This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

၂၀၂၂ ကမၻာ႔ဖလားၿပိဳင္ပြဲကို ေဆာင္းရာသီမွာ ေျပာင္းလဲက်င္းပဖို႔ အတည္ျပဳလိုက္တဲ့ FIFA

ကာတာႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပမယ့္ ၂၀၂၂ ကမၻာ႔ဖလားၿပိဳင္ပြဲကို ေဆာင္းရာသီမွာ ေျပာင္းလဲက်င္းပသြားမွာျဖစ္ေၾကာင္း ကမၻာ႔ေဘာလံုးအဖြဲ႔ခ်ဳပ္ (FIFA)က အတည္ျပဳေပးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ၂၀၂၂ ကမၻာ႔ဖလားၿပိဳင္ပြဲ က်င္းပမယ့္ ရက္ကို အတည္ျပဳေပးခဲ့တာျဖစ္ၿပီး ႏိုဝင္ဘာလ (၂၁)ရက္ေန႔ကေန ဒီဇင္ဘာလ (၁၈)ရက္ေန႔အထိ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲ ပံုမွန္က်င္းပေနၾက ဇြန္လနဲ႔ ဇူလိုင္လေတြမွာ ကာတာႏိုင္ငံရဲ႕ အပူခ်ိန္က အျပင္းထန္ဆံုးအေနအထားမွာရွိေနလို႔ ေဆာင္းရာသီကာလမွာ ေျပာင္းလဲက်င္းပဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။ ေဆာင္းရာသီကာလမွာ ေျပာင္းလဲက်င္းပမယ့္ ကာတာကမၻာ႔ဖလားၿပိဳင္ပြဲေၾကာင့္ ဥေရာပေဘာလံုးေလာကဟာ အခက္အခဲေတြနဲ႔ ရင္ဆိုင္သြားရဖို႔ ရွိေနၿပီး ဥေရာပတစ္ဝွမ္းက ကလပ္အသင္းၿပိဳင္ပြဲေတြရဲ႕ ေဘာလံုးျပကၡဒိန္ကို ေျပာင္းလဲေရးဆြဲသြားရမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ရုရွားႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕၌ က်င္းပျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ FIFA ဥကၠဌ အင္ဖန္တီႏို Infantino က “ကာတာကမၻာ႔ဖလားၿပိဳင္ပြဲကို ၂၀၂၂ ခုႏွစ္၊ ႏိုဝင္ဘာ (၂၁)ရက္ေန႔ကေန ဒီဇင္ဘာလ (၁၈)ရက္ေန႔ထိ က်င္းပျပဳလုပ္သြားဖို႔ ဆံုးျဖတ္လိုက္ပါတယ္” လို႔ အတည္ျပဳေျပာၾကားခဲ့တာျဖစ္ပါတယ္။

Gianni-Infantino-confirmed-the-tournament-date

Gianni-Infantino-confirmed-the-tournament-date

ၿပိဳင္ပြဲက်င္းပမယ့္ရက္ကို အတည္ျပဳေပးခဲ့သလို ၿပိဳင္ပြဲဝင္အသင္း အေရအတြက္ကိုလည္း အေစာပိုင္းက သတ္မွတ္ထားတဲ့ (၃၂)သင္းကေန (၄၈)သင္းအထိ တိုးျမွင့္သြားဖို႔ စီစဥ္ေနေၾကာင္း အင္ဖန္တီႏို Infantino က ေျပာၾကားခဲ့ပါတယ္။ အေစာပိုင္းက အေမရိကန္၊ မကၠဆီကိုနဲ႔ ကေနဒါ (၃)ႏိုင္ငံပူးတြဲ က်င္းပမယ့္ ၂၀၂၆ ကမၻာ႔ဖလားၿပိဳင္ပြဲမွာမွ အသင္းအေရအတြက္ တိုးျမွင့္သြားဖို႔ သတ္မွတ္ထားခဲ့တာျဖစ္ပါတယ္။ အင္ဖန္တီႏို Infantino က “လာမယ့္လပိုင္းအတြင္း ကာတာတာဝန္ရွိသူေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးမႈေတြ ျပဳလုပ္သြားမွာျဖစ္ၿပီး အသင္းအေရအတြက္ တိုးျမွင့္မယ့္အစီအစဥ္ကို အဓိကေဆြးေႏြးသြားမွာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ကာတာကမၻာ႔ဖလားၿပိဳင္ပြဲဟာ သမိုင္းတစ္ေလွ်ာက္ ပထမဆံုးအႀကိမ္ အခ်ိန္ေျပာင္းလဲက်င္းပတဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲအျဖစ္ မွတ္တမ္းဝင္ေတာ့မွာ ျဖစ္ပါတယ္။

REF:Marca
Photo:jackpotbetonline, Independent
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆောင်းရာသီမှာ ပြောင်းလဲကျင်းပဖို့ အတည်ပြုလိုက်တဲ့ FIFA

ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆောင်းရာသီမှာ ပြောင်းလဲကျင်းပသွားမှာဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က အတည်ပြုပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမယ့် ရက်ကို အတည်ပြုပေးခဲ့တာဖြစ်ပြီး နိုဝင်ဘာလ (၂၁)ရက်နေ့ကနေ ဒီဇင်ဘာလ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ပုံမှန်ကျင်းပနေကြ ဇွန်လနဲ့ ဇူလိုင်လတွေမှာ ကာတာနိုင်ငံရဲ့ အပူချိန်က အပြင်းထန်ဆုံးအနေအထားမှာရှိနေလို့ ဆောင်းရာသီကာလမှာ ပြောင်းလဲကျင်းပဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဆောင်းရာသီကာလမှာ ပြောင်းလဲကျင်းပမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ဥရောပဘောလုံးလောကဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်သွားရဖို့ ရှိနေပြီး ဥရောပတစ်ဝှမ်းက ကလပ်အသင်းပြိုင်ပွဲတွေရဲ့ ဘောလုံးပြက္ခဒိန်ကို ပြောင်းလဲရေးဆွဲသွားရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ FIFA ဥက္ကဌ အင်ဖန်တီနို Infantino က “ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၂၁)ရက်နေ့ကနေ ဒီဇင်ဘာလ (၁၈)ရက်နေ့ထိ ကျင်းပပြုလုပ်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

Gianni-Infantino-confirmed-the-tournament-date

Gianni-Infantino-confirmed-the-tournament-date

ပြိုင်ပွဲကျင်းပမယ့်ရက်ကို အတည်ပြုပေးခဲ့သလို ပြိုင်ပွဲဝင်အသင်း အရေအတွက်ကိုလည်း အစောပိုင်းက သတ်မှတ်ထားတဲ့ (၃၂)သင်းကနေ (၄၈)သင်းအထိ တိုးမြှင့်သွားဖို့ စီစဉ်နေကြောင်း အင်ဖန်တီနို Infantino က ပြောကြားခဲ့ပါတယ်။ အစောပိုင်းက အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါ (၃)နိုင်ငံပူးတွဲ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာမှ အသင်းအရေအတွက် တိုးမြှင့်သွားဖို့ သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ အင်ဖန်တီနို Infantino က “လာမယ့်လပိုင်းအတွင်း ကာတာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး အသင်းအရေအတွက် တိုးမြှင့်မယ့်အစီအစဉ်ကို အဓိကဆွေးနွေးသွားမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဟာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အချိန်ပြောင်းလဲကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်တော့မှာ ဖြစ်ပါတယ်။

REF:Marca
Photo:jackpotbetonline, Independent
Aung Kyaw Wai (Akhayar)
www.akhayar.com