This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲဝင္ ဂိုးသမားေတြရဲ႕ ဂိုးေပါက္ကာကြယ္မႈ မွတ္တမ္းမ်ား

လက္ရွိေဘာလံုးေလာကရဲ႕ ကမၻာ႔အေကာင္းဆံုး ဂိုးသမားေတြထဲမွာ ဒီဂီယာ De Gea ဆိုတာ နံပါတ္ (၁)ေနရာကို ခၽြင္းခ်က္ရယူထားတဲ့ ဂိုးသမား။ ကလပ္အသင္းမွာ ျပသခဲ့တဲ့ လက္စြမ္းေတြေၾကာင့္လည္း စပိန္အသင္းရဲ႕ ဂႏၳဝင္ဂိုးသမား ကာဆီးလက္စ္ Casillas အနားယူသြားတဲ့ေနာက္ပိုင္းမွာ လက္ေရြးစင္အသင္းရဲ႕ နံပါတ္ (၁)ဂိုးသမားေနရာကို ဆက္ခံႏိုင္ခဲ့တယ္။ ဒါေပမဲ့ ဒီဂီယာ De Gea က ႏိုင္ငံအသင္းေရာက္ရင္ကို သူ႔လက္စြမ္းေတြက ပံုမွန္ေအာက္ေရာက္သြားခဲ့တယ္ဆိုတာ မွတ္တမ္းေတြက သက္ေသခံေနတယ္။ ရုရွားႏိုင္ငံမွာ က်င္းပေနတဲ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာလည္း စပိန္အသင္းရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို အေကာင္းဆံုး အသက္ဆက္ေပးမယ့္ ဂိုးသမားတစ္ဦးလို႔ အမ်ားစုက သတ္မွတ္ခဲ့ၾကတယ္။ ဒါေပမဲ့ ဒီတစ္ႀကိမ္ ၿပိဳင္ပြဲမွာလည္း သူ႔အေနနဲ႔ ပံုစံေကာင္းမျပႏိုင္ေသးဘဲ ေဝဖန္မႈေတြနဲ႔ ဆက္လက္ ရင္ဆိုင္ေနရတယ္။

De-Gea-mistake

De-Gea-mistake

အုပ္စုအဖြင့္ပြဲအျဖစ္ ကစားခဲ့တဲ့ ေပၚတူဂီအသင္းနဲ႔ ပြဲစဥ္မွာ သူ႔ရဲ႕ မက်ဴးလြန္သင့္တဲ့ အမွားေၾကာင့္ စီေရာ္နယ္လ္ဒို C.Ronaldo ရဲ႕ ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရတယ္။ ဒီလိုအမွားေတြမ်ားေနတာ စပိန္အသင္းရဲ႕ ခံစစ္ေၾကာင့္လားဆိုေတာ့လည္း အမွားေထာက္ျပရမယ့္ ေနာက္ခံလူက ဒီအသင္းမွာ ခပ္ရွားရွား။ ပြဲထြက္စာရင္းမွာ ပါဝင္တဲ့ အသင္းေခါင္းေဆာင္ ရာမို႔စ္ Ramos နဲ႔ ပီေကး Pique တို႔လို ကမၻာ႔အေကာင္းဆံုးစာရင္းဝင္ ေနာက္ခံလူေတြ ဦးေဆာင္ေနတဲ့ ခံစစ္ေၾကာင္းက ဒီဂီယာ De Gea အတြက္ ဖိအားရွိလာေလာက္တဲ့ အေနအထားမ်ိဳးမဟုတ္ပါဘူး။ ဒီလိုအေနအထားမွာ စပိန္အသင္းရဲ႕ ေပးဂိုးက အုပ္စုပြဲစဥ္ေတြအၿပီးမွာ (၅)ဂိုးအထိရွိခဲ့တယ္။ အပိုင္အခြင့္အေရးကာကြယ္မႈကို ေရွ႕ (၂)ပြဲမွာ မလုပ္ျပႏိုင္ခဲ့ဘဲ ေမာ္ရိုကိုနဲ႔ အုပ္စုေနာက္ဆံုးပြဲအေရာက္မွ ဂိုးေပါက္ကာကြယ္မႈ (၁)ႀကိမ္ ရရွိခဲ့တယ္။ လက္ရွိအခ်ိန္အထိ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ပြဲထြက္ခြင့္ရထားတဲ့ ဂိုးသမားက (၃၅)ေယာက္ရွိတယ္။ ဒီထဲမွာ ဂိုးေပါက္ ကာကြယ္မႈ အနည္းဆံုး ဂိုးသမားအျဖစ္ အဆင့္ (၃၅)ေနရာမွာ ရပ္တည္ေနတဲ့ ဒီဂီယာ De Gea ရဲ႕ အေျခအေနက ေတာ္ေတာ္ေလး ဆိုးရြားတဲ့ အေနအထားေရာက္ေနတယ္လို႔ ေျပာရမယ္။

ဒီၿပိဳင္ပြဲမွာ မထင္မွတ္ထားေလာက္တဲ့ လက္စြမ္းမ်ိဳး ျပသထားႏုိင္တာက (၂)ပြဲကစားၿပီး ဂိုးေပါက္ ကာကြယ္မႈ (၁၄)ႀကိမ္ ျပဳလုပ္ထားႏိုင္တဲ့ မကၠဆီကိုဂိုးသမား အိုခ်ဴအာ Ochoa က ထိပ္ဆံုးမွာ ရပ္တည္ေနတယ္။ အိုခ်ဴအာ Ochoa ဟာ အႀကိမ္အေရအတြက္အမ်ားဆံုး ဂိုးေပါက္ ကာကြယ္မႈ ျပဳလုပ္ထားတာ ျဖစ္ေပမယ့္ ေတာင္ကိုရီးယားအသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ဆြန္ေဟာင္မင္ Son Heung Min ရဲ႕ သြင္းဂိုးကို ခြင့္ျပဳခဲ့ရလို႔ ရာခိုင္ႏႈန္းအားျဖင့္ (၉၃.၃ ရာခုိင္ႏႈန္း)သာ ရရွိခဲ့တယ္။ သူ႔ရဲ႕ေနာက္မွာေတာ့ ဂိုးေပါက္ ကာကြယ္မႈ (၁၀)ႀကိမ္ျပဳလုပ္ထားတဲ့ ဒိန္းမတ္အသင္းရဲ႕ ဂိုးသမား ကတ္စ္ပါရွမိုက္ကယ္ Kasper Schmeichel က ရပ္တည္ေနၿပီး ဂိုးေပါက္ကာကြယ္မႈ (၉)ႀကိမ္အထိ ျပဳလုပ္ထားတဲ့ ဂိုးသမားေတြျဖစ္တဲ့ နာဗက္စ္ Navas (ေကာ္စတာရီကာ)၊ ရိုင္ယန္ Ryan (ၾသစေၾတးလ်)၊ ဟယ္လ္ေဒၚဆန္ Halldorsson (အိုက္စလန္)နဲ႔ ဘန္မတ္စ္တာဖာ Ben Mustapha (တူနီးရွား) တို႔က အစဥ္လိုက္ ရပ္တည္ေနခဲ့တယ္။ အႀကိမ္အေရအတြက္ အမ်ားဆံုးမဟုတ္ေပမဲ့ ရာႏႈန္းျပည့္ ဂိုးေပါက္ ကာကြယ္မႈ ျပဳလုပ္ထားႏိုင္တဲ့ ဂိုးသမားကေတာ့ (၂)ဦးအထိ ရွိခဲ့တယ္။ လက္ရွိအခ်ိန္အထိ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ထားႏိုင္ခဲ့တဲ့ ဥရုေဂြးအသင္းနဲ႔ ခရိုေအးရွားအသင္းတို႔ရဲ႕ ဂိုးသမားေတြျဖစ္တဲ့ မူစလီယာ Muslera နဲ႔ ဆူဘာဆစ္ Subasic တို႔က ရာႏႈန္းျပည့္ ကာကြယ္မႈေတြ ျပဳလုပ္ထားႏုိင္ခဲ့တာျဖစ္တယ္။ မူစလီယာ Muslera က ဂိုးေပါက္ ကာကြယ္မႈ (၇)ႀကိမ္အထိ ျပဳလုပ္ထားၿပီး ဆူဘာဆစ္ Subasic က ဂိုးေပါက္ ကာကြယ္မႈ (၅)ႀကိမ္အထိ ျပဳလုပ္ထားတာျဖစ္ပါတယ္။

Subasic-and-Muslera

Subasic-and-Muslera

ဂိုးေပါက္ ကာကြယ္မႈ အနည္းဆံုး ျပဳလုပ္ထားတဲ့ ကစားသမားေတြကေတာ့ အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ ကလပ္အသင္းမွာ ပံုမွန္ လက္စြမ္းျပႏိုင္ခဲ့တဲ့ ဂိုးသမားေတြျဖစ္ေနတာပါပဲ။ ရိုးမားအသင္းမွာ လက္စြမ္းျပခဲ့တဲ့ ဘရာဇီးလ္ဂိုးသမား အယ္လစ္ဆန္ Alisson၊ အဲဗာတန္အသင္းရဲ႕ အဂၤလန္ဂိုးသမား ပစ္ဖို႔ဒ္ Pickford၊ ပိုလန္အသင္းရဲ႕ ဂိုးသမား ဆက္ဇနီကီ Szczesny နဲ႔ ဒီဂီယာ De Gea တို႔က ဂိုးေပါက္ ကာကြယ္မႈ အနည္းဆံုးအျဖစ္ (၁)ႀကိမ္စီသာ ကာကြယ္ထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒီဂိုးသမားေတြထဲမွာ ဘယ္သူေတြက လက္ရွိ မွတ္တမ္းဆိုးေတြကို ေခ်ဖ်က္ၿပီး ဂိုးေပါက္ ကာကြယ္မႈေတြကို ျပဳလုပ္ေပးႏုိင္မလဲဆိုတာ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ေနတဲ့ ဂိုးသမားေတြရဲ႕ ဂိုးေပါက္ကာကြယ္မႈ မွတ္တမ္းအျပည့္အစံုကို ေအာက္ပါ Link မွာ ဝင္ေရာက္ ဖတ္ရႈႏိုင္ပါတယ္။

REF:FIFA.com
Photo:NewsWorldStudio, 101 Great Goals, Kralspor, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂိုးသမားတွေရဲ့ ဂိုးပေါက်ကာကွယ်မှု မှတ်တမ်းများ

လက်ရှိဘောလုံးလောကရဲ့ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲမှာ ဒီဂီယာ De Gea ဆိုတာ နံပါတ် (၁)နေရာကို ချွင်းချက်ရယူထားတဲ့ ဂိုးသမား။ ကလပ်အသင်းမှာ ပြသခဲ့တဲ့ လက်စွမ်းတွေကြောင့်လည်း စပိန်အသင်းရဲ့ ဂန္ထဝင်ဂိုးသမား ကာဆီးလက်စ် Casillas အနားယူသွားတဲ့နောက်ပိုင်းမှာ လက်ရွေးစင်အသင်းရဲ့ နံပါတ် (၁)ဂိုးသမားနေရာကို ဆက်ခံနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီဂီယာ De Gea က နိုင်ငံအသင်းရောက်ရင်ကို သူ့လက်စွမ်းတွေက ပုံမှန်အောက်ရောက်သွားခဲ့တယ်ဆိုတာ မှတ်တမ်းတွေက သက်သေခံနေတယ်။ ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း စပိန်အသင်းရဲ့ မျှော်လင့်ချက်တွေကို အကောင်းဆုံး အသက်ဆက်ပေးမယ့် ဂိုးသမားတစ်ဦးလို့ အများစုက သတ်မှတ်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် ပြိုင်ပွဲမှာလည်း သူ့အနေနဲ့ ပုံစံကောင်းမပြနိုင်သေးဘဲ ဝေဖန်မှုတွေနဲ့ ဆက်လက် ရင်ဆိုင်နေရတယ်။

De-Gea-mistake

De-Gea-mistake

အုပ်စုအဖွင့်ပွဲအဖြစ် ကစားခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ ပွဲစဉ်မှာ သူ့ရဲ့ မကျူးလွန်သင့်တဲ့ အမှားကြောင့် စီရော်နယ်လ်ဒို C.Ronaldo ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရတယ်။ ဒီလိုအမှားတွေများနေတာ စပိန်အသင်းရဲ့ ခံစစ်ကြောင့်လားဆိုတော့လည်း အမှားထောက်ပြရမယ့် နောက်ခံလူက ဒီအသင်းမှာ ခပ်ရှားရှား။ ပွဲထွက်စာရင်းမှာ ပါဝင်တဲ့ အသင်းခေါင်းဆောင် ရာမို့စ် Ramos နဲ့ ပီကေး Pique တို့လို ကမ္ဘာ့အကောင်းဆုံးစာရင်းဝင် နောက်ခံလူတွေ ဦးဆောင်နေတဲ့ ခံစစ်ကြောင်းက ဒီဂီယာ De Gea အတွက် ဖိအားရှိလာလောက်တဲ့ အနေအထားမျိုးမဟုတ်ပါဘူး။ ဒီလိုအနေအထားမှာ စပိန်အသင်းရဲ့ ပေးဂိုးက အုပ်စုပွဲစဉ်တွေအပြီးမှာ (၅)ဂိုးအထိရှိခဲ့တယ်။ အပိုင်အခွင့်အရေးကာကွယ်မှုကို ရှေ့ (၂)ပွဲမှာ မလုပ်ပြနိုင်ခဲ့ဘဲ မော်ရိုကိုနဲ့ အုပ်စုနောက်ဆုံးပွဲအရောက်မှ ဂိုးပေါက်ကာကွယ်မှု (၁)ကြိမ် ရရှိခဲ့တယ်။ လက်ရှိအချိန်အထိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲထွက်ခွင့်ရထားတဲ့ ဂိုးသမားက (၃၅)ယောက်ရှိတယ်။ ဒီထဲမှာ ဂိုးပေါက် ကာကွယ်မှု အနည်းဆုံး ဂိုးသမားအဖြစ် အဆင့် (၃၅)နေရာမှာ ရပ်တည်နေတဲ့ ဒီဂီယာ De Gea ရဲ့ အခြေအနေက တော်တော်လေး ဆိုးရွားတဲ့ အနေအထားရောက်နေတယ်လို့ ပြောရမယ်။

ဒီပြိုင်ပွဲမှာ မထင်မှတ်ထားလောက်တဲ့ လက်စွမ်းမျိုး ပြသထားနိုင်တာက (၂)ပွဲကစားပြီး ဂိုးပေါက် ကာကွယ်မှု (၁၄)ကြိမ် ပြုလုပ်ထားနိုင်တဲ့ မက္ကဆီကိုဂိုးသမား အိုချူအာ Ochoa က ထိပ်ဆုံးမှာ ရပ်တည်နေတယ်။ အိုချူအာ Ochoa ဟာ အကြိမ်အရေအတွက်အများဆုံး ဂိုးပေါက် ကာကွယ်မှု ပြုလုပ်ထားတာ ဖြစ်ပေမယ့် တောင်ကိုရီးယားအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဆွန်ဟောင်မင် Son Heung Min ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရလို့ ရာခိုင်နှုန်းအားဖြင့် (၉၃.၃ ရာခိုင်နှုန်း)သာ ရရှိခဲ့တယ်။ သူ့ရဲ့နောက်မှာတော့ ဂိုးပေါက် ကာကွယ်မှု (၁၀)ကြိမ်ပြုလုပ်ထားတဲ့ ဒိန်းမတ်အသင်းရဲ့ ဂိုးသမား ကတ်စ်ပါရှမိုက်ကယ် Kasper Schmeichel က ရပ်တည်နေပြီး ဂိုးပေါက်ကာကွယ်မှု (၉)ကြိမ်အထိ ပြုလုပ်ထားတဲ့ ဂိုးသမားတွေဖြစ်တဲ့ နာဗက်စ် Navas (ကော်စတာရီကာ)၊ ရိုင်ယန် Ryan (သြစတြေးလျ)၊ ဟယ်လ်ဒေါ်ဆန် Halldorsson (အိုက်စလန်)နဲ့ ဘန်မတ်စ်တာဖာ Ben Mustapha (တူနီးရှား) တို့က အစဉ်လိုက် ရပ်တည်နေခဲ့တယ်။ အကြိမ်အရေအတွက် အများဆုံးမဟုတ်ပေမဲ့ ရာနှုန်းပြည့် ဂိုးပေါက် ကာကွယ်မှု ပြုလုပ်ထားနိုင်တဲ့ ဂိုးသမားကတော့ (၂)ဦးအထိ ရှိခဲ့တယ်။ လက်ရှိအချိန်အထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တဲ့ ဥရုဂွေးအသင်းနဲ့ ခရိုအေးရှားအသင်းတို့ရဲ့ ဂိုးသမားတွေဖြစ်တဲ့ မူစလီယာ Muslera နဲ့ ဆူဘာဆစ် Subasic တို့က ရာနှုန်းပြည့် ကာကွယ်မှုတွေ ပြုလုပ်ထားနိုင်ခဲ့တာဖြစ်တယ်။ မူစလီယာ Muslera က ဂိုးပေါက် ကာကွယ်မှု (၇)ကြိမ်အထိ ပြုလုပ်ထားပြီး ဆူဘာဆစ် Subasic က ဂိုးပေါက် ကာကွယ်မှု (၅)ကြိမ်အထိ ပြုလုပ်ထားတာဖြစ်ပါတယ်။

Subasic-and-Muslera

Subasic-and-Muslera

ဂိုးပေါက် ကာကွယ်မှု အနည်းဆုံး ပြုလုပ်ထားတဲ့ ကစားသမားတွေကတော့ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ကလပ်အသင်းမှာ ပုံမှန် လက်စွမ်းပြနိုင်ခဲ့တဲ့ ဂိုးသမားတွေဖြစ်နေတာပါပဲ။ ရိုးမားအသင်းမှာ လက်စွမ်းပြခဲ့တဲ့ ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန် Alisson၊ အဲဗာတန်အသင်းရဲ့ အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ် Pickford၊ ပိုလန်အသင်းရဲ့ ဂိုးသမား ဆက်ဇနီကီ Szczesny နဲ့ ဒီဂီယာ De Gea တို့က ဂိုးပေါက် ကာကွယ်မှု အနည်းဆုံးအဖြစ် (၁)ကြိမ်စီသာ ကာကွယ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးသမားတွေထဲမှာ ဘယ်သူတွေက လက်ရှိ မှတ်တမ်းဆိုးတွေကို ချေဖျက်ပြီး ဂိုးပေါက် ကာကွယ်မှုတွေကို ပြုလုပ်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နေတဲ့ ဂိုးသမားတွေရဲ့ ဂိုးပေါက်ကာကွယ်မှု မှတ်တမ်းအပြည့်အစုံကို အောက်ပါ Link မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

REF:FIFA.com
Photo:NewsWorldStudio, 101 Great Goals, Kralspor, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com