[Zawgyi]





ကြည်သာ (Akhayar)


www.akhayar.com
[Unicode]

ဒဏ္ဏာရီမိုးရုပ်ရှင် ဇာတ်ကားမှာ မင်းသားသုံးယောက်နဲ့သရုပ်ဆောင်ရမယ့် ဝတ်မှုန်ရွှေရည်

ဒဏ္ဏာရီမိုးရုပ်ရှင် ဇာတ်ကားအတွက် ကန်တော့ပွဲပေးအခမ်းအနားကို ဒီကနေ့မနက်က ရွှေတိဂုံဘုရားအောင်မြေမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သရုပ်ဆောင်မင်းသားအနေနဲ့ ရဲတိုက်၊ ရွှေထူး၊ ဒေါင်း တို့ပါဝင်မှာဖြစ်ပြီး မင်းသမီးကတော့ ဝတ်မှုန်ရွှေရည် ဖြစ်ပါတယ်။

ဒီဇာတ်ကားကို 7th Sense Flim Production မှထုတ်လုပ်ပြီး ဇာတ်လမ်းနဲ့ဇာတ်ညွှန်း ကတော့ မိုးနီလွင်ဖြစ်ပါတယ်။ ဒါရိုက်တာကတော့ ဝင်းလွင်ထက် ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီဇာတ်ကားမတိုင်ခင် 7th Sense Flim Production ရဲ့ဧည့်သည် ရုပ်ရှင်ဇာတ်ကားကလည်းရိုက်ကူး ပြီးစီးသလောက်ရှိနေပြီဖြစ်ပြီး ဒဏ္ဏာရီမိုး ရုပ်ရှင်ကတော့ မင်းသားရွှေထူး ပါဝင်မယ့် တတိယမြောက်ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Daung Facebook Page ၊ Shwe Htoo Facebook

www.akhayar.com