[Zawgyi]







Savage Water Festival




Barrack Festival








Redrose (Akhayar)

www.akhayar.com


[Unicode]

ဒီ၂၀၁၈ခုနှစ် သင်္ကြန်တော့ အမိုက်စားကဲနိုင်ပြီ

၂၀၁၈ခုနှစ်မှာ အရာရာအားလုံး ပိုတိုးတက်လာကြတယ်။ အထူးသဖြင့် Music နဲ့ လူငယ်တွေရဲ့ Lifestyle ပိုင်းတွေမှာ အရမ်းတိုးတက်လာတယ်။ EDM Festival နဲ့ DJ Artist တွေလည်း မြန်မာနိုင်ငံကို အများကြီး ရောက်ရှိလို့လာကြပြီ။ ဒီထက်ပိုမိုက်တာက ဒီနှစ် အတာသင်္ကြန်နှစ်ကူးမှာ Local DJ အသစ်စက်စက်လေးတွေပါတဲ့အပြင် Foreign DJ အမိုက်စား အလန်းစားတွေနဲ့ ကိုယ်ကြိုက်နှစ်သက်ရာ မဏ္ဍပ်တိုင်းမှာ ကဲလို့ရနေနိုင်တာပဲဖြစ်ပါတယ်။

BlackJack Water Festival – Underwater

blackjack-water festival (Source : Blackjack Water Festival Facebook Page)

Blackjack Water Festival (Source : Blackjack Water Festival Facebook Page)

၂၀၁၈ခုနှစ်မှာတော့ Black Jack မဏ္ဍပ်ကြီးကို အားပေးကြတဲ့သူတွေအတွက် Foreign Dj အဖွဲ့ဖြစ်တဲ့ Netherlands နိုင်ငံသား  Dj Duo တီးသူ Lucas & Steve ကို လူငယ်တွေအားလုံး ပျော်ပျော်ပါးပါးကဲလို့ရအောင် ဖိတ်ခေါ်လို့ထားပါတယ်တဲ့နော်။ ဒါ့အပြင် Rave Radio အဖွဲ့သားကိုလည်း ဖိတ်ခေါ်ထားသေးတဲ့အတွက် လွှတ်ကဲလို့ကောင်းနေမှာပါ။ မဏ္ဍပ်မှာ ဖျော်ဖြေတင်ဆက်မယ့်အချိန်ကို အသေးစိတ်သိချင်ရင်တော့ Black Jack Water Festival ကို သွားရောက်မေးမြန်းနိုင်ပါတယ်။

Savage Water Festival

Savage Water Festival (Source : Savage Water Festival Facebook Page)

Savage Water Festival (Source : Savage Water Festival Facebook Page)

နာမည်ကျော် အမေရိကန်နိုင်ငံ ရက်ပ်ပါအဆိုတော်တစ်ယောက်ဖြစ်တဲ့ Twista ကိုတော့ လူငယ်တွေ စိတ်လွတ်လက်လွတ်ကဲလို့ရနိုင်ဖို့အတွက် ဖိတ်ခေါ်လို့ထားကြောင်းသိရှိရပါတယ်။ ဒါ့အပြင်ကိုမှ အခြား Foreign Dj တွေဖြစ်တဲ့ MD MOCHIO ၊ Dj Mater Dee နဲ့ MC YOUNG P.A ကိုလည်း ပါဝင်ပြီး ပျော်သည်ထက်ပိုပျော်ဖို့ကောင်းတဲ့အချိန်အခါကို ရရှိစေဖို့အတွက် ဖိတ်ခေါ်ထားပါသေးတယ်တဲ့။

Barrack Festival

dirtcaps (Source : jasperdeveer.nl)

dirtcaps (Source : jasperdeveer.nl)

ဒီနှစ် Barrack Festival ကတော့ အရင်နှစ်တွေနဲ့ မတူဘဲ မိတ်ဟောင်းမိတ်သစ်တွေအားလုံးအတွက် အမိုက်စား Foreign Dj ဖိတ်ခေါ်လို့ထားပါတယ်။ သူကတော့ DIRTCAPS ပဲဖြစ်ပါတယ်။ အားလုံး တက်တက်ကြွကြွနဲ့ လာရောက်ကဲကြဖို့နဲ့ စိတ်ပျက်စရာတွေမဖြစ်အောင် စီမံဆောင်ရွက်လို့နေပါတယ်တဲ့။

Thingyan Music Festival – TMF

TMF Water Festival (Source : TMF Water Festival Facebook Page)

TMF Water Festival (Source : TMF Water Festival Facebook Page)

သင်္ကြန်နှစ်တိုင်းရဲ့ မဏ္ဍပ်ဘုရင်တစ်ပါးဖြစ်တဲ့ Thingyan Music Festival – TMF ကတော့ ဒီနှစ်၂၀၁၈ သင်္ကြန်မှာ တကယ့် ဒိတ်ဒိတ်ကျဲ Foreign Dj တွေကို ဖိတ်ကြားထားပါတယ်။ သူတို့တွေကတော့ ၂၀၁၅ခုနှစ်မှာ စပြီးအောင်မြင်လို့လာတဲ့ SHAPOV ၊ ATMOZFEARS ၊ Krewella ၊ Sophie Francis ၊ Brennan Heart ၊ LNY TNZ ၊ UMMET OZCAN အဖွဲ့သားတွေအပြင် ထုံးစံအတိုင်း Yellow Claw တို့ ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။