Android ဖုန်းတွေအတွက် အကောင်းဆုံး Free Apps 25 မျိုး

ဖုန်းအသစ်ဝယ်ပြီးသွားလို့ပဲဖြစ်ဖြစ် လက်ရှိသုံးနေတဲ့ App တွေ Crash ဖြစ်တယ်၊ Junk Files တက်တယ်၊ ကြော်ငြာများတယ် စသဖြင့် အနှောက်ယှက်ဖြစ်နေရရင် ရေပန်းစားနေတဲ့ App 25 ခုကို ဖော်ပြပေးလိုက်ပါတယ်။

1. Nova Launcher

Android Launcher အားလုံးထဲမှာ Nova Launcher ကတော့ သုံးရအစဉ်ပြေဆုံးပါပဲ။ စမတ်ဖုန်းကို ဝန်မပိစေဘဲ ကြိုက်သလို Customize လုပ်နိုင်သေးလို့ လူကြိုက်အများဆုံးဖြစ်ရပ်တည်နေပါတယ်။ နောက်ပြီး App-drawer ၊ Scrollable Dock ၊ Notification Badges အပြင် Folder နဲ့ icon Customization တွေကိုပါ ထောက်ပံ့ထားသေးလို့ ဖုန်းထဲမှာပါပြီးသား UI နဲ့ သုံးရအစဉ်မပြေသူတွေ Nova Launcher ကိုအသုံးပြုသင့်ပါတယ်။

Nova Launcher

2. Google Assistant

Home Screen ဖိပြီး အသုံးပြုနိုင်မယ့် Google Assistant ကတော့ စွယ်စုံရ Library ကြီးလိုပါပဲ။ သီချင်းလေးသဘောကျလို့ နာမည်မသိဘူးဆိုရင်တောင် Assistant အကူညီနဲ့ မေးနိုင်မယ်၊ Game ကစားတာ၊ Plan ချတာစသဖြင့် စေခိုင်းနိုင်ပြီး အသုံးဝင်တဲ့ Voice Command အခု ၃၀ ကိုလည်း Google Assistant နားလည်တုံ့ပြန်နိုင်ပါတယ်။ အသုံးပြုနိုင်မယ့် Voice Command 30 ကို ဒီ Link မှာလေ့လာနိုင်ပါတယ်။

Google Assistant

3. SwiftKey Keyboard

User Review တွေအရ အသုံးဝင်ဆုံး Keyboard ကတော့ SwiftKey ပါပဲ။ A.I နည်းပညာအသုံးပြုထားပြီး ရိုက်နေတဲ့စာလုံးတွေကို အနီးစပ်ဆုံးခန့်မှန်းပေးနိုင်တယ်ဆိုပါတယ်။ Auto-correct နဲ့ Gesture Typing ပါဝင်သလို Built-in GIF Search Engine ပါ ထည့်သွင်းထားတာကြောင့် သုံးရအစဉ်ပြေမှုရှိပါတယ်။ နောက်ပြီး နှစ်သက်ရာ Theme တွေနဲ့ Customize လုပ်နိုင်သေးသလို Typing စနစ်ကို လွယ်ကူလျှင်မြန်စေမယ့် Keyboard လည်းဖြစ်ပါတယ်။

SwiftKey

4. Google Duo

Video Call App တွေထဲမှာတော့ ရေပန်းစားနေတာ Google Duo ပါပဲ။ အသုံးပြုရ ရှိးရှင်းသလို Setup လုပ်ရတာလည်း မခက်ခဲပါဘူး။ ဖုန်းနံပတ်ရိုက်ရုံနဲ့ Log in ဝင်နိုင်ပြီး သာမန်ဖုန်းခေါ်သလို အသုံးပြုရုံပါပဲ။ နောက်ပြီး “Knock Knock” ဆိုတဲ့ Feature ပါထည့်သွင်းထားပေးလို့ ဖုန်းမခေါ်ခင် Live Preview ကြည့်နိုင်ပြီး အစဉ်ပြေဆုံးအနေထားနဲ့ Video Call အသုံးပြုနိုင်ပါဦးမယ်။

Google Duo

5. Evernote

Evernote ဆိုတဲ့ မှတ်တမ်းမှတ်ရာ၊ ဓာတ်ပုံ၊ ဗီဒီယိုအပြင် သီချင်းတွေပါ သိမ်းဆည်းပေးနိုင်မယ့် Note Apps ကတော့ အတော်လေးအသုံးတွင်ကျယ်ပါတယ်။ တစ်နေ့တာလုပ်ငန်းစဉ်တွေ မှတ်တမ်းတင်မယ်၊ စာတိုသိမ်းမယ် စသဖြင့်စွယ်စုံသုံးနိုင်ပြီး Platform အားလုံးထောက်ပံ့ထားလို့ ဘယ် Device မှာမဆို Log-in ဝင်လိုက်ရုံနဲ့ ချက်ချင်းအသုံးပြုနိုင်ပါဦးမယ်။

Evernote

6. WPS Office + PDF Converter

All in One Feature ပါဝင်ပြီးသား WPS Application ကတော့ အသုံးဝင်ဆုံး Office Suite ထဲမှာပါဝင်ပါတယ်။ Microsoft Office ၊ Excel ၊ Powerpoint တို့နဲ့ 100% အစဉ်ပြေသလို Google Spreadsheets ၊ Memo ၊ Google Docs စတာတွေနဲ့လည်း တွဲသုံးနိုင်ပါသေးတယ်။ နောက်ပြီး Free PDF Converter ပါပါဝင်သေးလို့ WPS ဟာ အသုံးပြုသင့်တဲ့ Office App ပါပဲ။

WPS Office

7. Google News

နေ့စဉ်နဲ့အမျှပြောင်းလဲနေတဲ့ သတင်းအချက်လက်တွေ အချိန်မီရယူနိုင်ဖို့ Google News ကို သုံးကြည့်သင့်ပါတယ်။ A.I အသုံးပြုထားပြီး News Feed တင်ပေးမယ်၊ ကြိုက်နှစ်သက်ရာ Tab ခေါင်းစီးအလိုက် သတင်းရွေးချယ်နိုင်မယ်၊ Publisher ဘယ်သူ၊ Highlight News လားစသဖြင့် Customize လုပ်နိုင်ဦးမှာဖြစ်ပါတယ်။

Google News

8. ES File Manager

File Manager ကတော့ Android ဖုန်းတလုံးအတွက် မရှိမဖြစ်အရေးပါတဲ့ App တခုပါပဲ။ File တွေ Customize လုပ်ဖို့၊ Copy ကူးဖို့၊ Location ရွေးဖို့ စသဖြင့် အသုံးပြုဖို့လိုအပ်တာမို့ ဆောင်ထားသင့်တဲ့ App လို့လည်း ပြောရဦးမှာပါ။ ES File Manager မှာတော့ Space Analyzer ပါဝင်မှာဖြစ်ပြီး File Sharing Feature လည်းထည့်သွင်းပေးထားပါတယ်။ App တွေကို အလွယ်တကူ Backup လုပ်နိုင်သလို Root ဖောက်ထားတဲ့ Device မှာဆိုရင် ပိုပြီး Feature စုံစုံသုံးနိုင်ဦးမှာပါ။ တစ်ခုရှိတာက ကြော်ငြာတွေပါဝင်နေတာပါပဲ။

ES File Manager

9. Google Drive

အခုချိန်မှာ အကောင်းဆုံး Cloud Storage ဝန်ဆောင်မှုအဖြစ် Google Drive လူသုံးများနေပြီး Free Storage အနေနဲ့ 15GB ပေးထားပါတယ်။ ဒါကြောင့်မလို့ အရေးကြီးတဲ့ Document File နဲ့ Photo တွေကို သိမ်းဆည်းထားနိုင်မှာဖြစ်ပြီး 1TB ကို မြန်မာငွေ ၁သောင်းခွဲနဲ့ လစဉ်ပေးသုံးနိုင်ပါတယ်။ နောက်ပြီး Google Drive ကို Google Docs ၊ Sheets and Slides နဲ့ပဲ တွဲထားလို့ Document ၊ Spreadsheets နဲ့ Presentations စတာတွေကို Edit လုပ်နိုင်ပါဦးမယ်။

Google Drive

10. WhatsApp

Instant Messaging App ထဲမှာ ရေပန်းစားနေတာတော့ WhatsApp ပါပဲ။ အင်တာနက် Service အသုံးပြုပြီး စာတိုပို့မယ်၊ Voice Message ပို့မယ်၊ Link တွေ Share မယ်၊ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ Location တွေကို အလွယ်တကူ Sharing လုပ်နိုင်မယ့် WhatsApp ဆိုတဲ့ Messaging App က Secure အဖြစ်ဆုံးထဲမှာလည်းပါဝင်ပါတယ်။

WhatsApp

11. Google Chrome

Google Chrome ကတော့ Browser အားလုံးထဲမှာ Features အစုံဆုံးနဲ့ Google နည်းပညာတွေတနေရာထဲ အသုံးပြုထားတဲ့ Browsing App လည်းဖြစ်ပါတယ်။ HTML 5 Support ၊ Desktop Syncing စတဲ့ Feature တွေပါဝင်ပြီး Google Search ၊ Google Translate တွေကိုလည်း အသုံးပြုနိုင်ပါတယ်။

Google Chrome

12. Xender

File Sharing App အတွက် လူသုံးများတာကတော့ Xender ပါပဲ။ ကွန်ပျူတာကို USB ၊ Wi-Fi နဲ့ ချိတ်ဆက်ပြီး Data ကူးနိုင်သလိုလုံခြုံမှုလည်းရှိတဲ့အတွက် အသုံးပြုသင့်တဲ့ App ပါပဲ။

13. MX Player

Android ဖုန်းတွေအတွက် အကောင်းဆုံး Video Player ကတော့ MX Player ပါပဲ။ အသုံးပြုရ လွယ်ကူရိုးရှင်းသလို အသံ အတိုး၊ အလျှော့ Brightness တင်တာ၊ လျှော့တာအတွက်ပါ Gesture Control နဲ့ ကောင်းကောင်းသုံးနိုင်သလို Video Kid Lock ၊ Subtitle Frame စတာတွေပါ Edit လုပ်နိုင်တယ်၊ Additional Plugin တွေပါ ထောက်ပံ့သေးလို့ ကောင်းမွန်တဲ့ Video App လို့ ပြောရမှာပါ။

MX Player

14. Google Maps

အခုချိန်မှာ နိုင်ငံပေါင်း ၂၀၀ ကျော်ကို တိတိကျကျဖော်ပြပေးနိုင်မယ့် Google Maps ကိုတော့ ဆောင်ထားသင့်တယ်လို့ ထင်ပါတယ်။ GPS Navigation အတွက် Web Mapping Service နဲ့ ဖော်ပြပေးနိုင်မယ့် ဒီ App လေးဟာ ကားလမ်းပိတ်တာ၊ လမ်းပြမြေပုံနဲ့ အနီးစပ်ဆုံးမြင်တွေ့နိုင်မယ့်နေရာကို ဂြိုလ်တုပုံရိပ်နဲ့ ဖော်ပြနိုင်မှာမလို့ သွားလာဖို့အတွက် အသုံးဝင်တဲ့ App ပါပဲ။

Google Map

15. PicsArt

PicsArt ဆိုတဲ့ Photo Editing App လေးဟာ Download ပြုလုပ်သူ သန်း ၁၀၀ ကျော်သွားခဲ့ပြီး စုံလင်တဲ့ Customization Tools နဲ့ Collage ၊ Drawing ၊ Frames ၊ Stickers ၊ Free Cropping နဲ့ Clone Tool စတဲ့ Feature တွေကြောင့် အသုံးများပါတယ်။ နောက်ပြီး Social Network နဲ့ ချိတ်ဆက်ထားတဲ့အတွက်လည်း Photo တွေကို အလွယ်တကူ Sharing ပြုလုပ်နိုင်ပါသေးတယ်။

PicsArt

16. Unified Remote

ဖုန်းနဲ့ ကွန်ပျူတာအကြား Remote Control သဖွယ် အသုံးပြုနိုင်မယ့် Unified Remote ဟာ Popular Program ပေါင်း ၉၀ ကျော် ထောက်ပံ့ထားပါတယ်။ Bluetooth ဒါမှမဟုတ် Wi-Fi ချိတ်ဆက်မှုကတဆင့် ကွန်ပျူတာကို ထိန်းချုပ်ထားနိုင်ပြီး Wake Up လုပ်မယ်၊ Media အတွက် Screen Mirroring ၊ Keyboard နဲ့ Mouse စတဲ့ Player Control စတာအားလုံး App အတွင်းကနေ ထိန်းချုပ်နိုင်ပါမယ်။

Unified Remote

17. Feedly

ကမ္ဘာတဝှမ်း ဖြစ်ပျက်နေတဲ့ သတင်းတွေ အချိန်နဲ့ တပြေးညီသိချင်တယ်ဆိုရင် Feedly ဆိုတဲ့ RSS Reader App ဆောင်ထားသင့်ပါတယ်။ Online Magazine ၊ Blogs ၊ YouTube Channel အပါ သန်း ၄၀ ကျော် News Feeds တွေကို စုစည်းပေးထားတာကြောင့် ကြိုက်နှစ်သက်ရာ သတင်း Channel တွေကို Feedly ထဲမှာ ဖော်ပြခိုင်းလို့ရပါတယ်။

Feedly

18. LastPass

ဖုန်းတစ်လုံးအတွက် Built-in ပါဝင်လာတဲ့ Password Manager က လုံလောက်ပြီဆိုမယ့် ဒိထက်ပိုကောင်းကောင်းသုံးချင်တယ်ဆိုရင်တော့ LastPass ရှိပါတယ်။ Feature စုံလင်သလို Secure Private Vault နဲ့ Passwords နဲ့ Personal Information တွေ Lock လုပ်ထားနိုင်မယ်၊ Autofill Feature နဲ့ Browsers ၊ Apps တွေမှာ အသုံးပြုနိုင်မယ်။ နောက်ပြီး Sync Feature နဲ့ Log in ဝင်ထားတဲ့ Device အားလုံးမှာ Password ထပ်ရိုက်နေစရာမလိုတဲ့အထိ လွယ်လွယ်ကူကူအသုံးပြုနိုင်ပါဦးမယ်။

LastPass

19. Shazam

သီချင်းနားဆင်ရ နှစ်ခြိုက်သူတွေအတွက် Shazam က မရှိမဖြစ်ပါပဲ။ အသံနားထောင်ခိုင်းပြီး ဘာသီချင်းလဲ Identify လုပ်ခိုင်းလို့ရသလို သီချင်းနားဆင်မယ်၊ Spotify Playlist ထဲသွားထည့်မယ်စသဖြင့် အသုံးပြုနိုင်ပါတယ်။

Shazam

20. Automate

တစ်ခါတလေ သွားရင်း၊ လာရင်း GPS သုံးဖို့ Bluetooth ၊ Wi-Fi ဖွင့်ဖို့လိုတာ၊ သီချင်းနားထောင်ဖို့ အသံအတိုး၊ လျှော့လုပ်တာ စသဖြင့် မတူညီတဲ့ Task တွေကို အလိုက်သင့်ဆောင်ရွက်ပေးနိုင်မယ့် Automatic Tasker လို App မျိုးဆောင်ထားသင့်တယ်ထင်ပါတယ်။ ဒီ Automate မှာ ဆိုရင်တော့ Location ၊ ကြန့်ကြာချိန်နဲ့ Battery Level အလိုက် ကိုဆောင်ရွက်စေချင်တဲ့ Task တွေကို Select လုပ်ပြီး Automatic စေခိုင်းထားလို့ရပါတယ်။

Automate

21. Tiny Scanner

Tiny Scanner App လေးကတော့ Document Scan ဖို့အတွက် အသုံးပြုနိုင်ပြီး PDF အဖြစ်ပြောင်းပေးနိုင်မယ်။ Colour ၊ Grayscale နဲ့ Black & White ဆိုပြီး Option ၃ မျိုးနဲ့ Scan ဖတ်ပေးနိုင်ပါမယ်။ နောက်ပြီး DropBox ၊ Google Drive ထဲမှာလည်း သိမ်းဆည်းပေးနိုင်ပြီး Document တွေကို Passcode နဲ့ Lock လုပ်ထားနိုင်ပါဦးမယ်။

Tiny Scanner

22. Alarm

ဒီ App လေးကတော့ အိပ်ရေးပုတ်သူတွေအတွက် ရည်ရွယ်ပြီး Alarm ပိတ်ဖို့ Snapshot ရိုက်ပြီး ကိုယ့်ပုံကိုပြန် Register လုပ်နိုင်မှာ ရပ်သွားတဲ့ထိ စိတ်ညစ်စရာကောင်းလွန်းပါတယ်။ ဒီတိုင်းဆို လုံးဝအိပ်ရာမထသူတွေ Alarm မပိတ်မချင်း နားညည်းနေအောင် ပြုလုပ်နေမှာဖြစ်လို့ အသုံးဝင်တဲ့ Alarm App လေးပါပဲ။

Alarm

23. Habit Tracker

Habit Tracker ဆိုတဲ့ App လေးကတော့ ဒီနေ့ဘယ်လို အစားသောက်စားပြီး သတ်မှတ်ထားတဲ့ Goal ရောက်အောင်သွားမယ်စသဖြင့် အသုံးပြုနိုင်မယ့် App လေးပါပဲ။ တခြားလူတွေနဲ့ ယှဉ်ပြိုင်နိုင်သေးသလို ကျန်းမာရေး Fitness အတွက် မရှိမဖြစ် လိုအပ်တဲ့ App ကောင်းတစ်ခုပါပဲ။

Habit Tracker

24. Walli – HD Wallpaers & Backgrounds

Walli ဆိုတဲ့ App လေးကတော့ Wallpaper တစ်ခုထဲသုံးဖို့တွက်မဟုတ်ဘဲ ကမ္ဘာတဝှမ်းက Designer ၊ Artists တွေပါ အနုပညာဆန်းသစ်နိုင်မယ့် နေရာလေးပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ Wallpaper အလန်းတွေ နေ့တိုင်းလိုလို အသစ်အသစ်ထွက်ရှိနေမှာဖြစ်ပြီး သန်းနဲ့ချီတဲ့ Wallpaper ၊ Backgrounds တွေကို အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

Walli

25. Navigation Gesture

Apple iPhone X ရဲ့ Gesture Navigation အတိုင်းအသုံးပြုနိုင်မယ့် ဒီ Gesture App လေးဟာ ဖုန်းအောက်ကို ပွတ်ဆွဲလိုက်တာနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး ကြိုက်နှစ်သက်ရာ Gesture တွေနဲ့ Customize လုပ်ထားနိုင်ပါသေးတယ်။ ဒါမယ့် Android Pie ထွက်လာတဲ့နောက်ပိုင်း ဖုန်းတိုင်း Support မလုပ်တော့ဘူးဆိုလို့ Gesture ကောင်းကောင်းသုံးလိုသူတွေ သိမ်းဆည်းထားသင့်တဲ့ App လေးပါပဲ။

2B (Akhayar)
www.akhayar.com