အရင်အပတ်တုန်းက iPhone တွေမှာ Bilateral (PowerShare) နည်းပညာ ပါဝင်လာမယ်လို့ သတင်းထွက်ခဲ့အတိုင်း 2019 မော်ဒယ်တွေကို ပိုများတဲ့ ဘက်ထရီနဲ့ မြင်တွေ့ရနိုင်မယ်လို့ ထပ်ပေါက်ကြားလာခဲ့ပါပြီ။

Image (USA Today)

ဒါကို S10 Family နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Screen Size အကြီးဆုံး iPhone XS Max မှာ ပမာဏ အများဆုံးပါဝင်လာနိုင်ပါတယ်။ ဘာလို့လဲဆိုရင် Power Share ဖို့ Battery Capacity က စကားပြောတာဆိုတော့ Min Chi Kuo အဆိုရ အကြီးဆုံး iPhone ရဲ့ ဘက်ထရီကို ၁၀ ကနေ ၁၅ ရာခိုင်နှုန်းအထိ ထပ်တိုးနိုင်ပါတယ်။ ခန့်မှန်းရသလောက်ဆိုရင် 3,500 mAh အထိ ဖြစ်လာနိုင်မယ်ထင်ပါတယ်။

ဒီလိုပဲ iPhone XS ကိုလည်း ၂၅% အထိ တိုးသွားနိုင်ပြီး ခန့်မှန်းရသလောက် 3,000 mAh အထိ ပါလာမယ်ထင်ပါတယ်။ iPhone XR ကိုတော့ မဆိုစလောက်လေး ၁% လောက်ပဲ တိုးသွားမယ်ဆိုရင်တော့ Galaxy S10e လို Hardware ပိုင်း နည်းနည်းဝိတ်လျှော့ထားတာ ဖြစ်နိုင်ပါတယ်။

Image (USA Today)

အခုလို Battery တိုးလာတာနဲ့ ပတ်သက်လို့ ကျနော် Mention လုပ်ထားသလို Wireless PowerShare နဲ့ Apple Watch ၊ New AirPods တွေကို လုံလုံလောက်လောက် အားပြန်သွင်းဖို့ ဖြစ်နိုင်ပါတယ်။ အဲ့လို မသုံးချင်ဘူးဆိုရင်တောင် Battery Capacity ပိုများလာတာ ပိုကောင်းတယ်ဆိုတာ Apple ပရိသတ် အကြိုက်လည်းဖြစ်ပြီးသားပါ။

Apple Product တွေနဲ့ ပတ်သက်လို့ အရည်သွေးကောင်းတာလိုချင်ရင် iSure ကို လေ့လာဖို့လည်း မမေ့နဲ့ဦးနော်၊ iPhone မှန်ကွဲသွားလို့ ပြင်ချင်တယ်ဆိုရင် Yangon နဲ့ Mandalay ရဲ့ ဘယ်နေရာမှာမဆို အိမ်တိုင်ရာရောက် ပြုပြင်ပေးမယ့် Home Service လည်းရှိနေပါပြီ။

Source: Business Insider
2B (Akhayar)