[Zawgyi]

က်န္းမာ ဝိတ္က် အသားေရလွေစဖို႔ ေသာက္သံုးေပးသင့္တဲ႔ Tea မ်ား

Tea ဆိုတာ အစားအေသာက္ေတြထဲမွာ က်န္းမာေရးကို အေထာက္အကူျပဳေစတဲ႔ ေသာက္သံုးစရာ တစ္ခုျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ Tea ကို ႏို႔မႈန္႔ ၊ ႏို႔ဆီနဲ႔ သၾကားထည့္မေသာက္ရင္ ကယ္လိုရီမတက္ေစသလို က်န္းမာေရးအတြက္ ေကာင္းက်ဳိးေတြလည္း အမ်ားႀကီး ျဖစ္ထြန္းေစပါတယ္။ Tea လို႔ ေျပာတဲ႔အထဲမွာမွ အမ်ဳိးအစားကဲြေတြ အေျမာက္အျမားရွိလို႔ ဘယ္လို Tea မ်ဳိးကိုေသာက္ရင္ က်န္းမာေရးကိုေကာင္းမြန္ေစၿပီး ဘယ္လုိ Tea ကို ေသာက္ရင္ေတာ့ ၾကည္လင္တဲ႔အသားအေရ ရရွိပိုင္ဆိုင္ေစလဲနဲ႔ ဘယ္လို Tea ကို ေသာက္ရင္ေတာ့ ဝိတ္က်ေစလဲဆိုတာ သိရွိႏိုင္ေစဖို႔ ေဖာ္ျပေပးလုိက္ပါတယ္။

(၁) Green Tea

Green Tea က Tea ေတြထဲမွာ ဘုရင္တစ္ပါးလို႔ေတာင္ ေျပာလို႔ရတဲ႔ Tea အမ်ဳိးအစား ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Green Tea မွာပါဝင္တဲ႔ Flavonoids က ႏွလံုးေရာဂါနဲ႔ ကင္ဆာေရာဂါကို တိုက္ထုတ္ေပးတဲ႔ Free Radical ေတြကို ထုတ္လုပ္ေပးပါတယ္။ ဒါ့အျပင္ ဦးေႏွာက္နဲ႔အာရုံေၾကာဆိုင္ရာ ေရာဂါေတြျဖစ္ၾကတဲ႔ Alzheimer(အယ္ဇုိင္းမားေရာဂါ) နဲ႔ အေၾကာအားနည္းၿပီး ေျခလက္တုန္ေသာ ေရာဂါတုိ႔ ျဖစ္ပြားျခင္း ေလ်ာ့က်ေအာင္ ကူညီေပးသလို ေလျဖတ္ျခင္းအႏၱရာယ္မျဖစ္ေအာင္လည္း ကူညီေပးပါတယ္။ Green Tea ေသာက္သံုးေပးျခင္းက အဆီေလာင္ကၽြမ္းေစဖို႔ကိုလည္း ကူညီေပးတဲ႔အတြက္ ဝိတ္လည္းက်ေစပါတယ္။ က်န္းမာေရးေကာင္းမြန္ဖို႔အတြက္ Green Tea ကို ေသာက္မယ္ဆိုရင္ တစ္ေန႔ကို အနည္းဆံုး သံုးခြက္ေလာက္ ေသာက္သံုးေပးသင့္ပါတယ္။

Green Tea

Green Tea

(၂) Chamomile Tea

က်န္းမာတဲ႔အသားအေရရဖို႔ ႀကိဳးစားေနတယ္ဆိုရင္ Herbal Tea အမ်ဳိးအစားျဖစ္တဲ့ Chamomile Tea အမ်ဳိးအစားကို စိတ္ခ်လက္ခ် ေရြးခ်ယ္ေသာက္သံုးလုိက္ပါ။ ေျခာက္ေသြ႔ၿပီး အကြက္လိုက္ အကြက္လိုက္ျဖစ္ေနတဲ႔ အသားအေရကို စိုေျပေစဖို႔အတြက္၊ အဖုအပိမ္႔ အနီအကြက္ထျခင္းနဲ႔ ဝက္ျခံထြက္ျခင္းတို႔ကို သက္သာရာရရွိေစဖုိ႔အတြက္ဆို Chamomile Tea ကို ေသာက္သံုးၾကည့္ပါ။ ဒါ့အျပင္ Chamomile Tea ေသာက္သံုးေပးျခင္းက အသားအေရအလြန္အမင္းပ်က္စီးျခင္းနဲ႔ အရြယ္မတိုင္မီ အိုမင္းရင့္ေရာ္မႈ ျဖစ္ပြားျခင္းကို ႏႈတ္ဆက္ေစႏုိင္ၿပီး ႏုပ်ဳိတဲ႔ အသားအေရ ရရွိေအာင္ ကူညီေပးပါတယ္။ ဒီအာနိသင္ေတြအျပင္ ၾကြက္သားေတြကိုလည္း ေျဖေလ်ာ့ေပးၿပီး တစ္ေန႔ကို ႏွစ္ခြက္(သို႔) သံုးခြက္ေသာက္သံုးေပးရင္ ၾကြက္တက္ျခင္းေၾကာင့္ျဖစ္တဲ႔ အေၾကာဆဲြျခင္းေတြကိုလည္း သက္သာေစပါတယ္။

Chamomile Tea

Chamomile Tea

(၃) Peppermint Tea

Peppermint Tea ေသာက္သံုးျခင္းက ခႏၶာကိုယ္ထဲရွိ Gas ေတြကို ေကာင္းစြာ ျဖတ္သန္းစီးဆင္းေစသလို အစာေျခစနစ္လမ္းေၾကာင္းကိုလည္း ေကာင္းမြန္ေစၿပီး ဗိုက္ျပည့္အင္ျခင္းနဲ႔ အစာအိမ္ေအာင့္ျခင္းတုိ႔ကိုလည္း သက္သာေစႏိုင္ပါတယ္။ Peppermint Tea ေသာက္သံုးေပးျခင္းျဖင့္ ဝမ္းခ်ဳပ္ျခင္း၊ဝမ္းေလ်ွာျခင္း (သို႔) အူသိမ္အူမနဲ႔ ပတ္သက္တဲ႔ ေရာဂါေတြကိုလည္း သက္သာရာ ရေစပါတယ္။ ဒါ့အျပင္ ဒီ Herbal Tea က ကိုယ္ခံစြမ္းအား ေကာင္းမြန္လာေစႏိုင္တဲ႔ အစြမ္းရွိတဲ့အတြက္ အေအးမိဖ်ားနာရင္ ေသာက္သံုးေပးလုိ႔လည္း ရပါတယ္။ ဖ်ားနာလို႔ ေသာက္သံုးမယ္ဆိုရင္ တစ္ခြက္(သို႔) ႏွစ္ခြက္ေလာက္ ေသာက္သံုးေပးသင့္ပါတယ္။ ကဖင္းဓာတ္လည္း မပါဝင္တဲ႔အတြက္ ညမအိပ္ခင္ေသာက္သံုးေပးမယ္ဆုိရင္ စိတ္တည္ျငိမ္ကာ အိပ္ေပ်ာ္ေစႏိုင္ပါတယ္။ Peppermint Tea ရဲ႕ ေနာက္ထပ္အက်ဳိးေက်းဇူးတစ္ခုကေတာ့ ဝိတ္ခ်တဲ႔ေနရာမွာ အကူအညီျဖစ္ေစျခင္းပဲ ျဖစ္ပါတယ္။ Peppermint Tea မွာ ပါဝင္တဲ႔ အေမႊးနံ႔က အစားစာခ်င္စိတ္ကို ေလ်ာ့က်ေစပါတယ္။

Peppermint Tea

Peppermint Tea

အခုေဖာ္ျပေပးတဲ႔ Tea ေလးေတြက က်န္းမာေရးကိုလည္း အေထာက္အကူျပဳေစတဲ႔ Tea ေလးေတြျဖစ္ၿပီး Supermarket ေတြမွာလည္း အလြယ္တကူ ရွာေဖြဝယ္ယူလို႔တဲ့ အမ်ဳိးအစားေလးေတြပဲ ျဖစ္ပါတယ္။ က်န္းမာေရးကုိ အေထာက္အကူျပဳရုံသာမက အသားအေရကိုလည္း က်န္းမာေကာင္းမြန္ေစၿပီး ဝိတ္က်ေစတဲ႔ Tea ေလးေတြမို႔ ကိုယ္ႀကိဳက္ႏွစ္သက္တဲ႔ Tea ေလးေတြကို ေရြးခ်ယ္ၿပီး ေန႔စဥ္ေသာက္သံုးေပးသင့္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

ကျန်းမာ ဝိတ်ကျ အသားရေလှစေဖို့ သောက်သုံးပေးသင့်တဲ့ Tea များ

Tea ဆိုတာ အစားအသောက်တွေထဲမှာ ကျန်းမာရေးကို အထောက်အကူပြုစေတဲ့ သောက်သုံးစရာ တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Tea ကို နို့မှုန့် ၊ နို့ဆီနဲ့ သကြားထည့်မသောက်ရင် ကယ်လိုရီမတက်စေသလို ကျန်းမာရေးအတွက် ကောင်းကျိုးတွေလည်း အများကြီး ဖြစ်ထွန်းစေပါတယ်။ Tea လို့ ပြောတဲ့အထဲမှာမှ အမျိုးအစားကွဲတွေ အမြောက်အမြားရှိလို့ ဘယ်လို Tea မျိုးကိုသောက်ရင် ကျန်းမာရေးကိုကောင်းမွန်စေပြီး ဘယ်လို Tea ကို သောက်ရင်တော့ ကြည်လင်တဲ့အသားအရေ ရရှိပိုင်ဆိုင်စေလဲနဲ့ ဘယ်လို Tea ကို သောက်ရင်တော့ ဝိတ်ကျစေလဲဆိုတာ သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) Green Tea

Green Tea က Tea တွေထဲမှာ ဘုရင်တစ်ပါးလို့တောင် ပြောလို့ရတဲ့ Tea အမျိုးအစား ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Green Tea မှာပါဝင်တဲ့ Flavonoids က နှလုံးရောဂါနဲ့ ကင်ဆာရောဂါကို တိုက်ထုတ်ပေးတဲ့ Free Radical တွေကို ထုတ်လုပ်ပေးပါတယ်။ ဒါ့အပြင် ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ရောဂါတွေဖြစ်ကြတဲ့ Alzheimer(အယ်ဇိုင်းမားရောဂါ) နဲ့ အကြောအားနည်းပြီး ခြေလက်တုန်သော ရောဂါတို့ ဖြစ်ပွားခြင်း လျော့ကျအောင် ကူညီပေးသလို လေဖြတ်ခြင်းအန္တရာယ်မဖြစ်အောင်လည်း ကူညီပေးပါတယ်။ Green Tea သောက်သုံးပေးခြင်းက အဆီလောင်ကျွမ်းစေဖို့ကိုလည်း ကူညီပေးတဲ့အတွက် ဝိတ်လည်းကျစေပါတယ်။ ကျန်းမာရေးကောင်းမွန်ဖို့အတွက် Green Tea ကို သောက်မယ်ဆိုရင် တစ်နေ့ကို အနည်းဆုံး သုံးခွက်လောက် သောက်သုံးပေးသင့်ပါတယ်။

Green Tea

Green Tea

(၂) Chamomile Tea

ကျန်းမာတဲ့အသားအရေရဖို့ ကြိုးစားနေတယ်ဆိုရင် Herbal Tea အမျိုးအစားဖြစ်တဲ့ Chamomile Tea အမျိုးအစားကို စိတ်ချလက်ချ ရွေးချယ်သောက်သုံးလိုက်ပါ။ ခြောက်သွေ့ပြီး အကွက်လိုက် အကွက်လိုက်ဖြစ်နေတဲ့ အသားအရေကို စိုပြေစေဖို့အတွက်၊ အဖုအပိမ့် အနီအကွက်ထခြင်းနဲ့ ဝက်ခြံထွက်ခြင်းတို့ကို သက်သာရာရရှိစေဖို့အတွက်ဆို Chamomile Tea ကို သောက်သုံးကြည့်ပါ။ ဒါ့အပြင် Chamomile Tea သောက်သုံးပေးခြင်းက အသားအရေအလွန်အမင်းပျက်စီးခြင်းနဲ့ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှု ဖြစ်ပွားခြင်းကို နှုတ်ဆက်စေနိုင်ပြီး နုပျိုတဲ့ အသားအရေ ရရှိအောင် ကူညီပေးပါတယ်။ ဒီအာနိသင်တွေအပြင် ကြွက်သားတွေကိုလည်း ဖြေလျော့ပေးပြီး တစ်နေ့ကို နှစ်ခွက်(သို့) သုံးခွက်သောက်သုံးပေးရင် ကြွက်တက်ခြင်းကြောင့်ဖြစ်တဲ့ အကြောဆွဲခြင်းတွေကိုလည်း သက်သာစေပါတယ်။

Chamomile Tea

Chamomile Tea

(၃) Peppermint Tea

Peppermint Tea သောက်သုံးခြင်းက ခန္ဓာကိုယ်ထဲရှိ Gas တွေကို ကောင်းစွာ ဖြတ်သန်းစီးဆင်းစေသလို အစာခြေစနစ်လမ်းကြောင်းကိုလည်း ကောင်းမွန်စေပြီး ဗိုက်ပြည့်အင်ခြင်းနဲ့ အစာအိမ်အောင့်ခြင်းတို့ကိုလည်း သက်သာစေနိုင်ပါတယ်။ Peppermint Tea သောက်သုံးပေးခြင်းဖြင့် ဝမ်းချုပ်ခြင်း၊ဝမ်းလျှောခြင်း (သို့) အူသိမ်အူမနဲ့ ပတ်သက်တဲ့ ရောဂါတွေကိုလည်း သက်သာရာ ရစေပါတယ်။ ဒါ့အပြင် ဒီ Herbal Tea က ကိုယ်ခံစွမ်းအား ကောင်းမွန်လာစေနိုင်တဲ့ အစွမ်းရှိတဲ့အတွက် အအေးမိဖျားနာရင် သောက်သုံးပေးလို့လည်း ရပါတယ်။ ဖျားနာလို့ သောက်သုံးမယ်ဆိုရင် တစ်ခွက်(သို့) နှစ်ခွက်လောက် သောက်သုံးပေးသင့်ပါတယ်။ ကဖင်းဓာတ်လည်း မပါဝင်တဲ့အတွက် ညမအိပ်ခင်သောက်သုံးပေးမယ်ဆိုရင် စိတ်တည်ငြိမ်ကာ အိပ်ပျော်စေနိုင်ပါတယ်။ Peppermint Tea ရဲ့ နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ ဝိတ်ချတဲ့နေရာမှာ အကူအညီဖြစ်စေခြင်းပဲ ဖြစ်ပါတယ်။ Peppermint Tea မှာ ပါဝင်တဲ့ အမွှေးနံ့က အစားစာချင်စိတ်ကို လျော့ကျစေပါတယ်။

Peppermint Tea

Peppermint Tea

အခုဖော်ပြပေးတဲ့ Tea လေးတွေက ကျန်းမာရေးကိုလည်း အထောက်အကူပြုစေတဲ့ Tea လေးတွေဖြစ်ပြီး Supermarket တွေမှာလည်း အလွယ်တကူ ရှာဖွေဝယ်ယူလို့တဲ့ အမျိုးအစားလေးတွေပဲ ဖြစ်ပါတယ်။ ကျန်းမာရေးကို အထောက်အကူပြုရုံသာမက အသားအရေကိုလည်း ကျန်းမာကောင်းမွန်စေပြီး ဝိတ်ကျစေတဲ့ Tea လေးတွေမို့ ကိုယ်ကြိုက်နှစ်သက်တဲ့ Tea လေးတွေကို ရွေးချယ်ပြီး နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။

H.H(Akhayar)

www.akhayar.com