပႆနာမွ မျဖစ္ေလာက္ပါဘူး’လုိ႔ ကုိယ့္ကုိယ္ကုိယ္ ေျဖသိမ့္ခဲ့ရတယ္”လုိ႔ မာဆင္က ၀န္ခံခဲ့ပါတယ္။

ဂြါရဲ႐ုိး Paolo Guerrero

Paolo-Guerrero

Paolo-Guerrero

ပီ႐ူးအသင္းရဲ႕ ၀ါရင့္တိုက္စစ္မွဴး ဂြါရဲ႐ုိးကုိ ပရိသတ္ေတြ သတိရဦးမွာပါ။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ပီ႐ူးအသင္းနဲ႔အတူ ပါ၀င္ဆင္ႏႊဲခဲ့သူ ဂြါရဲ႐ုိးကလည္း Aviophobia ေရာဂါ ခံစားေနရသူျဖစ္ပါတယ္။ ဂြါရဲ႐ုိးဟာ ၁၉၈၇ ခုႏွစ္တုန္းက ေလယာဥ္ပ်က္က်မႈေၾကာင့္ သူ႔ ဦးေလးေသဆုံးခဲ့တာနဲ႔ပတ္သက္ၿပီး ေလယာဥ္စီးရတာကို ေၾကာက္ရြံ႕ခဲ့တာပါပဲ။ ဂ်ာမန္ေဘာလုံး မဂၢဇင္းျဖစ္တဲ့ Kicker နဲ႔ အင္တာဗ်ဴးမွာ ဂြါရဲ႐ုိးက ”ေလယာဥ္စီးရမွာကုိ ကၽြန္ေတာ္ အရမ္းေၾကာက္တယ္။ ေနာက္တစ္ခုက ေလယာဥ္ေပၚမွာ ကၽြန္ေတာ့္ အစာအိမ္တစ္ခုခုျဖစ္မွာကုိလည္း ေၾကာက္လုိ႔ပါ”လုိ႔ ေျပာၾကားခဲ့ဖူးတယ္။

ဘားကမ့္ Dennis Bergkamp

Dennis-Bergkamp

Dennis-Bergkamp

အာဆင္နယ္ဂႏၳ၀င္ႀကီး ဘားကမ့္ ေလယာဥ္ေၾကာက္တာကေတာ့ ပရိသတ္အေတာ္မ်ားမ်ား အသိပါပဲ။ သူ႔ရဲ႕ Aviophobia ေရာဂါ စခဲ့တာက ဒတ္ခ်္ဂ်ာနယ္လစ္တစ္ဦးေၾကာင့္ပါ။ တစ္ခါတုန္းက ဒတ္ခ်္လူမ်ိဳးဂ်ာနယ္လစ္တစ္ဦးက ေလယာဥ္ေပၚမွာ သူ ဗုန္းသယ္လာတယ္ဆုိၿပီး စေနာက္ခ့ဲလုိ႔ ခရီးစဥ္က မလုိလားအပ္ဘဲ ၾကန္႔ၾကာခ့ဲရသလုိ အဲဒီ ဂ်ာနယ္လစ္လည္း ေထာင္ဒဏ္ခ်မွတ္ခဲ့တယ္။ ေနာက္ပုိင္းမွာေတာ့ ဘားကမ့္က ေလယာဥ္န႔ဲ ဘယ္ေတာ့မွ ခရီးမသြားဖုိ႔ ဆုံးျဖတ္လုိက္ေတာ့တာပါပဲ။ အဲဒါနဲ႔ပတ္သက္ၿပီး ဘားကမ့္က အခုလုိေျပာခဲ့ဖူးတယ္။ ”ကၽြန္ေတာ္ ေလယာဥ္စီးလုိ႔ မရပါဘူး။ အဲဒါကုိ ဘယ္လုိမွလည္း ေျဖရွင္းလုိ႔ မရပါဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ဒါက စိတ္ပုိင္းဆုိင္ရာ ခံစားခ်က္ေၾကာင့္ျဖစ္လုိ႔ပါပဲ”လုိ႔ ေျပာၾကားခဲ့ပါတယ္။

REF:sportskeeda
Photo:Football Fancast,Sports Illustrated,Reddit,10z Soccer
Naing Linn(Akhayar)
www.akhayar.com

[Unicode]

လေယာဉ်စီးရမှာကို ကြောက်တဲ့ နာမည်ကျော် ဘောလုံးသမားများ

ဘောလုံးလောကမှာ လေယာဉ်ပျက်ကျလို့ အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတွေက အများကြီးပါပဲ။ လက်စတာအသင်းပိုင်ရှင် ဗီချိုင်း Vichai Srivaddhanaprabha ရဟတ်ယာဉ်ပျက်ကျလို့ သေဆုံးခဲ့တာကလည်း သိပ်မကြာသေးပါဘူး။ ၁၉၅၈ ခုနှစ်တုန်းက မန်ယူအသင်း စီးနင်းလာတဲ့ လေယာဉ်ဟာ မြူးနစ်မှာပျက်ကျခဲ့လို့ (၂၃)ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ မန်ယူကစားသမား (၈)ဦးအထိ ပါဝင်ခဲ့တယ်။

Vichai-Srivaddhanaprabha-

Vichai-Srivaddhanaprabha-

၁၉၉၃ ခုနှစ်မှာ ဇမ်ဘီယာအသင်း၊ ၂၀၁၆ ခုနှစ်မှာ ဘရာဇီးလ်ကလပ် ချာပီကိုအန်စီ Chapecoense အသင်းတို့ဟာ လေယာဉ်ပျက်ကျမှုကြောင့် ကစားသမား၊ တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်။ ဒါကြောင့် တချို့ဆိုရင် လေယာဉ်စီးရမှာကို သေမလောက်ကြောက်ရွံ့ပြီး ဒါကို ဆေးပညာရှင်တွေက Aviophobia ရောဂါလို့ အမည်သတ်မှတ်ခဲ့ကြပါတယ်။ အခုနောက်ပိုင်း ဘောလုံးသမားတွေထဲမှာ လေယာဉ်စီးရမှာကြောက်တဲ့သူ သိပ်မရှိတော့ပေမယ့်၊ အရင်တုန်းကတော့ လေယာဉ်စီးရမှာ ကြောက်တဲ့ နာမည်ကျော် ကစားသမားတွေ ရှိခဲ့ဖူးတယ်။ သူတို့တွေက ဘယ်သူတွေလဲဆိုတော့ . . . .

ပေါလ်မာဆင် Paul Merson

Paul-Gascoigne-and-Paul-Merson

Paul-Gascoigne-and-Paul-Merson

ကစားသမားဘဝတုန်းက ဘောလုံးကွင်းထဲမှာ ကြမ်းကြမ်းရမ်းရမ်း ကစားတတ်တဲ့ ပေါလ်မာဆင်လို ကစာသမားမျိုးက လေယာဉ်စီးမှာ ကြောက်တဲ့သူဆိုတော့ ရယ်စရာကောင်းနေတယ်။ အာဆင်နယ်၊ အက်စတွန်ဗီလာ၊ မစ်ဒယ်ဘရော့၊ ပို့စ်မောက်အသင်းတို့မှာ ကစားခဲ့သူ မာဆင်ဟာ အရက်အလွန်အကျံသောက်တာ၊ မူးယစ်ဆေးဝါး ပြဿနာတွေကြောင့် သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဘ၀ ထိခိုက်ခဲ့တာကို ပရိသတ် အများစု သိပြီးသားဖြစ်ပေမယ့် မာဆင်ဟာ Aviophobia ဖြစ်နေတယ်ဆိုတာတော့ လူသိနည်းပါတယ်။ အဲဒါကြောင့် အဝေးကွင်းကစားရမယ့်ပွဲတွေဆို မာဆင်က လေယာဉ်မစီးဘဲ ရထားနဲ့သာ သွားလေ့ရှိပြီး ကြုံတောင့်ကြုံခဲ အင်္ဂလန်အသင်းနဲ့အတူ လေယာဉ်ပျံစီးခဲ့ရတဲ့ အဖြစ်အပျက်ကို ဖွင့်ဟပြောခဲ့ဖူးတယ်။ ”အဲဒီတုန်းက ကျွန်တော် တကယ်ကြောက်ရွံ့နေပြီး ထိုင်ခုံလက်တန်းကို အတင်းဆုပ်ကိုင်ထားရတယ်။ ဂလင်းဟော်ဒယ် (အင်္ဂလန်အသင်းနည်းပြ) ရောက်လာပြီး ‘စိတ်မပူပါနဲ့ကွ၊ ငါတို့ လေယာဉ်ပျက်မကျပါဘူး’ လို့ နှစ်သိမ့်ပေးခဲ့တယ်။ ကျွန်တော့် စိတ်ထဲမှာ ‘အင်း ဘာပြဿနာမှ မဖြစ်လောက်ပါဘူး’လို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ခဲ့ရတယ်”လို့ မာဆင်က ဝန်ခံခဲ့ပါတယ်။

ဂွါရဲရိုး Paolo Guerrero

Paolo-Guerrero

Paolo-Guerrero

ပီရူးအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ဂွါရဲရိုးကို ပရိသတ်တွေ သတိရဦးမှာပါ။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပီရူးအသင်းနဲ့အတူ ပါဝင်ဆင်နွှဲခဲ့သူ ဂွါရဲရိုးကလည်း Aviophobia ရောဂါ ခံစားနေရသူဖြစ်ပါတယ်။ ဂွါရဲရိုးဟာ ၁၉၈၇ ခုနှစ်တုန်းက လေယာဉ်ပျက်ကျမှုကြောင့် သူ့ ဦးလေးသေဆုံးခဲ့တာနဲ့ပတ်သက်ပြီး လေယာဉ်စီးရတာကို ကြောက်ရွံ့ခဲ့တာပါပဲ။ ဂျာမန်ဘောလုံး မဂ္ဂဇင်းဖြစ်တဲ့ Kicker နဲ့ အင်တာဗျူးမှာ ဂွါရဲရိုးက ”လေယာဉ်စီးရမှာကို ကျွန်တော် အရမ်းကြောက်တယ်။ နောက်တစ်ခုက လေယာဉ်ပေါ်မှာ ကျွန်တော့် အစာအိမ်တစ်ခုခုဖြစ်မှာကိုလည်း ကြောက်လို့ပါ”လို့ ပြောကြားခဲ့ဖူးတယ်။

ဘားကမ့် Dennis Bergkamp

Dennis-Bergkamp

Dennis-Bergkamp

အာဆင်နယ်ဂန္ထဝင်ကြီး ဘားကမ့် လေယာဉ်ကြောက်တာကတော့ ပရိသတ်အတော်များများ အသိပါပဲ။ သူ့ရဲ့ Aviophobia ရောဂါ စခဲ့တာက ဒတ်ချ်ဂျာနယ်လစ်တစ်ဦးကြောင့်ပါ။ တစ်ခါတုန်းက ဒတ်ချ်လူမျိုးဂျာနယ်လစ်တစ်ဦးက သူ ဗုန်းသယ်လာတယ်ဆိုပြီး စနောက်ခဲ့လို့ ခရီးစဉ်က မလိုလားအပ်ဘဲ ကြန့်ကြာခဲ့ရသလို အဲဒီ ဂျာနယ်လစ်လည်း ထောင်ဒဏ်ချမှတ်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ဘားကမ့်က လေယာဉ်နဲ့ ဘယ်တော့မှ ခရီးမသွားဖို့ ဆုံးဖြတ်လိုက်တော့တာပါပဲ။ အဲဒါနဲ့ပတ်သက်ပြီး ဘားကမ့်က အခုလိုပြောခဲ့ဖူးတယ်။ ”ကျွန်တော် လေယာဉ်စီးလို့ မရပါဘူး။ အဲဒါကို ဘယ်လိုမှလည်း ဖြေရှင်းလို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကြောင့်ဖြစ်လို့ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF:sportskeeda
Photo:Football Fancast,Sports Illustrated,Reddit,10z Soccer
Naing Linn(Akhayar)
www.akhayar.com