[Zawgyi]




George & Amal Clooney

George & Amal Clooney

















Elon Musk & Grimes

Elon Musk & Grimes











Yoe Lu (Akhayar)

www.akhayar.com

Ref : www.eonline.com
[Unicode]

2018 Met Gala ပွဲကို တက်ရောက်လာတဲ့ နာမည်ကျော်စုံတွဲများရဲ့ ဖက်ရှင်များ

Met Gala ပွဲကို တက်ရောက်လာတဲ့ နာမည်ကြီးစုံတွဲတွေရဲ့ ဖက်ရှင်တွေကို မပြောပြခင် Met Gala ဆိုတာ ဘာလဲ ပြောပြပါရစေ။ နယူးယောက်မြို့မှာရှိတဲ့ မက်ထရိုပိုလီတန်အနုပညာပြတိုက်ရဲ့ ဝတ်စုံဖက်ရှင်ပွဲတော်ကြီးဖြစ်ပြီး ၁၉၄၈ ခုနှစ်တည်းက စတင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ အဆိုတော်တွေ၊ သရုပ်ဆောင်တွေ၊ အခြားနာမည်ကြီးတွေဟာ ဒီပွဲကိုတက်ရောက်ပြီ မက်ထရိုပိုလီတန် ဝတ်စုံသိပ္ပံအတွက် အလှူငွေရအောင် လုပ်ဆောင်လာကြတဲ့ ပွဲဖြစ်ပါတယ်။

ဒီနှစ် 2018 Met Gala ရဲ့ Theme ကတော့ Heavenly Bodies : Fashion and the Catholic Imagination ဖြစ်ပါတယ်။ ဒီနှစ်ပွဲတက်လာတဲ့ ဖက်ရှင်တွေထဲကမှ စုံတွဲလိုက်ပွဲတက်လာတဲ့ သူတွေရဲ့ ဝတ်စုံဖက်ရှင်တွေကို တချက်ကြည့်လိုက်ရအောင်။

George & Amal Clooney

George & Amal Clooney

မင်းသားကြီး George Clooney  တို့ စုံတွဲဖြစ်ပြီး နှစ်ယောက်လုံးလှပကျက်သရေရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။

Kylie Jenner & Travis Scott

Kylie Jenner & Travis Scott

Baby Stormi လေးကို မွေးဖွားပြီး ၃လအကြာမှာ ပထမဦးဆုံးအကြိမ် နှစ်ဦးသား Red Carpet ပွဲတစ်ခုကို ပြန်လည်တက်ရောက်လာခြင်းလည်း ဖြစ်ပါတယ်။

Jennifer Lopez & Alex Rodriguez

Jennifer Lopez & Alex Rodriguez

J Lo ကတော့ အခုလက်ရှိတွဲနေတဲ့ ချစ်သူဖြစ်တဲ့ အမေရိကန်လူမျိုး ဘေ့စ်ဘောကစားသမားဟောင်း Alex Rodriguez (A-Rod) နဲ့ ပွဲတက်လာပုံဖြစ်ပါတယ်။

Rande Gerber & Cindy Crawford

Rande Gerber & Cindy Crawford

စူပါမော်ဒယ်လ်မင်းသမီးကြီး Cindy Crawford ကို မှတ်မိကြဦးမယ်ဆိုရင် သူ့အလှဟာ အခုထိ တော်ဝင်ဆန်ဆန်လှပနေတုန်းဆိုတာ တွေ့ရမှာပါ။

Scarlett Johanson & Colin Jost

Scarlett Johansson& Colin Jost

မင်းသမီး Scarlett Johnsson ကိုတော့ Saturday Night Live Series ထဲက မင်းသား Colin Jost နဲ့ အတူတွဲပွဲတက်လာတာကို တွေ့ရပုံပါ။

Shawn Mendes & Hailey Baldwin

Shawn Mendes & Hailey Baldwin

Hello Shawn! ကနေဒါလူမျိုး အဆိုတော်နဲ့ သီချင်းရေးဆရာ Shawn Mendes နဲ့ Hailey Baldwin တို့ကတော့ ပထမဆုံး ပေါ်ပေါ်တင်တင်တွဲပြီး ပွဲတက်လာကြပါတယ်။

Elon Musk & Grimes

Elon Musk & Grimes

SpaceX CEO Elon Musk တစ်ယောက်ကတော့ Indie အဆိုတော်နဲ့ အနုပညာရှင် Grimes နဲ့ပွဲတက်လာပြီး ကောလာဟလတွေကို ပွဲပိုဆူစေခဲ့ပါတယ်။

Colin Firth & Livia Giuggioli

Colin Firth & Livia Giuggioli

Colin Firth တို့ အိမ်ထောင်သည်စုံတွဲကတော့ Red Carpet ထက်မှာ လင်းလက်နေဆဲဆိုတာ ပြသနေပါတယ်။

Gary Oldman & Gisele Schmidt

Gary Oldman & Gisele Schmidt

ပူပူနွေးနွေး အော်စကာဆုရှင် မင်းသားကြီး Gary Oldman နဲ့ ဇနီးတို့ Met Gala ကို တူတူ ပွဲတက်ရောက်လာပုံဖြစ်ပါတယ်။

James Corden & Julia Carey

James Corden & Julia Carey

Carpool Karaoke တင်ဆက်သူ James Corden နဲ့ သူ့ဇနီးဟာလည်း ပွဲတက်ရောက်လာခဲ့ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : www.eonline.com