Apple က မနှစ်တုန်းက iPhone XS ၊ XS Max နဲ့ iPhone XR ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီးတော့ လာမယ့် ၂၀၂၀ ခုနှစ်မှာတော့ Apple ကနေ iPhone တွေရဲ့ Display Size ကိုပြောင်းလဲတော့မှာပဲဖြစ်ပါတယ်။

iPhone XR ၊ XS Max & XS

အခုသတင်းကတော့ Apple ကနေ Display တွေကို ဝယ်ယူနေတဲ့ Industry ကနေ ထွက်ပေါ်လာတာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ iPhone ၃ မျိုးထုတ်လုပ်သွားမှာဖြစ်ပြီး အဆိုပါ iPhone တွေအကုန်လုံးက OLED Display ကို အသုံးပြုသွားမှာပါ။

နောက်ပြီးတော့ အခု iPhone အသစ်တွေရဲ့ Display တွေက 5.42″ ၊ 6.06″ နဲ့ 6.67″ ဆိုပြီး ပြောင်းလဲသွားမှာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် အသေးဆုံး 5.42″ iPhone က လက်ရှိ iPhone 8 ကို အစားထိုးလာမှာဖြစ်ပြီးတော့ 6.06″ Model က iPhone XS ကို အစားထိုးသွားမှာပါ။ လက်ရှိ 6.5″ iPhone XS Max ကတော့ လာမယ့် ၂၀၂၀ မှာ 6.67″ အထိရှိလာမှာဖြစ်ပါတယ်။ အခုသတင်းအရ ဒီလိုမျိုး Display Size ပိုကြီးလာပေမယ့်လည်း ဖုန်းရဲ့ အရွယ်အစားက ပိုကြီးလာမှာမဟုတ်ဘဲ ဘေးဘောင်တွေပဲ ပိုပြီးသေးငယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Apple က အစောပိုင်းကတော့ မနှစ်ကထွက်ရှိခဲ့တဲ့ iPhone XR ရဲ့ မျိုးဆက်သစ်ဖုန်းကို ဒီနှစ်မှာ OLED Display ကို အဆင့်မြှင့်တင်ပေးသွားမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် အခုအချိန်မှာတော့ ၂၀၂၀ ခုနှစ်မှာပဲ OLED ကို ပြောင်းလဲတော့မှာပါ။ အဲ့ဒါကြောင့် မနှစ်က iPhone XR ရဲ့ အဝေဖန်ခံရဆုံးအချက်ဖြစ်တဲ့ LCD Display ဖြစ်နေတာကလည်း ဒီနှစ်မှာ ဆက်ပြီးရှိနေဦးမှာဖြစ်ပါတယ်။

iPhone X

နောက်တစ်ခုက မနှစ်က iPhone XS Model တွေက ၂၀၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ iPhone X ရဲ့ ဒီဇိုင်းမပြောင်းလဲဘဲ Upgrade ပြုလုပ်ထားတဲ့ “S” Upgrade သာဖြစ်ခဲ့တဲ့အတွက် Apple ရဲ့ ထုံးစံအတိုင်းဆိုရင် ဒီနှစ်မှာ လုံးဝဒီဇိုင်းပြောင်းလဲမှုတွေကို ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး နောက်လာမယ့် ၂၀၂၀ ကြမှ ဒီဇိုင်းပြောင်းလဲမယ်ဆိုတာက Apple အတွက် ထုံးစံကနေ ကွဲထွက်နေတယ်လို့ ပြောလို့ရပါတယ်။

တကယ်လို့ ကိုယ်အသုံးပြုနေတဲ့ Apple Device တွေနဲ့ ပတ်သတ်ပြီး Service ပိုင်းမှာ တစ်ခုခုအကူအညီရယူချင်တယ်ဆိုရင် iSure မှာ သွားရောက်ပြသနိုင်ဦးမှာပါ။

Ref : GSMArena