Apple ဟာ ျပီးခဲ့တဲ့အပတ္တုန္းက MacBook Pro Lineup ကို 2018 Model အေနနဲ႔ Intel 8th Generation Processor ေတြအပါအဝင္ 3rd Generation Butterfly Keyboard ေတြကို အဆင့္ျမွင့္တင္လာခဲ့တာျဖစ္ပါတယ္။

MacBook Pro

ဒါေပမယ့္ Apple ကေန အခုလုိမ်ိဳး အဆင့္ျမွင့္တင္မႈေတြတင္ Apple ကေန ျပဳလုပ္ခဲ့တာမဟုတ္ပါဘူး။ MacRumors ကေန သတင္းပို႔အခ်က္အရ Apple ရဲ႕ 13″ MacBook 2018 မွာ မေၾကညာသြားတဲ့ အဆင့္ျမွင့္တင္မႈပါဝင္လာခဲ့တယ္လုိ႔ သိရပါတယ္။ အဲ့ဒါကေတာ့ USB-C Ports ၄ ခု စလံုးက Thunderbolt 3 Speed ကို အျပည့္အဝရရွိလာတာပဲျဖစ္ပါတယ္။

Apple ကေန ထုတ္လုပ္ခဲ့တဲ့ 2016 နဲ႔ 2017 Model MacBook Pro ေတြက အခုလုိမ်ိဳး USB-C Ports ၄ ခုစလံုး Thunderbolt 3 Speed ကို အျပည့္အဝ Support မလုပ္ခဲ့ပဲ ဘယ္ဘက္ျခမ္းက USB-C Port ၂ ခုပဲ Thunderbolt 3 ကို Support ျပဳလုပ္ခဲ့တာျဖစ္ျပီး ညာဘက္ျခမ္းက USB-C Ports ၂ ခုက Speed ေလ်ာ႔ေနတာျဖစ္ပါတယ္။ ဒါကလည္း MacBook Pro 13″ Model အေဟာင္းေတြမွာ 12 PCI-E Lanes ေတြကိုပဲ Support ျပဳလုပ္ႏုိင္ခဲ့တာေၾကာင့္ျဖစ္ပါတယ္။

MacBook Pro

အခု 8th Gen Intel Processor ေတြနဲ႔ 2018 Model MacBook 13″ မွာေတာ့ PCI-E Lanes ၁၆ ခုကို Support ျပဳလုပ္လာတဲ့အတြက္ USB-C Port ၄ ခုလံုးအတြက္ Thunderbolt 3 Speed ကို အျပည့္အဝေပးႏုိင္တဲ့ 40Gbps Transfer Speed ကို ရရွိႏုိင္ေတာ့မွာပါ။

MacBook Pro

Apple ရဲ႕ ယခုထြက္ရွိလာတဲ့ MacBook Pro 2018 Model ေတြက ဒီဇုိင္းပိုင္းေျပာင္းလဲမႈမရွိေပမယ့္ အဆင့္ျမွင့္တင္မႈေတြအမ်ားအျပားျပဳလုပ္ထားတဲ့အတြက္ ဝယ္ယူဖုိ႔ စဥ္းစားေနရင္ေတာ့ လက္ရွိအခ်ိန္က MacBook Pro ေတြကို ဝယ္ယူဖုိ႔ အေကာင္းဆံုးလို႔ ေျပာရမွာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Apple ဟာ ပြီးခဲ့တဲ့အပတ်တုန်းက MacBook Pro Lineup ကို 2018 Model အနေနဲ့ Intel 8th Generation Processor တွေအပါအဝင် 3rd Generation Butterfly Keyboard တွေကို အဆင့်မြှင့်တင်လာခဲ့တာဖြစ်ပါတယ်။

MacBook Pro

ဒါပေမယ့် Apple ကနေ အခုလိုမျိုး အဆင့်မြှင့်တင်မှုတွေတင် Apple ကနေ ပြုလုပ်ခဲ့တာမဟုတ်ပါဘူး။ MacRumors ကနေ သတင်းပို့အချက်အရ Apple ရဲ့ 13″ MacBook 2018 မှာ မကြေညာသွားတဲ့ အဆင့်မြှင့်တင်မှုပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒါကတော့ USB-C Ports ၄ ခု စလုံးက Thunderbolt 3 Speed ကို အပြည့်အဝရရှိလာတာပဲဖြစ်ပါတယ်။

Apple ကနေ ထုတ်လုပ်ခဲ့တဲ့ 2016 နဲ့ 2017 Model MacBook Pro တွေက အခုလိုမျိုး USB-C Ports ၄ ခုစလုံး Thunderbolt 3 Speed ကို အပြည့်အဝ Support မလုပ်ခဲ့ပဲ ဘယ်ဘက်ခြမ်းက USB-C Port ၂ ခုပဲ Thunderbolt 3 ကို Support ပြုလုပ်ခဲ့တာဖြစ်ပြီး ညာဘက်ခြမ်းက USB-C Ports ၂ ခုက Speed လျော့နေတာဖြစ်ပါတယ်။ ဒါကလည်း MacBook Pro 13″ Model အဟောင်းတွေမှာ 12 PCI-E Lanes တွေကိုပဲ Support ပြုလုပ်နိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

MacBook Pro

အခု 8th Gen Intel Processor တွေနဲ့ 2018 Model MacBook 13″ မှာတော့ PCI-E Lanes ၁၆ ခုကို Support ပြုလုပ်လာတဲ့အတွက် USB-C Port ၄ ခုလုံးအတွက် Thunderbolt 3 Speed ကို အပြည့်အဝပေးနိုင်တဲ့ 40Gbps Transfer Speed ကို ရရှိနိုင်တော့မှာပါ။

MacBook Pro

Apple ရဲ့ ယခုထွက်ရှိလာတဲ့ MacBook Pro 2018 Model တွေက ဒီဇိုင်းပိုင်းပြောင်းလဲမှုမရှိပေမယ့် အဆင့်မြှင့်တင်မှုတွေအများအပြားပြုလုပ်ထားတဲ့အတွက် ဝယ်ယူဖို့ စဉ်းစားနေရင်တော့ လက်ရှိအချိန်က MacBook Pro တွေကို ဝယ်ယူဖို့ အကောင်းဆုံးလို့ ပြောရမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com