[Zawgyi]

ရီးယဲလ္ကုိ အႏုိင္ယူၿပီး ဥေရာပစူပါဖလား ဆြတ္ခူးခဲ့တဲ့ အက္သလက္တီကုိ

ဥေရာပစူပါဖလားပဲြျဖစ္တဲ့ မက္ဒရစ္ဒါဘီပဲြမွာေတာ့ အက္သလက္တီကုိအသင္းက အခ်ိန္ပုိမွာ သြင္းယူခဲ့တဲ့ ဂုိးေတြနဲ႔အတူ ရီးယဲလ္ကုိ (၄-၂)ဂုိးနဲ႔ အႏုိင္ယူၿပီး ဥေရာပစူပါဖလားကုိ ဆြတ္ခူးခဲ့တယ္။ ရီးယဲလ္နည္းျပသစ္ လုိပယ္တက္ဂီ Lopetegui အေနနဲ႔ သူ႔ရဲ႕ ရီးယဲလ္နည္းျပဘ၀ ပထမဆုံးဆုဖလား ရယူဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ အက္သလက္တီကိုအသင္းရဲ႕ တိုက္စစ္ေတြကုိ မထိန္းခ်ဳပ္ႏုိင္ခဲ့တာေၾကာင့္ ႐ႈံးပဲြနဲ႔ရင္ဆုိင္ခဲ့ရတာပါ။ ဇီဒန္း Zidane နဲ႔ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo မရွိေတာ့တဲ့ ရီးယဲလ္အသင္း ဘယ္လုိပုံစံနဲ႔ ေရွ႕ဆက္မလဲဆုိၿပီး ပရိသတ္ေတြက ေစာင့္ၾကည့္ေနတဲ့အခ်ိန္မွာ ႐ႈံးပဲြႀကံဳေတြ႕ခဲ့လုိ႔ စိတ္ပ်က္စရာေတာ့ျဖစ္ခဲ့တယ္။

ATLÉTICO-MADRID-2018-UEFA-Super-Cup-Champion

ATLÉTICO-MADRID-2018-UEFA-Super-Cup-Champion

ဒီပဲြမွာ ႏွစ္သင္းစလုံးကစားပုံက အေကာင္းဆုံးအေနအထားမွာ ရွိခဲ့ၿပီး ျမန္ႏႈန္းျမင့္ပုံစံနဲ႔ ကစားခဲ့တာေၾကာင့္ ပဲြက အႀကိတ္အနယ္ရွိခဲ့တယ္။ ရီးယဲလ္ရဲ႕ေျခစြမ္းက အရင္တုန္းကနဲ႔ ကြာျခားမႈမရွိေပမယ့္ အခြင့္အေရးတြကုိ ဂုိးအျဖစ္ေျပာင္းလဲႏုိင္စြမ္းမွာေတာ့ စီေရာ္နယ္လ္ဒုိ မရွိတာက နည္းနည္းသိသာခဲ့ပါတယ္။ အက္သလက္တီကုိအသင္းကလည္း ၿမိဳ႕ခံၿပိဳင္ဘက္ကုိ အႏုိင္ရခ်င္တဲ့ စိတ္အျပည့္နဲ႔ ကစားခဲ့လုိ႔လည္း ရီးယဲလ္ အခက္ေတြ႕ခဲ့တာပါ။ ပဲြစစခ်င္းမွာပဲ အက္သလက္တီကို တိုက္စစ္မွဴး ဒီေယဂုိေကာ္စတာ Diego Costa က ေထာင့္က်ဥ္းကုိ အျပင္းကန္ၿပီး အဖြင့္ဂုိးသြင္းယူခဲ့တယ္။

Gareth-Bale-and-Benzema

Gareth-Bale-and-Benzema

ေနာက္ပုိငး္မိနစ္ေတြမွာေတာ့ ရီးယဲလ္က အက္သလက္တီကုိအသင္းကုိ ဖိအားေပးႏုိင္ခဲ့ၿပီး ညာေတာင္ပံထြက္ကစားတဲ့ ဂါရတ္ေဘးလ္ Gareth Bale ကလည္း ၿပိဳင္ဘက္ခံစစ္ကုိ အေကာင္းဆုံးထုိးေဖာက္ကစားႏုိင္ခဲ့တယ္။ ရီးယဲလ္အသင္းအတြက္ အဖြင့္ဂုိးကုိ ဂါရတ္ေဘးလ္ ညာျခမ္းကေန တင္ေပးလုိက္တာကုိ ဘန္ဇီမာ Benzema က ေခါငး္တိုက္သြင္းယူခဲ့တာ ျဖစ္ပါတယ္။ (၆၃)မိနစ္မွာ ပယ္နယ္တီကေန ရာမုိ႔စ္ Ramos က ဦးေဆာင္ဂုိးသြင္းယူခဲ့ေပမယ့္ (၇၉)မိနစ္မွာ ဒီေယဂုိေကာ္စတာကပဲ ေခ်ပဂုိးျပန္သြင္းခဲ့တယ္။ ရီးယဲလ္ခံစစ္က ဒီေယဂုိေကာ္စတာအပါအ၀င္ အက္သလက္တီကုိရဲ႕ တိုက္စစ္ကစားသမားေတြကုိ ခက္ခက္ခဲခဲထိန္းခ်ဳပ္ခဲ့ရတယ္။

Benzema-Score-for-Real-Madrid

Benzema-Score-for-Real-Madrid

သာမန္ပဲြကစားခ်ိန္အတြင္း (၂)ဂုိးစီသေရက်ေနတာေၾကာင့္ အခ်ိန္ပုိဆက္ကစားခဲ့ၿပီး (၉၈)မိနစ္မွာ ဆာအူလ္ Saul ၊ (၁၀၄)မိနစ္မွာ ကိုေက Koke တို႔က ဂုိးေတြ ဆက္တိုက္သြင္းယူခဲ့လုိ႔ အက္သလက္တီကုိ (၄-၂)ဂုိးနဲ႔ အႏုိင္ရခဲ့တာျဖစ္ပါတယ္။ ပဲြပယ္ျပစ္ဒဏ္ေၾကာင့္ ဒီပဲြကုိ ကုိင္တြယ္ခြင့္မရခဲ့တဲ့ အက္သလက္တီကုိ နည္းျပဆီျမြန္နီ Simeone အတြက္လည္း ရီးယဲလ္အႏုိင္ရခဲ့လုိ႔ ေက်နပ္စရာျဖစ္ခဲ့ရတယ္။

ATLÉTICO-MADRID-Players-with-UEFA-Super-Cup

ATLÉTICO-MADRID-Players-with-UEFA-Super-Cup

အက္သလက္တီကုိအသင္းဟာ ဥေရာပစူပါဖလား ကစားခြင့္ရခဲ့တဲ့အႀကိမ္တိုင္း (၂၀၁၀၊ ၂၀၁၂၊ ၂၀၁၈) ခ်န္ပီယံဆု ရယူခဲ့တဲ့ မွတ္တမ္းေကာင္း ပုိင္ဆုိင္ႏုိင္ခဲ့ပါတယ္။

Photo:ATLÉTICO MADRID Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်ကို အနိုင်ယူပြီး ဥရောပစူပါဖလား ဆွတ်ခူးခဲ့တဲ့ အက်သလက်တီကို

ဥရောပစူပါဖလားပွဲဖြစ်တဲ့ မက်ဒရစ်ဒါဘီပွဲမှာတော့ အက်သလက်တီကိုအသင်းက အချိန်ပိုမှာ သွင်းယူခဲ့တဲ့ ဂိုးတွေနဲ့အတူ ရီးယဲလ်ကို (၄-၂)ဂိုးနဲ့ အနိုင်ယူပြီး ဥရောပစူပါဖလားကို ဆွတ်ခူးခဲ့တယ်။ ရီးယဲလ်နည်းပြသစ် လိုပယ်တက်ဂီ Lopetegui အနေနဲ့ သူ့ရဲ့ ရီးယဲလ်နည်းပြဘ၀ ပထမဆုံးဆုဖလား ရယူဖို့ ကြိုးစားခဲ့ပေမယ့် အက်သလက်တီကိုအသင်းရဲ့ တိုက်စစ်တွေကို မထိန်းချုပ်နိုင်ခဲ့တာကြောင့် ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာပါ။ ဇီဒန်း Zidane နဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo မရှိတော့တဲ့ ရီးယဲလ်အသင်း ဘယ်လိုပုံစံနဲ့ ရှေ့ဆက်မလဲဆိုပြီး ပရိသတ်တွေက စောင့်ကြည့်နေတဲ့အချိန်မှာ ရှုံးပွဲကြုံတွေ့ခဲ့လို့ စိတ်ပျက်စရာတော့ဖြစ်ခဲ့တယ်။

ATLÉTICO-MADRID-2018-UEFA-Super-Cup-Champion

ATLÉTICO-MADRID-2018-UEFA-Super-Cup-Champion

ဒီပွဲမှာ နှစ်သင်းစလုံးကစားပုံက အကောင်းဆုံးအနေအထားမှာ ရှိခဲ့ပြီး မြန်နှုန်းမြင့်ပုံစံနဲ့ ကစားခဲ့တာကြောင့် ပွဲက အကြိတ်အနယ်ရှိခဲ့တယ်။ ရီးယဲလ်ရဲ့ခြေစွမ်းက အရင်တုန်းကနဲ့ ကွာခြားမှုမရှိပေမယ့် အခွင့်အရေးတွကို ဂိုးအဖြစ်ပြောင်းလဲနိုင်စွမ်းမှာတော့ စီရော်နယ်လ်ဒို မရှိတာက နည်းနည်းသိသာခဲ့ပါတယ်။ အက်သလက်တီကိုအသင်းကလည်း မြို့ခံပြိုင်ဘက်ကို အနိုင်ရချင်တဲ့ စိတ်အပြည့်နဲ့ ကစားခဲ့လို့လည်း ရီးယဲလ် အခက်တွေ့ခဲ့တာပါ။ ပွဲစစချင်းမှာပဲ အက်သလက်တီကို တိုက်စစ်မှူး ဒီယေဂိုကော်စတာ Diego Costa က ထောင့်ကျဉ်းကို အပြင်းကန်ပြီး အဖွင့်ဂိုးသွင်းယူခဲ့တယ်။

Gareth-Bale-and-Benzema

Gareth-Bale-and-Benzema

နောက်ပိုင်းမိနစ်တွေမှာတော့ ရီးယဲလ်က အက်သလက်တီကိုအသင်းကို ဖိအားပေးနိုင်ခဲ့ပြီး ညာတောင်ပံထွက်ကစားတဲ့ ဂါရတ်ဘေးလ် Gareth Bale ကလည်း ပြိုင်ဘက်ခံစစ်ကို အကောင်းဆုံးထိုးဖောက်ကစားနိုင်ခဲ့တယ်။ ရီးယဲလ်အသင်းအတွက် အဖွင့်ဂိုးကို ဂါရတ်ဘေးလ် ညာခြမ်းကနေ တင်ပေးလိုက်တာကို ဘန်ဇီမာ Benzema က ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ (၆၃)မိနစ်မှာ ပယ်နယ်တီကနေ ရာမို့စ် Ramos က ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် (၇၉)မိနစ်မှာ ဒီယေဂိုကော်စတာကပဲ ချေပဂိုးပြန်သွင်းခဲ့တယ်။ ရီးယဲလ်ခံစစ်က ဒီယေဂိုကော်စတာအပါအဝင် အက်သလက်တီကိုရဲ့ တိုက်စစ်ကစားသမားတွေကို ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရတယ်။

Benzema-Score-for-Real-Madrid

Benzema-Score-for-Real-Madrid

သာမန်ပွဲကစားချိန်အတွင်း (၂)ဂိုးစီသရေကျနေတာကြောင့် အချိန်ပိုဆက်ကစားခဲ့ပြီး (၉၈)မိနစ်မှာ ဆာအူလ် Saul ၊ (၁၀၄)မိနစ်မှာ ကိုကေ Koke တို့က ဂိုးတွေ ဆက်တိုက်သွင်းယူခဲ့လို့ အက်သလက်တီကို (၄-၂)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဒီပွဲကို ကိုင်တွယ်ခွင့်မရခဲ့တဲ့ အက်သလက်တီကို နည်းပြဆီမြွန်နီ Simeone အတွက်လည်း ရီးယဲလ်အနိုင်ရခဲ့လို့ ကျေနပ်စရာဖြစ်ခဲ့ရတယ်။

ATLÉTICO-MADRID-Players-with-UEFA-Super-Cup

ATLÉTICO-MADRID-Players-with-UEFA-Super-Cup

အက်သလက်တီကိုအသင်းဟာ ဥရောပစူပါဖလား ကစားခွင့်ရခဲ့တဲ့အကြိမ်တိုင်း (၂၀၁၀၊ ၂၀၁၂၊ ၂၀၁၈) ချန်ပီယံဆု ရယူခဲ့တဲ့ မှတ်တမ်းကောင်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Photo:ATLÉTICO MADRID Twitter
Naing Linn(Akhayar)
www.akhayar.com