Apple ရဲ႕ iPhone အသစ္ေတြကို မိတ္ဆက္ေတာ့မယ့္အခ်ိန္ဟာ လာမယ့္ စက္တင္ဘာလမွာျပဳလုပ္မွာျဖစ္တဲ့အတြက္ တျဖည္းျဖည္းနီးစပ္ေနျပီပဲျဖစ္ပါတယ္။ အခုအခ်ိန္မွာလည္း အဆိုပါ 2018 iPhone အသစ္ေတြအတြက္ သတင္းေတြထပ္မံထြက္ရွိလာခဲ့ပါတယ္။

Apple AirPower

အခုတစ္ၾကိမ္ထြက္ေပၚလာတဲ့သတင္းကေတာ့ iPhone အသစ္ေတြမွာ ပါဝင္လာမယ့္ Wireless Charging နည္းပညာအေၾကာင္းျဖစ္ျပီး The China Times ကေန ေဖာ္ျပခဲ့တာပဲျဖစ္ပါတယ္။ အခုသတင္းအရ ဒီႏွစ္မွာထြက္ရွိလာမယ့္ 2018 iPhone အသစ္ေတြမွာ လက္ရွိ iPhone 8 ၊ iPhone 8 Plus နဲ႔ iPhone X ေတြထက္ ပိုမိုျမန္ဆန္တဲ့ Wireless Charging စနစ္ပါဝင္လာမွာျဖစ္တယ္လို႔ သိရပါတယ္။

iPhone 8 Wireless Charging

Apple ဟာ မႏွစ္ကထြက္ရွိခဲ့တဲ့ iPhone 8 ၊ iPhone 8 Plus နဲ႔ iPhone X ေတြမွာ စတင္အသံုးျပဳခဲ့တာျဖစ္ျပီး 7.5W Charging စနစ္နဲ႔ အားသြင္းတာျဖစ္ပါတယ္။ အခုလာမယ့္ iPhone အသစ္ေတြမွာေတာ့ ဘယ္ေလာက္ Watt နဲ႔ Wireless Charging စနစ္ကို အသံုးျပဳႏုိင္မယ္ဆိုတာကို မသိရေသးပါဘူး။ ဒါေ့ပမယ့္ ပိုျပီး ျမန္ဆန္လာမယ့္ အေၾကာင္းအရင္းကေတာ့ FPC (Flexible Printed Circuit) အစား Copper Coil ကို အသံုးျပဳလာမွာျဖစ္တာေၾကာင့္လုိ႔ သိရပါတယ္။

Apple AirPower

Apple ဟာ တျခားေသာ စမတ္ဖုန္းထုတ္လုပ္သူေတြက Wireless Charging စနစ္ကို အသံုးျပဳေနတာ အခ်ိန္အေတာ္ၾကာျပီးမွ Wireless Charging စနစ္ကို လုိက္လုပ္ခဲ့တာျဖစ္သလုိ ပံုမွန္ Lightning Port နဲ႔ Charging အစားလည္း USB-C နဲ႔ ေျပာင္းလဲရဖုိ႔ ရွိေနတဲ့အတြက္ ယခုအခ်ိန္ဟာ Apple iPhone ေတြရဲ႕ Charging စနစ္ပိုင္း ေျပာင္းလဲမႈအရွိဆံုးအခ်ိန္လုိ႔ ေျပာလို႔ရပါတယ္။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Apple ရဲ့ iPhone အသစ်တွေကို မိတ်ဆက်တော့မယ့်အချိန်ဟာ လာမယ့် စက်တင်ဘာလမှာပြုလုပ်မှာဖြစ်တဲ့အတွက် တဖြည်းဖြည်းနီးစပ်နေပြီပဲဖြစ်ပါတယ်။ အခုအချိန်မှာလည်း အဆိုပါ 2018 iPhone အသစ်တွေအတွက် သတင်းတွေထပ်မံထွက်ရှိလာခဲ့ပါတယ်။

Apple AirPower

အခုတစ်ကြိမ်ထွက်ပေါ်လာတဲ့သတင်းကတော့ iPhone အသစ်တွေမှာ ပါဝင်လာမယ့် Wireless Charging နည်းပညာအကြောင်းဖြစ်ပြီး The China Times ကနေ ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ အခုသတင်းအရ ဒီနှစ်မှာထွက်ရှိလာမယ့် 2018 iPhone အသစ်တွေမှာ လက်ရှိ iPhone 8 ၊ iPhone 8 Plus နဲ့ iPhone X တွေထက် ပိုမိုမြန်ဆန်တဲ့ Wireless Charging စနစ်ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

iPhone 8 Wireless Charging

Apple ဟာ မနှစ်ကထွက်ရှိခဲ့တဲ့ iPhone 8 ၊ iPhone 8 Plus နဲ့ iPhone X တွေမှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး 7.5W Charging စနစ်နဲ့ အားသွင်းတာဖြစ်ပါတယ်။ အခုလာမယ့် iPhone အသစ်တွေမှာတော့ ဘယ်လောက် Watt နဲ့ Wireless Charging စနစ်ကို အသုံးပြုနိုင်မယ်ဆိုတာကို မသိရသေးပါဘူး။ ဒါေ့ပမယ့် ပိုပြီး မြန်ဆန်လာမယ့် အကြောင်းအရင်းကတော့ FPC (Flexible Printed Circuit) အစား Copper Coil ကို အသုံးပြုလာမှာဖြစ်တာကြောင့်လို့ သိရပါတယ်။

Apple AirPower

Apple ဟာ တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေက Wireless Charging စနစ်ကို အသုံးပြုနေတာ အချိန်အတော်ကြာပြီးမှ Wireless Charging စနစ်ကို လိုက်လုပ်ခဲ့တာဖြစ်သလို ပုံမှန် Lightning Port နဲ့ Charging အစားလည်း USB-C နဲ့ ပြောင်းလဲရဖို့ ရှိနေတဲ့အတွက် ယခုအချိန်ဟာ Apple iPhone တွေရဲ့ Charging စနစ်ပိုင်း ပြောင်းလဲမှုအရှိဆုံးအချိန်လို့ ပြောလို့ရပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com