Apple ရဲ႕လက္ရွိ iPhone X အပါအဝင္ iPhone အကုန္လံုးမွာ Standard အေနနဲ႔ Packaging မွာပါဝင္တဲ့ Charger က 5W Charger ပဲ ရွိေနေသးတာျဖစ္ပါတယ္။ ဒါေပမယ့္ Apple ကေန ျပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္မွာ ထုတ္လုပ္ခဲ့တဲ့ Apple iPhone ေတြမွာေတာ့ USB Power Delivery စနစ္ကေန Fast Charging စနစ္ကို စတင္ Support ျပဳလုပ္လာျပီျဖစ္ပါတယ္။

Apple iPhone Chargers

အဲ့ဒီအတြက္ မႏွစ္ကထြက္ရွိခဲ့တဲ့ Apple iPhone 8 ၊ iPhone 8 Plus နဲ႔ iPhone X စမတ္ဖုန္းေတြကို Fast Charging စနစ္နဲ႔ အားသြင္းခ်င္တယ္ဆုိရင္ Built-in Charger နဲ႔ အားသြင္းလုိ႔မရခဲ့ပဲ 29W USB-C Charger ကို ၄၉ ေဒၚလာနဲ႔ ဝယ္ယူရမွာျဖစ္ျပီးေတာ့ USB-C to Lightning Cable ကိုပါ ၂၉ ေဒၚလာနဲ႔ ထပ္မံဝယ္ယူရမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Fast Charging စနစ္ကို ၂၀၁၇ ခုႏွစ္ထုတ္ iPhone ေတြက Support ျပဳလုပ္တယ္ဆိုေပမယ့္ ေနာက္ထပ္ ေဒၚလာ ၈၀ အသံုးျပဳဖုိ႔က မ်ားျပားတယ္ဆုိျပီး ေဝဖန္ခံခဲ့ရတာျဖစ္ပါတယ္။

Apple USB-C to Lightning Cable

ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Apple ကေန ယခုႏွစ္မွာ ထုတ္လုပ္သြားမယ့္ iPhone ေတြမွာေတာ့ USB-C ကေန Lightning Charger ကိုထည့္သြင္းေပးသြားမွာျဖစ္ျပီး ယခင္ 5W အစား USB Power Delivery ကို Support ျပဳလုပ္တဲ့ 18W Charger ျဖစ္လာမယ္လုိ႔ သိရပါတယ္။ အဲ့ဒီအတြက္ ယခုႏွစ္မွာေတာ့ Apple iPhone ေတြက Charger နဲ႔ Cable ထပ္ျပီး ဝယ္စရာမလုိေတာ့ပဲ Fast Charging စနစ္နဲ႔ အားသြင္းႏုိင္ေတာ့မွာျဖစ္ပါတယ္။

အခုလုိမ်ိဳး Fast Charger ေတြကို ထည့္သြင္းေပးမယ္ဆိုတာက အခုအခ်ိန္အထိေတာ့ Apple ကေန တရားဝင္ေၾကျငာျခင္းမရွိေသးေပမယ့္ အခုလုိမ်ိဳး High-Capacity Fast Charger ေတြကို ထည့္သြင္းလာတာက Apple အေနနဲ႔ ယခင္ထဲက ေဆာင္ရြက္သင့္တဲ့အရာတစ္ခုလုိ႔ပဲ သတ္မွတ္ရမွာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Apple ရဲ့လက်ရှိ iPhone X အပါအဝင် iPhone အကုန်လုံးမှာ Standard အနေနဲ့ Packaging မှာပါဝင်တဲ့ Charger က 5W Charger ပဲ ရှိနေသေးတာဖြစ်ပါတယ်။ ဒါပေမယ့် Apple ကနေ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Apple iPhone တွေမှာတော့ USB Power Delivery စနစ်ကနေ Fast Charging စနစ်ကို စတင် Support ပြုလုပ်လာပြီဖြစ်ပါတယ်။

Apple iPhone Chargers

အဲ့ဒီအတွက် မနှစ်ကထွက်ရှိခဲ့တဲ့ Apple iPhone 8 ၊ iPhone 8 Plus နဲ့ iPhone X စမတ်ဖုန်းတွေကို Fast Charging စနစ်နဲ့ အားသွင်းချင်တယ်ဆိုရင် Built-in Charger နဲ့ အားသွင်းလို့မရခဲ့ပဲ 29W USB-C Charger ကို ၄၉ ဒေါ်လာနဲ့ ဝယ်ယူရမှာဖြစ်ပြီးတော့ USB-C to Lightning Cable ကိုပါ ၂၉ ဒေါ်လာနဲ့ ထပ်မံဝယ်ယူရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Fast Charging စနစ်ကို ၂၀၁၇ ခုနှစ်ထုတ် iPhone တွေက Support ပြုလုပ်တယ်ဆိုပေမယ့် နောက်ထပ် ဒေါ်လာ ၈၀ အသုံးပြုဖို့က များပြားတယ်ဆိုပြီး ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။

Apple USB-C to Lightning Cable

ဒါပေမယ့် အခုအချိန်မှာတော့ Apple ကနေ ယခုနှစ်မှာ ထုတ်လုပ်သွားမယ့် iPhone တွေမှာတော့ USB-C ကနေ Lightning Charger ကိုထည့်သွင်းပေးသွားမှာဖြစ်ပြီး ယခင် 5W အစား USB Power Delivery ကို Support ပြုလုပ်တဲ့ 18W Charger ဖြစ်လာမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ယခုနှစ်မှာတော့ Apple iPhone တွေက Charger နဲ့ Cable ထပ်ပြီး ဝယ်စရာမလိုတော့ပဲ Fast Charging စနစ်နဲ့ အားသွင်းနိုင်တော့မှာဖြစ်ပါတယ်။

အခုလိုမျိုး Fast Charger တွေကို ထည့်သွင်းပေးမယ်ဆိုတာက အခုအချိန်အထိတော့ Apple ကနေ တရားဝင်ကြေငြာခြင်းမရှိသေးပေမယ့် အခုလိုမျိုး High-Capacity Fast Charger တွေကို ထည့်သွင်းလာတာက Apple အနေနဲ့ ယခင်ထဲက ဆောင်ရွက်သင့်တဲ့အရာတစ်ခုလို့ပဲ သတ်မှတ်ရမှာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com