[Zawgyi] 

iPhone ရဲ႕ Design စာအုပ္ထဲကို အေျပာင္းအလဲတစ္ခုအေနနဲ႔ေရာက္လာခဲ့တာ iPhone X ပါ။ ၂၀၁၇ ရဲ႕ စိတ္ဝင္စားမႈအမ်ားဆံုး ဖုန္းျဖစ္ခဲ့သလို Design ပိုင္းမွာလည္း ေျပာင္းလဲမႈအရွိဆံုး iPhone ျဖစ္ခဲ့ပါတယ္။ 

iPhone X Super Retina Display

၂၀၁၈ အတြက္ေတာ့ Apple က iPhone ရဲ႕ Design ကို ပံုေသေျပာင္းေတာ့မယ္လို႔ သတင္းထြက္ေနပါတယ္။ ပံုေသေျပာင္းဖို႔အတြက္ စံတစ္ခုအေနနဲ႔ လက္ရွိ iPhone X ရဲ႕ Design ကိုပဲ အသံုးျပဳသြားမယ္လို႔ သတင္းထြက္ထားတာပါ။ iPhone ေတြအတြက္ Design အသစ္ကိုအသံုးျပဳလာမွာျဖစ္သလို iPhone ေတြရဲ႕နာမည္ကိုလည္း ေျပာင္းမယ္လို႔ ယူဆရပါတယ္။ 

iPhone X Plus CAD

iPad ေတြကို နာမည္ေျပာင္းလိုက္တာ သိပ္မၾကာေသးပါဘူး။ နာမည္ေတြမွာ iPad ၊ iPad Pro နဲ႔ iPad Mini ပဲက်န္ပါေတာ့တယ္။ iPad Mini ကိုထပ္မထုတ္ေတာ့သလို ေနာက္ထပ္ထုတ္လာတဲ့ iPad ေတြကိုလည္း နံပါတ္ မထည့္ေတာ့တာကို ေတြ႕ရပါတယ္။ iPhone X ကိုလည္း ပထမဦးဆံုး ေရာမဂဏန္းနဲ႔ နာမည္ေပးလာတာပဲျဖစ္ပါတယ္။ iPhone ေတြကို နံပါတ္္ေတြနဲ႔ နာမည္ေပးတာ မၾကာခင္ရပ္ေတာ့မယ္ဆိုတာ အရင္ကလည္း သတင္းထြက္ထားၿပီးသားပါ။ 

iPhone 2018 CAD

၂၀၁၈ အတြက္ေတာ့ iPhone ၊ iPhone X နဲ႔ iPhone X Plus ဆိုၿပီးျဖစ္လာႏုိုင္ပါတယ္။ ေစ်းအသက္သာဆံုး iPhone ကိုေတာ့ iPhone လို႔ပဲနာမည္ေပးထားမွာျဖစ္ၿပီး Camera တစ္လံုးပဲ ပါမွာပါ။ Front Camera ကေတာ့ iPhone X မွာလိုပဲ 3D Sensing လုပ္ႏိုင္မွာပါ။ Animoji ေတြ၊ Memoji ေတြကို iPhone အသစ္အားလံုးမွာ အသံုးျပဳႏိုင္မွာျဖစ္တာေၾကာင့္ Face ID ပါလာမယ္ဆိုတာလည္း ေသခ်ာပါတယ္။ iPhone X မွာအသံုးျပဳထားတဲ့ OLED Display ကိုေတာ့ ေစ်းအသက္သာဆံုး iPhone မွာေတြ႕ရမွာမဟုတ္္ဘူးလို႔ သတင္းထြက္ထားပါတယ္။ ေရာင္းခ်မယ့္ ေစ်းေတြကိုေတာ့ အခုအခ်ိန္မွာ ခန္႔မွန္းဖို႔ခက္ေနပါေသးတယ္။ 

Ref: Forbes

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

၂၀၁၈ အတွက် iPhone Design အားလုံး အတူတူဖြစ်တော့မယ်

iPhone ရဲ့ Design စာအုပ်ထဲကို အပြောင်းအလဲတစ်ခုအနေနဲ့ရောက်လာခဲ့တာ iPhone X ပါ။ ၂၀၁၇ ရဲ့ စိတ်ဝင်စားမှုအများဆုံး ဖုန်းဖြစ်ခဲ့သလို Design ပိုင်းမှာလည်း ပြောင်းလဲမှုအရှိဆုံး iPhone ဖြစ်ခဲ့ပါတယ်။ 

iPhone X Super Retina Display

၂၀၁၈ အတွက်တော့ Apple က iPhone ရဲ့ Design ကို ပုံသေပြောင်းတော့မယ်လို့ သတင်းထွက်နေပါတယ်။ ပုံသေပြောင်းဖို့အတွက် စံတစ်ခုအနေနဲ့ လက်ရှိ iPhone X ရဲ့ Design ကိုပဲ အသုံးပြုသွားမယ်လို့ သတင်းထွက်ထားတာပါ။ iPhone တွေအတွက် Design အသစ်ကိုအသုံးပြုလာမှာဖြစ်သလို iPhone တွေရဲ့နာမည်ကိုလည်း ပြောင်းမယ်လို့ ယူဆရပါတယ်။ 

iPhone X Plus CAD

iPad တွေကို နာမည်ပြောင်းလိုက်တာ သိပ်မကြာသေးပါဘူး။ နာမည်တွေမှာ iPad ၊ iPad Pro နဲ့ iPad Mini ပဲကျန်ပါတော့တယ်။ iPad Mini ကိုထပ်မထုတ်တော့သလို နောက်ထပ်ထုတ်လာတဲ့ iPad တွေကိုလည်း နံပါတ် မထည့်တော့တာကို တွေ့ရပါတယ်။ iPhone X ကိုလည်း ပထမဦးဆုံး ရောမဂဏန်းနဲ့ နာမည်ပေးလာတာပဲဖြစ်ပါတယ်။ iPhone တွေကို နံပါတ်တွေနဲ့ နာမည်ပေးတာ မကြာခင်ရပ်တော့မယ်ဆိုတာ အရင်ကလည်း သတင်းထွက်ထားပြီးသားပါ။

iPhone 2018 CAD

၂၀၁၈ အတွက်တော့ iPhone ၊ iPhone X နဲ့ iPhone X Plus ဆိုပြီးဖြစ်လာနိုင်ပါတယ်။ ဈေးအသက်သာဆုံး iPhone ကိုတော့ iPhone လို့ပဲနာမည်ပေးထားမှာဖြစ်ပြီး Camera တစ်လုံးပဲ ပါမှာပါ။ Front Camera ကတော့ iPhone X မှာလိုပဲ 3D Sensing လုပ်နိုင်မှာပါ။ Animoji တွေ၊ Memoji တွေကို iPhone အသစ်အားလုံးမှာ အသုံးပြုနိုင်မှာဖြစ်တာကြောင့် Face ID ပါလာမယ်ဆိုတာလည်း သေချာပါတယ်။ iPhone X မှာအသုံးပြုထားတဲ့ OLED Display ကိုတော့ ဈေးအသက်သာဆုံး iPhone မှာတွေ့ရမှာမဟုတ်ဘူးလို့ သတင်းထွက်ထားပါတယ်။ ရောင်းချမယ့် ဈေးတွေကိုတော့ အခုအချိန်မှာ ခန့်မှန်းဖို့ခက်နေပါသေးတယ်။ 

Ref: Forbes

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။