This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြအက်ဥ္း

(၂၁)ႀကိမ္ေျမာက္အျဖစ္ ရုရွားႏိုင္ငံမွာ က်င္းပခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲကေတာ့ ေအာင္ျမင္စြာ ၿပီးဆံုးသြားခဲ့ပါၿပီ။ ေမာ္စကိုၿမိဳ႕ရွိ လုဇ္နီကီကြင္းႀကီးအတြင္းမွာ ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ ေနာက္ဆံုးဗိုလ္လုပြဲမွာေတာ့ ျပင္သစ္အသင္းက ခရိုေအးရွားအသင္းကို အႏိုင္ယူကာ ကမၻာ႔ဖလားခ်န္ပီယံဘြဲ႔ကို သိမ္းပိုက္ခဲ့ပါတယ္။ ၁၉၉၈ ခုႏွစ္မွာ တစ္ႀကိမ္ခ်န္ပီယံျဖစ္ဖူးတဲ့ ျပင္သစ္အသင္းအတြက္ေတာ့ ၂၀၁၈ ကမၻာ႔ဖလားက ဒုတိယအႀကိမ္ေျမာက္ ရရွိခဲ့တာျဖစ္ပါတယ္။ ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ ဗိုလ္လုပြဲကို ပထမဆံုးအႀကိမ္ တက္ေရာက္ႏိုင္ခဲ့တဲ့ ခရိုေအးရွားအသင္းကေတာ့ အေကာင္းဆံုး အရံႈးသမားအျဖစ္နဲ႔ ဒုတိယဆုကိုသာ ရရွိခဲ့တယ္။ တတိယနဲ႔ စတုတၳေနရာေတြကိုေတာ့ ဘယ္လ္ဂ်ီယံအသင္းနဲ႔ အဂၤလန္အသင္းတို႔က ရရွိခဲ့ၿပီး အသန္႔ရွင္းဆံုးအသင္းဆုကိုေတာ့ စပိန္အသင္းက ရရွိခဲ့ပါတယ္။

2018-FIFA-World-Cup-winner-France

2018-FIFA-World-Cup-winner-France

ဂိုးသြင္းအမ်ားဆံုး ေရႊဖိနပ္ဆုရွင္အျဖစ္ ၿပိဳင္ပြဲတစ္ေလွ်ာက္ (၆)ဂိုးသြင္းယူခဲ့တဲ့ အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္း Harry Kane က ရရွိခဲ့ၿပီး ေငြဖိနပ္ဆုနဲ႔ ေၾကးဖိနပ္ဆုေတြကိုေတာ့ ျပင္သစ္တိုက္စစ္ကစားသမား ဂရစ္ဇ္မန္း Griezmann နဲ႔ ဘယ္လ္ဂ်ီယံတိုက္စစ္မွဴး လူကာကူ Lukaku တို႔က ရရွိခဲ့ပါတယ္။ အေကာင္းဆံုးကစားသမားဆု (ေရႊေဘာလံုးဆု) ကိုေတာ့ ၿပိဳင္ပြဲတစ္ေလွ်ာက္ ခရိုေအးရွားအသင္းမွာ ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး အသင္းကို ၿပိဳ္င္ပြဲသမိုင္းမွာ ပထမဆံုးအႀကိမ္ ဗိုလ္လုပြဲေရာက္ေအာင္ အဓိကေနရာက စြမ္းေဆာင္ေပးခဲ့တဲ့ အသင္းေခါင္းေဆာင္ မိုဒရစ္ Modric က ရရွိခဲ့ပါတယ္။ ေငြေဘာလံုးဆုကိုေတာ့ ဘယ္လ္ဂ်ီယံအသင္းေခါင္းေဆာင္ ဟာဇက္ Hazard က ရရွိခဲ့ၿပီး ေၾကးေဘာလံုးဆုကိုေတာ့ ျပင္သစ္တိုက္စစ္ကစားသမား ဂရစ္ဇ္မန္း Griezmann က ရရွိခဲ့ပါတယ္။ ၿပိဳင္ပြဲရဲ႕ အေကာင္းဆံုးဂိုးသမားဆု (ေရႊလက္အိတ္ဆု)ကို ဘယ္လ္ဂ်ီယံအသင္းအတြက္ လက္စြမ္းျပခဲ့တဲ့ ဂိုးသမား ေကာ္တိုအာ Courtois က ရရွိခဲ့ပါတယ္။ လူငယ္အေကာင္းဆံုး ကစားသမားဆုကိုေတာ့ ျပင္သစ္အသင္းအတြက္ အထူးေျခစြမ္းျပ ကစားႏိုင္ခဲ့တဲ့ လူငယ္တိုက္စစ္ကစားသမား ဘာေပ Mbappe က ဆြတ္ခူးႏုိင္ခဲ့ပါတယ္။

Mbappe3

Mbappe3

ဇြန္လ (၁၄)ရက္ေန႔က စတင္ခဲ့ၿပီး ဇူလိုင္လ (၁၅)ရက္ေန႔မွာ အဆံုးသတ္ခဲ့တဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲကို ရုရွားႏိုင္ငံမွာရွိတဲ့ ၿမိဳ႕ႀကီး (၁၁)ၿမိဳ႕က ကြင္းေပါင္း (၁၂)ကြင္းမွာ ေအာင္ျမင္စြာ က်င္းပခဲ့တာပါ။ လက္ရွိခ်န္ပီယံ ဂ်ာမနီအသင္း အုပ္စုအဆင့္က ထြက္ခဲ့ရမႈ၊ Underdog လို႔ သတ္မွတ္ထားခဲ့တဲ့ အသင္းငယ္ေတြ ေျခစြမ္းျပခဲ့မႈ၊ VAR စနစ္ ပထမဆံုးအသံုးျပဳမႈ ေတြနဲ႔ ရင္ခုန္စိတ္လႈပ္ရွားမႈ အျပည့္အဝ ေပးစြမ္းႏိုင္ခဲ့တဲ့ ၿပိဳင္ပြဲတစ္ခုျဖစ္ခဲ့ပါတယ္။

Croatia1

Croatia1

ကမၻာ႔ဖလားၿပိဳင္ပြဲအက်ဥ္း

အိမ္ရွင္ – ရုရွားႏိုင္ငံ
ၿပိဳင္ပြဲက်င္းပခဲ့တဲ့ရက္ – ဇြန္ (၁၄)ရက္ေန႔မွ ဇူလိုင္ (၁၅)ရက္အထိ
ၿပိဳင္ပြဲဝင္အသင္းေပါင္း – (၃၂)သင္း
အသံုးျပဳခဲ့တဲ့ ကြင္းအေရအတြက္ – (၁၂)ကြင္း
ခ်န္ပီယံ – ျပင္သစ္
ဒုတိယ – ခရိုေအးရွား
တတိယ – ဘယ္လ္ဂ်ီယံ
စတုတၳ – အဂၤလန္
ကစားခဲ့တဲ့ ပြဲအေရအတြက္ – (၆၄)ပြဲ
ၿပိဳင္ပြဲတစ္ေလွ်ာက္ သြင္းဂိုးစုစုေပါင္း – (၁၆၉)ဂိုး (တစ္ပြဲပွ်မ္းမွ် ၂.၆၄ ဂိုးႏႈန္း)
ပရိသတ္တက္ေရာက္ ၾကည့္ရႈမႈ – (၃,၀၃၁,၇၆၈) ဦး (တစ္ပြဲပွ်မ္းမွ် ၄၇၃၇၁ ဦးႏႈန္း)
ဂိုးသြင္းအမ်ားဆံုး ကစားသမား – ဟယ္ရီကိန္း (အဂၤလန္) – (၆)ဂိုး
အေကာင္းဆံုး ကစားသမား – လူကာမိုဒရစ္ (ခရိုေအးရွား)
လူငယ္အေကာင္းဆံုး ကစားသမား – ဘာေပ (ျပင္သစ္)
အေကာင္းဆံုး ဂိုးသမား – ေကာ္တိုအာ (ဘယ္လ္ဂ်ီယံ)
အသန္႔ရွင္းဆံုး အသင္း – စပိန္
ၿပိဳင္ပြဲကုန္က်စရိတ္ – အေမရိကန္ေဒၚလာ (၁၄.၂)သန္း
အသံုးျပဳခဲ့တဲ့ လုပ္အားေပးလူငယ္စုစုေပါင္း – (၃၅,၀၀၀) ဦး
ဆုေၾကးေငြ စုစုေပါင္း – အေမရိကန္ေဒၚလာ သန္း (၄၀၀)
လက္ေကာင္နာမည္ – Zabivaka (ေျမေခြး)
အသံုးျပဳခဲ့တဲ့ ေဘာလံုးနာမည္ – Adidas Telstar 18
ၿပိဳင္ပြဲသီခ်င္း – Live It Up (Nicky Jam, Will Smith & Era Istrefi)

REF:Wikipedia
Photo:OptaJoe, FIFA World Cup
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအကျဉ်း

(၂၁)ကြိမ်မြောက်အဖြစ် ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။ မော်စကိုမြို့ရှိ လုဇ်နီကီကွင်းကြီးအတွင်းမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ နောက်ဆုံးဗိုလ်လုပွဲမှာတော့ ပြင်သစ်အသင်းက ခရိုအေးရှားအသင်းကို အနိုင်ယူကာ ကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကို သိမ်းပိုက်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ တစ်ကြိမ်ချန်ပီယံဖြစ်ဖူးတဲ့ ပြင်သစ်အသင်းအတွက်တော့ ၂၀၁၈ ကမ္ဘာ့ဖလားက ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တဲ့ ခရိုအေးရှားအသင်းကတော့ အကောင်းဆုံး အရှုံးသမားအဖြစ်နဲ့ ဒုတိယဆုကိုသာ ရရှိခဲ့တယ်။ တတိယနဲ့ စတုတ္ထနေရာတွေကိုတော့ ဘယ်လ်ဂျီယံအသင်းနဲ့ အင်္ဂလန်အသင်းတို့က ရရှိခဲ့ပြီး အသန့်ရှင်းဆုံးအသင်းဆုကိုတော့ စပိန်အသင်းက ရရှိခဲ့ပါတယ်။

2018-FIFA-World-Cup-winner-France

2018-FIFA-World-Cup-winner-France

ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုရှင်အဖြစ် ပြိုင်ပွဲတစ်လျှောက် (၆)ဂိုးသွင်းယူခဲ့တဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်း Harry Kane က ရရှိခဲ့ပြီး ငွေဖိနပ်ဆုနဲ့ ကြေးဖိနပ်ဆုတွေကိုတော့ ပြင်သစ်တိုက်စစ်ကစားသမား ဂရစ်ဇ်မန်း Griezmann နဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူ Lukaku တို့က ရရှိခဲ့ပါတယ်။ အကောင်းဆုံးကစားသမားဆု (ရွှေဘောလုံးဆု) ကိုတော့ ပြိုင်ပွဲတစ်လျှောက် ခရိုအေးရှားအသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အသင်းကို ပြိုင်ပွဲသမိုင်းမှာ ပထမဆုံးအကြိမ် ဗိုလ်လုပွဲရောက်အောင် အဓိကနေရာက စွမ်းဆောင်ပေးခဲ့တဲ့ အသင်းခေါင်းဆောင် မိုဒရစ် Modric က ရရှိခဲ့ပါတယ်။ ငွေဘောလုံးဆုကိုတော့ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဟာဇက် Hazard က ရရှိခဲ့ပြီး ကြေးဘောလုံးဆုကိုတော့ ပြင်သစ်တိုက်စစ်ကစားသမား ဂရစ်ဇ်မန်း Griezmann က ရရှိခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးသမားဆု (ရွှေလက်အိတ်ဆု)ကို ဘယ်လ်ဂျီယံအသင်းအတွက် လက်စွမ်းပြခဲ့တဲ့ ဂိုးသမား ကော်တိုအာ Courtois က ရရှိခဲ့ပါတယ်။ လူငယ်အကောင်းဆုံး ကစားသမားဆုကိုတော့ ပြင်သစ်အသင်းအတွက် အထူးခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ လူငယ်တိုက်စစ်ကစားသမား ဘာပေ Mbappe က ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Mbappe3

Mbappe3

ဇွန်လ (၁၄)ရက်နေ့က စတင်ခဲ့ပြီး ဇူလိုင်လ (၁၅)ရက်နေ့မှာ အဆုံးသတ်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရုရှားနိုင်ငံမှာရှိတဲ့ မြို့ကြီး (၁၁)မြို့က ကွင်းပေါင်း (၁၂)ကွင်းမှာ အောင်မြင်စွာ ကျင်းပခဲ့တာပါ။ လက်ရှိချန်ပီယံ ဂျာမနီအသင်း အုပ်စုအဆင့်က ထွက်ခဲ့ရမှု၊ Underdog လို့ သတ်မှတ်ထားခဲ့တဲ့ အသင်းငယ်တွေ ခြေစွမ်းပြခဲ့မှု၊ VAR စနစ် ပထမဆုံးအသုံးပြုမှု တွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်အဝ ပေးစွမ်းနိုင်ခဲ့တဲ့ ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။

Croatia1

Croatia1

ကမ္ဘာ့ဖလားပြိုင်ပွဲအကျဉ်း

အိမ်ရှင် – ရုရှားနိုင်ငံ
ပြိုင်ပွဲကျင်းပခဲ့တဲ့ရက် – ဇွန် (၁၄)ရက်နေ့မှ ဇူလိုင် (၁၅)ရက်အထိ
ပြိုင်ပွဲဝင်အသင်းပေါင်း – (၃၂)သင်း
အသုံးပြုခဲ့တဲ့ ကွင်းအရေအတွက် – (၁၂)ကွင်း
ချန်ပီယံ – ပြင်သစ်
ဒုတိယ – ခရိုအေးရှား
တတိယ – ဘယ်လ်ဂျီယံ
စတုတ္ထ – အင်္ဂလန်
ကစားခဲ့တဲ့ ပွဲအရေအတွက် – (၆၄)ပွဲ
ပြိုင်ပွဲတစ်လျှောက် သွင်းဂိုးစုစုပေါင်း – (၁၆၉)ဂိုး (တစ်ပွဲပျှမ်းမျှ ၂.၆၄ ဂိုးနှုန်း)
ပရိသတ်တက်ရောက် ကြည့်ရှုမှု – (၃,၀၃၁,၇၆၈) ဦး (တစ်ပွဲပျှမ်းမျှ ၄၇၃၇၁ ဦးနှုန်း)
ဂိုးသွင်းအများဆုံး ကစားသမား – ဟယ်ရီကိန်း (အင်္ဂလန်) – (၆)ဂိုး
အကောင်းဆုံး ကစားသမား – လူကာမိုဒရစ် (ခရိုအေးရှား)
လူငယ်အကောင်းဆုံး ကစားသမား – ဘာပေ (ပြင်သစ်)
အကောင်းဆုံး ဂိုးသမား – ကော်တိုအာ (ဘယ်လ်ဂျီယံ)
အသန့်ရှင်းဆုံး အသင်း – စပိန်
ပြိုင်ပွဲကုန်ကျစရိတ် – အမေရိကန်ဒေါ်လာ (၁၄.၂)သန်း
အသုံးပြုခဲ့တဲ့ လုပ်အားပေးလူငယ်စုစုပေါင်း – (၃၅,၀၀၀) ဦး
ဆုကြေးငွေ စုစုပေါင်း – အမေရိကန်ဒေါ်လာ သန်း (၄၀၀)
လက်ကောင်နာမည် – Zabivaka (မြေခွေး)
အသုံးပြုခဲ့တဲ့ ဘောလုံးနာမည် – Adidas Telstar 18
ပြိုင်ပွဲသီချင်း – Live It Up (Nicky Jam, Will Smith & Era Istrefi)

REF:Wikipedia
Photo:OptaJoe, FIFA World Cup
Aung Kyaw Wai (Akhayar)
www.akhayar.com