[Zawgyi] 






 


Ref: Macrumors

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

MacBook Pro အသစ်တွေမှာ Speaker တွေပြဿနာရှိနေတယ်လို့ သတင်းထွက်

Apple က၂၀၁၈ အတွက် MacBook Pro အသစ်တွေကို မကြာသေးခင်ကမှာ မိတ်ဆက်ပေးခဲ့ပါတယ်။ ပိုကောင်းအောင် လုပ်ပေးထားတဲ့ Keyboard ၊ ပိုကျယ်လာတဲ့ Speaker တွေနဲ့ TrueTone Display လို Feature တွေအပြင် 8th Gen Intel Processor တွေကြောင့် ဈေးကွက်ဝယ်လိုအား ပြန်များလာခဲ့ပါတယ်။ MacBook Pro အဟောင်းကို ကိုင်ထားသူတွေကလည်း အသစ်ကို Upgrade လုပ်လာကြပါတယ်။ Apple အနေနဲ့လည်း အရင်က Keyboard ပြဿနာတွေကို ဖြေရှင်းပေးခဲ့ရပြီးပါပြီ။ 

MacBook Pro 13 Inch Speaker Design

အခု MacBook Pro အသစ်တွေမှာတော့ Keyboard နဲ့ပတ်သက်လို့ ပြဿနာရှိတယ်လို့ သတင်းမထွက်တော့ပေမယ့် ပိုကောင်းလာတယ်ဆိုတဲ့ Speaker တွေမှာ ပြဿနာတက်လာပါတယ်။ Online Forum တော်တော်များများမှာလည်း Speaker နဲ့ပတ်သက်လို့ ပြဿနာတွေကို User တွေမေးခွန်းထုတ်နေကြပါတယ်။ Speaker အသံက ကွဲနေတာမျိုးဖြစ်နေတယ်လို့ သိရပါတယ်။ MacBook Pro အားလုံးမှာ ဖြစ်တာတော့ မဟုတ်ပေမယ့် ဖြစ်တဲ့သူအရေအတွက်ကတော့ နည်းနည်းများလာနေပါတယ်။ 

အခုပြဿနာဖြစ်နေတာကတော့ MacBook 2018 13 Inch နဲ့ 15 Inch တွေပါ။ Apple ကတော့ ဘာမှထုတ်ပြန်ထားတာမရှိသေးသလို ဖြေရှင်းချက်လည်းမရှိသေးပါဘူး။ YouTube မှာလည်း Video တွေအများကြီးတင်နေကြပြီဖြစ်တာကြောင့် Apple အနေနဲ့ မကြာခင်မှာ Software Update ကိုချပေးလာမယ်လို့ ခန့်မှန်းရပါတယ်။

လွန်ခဲ့တဲ့လကလည်း Processor အပူတက်တာကြောင့် User တွေ Complaint တက်တာနဲ့ Software Update မြန်မြန်ထုတ်ပေးပြီး ပြဿနာကို အချိန်တိုအတွင်းဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ အခုဖြစ်နေတဲ့ Speaker ပြဿနာကတော့ ပြောသလောက်မကြီးမားတာကြောင့် Update ကို မြန်မြန်ထုတ်ပေးမလား ဒါမှမဟုတ် ဖြေရှင်းနည်းထုတ်ပေးမလားဆိုတာ မသေချာသေးပါဘူး။

 

Apple က အခုနောက်ပိုင်းမှာ ထုတ်ကုန်သစ်တွေနဲ့ပတ်သက်လို့ အရည်အသွေးပိုင်းမှာ အရင်ကလိုကောင်းနေပေမယ့် ယုံကြည်စိတ်ချရတဲ့အပို်င်းမှာတော့ နည်းနည်းလျော့လာတယ်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် ပြဿနာတစ်ခုခုဖြစ်တိုင်း မြန်မြန်ဖြေရှင်းပေးနိုင်တာ၊ Software နဲ့တင်ဖြေရှင်းပေးနိုင်တာလည်း Apple ပါပဲ။ အဆိုးဝါးဆုံးဖြစ်သွားခဲ့တာကတော့ iPhone 6 Plus တွေ ကွေးလွယ်တဲ့ပြဿနာပါ။ ဒီနောက်ပိုင်းဖြစ်တဲ့ ပြဿနာတွေက သေးတာကြောင့် သိပ်ပြီးလူပြောမများခဲ့ပါဘူး။ အခု Speaker ပြဿနာကိုလည်း မကြာခင် Apple ဖြေရှင်းပေးပြီးတာနဲ့ လူပြောနည်းသွားမှာပါ။ 

Ref: Macrumors

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။