Apple iPhone ေတြက Lightning Port ကို အသံုးျပဳခဲ့တာ အခုဆိုရင္ ႏွစ္အေတာ္ၾကာရွိေနျပီျဖစ္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာ စမတ္ဖုန္းေတြအားလံုးနီးပါး နဲ႔ Laptop ကြန္ပ်ဴတာေတြက USB-C ဘက္ကို ကူးေျပာင္းေနျပီျဖစ္တဲ့အတြက္ Apple အေနနဲ႔ iPhone ေတြမွာလည္း Lightning အစား USB-C ကို ေျပာင္းလဲဖို႔ လုိအပ္ေနျပီျဖစ္ပါတယ္။

iPhone X Lightning Port

လက္ရွိထြက္ေပၚလာတဲ့ သတင္းေတြအရေတာ့ Apple က သူ႔ရဲ႕ iPhone ေတြမွာ USB-C ကိုေျပာင္းလဲအသံုးျပဳမႈကို စတင္ေဆာင္ရြက္ေနျပီျဖစ္ျပီးေတာ့ လာမယ့္ ၂၀၁၉ မွာ ထြက္ရွိလာမယ့္ iPhone ေတြမွာ USB-C ကို စတင္ေတြ႕ရွိရမယ္လုိ႔ သိရပါတယ္။

မၾကာေသးမီကလည္း Apple က ယခုႏွစ္မွာထုတ္လုပ္မယ့္ iPhone အသစ္ေတြကိုလည္း လက္ရွိ iPhone ေတြမွာ ပါဝင္တဲ့ USB-A to Lightning Charger မွာ USB-C to Lightning ေျပာင္းလဲျပီးေတာ့ 18W Fast Charging စနစ္ကို ထည့္သြင္းမယ္လုိ႔ သတင္းေတြထြက္ေပၚေနတဲ့အတြက္ ျဖစ္ႏုိင္တာကေတာ့ ဒီႏွစ္မွာ Charger ကိုပဲ USB-C ေျပာင္းလဲျပီးေတာ့ ေနာက္ႏွစ္မွ iPhone ေတြမွာပါ USB-C ကိုထည့္သြင္းလာမယ္္လုိ႔ ယူဆရပါတယ္။ တခ်ိဳ႕ကလည္း ဒီႏွစ္မွာ iPhone ေတြမွာ USB-C မပါဝင္လာတာက iPhone အသစ္ေတြထုတ္လုပ္မႈပိုင္းက စတင္ေနျပီးျဖစ္တဲ့အျပင္ Apple အေနနဲ႔လည္း အခုမွစျပီးေတာ့ USB-C ကို ဒီဇုိင္းေျပာင္းလဲဖုိ႔ စီစဥ္ေနတာေၾကာင့္လုိ႔ သတင္းေတြထြက္ေပၚလာပါတယ္။

Lightning Vs USB-C

ဘာပဲျဖစ္ျဖစ္ အခုလုိမ်ိဳး USB-C ကိုပဲ iPhone ၊ Android ဖုန္းေတြအျပင္ ကြန္ပ်ဴတာေတြမွာပါ တူညီစြာအသံုးျပဳလာမယ္ဆုိရင္ Devices မတူလုိ႔ Cable မတူတာမ်ိဳးေတြကို ေရွာင္ရွားႏုိင္မွာျဖစ္တဲ့အျပင္ ယခင္ကလုိမ်ိဳး ဘယ္ဖုန္း၊ ဘယ္ Device ကို အားသြင္းဖုိ႔ မတူညီတဲ့ Cable ေတြ၊ Charger ေတြကို သယ္သြားစရာလုိေတာ့မွာမဟုတ္ပါဘူး။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Apple iPhone တွေက Lightning Port ကို အသုံးပြုခဲ့တာ အခုဆိုရင် နှစ်အတော်ကြာရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ စမတ်ဖုန်းတွေအားလုံးနီးပါး နဲ့ Laptop ကွန်ပျူတာတွေက USB-C ဘက်ကို ကူးပြောင်းနေပြီဖြစ်တဲ့အတွက် Apple အနေနဲ့ iPhone တွေမှာလည်း Lightning အစား USB-C ကို ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

iPhone X Lightning Port

လက်ရှိထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ Apple က သူ့ရဲ့ iPhone တွေမှာ USB-C ကိုပြောင်းလဲအသုံးပြုမှုကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီးတော့ လာမယ့် ၂၀၁၉ မှာ ထွက်ရှိလာမယ့် iPhone တွေမှာ USB-C ကို စတင်တွေ့ရှိရမယ်လို့ သိရပါတယ်။

မကြာသေးမီကလည်း Apple က ယခုနှစ်မှာထုတ်လုပ်မယ့် iPhone အသစ်တွေကိုလည်း လက်ရှိ iPhone တွေမှာ ပါဝင်တဲ့ USB-A to Lightning Charger မှာ USB-C to Lightning ပြောင်းလဲပြီးတော့ 18W Fast Charging စနစ်ကို ထည့်သွင်းမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် ဖြစ်နိုင်တာကတော့ ဒီနှစ်မှာ Charger ကိုပဲ USB-C ပြောင်းလဲပြီးတော့ နောက်နှစ်မှ iPhone တွေမှာပါ USB-C ကိုထည့်သွင်းလာမယ်လို့ ယူဆရပါတယ်။ တချို့ကလည်း ဒီနှစ်မှာ iPhone တွေမှာ USB-C မပါဝင်လာတာက iPhone အသစ်တွေထုတ်လုပ်မှုပိုင်းက စတင်နေပြီးဖြစ်တဲ့အပြင် Apple အနေနဲ့လည်း အခုမှစပြီးတော့ USB-C ကို ဒီဇိုင်းပြောင်းလဲဖို့ စီစဉ်နေတာကြောင့်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

Lightning Vs USB-C

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး USB-C ကိုပဲ iPhone ၊ Android ဖုန်းတွေအပြင် ကွန်ပျူတာတွေမှာပါ တူညီစွာအသုံးပြုလာမယ်ဆိုရင် Devices မတူလို့ Cable မတူတာမျိုးတွေကို ရှောင်ရှားနိုင်မှာဖြစ်တဲ့အပြင် ယခင်ကလိုမျိုး ဘယ်ဖုန်း၊ ဘယ် Device ကို အားသွင်းဖို့ မတူညီတဲ့ Cable တွေ၊ Charger တွေကို သယ်သွားစရာလိုတော့မှာမဟုတ်ပါဘူး။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com