[Zawgyi]

ျမန္မာယူ ၂၃ အသင္းအတြက္ အေတြ႕အၾကံဳေကာင္းေတြရေစမယ္႔ ၂၀၁၈ အာရွအားကစားျပိဳင္ပြဲ

ျမန္မာယူ ၂၃ အသင္းအတြက္ စိန္ေခၚမႈေတြဟာ ေရွ႕မွာေစာင္႔ၾကိဳေနၾကျပီလို႔ ဆိုရမွာပါ။ ဒီေန႔မွာ ျမန္မာယူ ၂၃ အသင္းဟာ အင္ဒိုနီးရွားႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပမယ္႔ အာရွအားကစားျပိဳင္ပြဲ အုပ္စုအဆင္႔ပြဲအျဖစ္ ေျမာက္ကိုရီးယားယူ ၂၃ အသင္းနဲ႔ ရင္ဆိုင္ကစားသြားရမွာပဲျဖစ္ပါတယ္။ ျမန္မာ ယူ ၂၃ အသင္းဟာ အုပ္စုအဆင္႔မွာ ေျမာက္ကိုရီးယားယူ ၂၃ ၊ အီရန္ယူ ၂၃ ၊ ေဆာ္ဒီအာေရဗ်ယူ ၂၃ အသင္းေတြနဲ႔ ကစားသြားရမွာပါ။ ျမန္မာယူ ၂၃အသင္းဟာ အုပ္စုက်ပ္ထဲေရာက္ေနလို႔ ခက္ခဲဖို႔ရိွပါတယ္။

Myanmar-Football-Player-Celebrate

Myanmar-Football-Players-Celebrate

လက္ရိွ ျမန္မာယူ ၂၃ အသင္းရဲ႕လူစာရင္းကိုၾကည္႔ရင္ အတိုင္းအတာတစ္ခုထိေကာင္းမြန္ေနတာကိုေတြ႕ရပါတယ္။ ျမန္မာယူ ၂၃ အသင္းဟာ လူၾကီး၊လူငယ္ ေရာစပ္ထားျပီး တက္သစ္စလူငယ္ကစားသမားတခ်ိဳ႕ပါ ပါ၀င္လာတာကိုေတြ႕ရပါတယ္။ ေက်ာ္ဇင္ထက္ ၊ ေဇာ္မင္းထြန္း တို႔ရဲ႕အေတြ႕အၾကံဳေတြဟာ ျမန္မာယူ ၂၃အသင္းအတြက္ အေထာက္အပံေကာင္းေတြျဖစ္လာမွာျဖစ္ျပီး ေအာင္သူ ၊ လိႈင္းဘိုဘို ၊ ထိုက္ထိုက္ေအာင္ ၊ ေမာင္ေမာင္စိုး ၊ ေမာင္ေမာင္လြင္ ၊ နႏၵေက်ာ္ ၊ စည္သူေအာင္ ၊ ရန္ႏိုင္ဦး တို႔အစုအဖြဲ႕ဟာ ျပိဳင္ဘက္ေတြကို အခက္ေတြ႕ေစမလားဆိုတာကလည္း စိတ္၀င္စားစရာပါ။ျမန္မာယူ ၂၃ အသင္းမွာ ၂၀၁၅ ယူ ၂၀ ကမၻာ႔ဖလားျပိဳင္ပြဲ၀င္ကစားသမားတခ်ိဳ႕လည္းပါ၀င္လာတာေၾကာင္႔ အသင္းရဲ႕အေနအထားဟာ စိတ္၀င္စားစရာေတြနဲ႔ ျပည္႔ေနပါတယ္။ ျမန္မာယူ ၂၃ အသင္းဟာ နည္းျပသစ္ အန္တိုနီေဟး လက္ထက္မွာကစားပံုတိုးတက္မႈေလးေတြရိွလာတာေၾကာင္႔ ေမွ်ာ္လင္႔ခြင္႔ရိွေနတာကေတာ႔ အမွန္ပါပဲ။ ျမန္မာယူ ၂၃ အသင္းမွာ အဓိကေစာင္႔ၾကည္႔သြားရမယ္႔သူကေတာ႔ တိုက္စစ္မႈးေအာင္သူပဲျဖစ္ပါတယ္။ ေျခစြမ္းပိုင္းဆိုင္ရာ ေကာင္းမြန္တဲ႔ ေအာင္သူ ဟာ ထိုင္းကလပ္ Police Tero အသင္းမွာ အငွားနဲ႔သြားေရာက္ကစားေနသူျဖစ္ျပီး ေျခစြမ္းပိုင္းပိုမိုတိုးတက္မႈေတြရိွလာသူပဲျဖစ္ပါတယ္။ ေအာင္သူဟာ ျမန္မာေဘာလံုးပရိတ္သတ္ေတြအတြက္ ေမွ်ာ္လင္႔ခ်က္ေရာင္ျခည္တစ္ခုျဖစ္ျပီး ပရိတ္သတ္ေတြေက်နပ္ေအာင္ ေအာင္သူအေနနဲ႔လုပ္ေဆာင္ျပသြားႏိုင္ဖို႔ ေမွ်ာ္လင္႔မိပါတယ္။

Aung-Thu

Aung-Thu

ျမန္မာအသင္းဟာ အာရွအားကစားျပိဳင္ပြဲမွာ အစဥ္အလာရိွတဲ႔အသင္းျဖစ္ျပီး ၁၉၅၄ ခုႏွစ္မွာ ေၾကးတံဆိပ္ဆု ၊ ၁၉၆၆ ခုႏွစ္နဲ႔ ၁၉၇၀ ခုႏွစ္ေတြမွာ ေရႊ႔တံဆိပ္ဆုေတြကို ရရိွခဲ႔ပါတယ္။ ျမန္မာယူ ၂၃ အသင္းအေနနဲ႔ ဒီျပိဳင္ပြဲမွာ ဘယ္လိုရလဒ္ပဲရရိွပါေစ အာရွထိပ္သီးအသင္းေတြနဲ႔ရင္ဆိုင္ရမွာျဖစ္လို႔ အေတြ႕အၾကံဳေကာင္းေတြရရိွမွာကေတာ႔ အေသအခ်ာပဲျဖစ္ပါတယ္။ ဒီျပိဳင္ပြဲမွာရရိွလာမယ္႔ အေတြ႕အၾကံဳေကာင္းေတြကို ေဒသတြင္းျပိဳင္ပြဲေတြမွာအသံုးခ်ႏိုင္မလားဆိုတာကိုေတာ႔ ….

ျမန္မာယူ ၂၃ အသင္းရဲ႕ပြဲစဥ္မ်ား

၁၅.၈.၂၀၁၈
ျမန္မာ ယူ ၂၃ ႏွင္႔ ေျမာက္ကိုရီးယား ယူ ၂၃ (ညေန ၆း၃၀)

၁၇.၈.၂၀၁၈
ျမန္မာ ယူ ၂၃ ႏွင္႔ ေဆာ္ဒီအာေရဗ် ယူ ၂၃  (ညေန ၆း၃၀)

၂၀.၈.၂၀၁၈
ျမန္မာ ယူ ၂၃ ႏွင္႔ အီရန္ ယူ ၂၃ (ညေန ၃း၃၀)

အာရွအားကစားျပိဳင္ပြဲမွာ အၾကိမ္အမ်ားဆံုးဗိုလ္စြဲခဲ႔တဲ႔ အသင္းမ်ား

South Korea 4 (1970, 1978, 1986, 2014)
Iran 4 (1974, 1990, 1998, 2002)
India 2 (1951, 1962)
Myanmar 2 (1966, 1970)
Chinese Taipei 2 (1954, 1958)
North Korea 1 (1978)
Japan 1 (2010)
Iraq 1 (1982)
Qatar 1 (2006)
Uzbekistan 1 (1994)

Photo: globalnewlightofmyanmar.com , Sporting News
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မြန်မာယူ ၂၃ အသင်းအတွက် အတွေ့အကြုံကောင်းတွေရစေမယ့် ၂၀၁၈ အာရှအားကစားပြိုင်ပွဲ

မြန်မာယူ ၂၃ အသင်းအတွက် စိန်ခေါ်မှုတွေဟာ ရှေ့မှာစောင့်ကြိုနေကြပြီလို့ ဆိုရမှာပါ။ ဒီနေ့မှာ မြန်မာယူ ၂၃ အသင်းဟာ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အာရှအားကစားပြိုင်ပွဲ အုပ်စုအဆင့်ပွဲအဖြစ် မြောက်ကိုရီးယားယူ ၂၃ အသင်းနဲ့ ရင်ဆိုင်ကစားသွားရမှာပဲဖြစ်ပါတယ်။ မြန်မာ ယူ ၂၃ အသင်းဟာ အုပ်စုအဆင့်မှာ မြောက်ကိုရီးယားယူ ၂၃ ၊ အီရန်ယူ ၂၃ ၊ ဆော်ဒီအာရေဗျယူ ၂၃ အသင်းတွေနဲ့ ကစားသွားရမှာပါ။ မြန်မာယူ ၂၃အသင်းဟာ အုပ်စုကျပ်ထဲရောက်နေလို့ ခက်ခဲဖို့ရှိပါတယ်။

Myanmar-Football-Player-Celebrate

Myanmar-Football-Players-Celebrate

လက်ရှိ မြန်မာယူ ၂၃ အသင်းရဲ့လူစာရင်းကိုကြည့်ရင် အတိုင်းအတာတစ်ခုထိကောင်းမွန်နေတာကိုတွေ့ရပါတယ်။ မြန်မာယူ ၂၃ အသင်းဟာ လူကြီး၊လူငယ် ရောစပ်ထားပြီး တက်သစ်စလူငယ်ကစားသမားတချို့ပါ ပါဝင်လာတာကိုတွေ့ရပါတယ်။ ကျော်ဇင်ထက် ၊ ဇော်မင်းထွန်း တို့ရဲ့အတွေ့အကြုံတွေဟာ မြန်မာယူ ၂၃အသင်းအတွက် အထောက်အပံကောင်းတွေဖြစ်လာမှာဖြစ်ပြီး အောင်သူ ၊ လှိုင်းဘိုဘို ၊ ထိုက်ထိုက်အောင် ၊ မောင်မောင်စိုး ၊ မောင်မောင်လွင် ၊ နန္ဒကျော် ၊ စည်သူအောင် ၊ ရန်နိုင်ဦး တို့အစုအဖွဲ့ဟာ ပြိုင်ဘက်တွေကို အခက်တွေ့စေမလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။မြန်မာယူ ၂၃ အသင်းမှာ ၂၀၁၅ ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ကစားသမားတချို့လည်းပါဝင်လာတာကြောင့် အသင်းရဲ့အနေအထားဟာ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေပါတယ်။ မြန်မာယူ ၂၃ အသင်းဟာ နည်းပြသစ် အန်တိုနီဟေး လက်ထက်မှာကစားပုံတိုးတက်မှုလေးတွေရှိလာတာကြောင့် မျှော်လင့်ခွင့်ရှိနေတာကတော့ အမှန်ပါပဲ။ မြန်မာယူ ၂၃ အသင်းမှာ အဓိကစောင့်ကြည့်သွားရမယ့်သူကတော့ တိုက်စစ်မှုးအောင်သူပဲဖြစ်ပါတယ်။ ခြေစွမ်းပိုင်းဆိုင်ရာ ကောင်းမွန်တဲ့ အောင်သူ ဟာ ထိုင်းကလပ် Police Tero အသင်းမှာ အငှားနဲ့သွားရောက်ကစားနေသူဖြစ်ပြီး ခြေစွမ်းပိုင်းပိုမိုတိုးတက်မှုတွေရှိလာသူပဲဖြစ်ပါတယ်။ အောင်သူဟာ မြန်မာဘောလုံးပရိတ်သတ်တွေအတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခုဖြစ်ပြီး ပရိတ်သတ်တွေကျေနပ်အောင် အောင်သူအနေနဲ့လုပ်ဆောင်ပြသွားနိုင်ဖို့ မျှော်လင့်မိပါတယ်။

Aung-Thu

Aung-Thu

မြန်မာအသင်းဟာ အာရှအားကစားပြိုင်ပွဲမှာ အစဉ်အလာရှိတဲ့အသင်းဖြစ်ပြီး ၁၉၅၄ ခုနှစ်မှာ ကြေးတံဆိပ်ဆု ၊ ၁၉၆၆ ခုနှစ်နဲ့ ၁၉၇၀ ခုနှစ်တွေမှာ ရွှေ့တံဆိပ်ဆုတွေကို ရရှိခဲ့ပါတယ်။ မြန်မာယူ ၂၃ အသင်းအနေနဲ့ ဒီပြိုင်ပွဲမှာ ဘယ်လိုရလဒ်ပဲရရှိပါစေ အာရှထိပ်သီးအသင်းတွေနဲ့ရင်ဆိုင်ရမှာဖြစ်လို့ အတွေ့အကြုံကောင်းတွေရရှိမှာကတော့ အသေအချာပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာရရှိလာမယ့် အတွေ့အကြုံကောင်းတွေကို ဒေသတွင်းပြိုင်ပွဲတွေမှာအသုံးချနိုင်မလားဆိုတာကိုတော့ ….

မြန်မာယူ ၂၃ အသင်းရဲ့ပွဲစဉ်များ

၁၅.၈.၂၀၁၈
မြန်မာ ယူ ၂၃ နှင့် မြောက်ကိုရီးယား ယူ ၂၃ (ညနေ ၆း၃၀)

၁၇.၈.၂၀၁၈
မြန်မာ ယူ ၂၃ နှင့် ဆော်ဒီအာရေဗျ ယူ ၂၃  (ညနေ ၆း၃၀)

၂၀.၈.၂၀၁၈
မြန်မာ ယူ ၂၃ နှင့် အီရန် ယူ ၂၃ (ညနေ ၃း၃၀)

အာရှအားကစားပြိုင်ပွဲမှာ အကြိမ်အများဆုံးဗိုလ်စွဲခဲ့တဲ့ အသင်းများ

South Korea 4 (1970, 1978, 1986, 2014)
Iran 4 (1974, 1990, 1998, 2002)
India 2 (1951, 1962)
Myanmar 2 (1966, 1970)
Chinese Taipei 2 (1954, 1958)
North Korea 1 (1978)
Japan 1 (2010)
Iraq 1 (1982)
Qatar 1 (2006)
Uzbekistan 1 (1994)

Photo: globalnewlightofmyanmar.com , Sporting News
Ko Kyue(Akhayar)
www.akhayar.com