[Zawgyi]

ျပင္သစ္အိုးပင္း ခ်န္ပီယံဆုကို (၁၁)ႀကိမ္ေျမာက္ ရရွိခဲ့တဲ့ ေျမေစးကြင္းဘုရင္ Rafael Nadal

ေျမေစးကြင္း ၿပိဳင္ပြဲအျဖစ္ က်င္းပတဲ့ ျပင္သစ္အိုးပင္း ၿပိဳင္ပြဲမွာ အေအာင္ျမင္ဆံုး ကစားသမားအျဖစ္ သတ္မွတ္ထားၿပီး ေျမေစးကြင္းဘုရင္အျဖစ္ နာမည္ေက်ာ္တဲ့ စပိန္ႏိုင္ငံသား Rafael Nadal ကေတာ့ အခုႏွစ္ၿပိဳင္ပြဲမွာလည္း ထပ္မံ ဗိုလ္စြဲခဲ့ၿပီး (၁၁)ႀကိမ္ေျမာက္ ခ်န္ပီယံဆုကို သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။ အမ်ိဳးသား တစ္ဦးခ်င္းၿပိဳင္ပြဲမွာ နာမည္ေက်ာ္ တင္းနစ္ ကစားသမားေတြျဖစ္တဲ့ Djokovic, Wawrinka,  Cilic အစရွိတဲ့ ကစားသမားေတြ ၿပိဳင္ပြဲက ေစာေစာစီးစီးထြက္ခြာခဲ့ရလို႔ Nadal အတြက္ လြယ္ကူခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ရဲ႕ ျပင္သစ္အိုးပင္း ဗိုလ္လုပြဲမွာ ဆီဒင္ အဆင့္ (၇)ေနရာမွာရွိတဲ့ ၾသစႀတီးယားႏိုင္ငံသား လူငယ္တင္းနစ္ ကစားသမား Dominic Thiem ကို လက္ရွိခ်န္ပီယံ Nadal က အႏိုင္ယူၿပီး ခ်န္ပီယံဆုကို ဆြတ္ခူးခဲ့ပါတယ္။

2018-French-Open-Champion-Rafael-Nadal

2018-French-Open-Champion-Rafael-Nadal

အေစာပိုင္း ပြဲငယ္ေတြမွာ Nadal အတြက္ ခက္ခဲခဲ့ေပမယ့္ ပြဲခ်ိန္ ၾကာလာတာနဲ႔အမွ် Dominic Thiem ကို အသာစီးရယူၿပီး လက္ရွိခ်န္ပီယံဆုကို ကာကြယ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ 3rd set မွာ Nadal အေနနဲ႔ လက္ေခ်ာင္း ဒဏ္ရာအနည္းငယ္ ရရွိခဲ့ေပမယ့္ အႏိုင္ရလဒ္အတြက္ အေကာင္းဆံုး လက္စြမ္းေတြနဲ႔ ၿပိဳင္ဘက္ ကစားသမားကို အသာစီးရယူႏိုင္ခဲ့ပါတယ္။ ဗိုလ္လုပြဲကို (၂)နာရီနဲ႔ (၄၃)မိနစ္ၾကာ ကစားခဲ့ၿပီး ပြဲၿပီးဆံုးခ်ိန္မွာေတာ့ Nadal က လူငယ္ကစားသမား Dominic Thiem ကို (၃)ပြဲျပတ္ (၆-၄၊ ၆-၃၊ ၆-၂) ရလဒ္ေတြနဲ႔ ျပတ္ျပတ္သားသား အႏိုင္ယူခဲ့ပါတယ္။ ၂၀၁၈ ျပင္သစ္အိုးပင္း ခ်န္ပီယံဆုကို ဆြတ္ခူးခဲ့တဲ့ Nadal အတြက္ (၁၇)ႀကိမ္ေျမာက္ Grand Slam ဆုဖလားကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ခ်န္ပီယံဆုကို ရရွိခဲ့တဲ့ Nadal ကေတာ့ ဆုေၾကးေငြအေနနဲ႔ ယူရို (၂.၂)သန္းအထိ ရရွိခဲ့ပါတယ္။

2018-French-Open-women-single-winner-Halep-and-Runner-Stephens

2018-French-Open-women-single-winner-Halep-and-Runner-Stephens

အမ်ိဳးသမီးတစ္ဦးခ်င္း ၿပိဳင္ပြဲမွာေတာ့ ဆီဒင္ (၁)ေနရာက ရိုေမးနီးယားႏိုင္ငံသူ Halep က ဆီဒင္ (၁၀)ေနရာက အေမရိကန္ႏိုင္ငံသူ Stephens ကို (၃-၆၊ ၆-၄၊ ၆-၁) ရလဒ္ေတြနဲ႔ အႏိုင္ယူၿပီး ခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ရိုေမးနီးယားႏိုင္ငံသူ Halep အတြက္ ၂၀၁၈ ျပင္သစ္အိုးပင္း ခ်န္ပီယံဆုဟာ သူ႔ရဲ႕ ကစားသမားတစ္ေလွ်ာက္ ပထမဆံုး ရရွိတဲ့ Grand Slam ဆုဖလားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ အမ်ိဳးသား ႏွစ္ေယာက္တြဲ ၿပိဳင္ပြဲမွာေတာ့ ျပင္သစ္ႏိုင္ငံသား (၂)ဦးျဖစ္တဲ့ Herbert နဲ႔ Mahut တို႔က ခ်န္ပီယံဆုဖလားကို ရရွိခဲ့ၿပီး အမ်ိဳးသမီး ႏွစ္ေယာက္တြဲၿပိဳင္ပြဲမွာေတာ့ ခ်က္ႏိုင္ငံသူေတြျဖစ္တဲ့ Krejčíková နဲ႔ Siniaková တို႔က ခ်န္ပီယံ ဆုဖလားကို ရရွိခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္ ျပင္သစ္အိုးပင္းၿပိဳင္ပြဲကို (၁၄)ရက္ၾကာ က်င္းပခဲ့ၿပီး ဆုေၾကးေငြအျဖစ္ ယူရို (၃၉)သန္းေက်ာ္ ခ်ီးျမွင့္ခဲ့ပါတယ္။

REF:Wikipedia
Photo:TV, and real people, fccnn, standard.co.uk
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ပြင်သစ်အိုးပင်း ချန်ပီယံဆုကို (၁၁)ကြိမ်မြောက် ရရှိခဲ့တဲ့ မြေစေးကွင်းဘုရင် Rafael Nadal

မြေစေးကွင်း ပြိုင်ပွဲအဖြစ် ကျင်းပတဲ့ ပြင်သစ်အိုးပင်း ပြိုင်ပွဲမှာ အအောင်မြင်ဆုံး ကစားသမားအဖြစ် သတ်မှတ်ထားပြီး မြေစေးကွင်းဘုရင်အဖြစ် နာမည်ကျော်တဲ့ စပိန်နိုင်ငံသား Rafael Nadal ကတော့ အခုနှစ်ပြိုင်ပွဲမှာလည်း ထပ်မံ ဗိုလ်စွဲခဲ့ပြီး (၁၁)ကြိမ်မြောက် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အမျိုးသား တစ်ဦးချင်းပြိုင်ပွဲမှာ နာမည်ကျော် တင်းနစ် ကစားသမားတွေဖြစ်တဲ့ Djokovic, Wawrinka,  Cilic အစရှိတဲ့ ကစားသမားတွေ ပြိုင်ပွဲက စောစောစီးစီးထွက်ခွာခဲ့ရလို့ Nadal အတွက် လွယ်ကူခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့ ပြင်သစ်အိုးပင်း ဗိုလ်လုပွဲမှာ ဆီဒင် အဆင့် (၇)နေရာမှာရှိတဲ့ သြစတြီးယားနိုင်ငံသား လူငယ်တင်းနစ် ကစားသမား Dominic Thiem ကို လက်ရှိချန်ပီယံ Nadal က အနိုင်ယူပြီး ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပါတယ်။

2018-French-Open-Champion-Rafael-Nadal

2018-French-Open-Champion-Rafael-Nadal

အစောပိုင်း ပွဲငယ်တွေမှာ Nadal အတွက် ခက်ခဲခဲ့ပေမယ့် ပွဲချိန် ကြာလာတာနဲ့အမျှ Dominic Thiem ကို အသာစီးရယူပြီး လက်ရှိချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 3rd set မှာ Nadal အနေနဲ့ လက်ချောင်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ပေမယ့် အနိုင်ရလဒ်အတွက် အကောင်းဆုံး လက်စွမ်းတွေနဲ့ ပြိုင်ဘက် ကစားသမားကို အသာစီးရယူနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲကို (၂)နာရီနဲ့ (၄၃)မိနစ်ကြာ ကစားခဲ့ပြီး ပွဲပြီးဆုံးချိန်မှာတော့ Nadal က လူငယ်ကစားသမား Dominic Thiem ကို (၃)ပွဲပြတ် (၆-၄၊ ၆-၃၊ ၆-၂) ရလဒ်တွေနဲ့ ပြတ်ပြတ်သားသား အနိုင်ယူခဲ့ပါတယ်။ ၂၀၁၈ ပြင်သစ်အိုးပင်း ချန်ပီယံဆုကို ဆွတ်ခူးခဲ့တဲ့ Nadal အတွက် (၁၇)ကြိမ်မြောက် Grand Slam ဆုဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံဆုကို ရရှိခဲ့တဲ့ Nadal ကတော့ ဆုကြေးငွေအနေနဲ့ ယူရို (၂.၂)သန်းအထိ ရရှိခဲ့ပါတယ်။

2018-French-Open-women-single-winner-Halep-and-Runner-Stephens

2018-French-Open-women-single-winner-Halep-and-Runner-Stephens

အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲမှာတော့ ဆီဒင် (၁)နေရာက ရိုမေးနီးယားနိုင်ငံသူ Halep က ဆီဒင် (၁၀)နေရာက အမေရိကန်နိုင်ငံသူ Stephens ကို (၃-၆၊ ၆-၄၊ ၆-၁) ရလဒ်တွေနဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရိုမေးနီးယားနိုင်ငံသူ Halep အတွက် ၂၀၁၈ ပြင်သစ်အိုးပင်း ချန်ပီယံဆုဟာ သူ့ရဲ့ ကစားသမားတစ်လျှောက် ပထမဆုံး ရရှိတဲ့ Grand Slam ဆုဖလားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အမျိုးသား နှစ်ယောက်တွဲ ပြိုင်ပွဲမှာတော့ ပြင်သစ်နိုင်ငံသား (၂)ဦးဖြစ်တဲ့ Herbert နဲ့ Mahut တို့က ချန်ပီယံဆုဖလားကို ရရှိခဲ့ပြီး အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲမှာတော့ ချက်နိုင်ငံသူတွေဖြစ်တဲ့ Krejčíková နဲ့ Siniaková တို့က ချန်ပီယံ ဆုဖလားကို ရရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ပြင်သစ်အိုးပင်းပြိုင်ပွဲကို (၁၄)ရက်ကြာ ကျင်းပခဲ့ပြီး ဆုကြေးငွေအဖြစ် ယူရို (၃၉)သန်းကျော် ချီးမြှင့်ခဲ့ပါတယ်။

REF:Wikipedia
Photo:TV, and real people, fccnn, standard.co.uk
Aung Kyaw Wai (Akhayar)
www.akhayar.com