[Zawgyi]

အခုေႏြရာသီမွာ အာဆင္နယ္အသင္းနဲ႔ လမ္းခဲြဖုိ႔ရွိေနတဲ့ ကစားသမားမ်ား

အာဆင္နယ္အသင္းကေတာ့ အခုေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမားအေျပာင္းအေရႊ႕ကိစၥေတြနဲ႔ ေတာ္ေတာ္ေလး အလုပ္မ်ားေနတယ္။ အခုေလာေလာဆယ္အထိ အာဆင္နယ္အသင္းနဲ႔ လမ္းခဲြခဲ့တဲ့ကစားသမားေတြက ၀ဲလ္႐ႈိင္းယား Wilshere ၊ ကာဇုိလာ Cazorla တို႔ျဖစ္ၿပီး နည္းျပသစ္အူႏုိင္းအမ္မရီ Unai Emery က ကစားသမားသစ္ေတြ ေခၚယူအားျဖည့္ဖုိ႔ ႀကိဳးပမ္းေနဆဲပါ။ ေႏြရာသီ အေျပာင္းအေရႊ႕ကာလပိတ္ဖုိ႔က (၇)ရက္ေလာက္သာလုိေတာ့တာေၾကာင့္ အာဆင္နယ္အသငး္အေနနဲ႔ ကစားသစ္ေတြကုိ ခပ္သြက္သြက္ေခၚဖုိ႔ လုိေနပါၿပီ။ အာဆင္နယ္အသင္းကုိ ဘယ္ကစားသမားသစ္ေတြ ေရာက္မလဲဆုိတာ မသိရေသးေပမယ့္ ဒီေႏြရာသီကာလအတြင္း အသင္းနဲ႔လမ္းခဲြဖုိ႔ နီးစပ္ေနတဲ့ကစားသမားေတြေတာ့ ခန္႔မွန္းလုိ႔ရေနၿပီျဖစ္ပါတယ္။

လူးကပ္စ္ပီရက္ဇ္ Lucas Perez

Lucas-Perez

Lucas-Perez

အာဆင္နယ္အသင္းနဲ႔ လမ္းခဲြဖုိ႔ နီးစပ္ေနတဲ့ကစားသမားထဲမွာ တုိက္စစ္မွဴးလူးကပ္စ္ပီရက္ဇ္လည္း အပါအ၀င္ပါ။ ၂၀၁၆ ခုႏွစ္က ဒီပုိ႔တီဗုိအသင္းကေန ေျပာင္းေရႊ႕ခဲ့တဲ့ လူးကပ္စ္ပီရက္ဇ္ဟာ အာဆင္နယ္အသင္းမွာ ေျခစြမ္းျပႏုိင္ျခင္းမရွိဘဲ ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးခဲ့သလုိ ၿပီးခဲ့တဲ့ရာသီက အသင္းေဟာင္းဒီပုိ႔တီဗုိအသငး္ဆီ အငွားနဲ႔ သြားကစားခဲ့ရတယ္။ အာဆင္နယ္အသင္းအတြက္ (၂၁)ပဲြကစား (၇)ဂုိးသြင္းယူခဲ့တဲ့ လူးကပ္စ္ပီရက္ဇ္ကုိ ဖီအုိရင္တီးနားအသင္းက ေပါင္(၇)သန္းနဲ႔ေခၚယူဖုိ႔ နီးစပ္ေနၿ့ပီလုိ႔လည္း သတင္းေတြထြက္ေနတယ္။

အက္ပြန္း Akpom

Akpom

Akpom

အာဆင္နယ္အကယ္ဒမီထြက္ အဂၤလန္လူငယ္ တိုက္စစ္မွဴးအက္ပြန္း Akpom ဟာ ဒီေႏြရာသီမွာ အာဆင္ကစားသမားဘ၀ကုိ အဆုံးသတ္ဖုိ႔ နီးစပ္ေနၿပီ။ အခုအခ်ိန္အထိ စီနီယာအသင္းအတြက္ ပုံမွန္ပဲြထြက္ခြင့္မရေသးဘဲ ကလပ္အသငး္ေတာ္ေတာ္မ်ားမ်ားမွာ အငွားသြားကစားခဲ့ရၿပီး နည္းျပအူႏုိင္းအမ္မရီက သူ႔ကုိ ေရာင္းခ်ဖုိ႔ ဆုံးျဖတ္ခဲ့ၿပီျဖစ္သလုိ ဂရိကလပ္ PAOK အသင္းက ႀကိဳးပမ္းေနပါတယ္။

ရမ္ေဆး Ramsey

Aaron-Ramsey

Aaron-Ramsey

အာဆင္နယ္အသင္းရဲ႕ အဓိက ကစားသမားျဖစ္တဲ့ ရမ္ေဆးဟာ အခုကစားသမားအထြက္စာရင္းမွာ ပါ၀င္ေနတာကေတာ့ တကယ့္ကုိ အံ့အားသင့္စရာပါ။ ရမ္ေဆးအေနနဲ႔ ဆုဖလားေမွ်ာ္လင့္ခ်က္ေတြအတြက္ အာဆင္နယ္အသင္းကုိ စြန္႔ခြာလုိေနတာျဖစ္ေပမယ့္ လန္ဒန္ေျမမွာပဲ ဆက္ရွိသြားဖုိ႔ရွိေနၿပီး ခ်ယ္လ္ဆီးအသင္းက သူ႔ကုိ ပစ္မွတ္ထားေနတယ္။

ဒီကစားသမား(၃)ဦးကေတာ့ အခုေႏြရာသီမွာ အသင္းအေျပာင္းအလဲျဖစ္ဖုိ႔ အမ်ားဆုံးကစားသမားေတြပါပဲ။ အဲဒီကစားသမားထဲက ဘယ္သူမ်ား အာဆင္နယ္ကစားသမားဘကုိ နိဂုံးခ်ဳပ္မလဲဆုိတာ ေစာင့္ၾကည့္ရမွာပါ . . .

REF:sportskeeda.com
Photo:Twitter,Football Fancast,Squawka
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အခုနွေရာသီမှာ အာဆင်နယ်အသင်းနဲ့ လမ်းခွဲဖို့ရှိနေတဲ့ ကစားသမားများ

အာဆင်နယ်အသင်းကတော့ အခုနွေရာသီအပြောင်းအရွှေ့မှာ ကစားသမားအပြောင်းအရွှေ့ကိစ္စတွေနဲ့ တော်တော်လေး အလုပ်များနေတယ်။ အခုလောလောဆယ်အထိ အာဆင်နယ်အသင်းနဲ့ လမ်းခွဲခဲ့တဲ့ကစားသမားတွေက ဝဲလ်ရှိုင်းယား Wilshere ၊ ကာဇိုလာ Cazorla တို့ဖြစ်ပြီး နည်းပြသစ်အူနိုင်းအမ်မရီ Unai Emery က ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ဖို့ ကြိုးပမ်းနေဆဲပါ။ နွေရာသီ အပြောင်းအရွှေ့ကာလပိတ်ဖို့က (၇)ရက်လောက်သာလိုတော့တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ကစားသစ်တွေကို ခပ်သွက်သွက်ခေါ်ဖို့ လိုနေပါပြီ။ အာဆင်နယ်အသင်းကို ဘယ်ကစားသမားသစ်တွေ ရောက်မလဲဆိုတာ မသိရသေးပေမယ့် ဒီနွေရာသီကာလအတွင်း အသင်းနဲ့လမ်းခွဲဖို့ နီးစပ်နေတဲ့ကစားသမားတွေတော့ ခန့်မှန်းလို့ရနေပြီဖြစ်ပါတယ်။

လူးကပ်စ်ပီရက်ဇ် Lucas Perez

Lucas-Perez

Lucas-Perez

အာဆင်နယ်အသင်းနဲ့ လမ်းခွဲဖို့ နီးစပ်နေတဲ့ကစားသမားထဲမှာ တိုက်စစ်မှူးလူးကပ်စ်ပီရက်ဇ်လည်း အပါအဝင်ပါ။ ၂၀၁၆ ခုနှစ်က ဒီပို့တီဗိုအသင်းကနေ ပြောင်းရွှေ့ခဲ့တဲ့ လူးကပ်စ်ပီရက်ဇ်ဟာ အာဆင်နယ်အသင်းမှာ ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ပုံမှန်ကစားခွင့်ပျောက်ဆုံးခဲ့သလို ပြီးခဲ့တဲ့ရာသီက အသင်းဟောင်းဒီပို့တီဗိုအသင်းဆီ အငှားနဲ့ သွားကစားခဲ့ရတယ်။ အာဆင်နယ်အသင်းအတွက် (၂၁)ပွဲကစား (၇)ဂိုးသွင်းယူခဲ့တဲ့ လူးကပ်စ်ပီရက်ဇ်ကို ဖီအိုရင်တီးနားအသင်းက ပေါင်(၇)သန်းနဲ့ခေါ်ယူဖို့ နီးစပ်နြေ့ပီလို့လည်း သတင်းတွေထွက်နေတယ်။

အက်ပွန်း Akpom

Akpom

Akpom

အာဆင်နယ်အကယ်ဒမီထွက် အင်္ဂလန်လူငယ် တိုက်စစ်မှူးအက်ပွန်း Akpom ဟာ ဒီနွေရာသီမှာ အာဆင်ကစားသမားဘဝကို အဆုံးသတ်ဖို့ နီးစပ်နေပြီ။ အခုအချိန်အထိ စီနီယာအသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်မရသေးဘဲ ကလပ်အသင်းတော်တော်များများမှာ အငှားသွားကစားခဲ့ရပြီး နည်းပြအူနိုင်းအမ်မရီက သူ့ကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်သလို ဂရိကလပ် PAOK အသင်းက ကြိုးပမ်းနေပါတယ်။

ရမ်ဆေး Ramsey

Aaron-Ramsey

Aaron-Ramsey

အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ ရမ်ဆေးဟာ အခုကစားသမားအထွက်စာရင်းမှာ ပါဝင်နေတာကတော့ တကယ့်ကို အံ့အားသင့်စရာပါ။ ရမ်ဆေးအနေနဲ့ ဆုဖလားမျှော်လင့်ချက်တွေအတွက် အာဆင်နယ်အသင်းကို စွန့်ခွာလိုနေတာဖြစ်ပေမယ့် လန်ဒန်မြေမှာပဲ ဆက်ရှိသွားဖို့ရှိနေပြီး ချယ်လ်ဆီးအသင်းက သူ့ကို ပစ်မှတ်ထားနေတယ်။

ဒီကစားသမား(၃)ဦးကတော့ အခုနွေရာသီမှာ အသင်းအပြောင်းအလဲဖြစ်ဖို့ အများဆုံးကစားသမားတွေပါပဲ။ အဲဒီကစားသမားထဲက ဘယ်သူများ အာဆင်နယ်ကစားသမားဘကို နိဂုံးချုပ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ . . .

REF:sportskeeda.com
Photo:Twitter,Football Fancast,Squawka
Naing Linn(Akhayar)
www.akhayar.com