[Zawgyi]







(၂) မာတာ Mata

David-Moyes-And-Mata

David-Moyes-And-Mata


(၃) မာစီယဲလ် Martial

Martial-Score

Martial-Score


Ref: Sportskeeda
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဖာဂူဆန် Ferguson အနားယူပြီးနောက်ပိုင်း မန်ယူအသင်းရဲ့ အကောင်းဆုံးခေါ်ယူမှု(၃)ခု

မန်ယူဂန္ထဝင်နည်းပြ ဖာဂူဆန် Ferguson အနားယူပြီးနောက်ပိုင်းမှာ မန်ယူအသင်းဟာ အရှိန်အဝါကျဆင်းမှုနဲ့ ကြုံတွေ့ခဲ့ရသလို ဆုဖလားအောင်မြင်မှုဟာလည်း နည်းပါးခဲ့ပါတယ်။ ဖာဂူဆန် ခေတ်လွန် မန်ယူအသင်းရဲ့ အပြောင်းအရွှေ့လုပ်ဆောင်မှုတွေ ဟာလည်း ကျရှုံးမှုတွေများခဲ့ပါတယ်။ အောင်မြင်ခဲ့တဲ့ အပြောင်းအရွှေ့တွေကတော့ လက်ချိုးရေလို့ရပြီး ဖာဂူဆန် အနားယူပြီးနောက်ပိုင်း မန်ယူအသင်းရဲ့ အကောင်းဆုံးခေါ်ယူမှု(၃)ခုကို Akhayar Sports ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၃) အီဘရာဟီမိုဗစ် Ibrahimovic

Ibrahimovic-Celebrate

Ibrahimovic-Celebrate

အီဘရာဟီမိုဗစ် Ibrahimovic ဟာ မန်ယူအသင်းရဲ့ အကောင်းဆုံးခေါ်ယူမှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ နည်းပြ မော်ရင်ဟို Mourinho ရဲ့ ခေါ်ယူမှုတွေထဲက အကောင်းဆုံးတစ်ခုဖြစ်ခဲ့တဲ့ အီဘရာဟီမိုဗစ် ဟာ မန်ယူအသင်းမှာ အချိန်သိပ်အကြာကြီး မကစားခဲ့ပေမယ့် မန်ယူပရိသတ်တွေ အကြိုက်ကစားသမား ဖြစ်ခဲ့ပါတယ်။ အီဘရာဟီမိုဗစ် ဟာ မန်ယူအသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံးဦးဆောင်ခဲ့ပြီး အဆင့်အတန်းမြင့်တဲ့ ဂိုးတွေကိုလည်း သွင်းယူခဲ့ပါတယ်။ မန်ယူအသင်းအတွက် အီဘရာဟီမိုဗစ် ဟာ ပွဲပေါင်း(၅၃)ပွဲကစားခဲ့ပြီး (၂၉)ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းနဲ့အတူ ယူရိုပါလိဂ် ၊ လိဂ်ဖလား နဲ့ ကွန်မြူနတီဒိုင်းတွေကို ရရှိခဲ့ပါတယ်။

(၂) မာတာ Mata

David-Moyes-And-Mata

David-Moyes-And-Mata

ဒေးဗစ်မွိုက်စ် David Moyes ရဲ့ ရှားရှားပါးပါးခေါ်ယူမှုတွေထဲက တစ်ခုဖြစ်တဲ့ မာတာ Mata ဟာလည်း မန်ယူအသင်းရဲ့ အကောင်းဆုံးခေါ်ယူမှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ မာတာ ဟာ အသင်းကို စရောက်ခါစမှာ နိမ့်ကျနေတဲ့ အသင်းရဲ့ ကွင်းလယ်ဟာ ဖန်တီးမှုပိုင်းစွမ်းရည်မြင့်တက်ခဲ့သလို တန်းတစ်ခုကိုပြန်ရောက်ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ မာတာ ဟာ အသင်းရဲ့ ကွင်းလယ်မှာ နေရာစုံကစားနေပြီး ခြေစွမ်းပြနေသလို အသင်းအခက်အခဲတွေ့နေချိန်မှာ ကယ်တင်ပေးတတ်သူဖြစ်ပါတယ်။ မာတာ ဟာ မန်ယူပရိသတ်တွေရဲ့ အချစ်တော် ကစားသမားတစ်ဦးဖြစ်တဲ့အထိ အသင်းမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။ မာတာ ဟာ လက်ရှိအချိန်ထိ မန်ယူအသင်းအတွက် ပွဲပေါင်း(၁၉၇)ပွဲကစားထားပြီး (၄၁)ဂိုးသွင်းယူထားသလို အသင်းနဲ့အတူ FA Cup ၊ ယူရိုပါလိဂ် ၊ လိဂ်ဖလား နဲ့ ကွန်မြူနတီဒိုင်းတွေကို ရရှိထားပါတယ်။

(၃) မာစီယဲလ် Martial

Martial-Score

Martial-Score

မန်ယူအသင်းမှာ ကစားသမားခေါ်ယူမှုတွေ အများကြီးလုပ်ခဲ့ပြီး ကျရှုံးတဲ့ ခေါ်ယူမှုကသာ ပိုများခဲ့တဲ့ နည်းပြ ဗန်ဟားလ် Van Gaal ရဲ့ ခေါ်ယူမှုတွေထဲမှာ မာစီယဲလ် Martial ဟာ ရှားရှားပါးပါး အောင်မြင်တဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်ခဲ့ပါတယ်။ မာစီယဲလ် ဟာ မန်ယူအသင်းကို ရောက်ရှိလာတဲ့ အချိန်တုန်းက သူ့ကို ဘယ်သူမှန်းတောင်မသိတဲ့ သူတွေကပိုများခဲ့တာပါ။ ဒါပေမယ့် မာစီယဲလ် ဟာ သူ့အပေါ်မှာ ရှိနေတဲ့ သံသယတွေကို ပထမဆုံးပွဲမှာပဲချေဖျက်ပြခဲ့ပါတယ်။ မာစီယဲလ် ဟာ မန်ယူအသင်းမှာ ခက်ခဲခဲ့တဲ့ အချိန်တွေရှိခဲ့ပေမယ့် ဒီအရာတွေကို အကောင်းဆုံးကျော်ဖြတ်ပြနိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း မာစီယဲလ် ရဲ့ ခြေစွမ်းဟာ အကောင်းဆုံးမှာ ရှိနေတာကို အားလုံးအသိပါပဲ။ မာစီယဲလ် ဟာ လက်ရှိအချိန်ထိ မန်ယူအသင်းအတွက် ပွဲပေါင်း(၁၄၈)ပွဲကစားထားပြီး (၄၂)ဂိုးသွင်းယူထားသလို အသင်းနဲ့အတူ FA Cup ၊ ယူရိုပါလိဂ် ၊ လိဂ်ဖလား နဲ့ ကွန်မြူနတီဒိုင်းတွေကို ရရှိထားပါတယ်။

Ref: Sportskeeda
Photo: Sportskeeda , Reddit , Mirror , Down the Flank – WordPress.com
Ko Kyue(Akhayar)
www.akhayar.com