[Zawgyi]

ကမၻာတစ္လႊားမွာ Selfie ပုံရုိက္ရင္း ေသဆုံးသူ (၂၅၉) ဦးရွိလာၿပီ

Selfie ဆုိတဲ့ ေဝါဟာရဟာ ၂ဝ၁ဝခုႏွစ္ေနာက္ပုိင္းမွာ အေတာ္ေခတ္စားလာခဲ့တယ္။ စမတ္ဖုန္းကင္မရာေတြ အရည္အေသြးျမင့္လာမႈနဲ႔အတူ လူမႈကြန္ရက္ေရစီးေၾကာင္းကလည္း အေရးႀကီးမယ္ထင္ပါတယ္။ တျခားလူေတြနဲ႔စာရင္ (၁၈) ႏွစ္နဲ႔ (၂၄) ႏွစ္ၾကားမွာရွိတဲ့ လူငယ္ေတြက Selfie ပုိရုိက္ၾကတယ္လုိ႔ သိရပါတယ္။ ဒါ့အျပင္ ၂ဝ၁၅ခုႏွစ္မွာတင္ Selife ပုံေပါင္း ၂၄ ဘီလီယံကုိ Google Photo မွာ တင္ေနၾကတယ္လုိ႔ သိရပါတယ္။

အရင္တုန္းက အေပါင္းအသင္းေတြနဲ႔ေတြ႕ရင္ စကားေတြ ေရပတ္မဝင္ေအာင္ ေျပာၾကေပမယ့္ ဒီေန႔ေခတ္မွာေတာ့ စကားေျပာတာက ေနာက္မွ Selife ရုိက္တာက အရင္လုိကုိ ျဖစ္ေနပါၿပီ။ ပုံမွန္အေျခအေနမ်ိဳးမွာ မသိသာေပမယ့္ ရထားလမ္းေဘးမွာ ဓာတ္ပုံရုိက္တာ၊ ေတာင္ထိပ္မွာ ဓာတ္ပုံရုိက္တာနဲ႔ ေရကန္နားမွာ ပုံရုိက္တာေတြက အႏၱရာယ္မ်ားလြန္းပါတယ္။

၂ဝ၁၁ခုႏွစ္ ေအာက္တုိဘာလနဲ႔ ၂ဝ၁၇ခုႏွစ္ ႏုိဝင္ဘာလၾကားမွာ Selfie ရုိက္တာေၾကာင့္ ေသဆုံးသူ (၂၅၉) ဦး ရွိလာၿပီလုိ႔ All India Institute of Medical Sciences က ထုတ္ျပန္တဲ့ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

အိႏၵိယႏုိင္ငံ နယူးေဒလီၿမိဳ႕ မွာ အေျခစုိက္တဲ့ All India Institute of Medical Sciences ေကာလိပ္က သုေတသနပညာရွင္ေတြဟာ Selife နဲ႔ ပတ္သက္တဲ့ စကားလုံး (Selfie Deaths ၊ Selfie Accidents ၊ Selfie Mortality ၊ Self Photography Deaths  ၊ Koolfie Deaths နဲ႔ Mbile Death/Accidents) ေတြကုိ Google မွာ ရုိက္ရွာၿပီး စစ္တမ္းေကာက္ခဲ့တာျဖစ္ပါတယ္။

 

Selife ရုိက္ေနရင္း မေတာ္တဆမႈေပါင္း (၁၃၇) ခု ျဖစ္ပြားခဲ့ၿပီး ေသဆုံးသူ (၂၅၉) ဦးရွိလာတယ္လုိ႔ ထုတ္ျပန္ခဲ့ပါတယ္။ ၇၂.၅ ရာခုိင္ႏႈန္းဟာ အမ်ိဳးသားေတြျဖစ္ၿပီး ၂၇.၅ ရာခုိင္ႏႈန္းက အမ်ိဳးသမီးေတြျဖစ္ပါတယ္။ Selfie ရုိက္ေနတုန္းမွာ ေရနစ္မႈ၊ ယာဥ္မေတာ္တဆမႈနဲ႔ လိမ့္က်မႈေတြက အျဖစ္အမ်ားဆုံးလုိ႔ သိရပါတယ္။ သုေတသနပညာရွင္ေတြက အႏၱရာယ္ရွိတဲ့ေနရာေတြမွာ Selfie တားျမစ္ဇုန္အျဖစ္ သတ္မွတ္ထားသင့္ေၾကာင္း အၾကံျပဳထားပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ကမ္ဘာတစ်လွှားမှာ Selfie ပုံရိုက်ရင်း သေဆုံးသူ (၂၅၉) ဦးရှိလာပြီ

Selfie ဆိုတဲ့ ဝေါဟာရဟာ ၂ဝ၁ဝခုနှစ်နောက်ပိုင်းမှာ အတော်ခေတ်စားလာခဲ့တယ်။ စမတ်ဖုန်းကင်မရာတွေ အရည်အသွေးမြင့်လာမှုနဲ့အတူ လူမှုကွန်ရက်ရေစီးကြောင်းကလည်း အရေးကြီးမယ်ထင်ပါတယ်။ တခြားလူတွေနဲ့စာရင် (၁၈) နှစ်နဲ့ (၂၄) နှစ်ကြားမှာရှိတဲ့ လူငယ်တွေက Selfie ပိုရိုက်ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂ဝ၁၅ခုနှစ်မှာတင် Selife ပုံပေါင်း ၂၄ ဘီလီယံကို Google Photo မှာ တင်နေကြတယ်လို့ သိရပါတယ်။

အရင်တုန်းက အပေါင်းအသင်းတွေနဲ့တွေ့ရင် စကားတွေ ရေပတ်မဝင်အောင် ပြောကြပေမယ့် ဒီနေ့ခေတ်မှာတော့ စကားပြောတာက နောက်မှ Selife ရိုက်တာက အရင်လိုကို ဖြစ်နေပါပြီ။ ပုံမှန်အခြေအနေမျိုးမှာ မသိသာပေမယ့် ရထားလမ်းဘေးမှာ ဓာတ်ပုံရိုက်တာ၊ တောင်ထိပ်မှာ ဓာတ်ပုံရိုက်တာနဲ့ ရေကန်နားမှာ ပုံရိုက်တာတွေက အန္တရာယ်များလွန်းပါတယ်။

၂ဝ၁၁ခုနှစ် အောက်တိုဘာလနဲ့ ၂ဝ၁၇ခုနှစ် နိုဝင်ဘာလကြားမှာ Selfie ရိုက်တာကြောင့် သေဆုံးသူ (၂၅၉) ဦး ရှိလာပြီလို့ All India Institute of Medical Sciences က ထုတ်ပြန်တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မှာ အခြေစိုက်တဲ့ All India Institute of Medical Sciences ကောလိပ်က သုတေသနပညာရှင်တွေဟာ Selife နဲ့ ပတ်သက်တဲ့ စကားလုံး (Selfie Deaths ၊ Selfie Accidents ၊ Selfie Mortality ၊ Self Photography Deaths  ၊ Koolfie Deaths နဲ့ Mbile Death/Accidents) တွေကို Google မှာ ရိုက်ရှာပြီး စစ်တမ်းကောက်ခဲ့တာဖြစ်ပါတယ်။

 

Selife ရိုက်နေရင်း မတော်တဆမှုပေါင်း (၁၃၇) ခု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၂၅၉) ဦးရှိလာတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ၇၂.၅ ရာခိုင်နှုန်းဟာ အမျိုးသားတွေဖြစ်ပြီး ၂၇.၅ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်ပါတယ်။ Selfie ရိုက်နေတုန်းမှာ ရေနစ်မှု၊ ယာဉ်မတော်တဆမှုနဲ့ လိမ့်ကျမှုတွေက အဖြစ်အများဆုံးလို့ သိရပါတယ်။ သုတေသနပညာရှင်တွေက အန္တရာယ်ရှိတဲ့နေရာတွေမှာ Selfie တားမြစ်ဇုန်အဖြစ် သတ်မှတ်ထားသင့်ကြောင်း အကြံပြုထားပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com