ချယ်လ်ဆီး၊ အာဆင်နယ် ဂိုးသမားဟောင်း ပီတာချက် Petr Čech ဟာ လက်ရှိအချိန်မှာ ဘောလုံးလောကကနေ အနားယူသွားပြီဖြစ်ပြီး သူဟာ ၂၀၀၅ ၀န်းကျင်ကာလတွေမှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားစာရင်းဝင်ဖြစ်ခဲ့သူပါ။ ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းမှာ သူ့ရဲ့ လက်စွမ်းကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပြီးသားမို့ အထူးချီးကျူးစရာ မလိုလောက်တော့ပါဘူး။ အခုပြောချင်တာက ပီတာချက်ရဲ့ လူနေမှုဘ၀နဲ့ ပတ်သက်ပြီး လူသိနည်းတဲ့အကြောင်းအရာ တချို့ဖြစ်ပါတယ်။ ဘာတွေများလဲဆိုတာ ကြည့်လိုက်ရအောင် . .

Petr-Čech

(၃)မွှာပူးထဲက တစ်ဦး

၁၉၈၂၊ မေလ (၂၀)မှာ ချက်နိုင်ငံ၊ ပါလ်ဇန်မြို့မှာ ပီတာချက်ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ ထူးခြားတာက ပီတာချက်ရဲ့ မိခင်ဟာ တစ်ခါတည်း (၃)မွှာပူးမွေးခဲ့တာဖြစ်ပြီး ယောကျာ်းလေး(၂)ဦး၊ မိန်းကလေး(၁)ဦး ဖြစ်ပါတယ်။ မိန်းကလေးအမည်က Šárka လို့ အမည်ရပြီး ကျန်တဲ့ ယောကျာ်းလေးကိုတော့ Michal လို့ အမည်ပေးခဲ့တယ်။

petr-cech-childhood-

ဒါပေမဲ့ Michal ဟာ ကံမကောင်းခဲ့ပါဘူး။ ဆေးရုံကနေ ကူးစက်ရောဂါကြောင့် အသက်(၂)နှစ်အရွယ်မှာပဲ သေဆုံးခဲ့တယ်။ ပီတာချက်ရဲ့ ဦးခေါင်းခွံဟာ မွေးကတည်းက သာမန်အခြေအနေထက် အရိုး ပျော့နေလို့ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရရင် အသက်အန္တရာယ်ရှိပါတယ်။ ၂၀၀၆ တုန်းက ရက်ဒင်း ကစားသမား Stephen Hunt နဲ့ ထိခိုက်မိခဲ့တဲ့အချိန်မှာ ကံကောင်းလို့ မသေခဲ့တာပါ။

Cech-was-involved-in-a-collision-with-Readings-Stephen-Hunt

ငယ်ငယ်တုန်းက တိုက်စစ်မှူးအဖြစ် ကစားခဲ့သူ

ဂိုးပေါက်ရှေ့မှာ မဟာတံတိုင်းကြီးလို မားမားမတ်မတ် ကာကွယ်နေတဲ့ ပီတာချက်ဟာ ငယ်ငယ်တုန်းက တိုက်စစ်မှူးတစ်ဦးဆိုရင် ပရိသတ်တွေ အံ့အားသင့်သွားမလားပဲ။ ငယ်ဘ၀မှာ Ice Hokey နဲ့ ဘောလုံးက ပီတာချက်အတွက် Favourite အားကစားနည်းတွေဖြစ်ခဲ့ပြီး အဲဒီနှစ်ခုစလုံးမှာ သူ့ရဲ့နေရာက တိုက်စစ်မှူးပါ။

Children-Play-Football

အသက်(၁၀)နှစ်အရွယ်မှာ သူ့ဘ၀အတွက် အကြီးမားဆုံးအပြောင်းအလဲဖြစ်ခဲ့တယ်။ ညာဘက်ခြေထောက်မှာရှိတဲ့ အရိုးကျိုးသွားလို့ အဲဒီနေရာကို နောက်ထပ် မထိခိုက်မိအောင် တိုက်စစ်မှူးအဖြစ်ကနေ ဂိုးသမားနေရာကို ပြောင်းလဲကစားခဲ့တာဖြစ်ပါတယ်။ အဲဒီအချက်က ၂၁ ရာစုရဲ့ အကောင်းဆုံး ဂိုးသမားတစ်ဦးဖြစ်အောင် ပြောင်းလဲပေးလိုက်သလိုပါပဲ။

မိသားစုဘဝ
ပီတာချက်ဟာ ၂၀၀၃ ခုနှစ်မှာ Martina Dolejšová ဆိုသူ အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ခဲ့ပြီး Adéla လို့ ခေါ်တဲ့ သမီးတစ်ဦး၊ Damián လို့ အမည်ရတဲ့ သားတစ်ဦး ပိုင်ဆိုင်ထားပါတယ်။ ပြင်ပဘ၀မှာ ပီတာချက် ကြိုက်နှစ်သက်တာက ဂီတဖြစ်ပြီး သူဟာ ဒရမ်တီးကောင်းသူတစ်ဦးပါ။ You Tube Channel မှာ သူ့ နာမည်နဲ့ ရုပ်သံလိုင်းတစ်ခုရှိပြီး နာမည်ကျော်သီချင်းတချို့ကို Cover တီးခတ်ထားတဲ့ ရုပ်သံဖိုင်တွေတင်ထားလို့ ပရိသတ်တွေ ၀င်ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်။

Petr-Cech-Family

ပီတာချက်ရဲ့ ဘ၀ကလည်း စိတ်ဝင်စားစရာပါပဲ။ တကယ်လို့ ငယ်ငယ်တုန်းက ခြေထောက်သာ မကျိုးခဲ့ဘဲ တိုက်စစ်မှူးအဖြစ်သာ ဆက်ကစားခဲ့ရင် ဒီအချိန်မှာ ဒီလောက်အထိ အောင်မြင်မှုရနိုင်ပ့ါမလား။ ဘ၀တစ်ခုရဲ့ အချိုးအကွေ့က အံ့အားသင့်စရာပါ။ ပီတာချက်ရဲ့ ဘ၀စာမျက်နှာတွေကို ပရိသတ်တွေဖတ်ရှုပြီး စိတ်ကျေနပ်မှု ရလိမ့်မယ်လို့လည်း မျှော်လင့်မိကြောင်းပါ . . .

REF:Marca,Wikipedia
[Photo:o2tvsport.cz,Dhaka Tribune,Pinterest,Best World News
Naing Linn(Akhayar)
www.akhayar.com