2019 iPhones

iPhone အသစ်တွေကို အထူးဆန်းနဲ့ မြင်တွေ့စေရမယ်လို့ ပြီးခဲ့တဲ့ Investor Meeting မှာ Tim Cook ပြောခဲ့သလို ကျနော်တို့ မေးခွန်းထုတ်စရာ ရှိမှာက ကင်မရာလား၊ Hardware လား ဒါမှမဟုတ် တခြားနည်းပညာ အသစ်တွေလားပေါ့။ ဆရာ Cook ကြီး ပြောထားတာနဲ့ ကိုက်မကိုက် Supply Chain မှာ Leak ဖြစ်နေတဲ့ သတင်းတွေကို အမြည်းအနေနဲ့ ကျနော် အရင်ဆုံးတင်ပြလိုပါတယ်။

နောက်ဆုံး သတင်းတွေအရဆိုရင်တော့ Apple ဆီက iPhone ၃ မျိုး မြင်တွေ့ရဖို့ရှိပါတယ်။ ဒါပေမယ့် ထူးခြားလာမယ့် အချက်က OLED Display ပဲဖြစ်ပြီး အငယ်ဆုံး iPhone XR တောင် LCD Panel ကို Ditch လုပ်လာနိုင်ပါတယ်။ ရည်ရွယ်ချက်ကတော့ Galaxy S10e ကို Compete လုပ်ဖို့ပါ။

Photo: TimeinCUK

အရင်တုန်းက iPhone လို့ပြောရင် ကင်မရာလို့ပြေးမြင်တဲ့အတိုင်း ဒီကနှစ်မော်ဒယ်တွေမှာ Triple Camera ထည့်သုံးလာမယ့်လို့ သတင်းထွက်နေပါတယ်။ iPhone XR အတွက်တော့ Dual Lens ပဲအားထားဖွယ်ရှိပြီး XS နဲ့ XS Max တို့အတွက်တော့ Upgraded Lens ဒါမှမဟုတ် ရှေးတခါ ကောလာဟလထွက်ထားသလို Sony Sensor သုံးထားပြီး 3D Depth Sensing အတွက် ပံ့ပိုးထားဖွယ်ရှိပါတယ်။

ဒိအတွက်ကြောင့် iPhone အသစ်တွေရဲ့ Face ID လုံခြုံရေး ပိုကောင်းလာမယ်လို့ သုံးသပ်ရပြီး သုံးဖက်မြင်ပုံဖမ်းစနစ်ရဲ့ အနီး၊ အဝေး အတိအကျ ဆန်းစစ်နိုင်မှုကြောင့် Security ပိုင်းမှာ ပို Improve ဖြစ်လာတော့မှာပါ။ အခုလို Major ပိုင်းတွေပြီးသွားရင် ကောလာဟလထွက်နေတာက Huawei နဲ့ Samsung ဖုန်းတွေလို Reverse Wireless Charging နည်းပညာ ပါဝင်လာဖွယ်ရှိပါတယ်။

Photo: USA Today

မဆိုးဘူးလို့ ပြောရပေမယ့် အထူးဆန်းမဟုတ်တော့ဘူးလားလို့။ အခုချိန်ထိ ဝေခွဲမရဖြစ်နေတာက iPhone အသစ်တွေမှာ Lighting Port ကို Ditch လုပ်ပြီး Type-C Connector ပြောင်းသုံးမလားဆိုတာပါပဲ။ တိကျတဲ့ Source အရဆိုရင် Lighting Port ပါဝင်မှာမဟုတ်ပါဘူး။ တကယ်လို့သာ Type-C ပြောင်းသုံးမယ်လို့ Apple ရွေးချယ်ခဲ့ရင် လာမယ့် September Event ရောက်ရင်တော့ အတိကျသိရမှာပါ။

အခုလို အခက်လက် စုံနေတဲ့ iPhone တွေကို Tim Cook ပြောထားတာနဲ့ စဉ်းစားကြည့်ရင် မြှုပ်ကွက်တွေ ကျန်နေပါသေးတယ်။ နောက်ပြီး Intel ရဲ့ Mobile Business ကို ဝယ်မယ်လို့လည်း သတင်းထွက်နေတယ်၊ အရင်တခါ Qualcomm နဲ့ ငြိခဲ့တဲ့ အရှုပ်ထွေးတွေကြောင့် 2019 iPhone တွေမှာ 5G ပါဝင်လာနိုင်ခြေမရှိပါဘူး။

Samsung Galaxy Note 10

ဒုတိယ နေရာမှာထားထားတဲ့ Galaxy Note အသစ်ကို သြဂုတ်လအတွင်း (ကောလာဟလတွေအရ ၁၀ ရက်နေ့ကျ) မြင်ရတော့မှာဖြစ်ပါတယ်။ ဒီတော့ Samsung နောက်ထပ် ဘာများထပ်ကွန့်ပြဦးမလဲ? Selfie Camera ကို Display အောက် ဖျောက်ပစ်မလား ဒါမှမဟုတ် Portless စမတ်ဖုန်းဖြစ်လာနိုင်မလား? ဒါကတော့ Fans တွေ တောင့်တနေတဲ့ Galaxy နည်းပညာတွေဖြစ်လို့ တကယ်တမ်း Official မှာ ချပြလာမယ်လို့ မျှော်လင့်မထားပါနဲ့။

ဘယ်ကုမ္ပဏီကမှ နည်းပညာတခုကို လွယ်လွယ်ချမပြသလို ပရိသတ်တွေ မြင်ချင်တဲ့အတိုင်း Full View Display တို့ UD Selfie Camera တို့ဆိုတာ Galaxy S11 ဒါမှမဟုတ် Note 11 ကျမှပဲ ဖြစ်နိုင်မှာပါ။ ဒါက သဘောပြောတာပေါ့နာ်၊ ကျနော်ဆိုလိုချင်တာ Samsung ဘယ်တော့မှ နည်းပညာအသစ်ကို Flagship Level နဲ့ ဘယ်တော့မှ မိတ်ဆက်လေ့ မရှိပါဘူး။ Under Display Fingerprint ကိုပဲ လေ့လာကြည့်၊ Ultrasonic လို့ ပြောထားတဲ့အတိုင်း လက်ရှိ Android ဖုန်းတွေထဲအမြန်ဆုံး S10 စီးရီးတွေနဲ့ ချပြနိုင်ခဲ့တယ်။

Photo: Samsung

အဲ့တော့ ဖြစ်နိုင်ချေနည်းတဲ့ ကောလာဟလတွေ ရှောင်ရှားရင်း Galaxy ၁၀ နှစ်ပြည့်လည်းဖြစ်နေတဲ့ ၂၀၁၉ မှာ Note 10 ကို တမျိုးတဖုံ အထူးဆန်းဖြစ်အောင်တော့ Samsung လုပ်ပြဦးမယ်လို့တော့ ကျိန်းသေတွက်ထားလို့ရပါတယ်။ ဒီ Note 10 မှာလည်း 5G နဲ့ သာမန် မော်ဒယ်ဆိုပြီး ၂ မျိုးထုတ်လာနိုင်သလို S10 5G လို Quad Camera သုံးထားနိုင်ပါတယ်။ Display ကိုတော့ OnePlus 7 Pro ထက်ပိုကောင်းမယ့် Dynamic AMOLED သုံးလာမယ်လို့ တွက်ထားလို့ရပြီး 4K ရနိုင်မရနိုင်တော့ မပြောတတ်ပါဘူး။

Galaxy Note 9 (Photo: Android Central)

လက်ရှိသတင်းတွေအရ 7nm EUV ပြိုင်ပွဲမှာ Samsung သရဖူဆောင်းထားတော့ Exynos 9820 ထက်ပိုကောင်းမယ့် 7nm Processor အသစ်နဲ့ လာနိုင်ပါတယ်။ ကျိန်းသေ ပြောလို့တော့ မရဘူးပေါ့နော်၊ AMD နဲ့လည်း လက်တွဲထားပြီဆိုတော့ အနာဂတ် Exynos Chip တွေ Radeon Graphics ကြီးနဲ့ ကြမ်းပြဦးမှာပါ။ ဘက်ထရီ၊ Fast Charging တို့ကတော့ Rumours အတိုင်းပြောချင်ပေမယ့် အရေးမပါဘူးထင်ပါတယ်။ အဲ့ဒါကြောင့် ၁ လခွဲကျော်ကျော်ပဲလိုတော့တဲ့ သြဂုတ်လ ရောက်တဲ့ထိ စောင့်လိုက်ကြစို့လား။

Google Pixel 4

ကျနော်က Pixel Boy မဟုတ်ပေမယ့် Google နည်းပညာတွေကို အမြဲ Respect ထား အားပေးနေသူပါ။ ဒါမယ့် မနေ့တနေ့က Leak ချပစ်လိုက်တဲ့ Pixel 4 Camera ပုံစံကြည့်ပြီး တန်ဖိုးထားတဲ့အချက်လေးတောင် နည်းနည်းလျော့သွားချင်သလို ဖြစ်ခဲ့ပါတယ်။ ဒါမယ့်လည်း ခေတ်ကိုက Leak ပြမှ စိတ်ဝင်တစားဖြစ်ဖို့ မုန့်ဖိုးရမှာဆိုတော့ အထူးဆန်း မဟုတ်တော့ပါဘူး။

Google နဲ့ ပတ်သက်လို့ကတော့ ဖုန်းဒီဇိုင်းတွေ၊ Display အလှတွေနဲ့ System Performance မဟုတ်ပါဘူး။ နူကလိယထက်တောင် အဆိပ်ပြင်းတဲ့ AI (Artificial Intelligence) နည်းပညာပဲ ဖြစ်ပြီး Pixel ဖုန်းတွေ တဆက်ပြီးတဆက် ကြီးထွားလာလိုက်တာ ကင်မရာပြွတ်အောင် ထည့်ထားတဲ့ Samsung ၊ Huawei ဖုန်းတွေတောင် နည်းပညာပိုင်း နောက်ကောက် ကျန်နေခဲ့တာပါ။

အထူးသဖြင့် Software Optimization ပိုင်နိုင်တဲ့ Google တယောက် iPhone ကို မယှဉ်နိုင်ဘူးပဲထားဦး Pixel ဖုန်းတလျှောက် ချပြလာတဲ့ Google Assistant တခုထဲကိုပဲ ကြည့်လိုက်ရင် AI ပိုင်းမှာ Apple ထက်သာနေပြီလို့ပဲ လက်ခံရမှာပါ။ ဘာလို့လဲ? email တစောင်၊ စာတကြောင်းပြန်ဖို့နဲ့ ဒီလူကို မင်းဖုန်းခေါ်လိုက်ရမ်းလို့ အမိန့်ပေး ချက်ချင်တန်းခိုင်းလို့ရတဲ့ Personal Assistant မျိုး Google မှာပဲ မြင်ဖူးသေးတာပါ။

ဒါနဲ့ပတ်သက်လို့ ဆောင်းပါးအပြည့်စုံရေးပြီး မဖော်ပြလိုက်ရပေမယ့် ကျနော် အခိုင်မာပြောချင်တဲ့ အချက်ကချက်က Software ပိုင်းမတရားကောင်းပြီး တကယ့် Personal ဖုန်းကောင်းတလုံးကိုင်ချင်တယ်ဆိုရင်တော့ Pixel 4 ကို စောင့်ကြည့်သင့်ပါတယ်။ ကင်မရာတစ်မျိုးထဲမဟုတ်ဘဲ အခုခေတ်မှာ အစစ၊ အရာရာ ကိုယ်လိုချင်တာနဲ့ အကိုက်ဆုံး ဖုန်းတလုံးကို တောင့်တဖူးလား? ဂိမ်းကစား၊ ကင်မရာကောင်းရုံတင်မက ခုလို Voice Command ပေးပြီး ဒေါင့်စေနေတဲ့ဖုန်းမျိုး Google ဆီကပဲ တွေ့ရမှာပါ။

Photo: Android Authority

အခုလား၊ နောင်တချိန်လား မပြောတတ်ပေမယ့် စမတ်ဖုန်းအကြောင်း စိတ်ဝင်စားတာမှန်ရင် Google နည်းပညာတွေကို အစဉ်တစိုက် လေ့လာသင့်ပါတယ်။ နိုဝင်ဘာလထဲမှာလည်း အကြမ်းဆုံး Streaming Platform ကြီး Stadia မိတ်ဆက်ဦးမှာဆိုတော့ ဂိမ်းမင်းလောကလည်း အပြောင်းလဲတခုနဲ့ ကြုံလာနိုင်ပါတယ်။ ဒါပြီးရင်တော့ ဖုန်းလောကကို AI နည်းပညာနဲ့ ရိုက်ခတ်ဦးမယ့် Pixel 4 လာမယ်ပေါ့။

Motorola Razr Foldable

Motorola သတင်းကိုတော့ Exclusive အနေနဲ့ ဖော်ပြထားတာပါ။ အခုချိန်မှာ Foldable Phone ဆိုတာ လူစိတ်ဝင်စားမှု နည်းနေတဲ့အချိန် Razr မိတ်ဆက်ဦးမယ်ဆိုတော့ ဘယ်လိုလာမလဲ မပြောတတ်ပါဘူး။ သိတဲ့အတိုင်း Galaxy Fold ကတော့ အကန့်သတ်မရှိ နောက်ဆုတ်ထားပေမယ့် Mate X ကတော့ မကြာခင် ဈေးကွက်ထဲဝင်လာတော့မယ်လို့ သတင်းထွက်နေပါတယ်။

ဒီ Razr ကတော့ Senior တွေနဲ့မတူတဲ့ Foldable ဒီဇိုင်းကို နမူနာယူထားပြီး အရင်တချိန်က Cell Phone တွေလည်း ခေါက်ထားနိုင်မှာဖြစ်ပါတယ်။ The Wall Street Journal ကတော့ $1,500 လောက် ပေးရမယ့် Razr ကို ပြိုင်ဖက်ကောင်းလို့လည်း သုံးသပ်နေပါတယ်။ ကျနော့်အနေနဲ့ကတော့ Nothing is Impressive ပါ၊ ဘာမှမထူးဘူးလို့ပဲ မြင်ပါတယ်။

Photo: Internet

ကယ်..ဒီလောက်ဆို iPhone ၊ Note 10 နဲ့ Pixel 4 ကို စိတ်ဝင်စားတဲ့သူတွေ သိသင့်သလောက် သိသွားပြီလို့ထင်ပါတယ်။ ဆောင်းပါးရေးဖြစ်တာတော့ Rumour နဲ့ ကုမ္ပဏီတွေ ဘာပြင်ဆင်နေလဲ ချင့်ချိန်နိုင်အောင် ဖော်ပြထားတာဖြစ်လို့ ဘာတွေပါလာနိုင်မလဲ မှန်းဆရင်း Official မိတ်ဆက်သွားမယ့်ရက်ကို အတူတူစောင့်ဆိုင်းလိုက်ကြစို့လား။

2B (Akhayar)
www.akhayar.com