[Zawgyi]

၂၀၁၈ Globe Soccer Awards အတြက္ ဆန္ခါတင္စာရင္းေတြ ထြက္ေပၚလာျပီ

၂၀၁၈ Globe Soccer Awards အတြက္ ဆန္ခါတင္စာရင္းေတြ ထြက္ေပၚလာျပီလို႔ သိရပါတယ္။ ဒီဆုေပးပြဲကိုေတာ႔ EFAA ( ဥေရာပ ေဘာလံုးကစားသမားမ်ား ေအးဂ်င္႔ အဖြဲ႔အစည္း ) နဲ႔ ECA (ဥေရာပကလပ္အသင္းမ်ား အဖြဲ႔အစည္း ) တို႔က ၾကီးမွဴးက်င္းပၾကတာပဲျဖစ္ပါတယ္။ ဒီဆုေပးပြဲကို ၂၀၁၀ ခုႏွစ္ကေန လက္ရိွအခ်ိန္ထိ ဒူဘိုင္းမွာ ႏွစ္စဥ္က်င္းပလာခဲ႔တာျဖစ္ျပီး ၂၀၁၈ Globe Soccer Awards ဆုေပးပြဲကိုေတာ႔ လာမယ္႔နွစ္ ဇန္န၀ါရီ (၃)ရက္ေန႔မွာ ျပဳလုပ္သြားမွာျဖစ္ပါတယ္။

Best-Player-of-the-Year-Nominees

Best-Player-of-the-Year-Nominees

၂၀၁၈ Globe Soccer Awards ရဲ႕ Best Player of the Year ဆု ဆန္ခါတင္စာရင္းမွာ ဂ်ဴဗင္တပ္စ္အသင္းတိုက္စစ္မွဴး စီေရာ္နယ္လ္ဒို Cristiano Ronaldo ၊ အက္သလက္တီကို တိုက္စစ္ကစားသမား ဂရစ္ဇ္မန္း Griezmann နဲ႔ PSG လူငယ္တိုက္စစ္ကစားသမား ဘာေပ Mbappe တို႔ ပါ၀င္ေနပါတယ္။ ဒီဆုကို စီေရာ္နယ္လ္ဒို ဟာ ေနာက္ဆံုး(၂)ႏွစ္ဆက္ ရရိွထားသလို အၾကိမ္အမ်ားဆံုးရရိွထားတဲ႔ ကစားသမားအျဖစ္ (၄)ၾကိမ္နဲ႔ မွတ္တမ္းတင္ထားပါတယ္။

Best-Coach-of-the-Year-Nominees

Best-Coach-of-the-Year-Nominees

၂၀၁၈ Globe Soccer Awards ရဲ႕ Best Coach of the Year ဆု ဆန္ခါတင္စာရင္းမွာေတာ႔ ဂ်ဴဗင္တပ္စ္နည္းျပ အယ္လီဂရီ ၊ အက္သလက္တီကိုနည္းျပ ဆီျမြန္နီ Simeone ၊ ျပင္သစ္နည္းျပ ဒက္စ္ခ်မ့္ Deschamps ၊ လီဗာပူးလ္နည္းျပ ယာဂန္ကေလာ့ပ္ Jurgen Klopp ၊ ရီးယဲလ္နည္းျပေဟာင္း ဇီဒန္း Zidane တို႔ပါ၀င္ေနပါတယ္။ ဒီဆုကိုေတာ႔ ျပီးခဲ႔တဲ႔ႏွစ္က ဇီဒန္းရရိွထားျပီး ဒီႏွစ္မွာေတာ႔ ဘယ္သူရရိွမလဲဆိုတာ စိတ္၀င္စားဖို႔ေကာင္းေနပါတယ္။

Best-Club-of-the-Year-Nominees

Best-Club-of-the-Year-Nominees

၂၀၁၈ Globe Soccer Awards ရဲ႕ Best Club of the Year ဆု ဆန္ခါတင္စာရင္းမွာေတာ႔ အက္သလက္တီကို ၊ လီဗာပူးလ္ ၊ ရီးယဲလ္အသင္းေတြပါ၀င္ေနပါတယ္။ ဒီဆုကိုေတာ႔ ရီးယဲလ္အသင္းဟာ ေနာက္ဆံုး(၂)ႏွစ္ဆက္ရရိွထားပါတယ္။

Best-Agent-of-the-Year-Nominess

Best-Agent-of-the-Year-Nominess

၂၀၁၈ Globe Soccer Awards ရဲ႕ Best Agent of the Year ဆု ဆန္ခါတင္စာရင္းမွာေတာ႔ နာမည္ေက်ာ္ေအးဂ်င္႔ေတြျဖစ္ၾကတဲ႔ Jorge Mendes ၊ Castagna နဲ႔ Barnett တို႔ပါ၀င္ေနၾကပါတယ္။ ျပီးခဲ႔တဲ႔ ႏွစ္ကေတာ႔ ဒီဆုကို Jorge Mendes က ရရိွထားပါတယ္။

Globe Soccer Awards ဆုစာရင္းအျပည္႔အစံု

Ref: Globe Soccer Awards Twitter
Photo: Globe Soccer Awards Twitter , Ebru TV Kenya 
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

၂၀၁၈ Globe Soccer Awards အတွက် ဆန်ခါတင်စာရင်းတွေ ထွက်ပေါ်လာပြီ

၂၀၁၈ Globe Soccer Awards အတွက် ဆန်ခါတင်စာရင်းတွေ ထွက်ပေါ်လာပြီလို့ သိရပါတယ်။ ဒီဆုပေးပွဲကိုတော့ EFAA ( ဥရောပ ဘောလုံးကစားသမားများ အေးဂျင့် အဖွဲ့အစည်း ) နဲ့ ECA (ဥရောပကလပ်အသင်းများ အဖွဲ့အစည်း ) တို့က ကြီးမှူးကျင်းပကြတာပဲဖြစ်ပါတယ်။ ဒီဆုပေးပွဲကို ၂၀၁၀ ခုနှစ်ကနေ လက်ရှိအချိန်ထိ ဒူဘိုင်းမှာ နှစ်စဉ်ကျင်းပလာခဲ့တာဖြစ်ပြီး ၂၀၁၈ Globe Soccer Awards ဆုပေးပွဲကိုတော့ လာမယ့်နှစ် ဇန်နဝါရီ (၃)ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

Best-Player-of-the-Year-Nominees

Best-Player-of-the-Year-Nominees

၂၀၁၈ Globe Soccer Awards ရဲ့ Best Player of the Year ဆု ဆန်ခါတင်စာရင်းမှာ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒို Cristiano Ronaldo ၊ အက်သလက်တီကို တိုက်စစ်ကစားသမား ဂရစ်ဇ်မန်း Griezmann နဲ့ PSG လူငယ်တိုက်စစ်ကစားသမား ဘာပေ Mbappe တို့ ပါဝင်နေပါတယ်။ ဒီဆုကို စီရော်နယ်လ်ဒို ဟာ နောက်ဆုံး(၂)နှစ်ဆက် ရရှိထားသလို အကြိမ်အများဆုံးရရှိထားတဲ့ ကစားသမားအဖြစ် (၄)ကြိမ်နဲ့ မှတ်တမ်းတင်ထားပါတယ်။

Best-Coach-of-the-Year-Nominees

Best-Coach-of-the-Year-Nominees

၂၀၁၈ Globe Soccer Awards ရဲ့ Best Coach of the Year ဆု ဆန်ခါတင်စာရင်းမှာတော့ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီ ၊ အက်သလက်တီကိုနည်းပြ ဆီမြွန်နီ Simeone ၊ ပြင်သစ်နည်းပြ ဒက်စ်ချမ့် Deschamps ၊ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် Jurgen Klopp ၊ ရီးယဲလ်နည်းပြဟောင်း ဇီဒန်း Zidane တို့ပါဝင်နေပါတယ်။ ဒီဆုကိုတော့ ပြီးခဲ့တဲ့နှစ်က ဇီဒန်းရရှိထားပြီး ဒီနှစ်မှာတော့ ဘယ်သူရရှိမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Best-Club-of-the-Year-Nominees

Best-Club-of-the-Year-Nominees

၂၀၁၈ Globe Soccer Awards ရဲ့ Best Club of the Year ဆု ဆန်ခါတင်စာရင်းမှာတော့ အက်သလက်တီကို ၊ လီဗာပူးလ် ၊ ရီးယဲလ်အသင်းတွေပါဝင်နေပါတယ်။ ဒီဆုကိုတော့ ရီးယဲလ်အသင်းဟာ နောက်ဆုံး(၂)နှစ်ဆက်ရရှိထားပါတယ်။

Best-Agent-of-the-Year-Nominess

Best-Agent-of-the-Year-Nominess

၂၀၁၈ Globe Soccer Awards ရဲ့ Best Agent of the Year ဆု ဆန်ခါတင်စာရင်းမှာတော့ နာမည်ကျော်အေးဂျင့်တွေဖြစ်ကြတဲ့ Jorge Mendes ၊ Castagna နဲ့ Barnett တို့ပါဝင်နေကြပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ ဒီဆုကို Jorge Mendes က ရရှိထားပါတယ်။

Globe Soccer Awards ဆုစာရင်းအပြည့်အစုံ

Ref: Globe Soccer Awards Twitter
Photo: Globe Soccer Awards Twitter , Ebru TV Kenya 
Ko Kyue(Akhayar)
www.akhayar.com