[Zawgyi]

၂ဝ၁၈ခုႏွစ္ရဲ႕အေကာင္းဆုံးေဘာလုံးသမား (၂၅) ဦးစာရင္း ထုတ္ျပန္လုိက္ၿပီ

ကမၻာေက်ာ္အားကစားဝက္ဘ္ဆုိက္ Goal.com ရဲ႕ သတင္းေထာက္ေတြဟာ (၁၂) လအတြင္းမွာ ႏုိင္ငံလက္ေရြးစင္အတြက္ေရာ ကလပ္အသင္းအတြက္ပါ အေကာင္းဆုံးစြမ္းေဆာင္ခဲ့ၾကတဲ့ ေဘာလုံးသမား (၅ဝ) ကုိ ႏွစ္စဥ္ေရြးခ်ယ္ၿပီး ‘Goal 50’ အေနနဲ႔ ေဖာ္ျပခဲ့ၾကပါတယ္။ ၂ဝဝ၇-၂ဝဝ၈ ေဘာလုံးရာသီက စတင္ေရြးခ်ယ္ခဲ့တဲ့ ဆုတံဆိပ္ျဖစ္ၿပီး အခုဆုိရင္ (၁၁) ႏွစ္တုိင္ခဲ့ၿပီျဖစ္ပါတယ္။ ၂ဝ၁၈ခုႏွစ္ရဲ႕ အေကာင္းဆုံးေဘာလုံးသမား (၅ဝ) ဦးကုိေတာ့ ႏုိဝင္ဘာလ (၁၃) ရက္ေန႔မွာ ေၾကညာေတာ့မွာျဖစ္ပါတယ္။

‘Goal 50’ ဆုတံဆိပ္ကုိ မေၾကညာခင္ Goal.com ရဲ႕အားကစားအယ္ဒီတာျဖစ္တဲ့ Carlo Garganese ဟာ ၂ဝ၁၈ခုႏွစ္ရဲ႕ အေကာင္းဆုံးေဘာလုံးသမား (၂၅) ဦးကုိ သဲလြန္စအေနနဲ႔ ထုတ္ျပန္ခဲ့ပါတယ္။ မဲေပးသူေတြဟာ ၂ဝ၁၇-၂ဝ၁၈ ေဘာလုံးရာသီမွာ အႏွစ္သက္ဆုံး ေဘာလုံးသမား (၂၅) ဦးကုိ ေဖာ္ျပဖုိ႔ လုိအပ္ၿပီး စြမ္းေဆာင္ရည္အေကာင္းဆုံးေဘာလုံးသမားကုိ (၂၅) မွတ္အထိ ေပးကာ အနည္းဆုံးေဘာလုံးသမားကုိေတာ့ (၁) မွတ္အျဖစ္ သတ္မွတ္ထားပါတယ္။

Carlo Garganese ျပဳလုပ္တဲ့ စစ္တမ္းမွာေတာ့ ရီးရဲလ္မက္ဒရစ္နဲ႔ ခရုိေအးရွားကြင္းလယ္လူ Luka Modric က နံပါတ္ (၁) ေနရာမွာရွိပါတယ္။ နံပါတ္ (၂) ေနရာမွာေတာ့ ဂ်ဴဗင္တပ္နဲ႔ ေပၚတူဂီတုိက္စစ္မွဴး Cristiano Ronaldo က ရပ္တည္ေနပါတယ္။ နံပါတ္ (၃) ေနရာမွာေတာ့ လီဗာပူးလ္နဲ႔ အီဂ်စ္တုိက္စစ္မွဴး Mohamed Salah က ရပ္တည္ေနပါတယ္။ ဘာစီလုိနာနဲ႔ အာဂ်င္တီးနားတုိက္စစ္မွဴး Lionel Messi ဟာ Carlo Garganese က ထုတ္ျပန္တဲ့ အေကာင္းဆုံးေဘာလုံးသမား (၂၅) ဦးစာရင္းမွာေတာ့ နံပါတ္ (၁၁) ေနရာမွာ ရွိေနပါတယ္။

အားကစားကြ်မ္းက်င္သူ Carlo Garganese ဟာ ၂ဝ၁၈ခုႏွစ္ရဲ႕ အေကာင္းဆုံးေဘာလုံးသမား (၂၅) ဦးကုိ တစ္သီးပုဂၢလအေနနဲ႔ ထုတ္ျပန္ခဲ့တာျဖစ္ၿပီး Goal.com က ေရြးခ်ယ္တဲ့  ‘Goal 50’ ဆုနဲ႔ တုိက္ရုိက္အခ်ိဳးက်ခ်င္မွ က်မွာပါ။ သူ႕ရဲ႕ စာရင္းမွာေတာ့ Luka Modric က ဦးေဆာင္ေနပါတယ္။

ႏုိဝင္ဘာလ (၁၃) ရက္ေန႔မွာ ေၾကညာမယ့္ ‘Goal 50’ စာရင္းမွာေရာ သူပဲ ဦးေဆာင္သြားမွာလား ေစာင့္ၾကည့္ခ်င္စရာပါ။ ‘Goal 50’ ဆုကုိေတာ့ Cristiano Ronaldo က ငါးႀကိမ္၊ Lionel Messi က ေလးႀကိမ္နဲ႔ ေဟာ္လန္တုိက္စစ္မွဴးေဟာင္း Wesley Sneijder က တစ္ႀကိမ္ရရွိထားပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

၂ဝ၁၈ခုနှစ်ရဲ့အကောင်းဆုံးဘောလုံးသမား (၂၅) ဦးစာရင်း ထုတ်ပြန်လိုက်ပြီ

ကမ္ဘာကျော်အားကစားဝက်ဘ်ဆိုက် Goal.com ရဲ့ သတင်းထောက်တွေဟာ (၁၂) လအတွင်းမှာ နိုင်ငံလက်ရွေးစင်အတွက်ရော ကလပ်အသင်းအတွက်ပါ အကောင်းဆုံးစွမ်းဆောင်ခဲ့ကြတဲ့ ဘောလုံးသမား (၅ဝ) ကို နှစ်စဉ်ရွေးချယ်ပြီး ‘Goal 50’ အနေနဲ့ ဖော်ပြခဲ့ကြပါတယ်။ ၂ဝဝ၇-၂ဝဝ၈ ဘောလုံးရာသီက စတင်ရွေးချယ်ခဲ့တဲ့ ဆုတံဆိပ်ဖြစ်ပြီး အခုဆိုရင် (၁၁) နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ၂ဝ၁၈ခုနှစ်ရဲ့ အကောင်းဆုံးဘောလုံးသမား (၅ဝ) ဦးကိုတော့ နိုဝင်ဘာလ (၁၃) ရက်နေ့မှာ ကြေညာတော့မှာဖြစ်ပါတယ်။

‘Goal 50’ ဆုတံဆိပ်ကို မကြေညာခင် Goal.com ရဲ့အားကစားအယ်ဒီတာဖြစ်တဲ့ Carlo Garganese ဟာ ၂ဝ၁၈ခုနှစ်ရဲ့ အကောင်းဆုံးဘောလုံးသမား (၂၅) ဦးကို သဲလွန်စအနေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ မဲပေးသူတွေဟာ ၂ဝ၁၇-၂ဝ၁၈ ဘောလုံးရာသီမှာ အနှစ်သက်ဆုံး ဘောလုံးသမား (၂၅) ဦးကို ဖော်ပြဖို့ လိုအပ်ပြီး စွမ်းဆောင်ရည်အကောင်းဆုံးဘောလုံးသမားကို (၂၅) မှတ်အထိ ပေးကာ အနည်းဆုံးဘောလုံးသမားကိုတော့ (၁) မှတ်အဖြစ် သတ်မှတ်ထားပါတယ်။

Carlo Garganese ပြုလုပ်တဲ့ စစ်တမ်းမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ခရိုအေးရှားကွင်းလယ်လူ Luka Modric က နံပါတ် (၁) နေရာမှာရှိပါတယ်။ နံပါတ် (၂) နေရာမှာတော့ ဂျူဗင်တပ်နဲ့ ပေါ်တူဂီတိုက်စစ်မှူး Cristiano Ronaldo က ရပ်တည်နေပါတယ်။ နံပါတ် (၃) နေရာမှာတော့ လီဗာပူးလ်နဲ့ အီဂျစ်တိုက်စစ်မှူး Mohamed Salah က ရပ်တည်နေပါတယ်။ ဘာစီလိုနာနဲ့ အာဂျင်တီးနားတိုက်စစ်မှူး Lionel Messi ဟာ Carlo Garganese က ထုတ်ပြန်တဲ့ အကောင်းဆုံးဘောလုံးသမား (၂၅) ဦးစာရင်းမှာတော့ နံပါတ် (၁၁) နေရာမှာ ရှိနေပါတယ်။

အားကစားကျွမ်းကျင်သူ Carlo Garganese ဟာ ၂ဝ၁၈ခုနှစ်ရဲ့ အကောင်းဆုံးဘောလုံးသမား (၂၅) ဦးကို တစ်သီးပုဂ္ဂလအနေနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး Goal.com က ရွေးချယ်တဲ့  ‘Goal 50’ ဆုနဲ့ တိုက်ရိုက်အချိုးကျချင်မှ ကျမှာပါ။ သူ့ရဲ့ စာရင်းမှာတော့ Luka Modric က ဦးဆောင်နေပါတယ်။

နိုဝင်ဘာလ (၁၃) ရက်နေ့မှာ ကြေညာမယ့် ‘Goal 50’ စာရင်းမှာရော သူပဲ ဦးဆောင်သွားမှာလား စောင့်ကြည့်ချင်စရာပါ။ ‘Goal 50’ ဆုကိုတော့ Cristiano Ronaldo က ငါးကြိမ်၊ Lionel Messi က လေးကြိမ်နဲ့ ဟော်လန်တိုက်စစ်မှူးဟောင်း Wesley Sneijder က တစ်ကြိမ်ရရှိထားပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com