This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ ဆီမီးဖိုင္နယ္ပြဲစဥ္မ်ား

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲက ဆီမီးဖိုင္နယ္အဆင့္ကို ေရာက္ရွိလာခဲ့ပါၿပီ။ ဒီအခ်ိန္မွာ ခ်န္ပီယံဆုကို ရရွိဖူးတဲ့ အသင္းက ၁၉၆၆ ခ်န္ပီယံ အဂၤလန္အသင္းနဲ႔ ၁၉၉၈ ခ်န္ပီယံ ျပင္သစ္အသင္းတို႔သာ ခ်န္ပီယံေဟာင္းေတြအျဖစ္ ေနာက္ဆံုး (၄)သင္းစာရင္းမွာ ပါဝင္လာခဲ့တယ္။ ေနာက္ဆံုး (၄)သင္းစာရင္းမွာ ပါဝင္လာတဲ့ ခရုိေအးရွားနဲ႔ ဘယ္လ္ဂ်ီယံတို႔ဆိုတာ ၿပိဳင္ပြဲသမိုင္းမွာ ဗိုလ္လုပြဲအဆင့္ကို တစ္ႀကိမ္မွ မေရာက္ဖူးခဲ့တဲ့ အသင္းေတြ။ ဆီမီးဖိုင္နယ္အတြဲအဖက္ေတြအရ ျပင္သစ္နဲ႔ ဘယ္လ္ဂ်ီယံ၊ ခရုိေအးရွားနဲ႔ အဂၤလန္တို႔ ထိပ္တိုက္ရင္ဆိုင္ရမယ္။ လက္ရွိအေနအထားအရ ဥေရာပအသင္းေတြႀကီး ေနာက္ဆံုး (၄)သင္းအဆင့္မွာ ပါဝင္ခဲ့တဲ့ (၉)ႀကိမ္ေျမာက္ ၿပိဳင္ပြဲျဖစ္ၿပီး All-Europe Final အျဖစ္ (၅)ႀကိမ္ေျမာက္ ျမင္ေတြ႔ရေတာ့မယ့္ ၿပိဳင္ပြဲတစ္ခုျဖစ္လာခဲ့တယ္။ ဘယ္လ္ဂ်ီယံနဲ႔ ခရိုေအးရွားတို႔သာ ခ်န္ပီယံေဟာင္း ၿပိဳင္ဘက္ေတြကို ဆီမီးဖိုင္နယ္မွာ ေက်ာ္ျဖတ္ႏိုင္ခဲ့ရင္ ခ်န္ပီယံအသင္းသစ္ကို ေသခ်ာေပါက္ ျမင္ေတြ႔ရမွာျဖစ္တယ္။ ခရိုေအးရွားအသင္းက ၁၉၉၈ ၿပိဳင္ပြဲမွာ တတိယဆု ရယူႏိုင္ခဲ့တာက သူတို႔ရဲ႕ အေအာင္ျမင္ဆံုးျဖစ္သလို ၁၉၈၆ မွာ စတုတၳေနရာ ရရွိခဲ့တာက ဘယ္လ္ဂ်ီယံအတြက္ အေအာင္ျမင္ဆံုး ၿပိဳင္ပြဲေတြျဖစ္ခဲ့တယ္။ ဒီအေနအထားမွာ ခရိုေအးရွားနဲ႔ ဘယ္လ္ဂ်ီယံတို႔ ဗိုလ္လုပြဲေရာက္တာနဲ႔ သူတို႔ရဲ႕ အေအာင္ျမင္ဆံုး ၿပိဳင္ပြဲအျဖစ္ မွတ္တမ္းတင္ႏိုင္ေတာ့မယ္။

Semifinalist-teams-key-players

Semifinalist-teams-key-players

ခ်န္ပီယံေဟာင္းေတြအျဖစ္ ေနာက္ဆံုး (၄)သင္းစာရင္းမွာ ပါဝင္လာတဲ့ ျပင္သစ္နဲ႔ အဂၤလန္ဆိုတာကလည္း ကမၻာ႔ဖလားမွာ အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့တဲ့ ၁၉၉၈ ၿပိဳင္ပြဲနဲ႔ ၁၉၆၆ ၿပိဳင္ပြဲေတြမွာ ခ်န္ပီယံျဖစ္ခဲ့တာကလြဲလို႔ က်န္ၿပိဳင္ပြဲေတြမွာ ခ်န္ပီယံဆုကို ရယူႏိုင္ခဲ့ျခင္းမရွိတဲ့ အသင္းေတြပါ။ အိမ္ရွင္ျဖစ္ခဲ့တဲ့ ၿပိဳင္ပြဲကလြဲလို႔ က်န္ၿပိဳင္ပြဲမွာ ခ်န္ပီယံမျဖစ္ဖူးတဲ့ အသင္းေတြျဖစ္လို႔ ထိပ္သီးအသင္းေတြျဖစ္ေပမယ့္ ‘လူမေလး၊ ေခြးမခန္႔’ လိုျဖစ္ေနလို႔ ၿပိဳင္ဘက္ေတြရဲ႕ အိမ္က်ယ္အသင္းေတြအျဖစ္ သတ္မွတ္ခံထားရတဲ့ အသင္းေတြပါ။ ဒီတစ္ႀကိမ္မွာေတာ့ ဒီအေနအထားကို ေျခဖ်က္ဖို႔ သူတို႔အတြက္ အေကာင္းဆံုးအေနအထားတစ္ရပ္ကို ကိုယ္စီပိုင္ဆိုင္ထားၾကပါၿပီ။ ဆီမီးဖိုင္နယ္ဆိုတဲ့ အတားအဆီးကို ျဖတ္ေက်ာ္ႏိုင္တာနဲ႔ သူတို႔ရဲ႕ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ဖို႔ အနီးစပ္ဆံုးအေနအထားကို ေရာက္ရွိလာေတာ့မွာပါ။ အိမ္က်ယ္အသင္းေတြ အျဖစ္ကေန ရုန္းထြက္ဖို႔ႀကိဳးပမ္းလာမယ့္အသင္းေတြနဲ႔ ခ်န္ပီယံအသင္းသစ္အျဖစ္ မွတ္တမ္းထိုးႏိုင္ဖို႔ ႀကိဳးပမ္းလာမယ့္ အသင္းေတြရဲ႕ ထိပ္တိုက္ေတြ႔ဆံုမႈေတြေၾကာင့္ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ ဆီမီးဖိုင္နယ္ပြဲစဥ္ေတြက စိတ္လႈပ္ရွားမႈေတြကို ေပးစြမ္းေနဦးမွာပါ။

World-Cup-trophy-group-match-ball

ဆီမီးဖိုင္နယ္ ပြဲစဥ္ (၂)ပြဲကို အပိုင္း (၂)ပိုင္းခြဲၾကည့္မယ္ဆိုရင္ေတာ့ ျပင္သစ္နဲ႔ ဘယ္လ္ဂ်ီယံတို႔က အေကာင္းဆံုး ေျခစြမ္းေတြနဲ႔ ဒီအဆင့္ကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ခရိုေအးရွားနဲ႔ အဂၤလန္တို႔ကေတာ့ ေျခစြမ္းပိုင္းထက္ ကံတရားေၾကာင့္ ဒီအဆင့္အထိ ေရာက္လာတဲ့ အသင္းေတြကို ေယဘုယ် သတ္မွတ္လို႔ ရပါတယ္။ ျပင္သစ္နဲ႔ ဘယ္လ္ဂ်ီယံတို႔ဟာ အုပ္စုတြင္းမွာလည္း ပံုစံေကာင္းေတြ ျပသႏိုင္ခဲ့ၿပီး အုပ္စု ပထမေနရာကို အသီးသီး ရရွိကာ ေနာက္တစ္ဆင့္ တက္ေရာက္ခဲ့တဲ့ အသင္းေတြျဖစ္ပါတယ္။ ျပင္သစ္အသင္းဟာ အာဂ်င္တီးနား၊ ဥရုေဂြးတို႔လို ကမၻာ႔ဖလား မွတ္တမ္းေကာင္းေတြရွိတဲ့ အသင္းေတြကို အဆင့္ဆင့္ေက်ာ္ျဖတ္ခဲ့ရသလို ဘယ္လ္ဂ်ီယံအသင္းဟာလည္း ဂ်ပန္၊ ဗိုလ္စြဲဖို႔ ေရပန္းစားေနတဲ့ ဘရာဇီးလ္တို႔ကို ခက္ခက္ခဲခဲေက်ာ္ျဖတ္ခဲ့ရတယ္။ အေတာင့့္တင္းဆံုး လူစာရင္းကို ႏွစ္သင္းစလံုး ပိုင္ဆိုင္ထားသလို ေျခစြမ္းပိုင္း အေကာင္းဆံုးေရာက္ေနတဲ့ အေနအထားေတြေၾကာင့္ ဒီအဆင့္အထိ တက္ေရာက္ခဲ့ၾကတာပါ။

2018-Fifa-World-Cup-Logo

2018-Fifa-World-Cup-Logo

ဆီမီးဖိုင္နယ္ လမ္းေၾကာင္းတစ္ဖက္မွာရွိေနတဲ့ ခရိုေအးရွားအသင္းနဲ႔ အဂၤလန္အသင္းတို႔ကေတာ့ ကံတရားရဲ႕ ေဖးမႈေတြနဲ႔ ဒီအဆင့္ထိ ေရာက္လာခဲ့တယ္လို႔ တြက္ဆလို႔ရေနပါတယ္။ နာမည္ႀကီးအသင္းေတြပါဝင္တဲ့ လမ္းေၾကာင္းကို ေရွာင္လႊဲႏိုင္ခဲ့သလို ၿပိဳင္ဘက္အသင္းေတြနဲ႔ ရင္ဆိုင္ရာမွာလည္း ကံတရားရဲ႕ ေဖးမမႈေတြရွိခဲ့တဲ့ အသင္းေတြျဖစ္ပါတယ္။ ခရိုေအးရွားအသင္းဟာ ရံႈးထြက္ (၁၆)သင္းအဆင့္နဲ႔ ကြာတားဖိုင္နယ္အဆင့္ေတြမွာ ၿပိဳင္ဘက္အသင္းေတြကို ပယ္နယ္တီအဆံုးအျဖတ္နဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့သလို၊ အဂၤလန္အသင္းကလည္း ရံႈးထြက္အဆင့္မွာ ကိုလံဘီယာအသင္းကို ပယ္နယ္တီအဆံုးအျဖတ္၊ ကြာတားဖိုင္နယ္မွာ ဆြီဒင္အသင္းကို ဂိုးသမား ပစ္ဖို႔ဒ္ရဲ႕ အံ့အားသင့္ဖြယ္ လက္စြမ္းေတြေၾကာင့္ ေက်ာ္ျဖတ္လာႏိုင္ခဲ့တာပါ။ ပံုစံေကာင္းျပေနတဲ့ အသင္းႏွစ္သင္းမွာ ဘယ္အသင္းက ဗိုလ္လုပြဲေရာက္ၿပီး၊ ကံတရားေဖးမမႈေတြ ရွိေနတဲ့ အသင္းႏွစ္သင္းမွာ ဘယ္အသင္းက ဗိုလ္လုပြဲေရာက္မလဲဆိုတာ စိတ္လႈပ္ရွားဖို႔ ေကာင္းေနခဲ့ပါၿပီ။ ျပင္သစ္အသင္းနဲ႔ ဘယ္လ္ဂ်ီယံအသင္းမွာ ဘယ္အသင္းက သူတို႔ရဲ႕ ေျခစြမ္းေကာင္းကို ဆက္ထိန္းသြားႏိုင္မလဲ၊ အဂၤလန္အသင္းနဲ႔ ခရိုေအးရွားအသင္းတို႔မွာေကာ ဘယ္အသင္းက ကံတရားေဖမမႈေတြကို ဆက္လက္ရရွိသြားမလဲဆိုတာ မၾကာခင္ အေျဖေပၚသြားေတာ့မွာပါ . . .

၂၀၁၈ ကမၻာ႔ဖလား ဆီမီးဖိုင္နယ္ ပြဲစဥ္မ်ား

ျပင္သစ္ – ဘယ္လ္ဂ်ီယံ (ဗုဒၶဟူးနံနက္ ၀၀း၃၀ နာရီ)
ခရိုေအးရွား – အဂၤလန္ (ၾကာသေပးနံနက္ ၀၀း၃၀ နာရီ)

Photo:STE India, AS, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်များ

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲက ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီအချိန်မှာ ချန်ပီယံဆုကို ရရှိဖူးတဲ့ အသင်းက ၁၉၆၆ ချန်ပီယံ အင်္ဂလန်အသင်းနဲ့ ၁၉၉၈ ချန်ပီယံ ပြင်သစ်အသင်းတို့သာ ချန်ပီယံဟောင်းတွေအဖြစ် နောက်ဆုံး (၄)သင်းစာရင်းမှာ ပါဝင်လာခဲ့တယ်။ နောက်ဆုံး (၄)သင်းစာရင်းမှာ ပါဝင်လာတဲ့ ခရိုအေးရှားနဲ့ ဘယ်လ်ဂျီယံတို့ဆိုတာ ပြိုင်ပွဲသမိုင်းမှာ ဗိုလ်လုပွဲအဆင့်ကို တစ်ကြိမ်မှ မရောက်ဖူးခဲ့တဲ့ အသင်းတွေ။ ဆီမီးဖိုင်နယ်အတွဲအဖက်တွေအရ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံ၊ ခရိုအေးရှားနဲ့ အင်္ဂလန်တို့ ထိပ်တိုက်ရင်ဆိုင်ရမယ်။ လက်ရှိအနေအထားအရ ဥရောပအသင်းတွေကြီး နောက်ဆုံး (၄)သင်းအဆင့်မှာ ပါဝင်ခဲ့တဲ့ (၉)ကြိမ်မြောက် ပြိုင်ပွဲဖြစ်ပြီး All-Europe Final အဖြစ် (၅)ကြိမ်မြောက် မြင်တွေ့ရတော့မယ့် ပြိုင်ပွဲတစ်ခုဖြစ်လာခဲ့တယ်။ ဘယ်လ်ဂျီယံနဲ့ ခရိုအေးရှားတို့သာ ချန်ပီယံဟောင်း ပြိုင်ဘက်တွေကို ဆီမီးဖိုင်နယ်မှာ ကျော်ဖြတ်နိုင်ခဲ့ရင် ချန်ပီယံအသင်းသစ်ကို သေချာပေါက် မြင်တွေ့ရမှာဖြစ်တယ်။ ခရိုအေးရှားအသင်းက ၁၉၉၈ ပြိုင်ပွဲမှာ တတိယဆု ရယူနိုင်ခဲ့တာက သူတို့ရဲ့ အအောင်မြင်ဆုံးဖြစ်သလို ၁၉၈၆ မှာ စတုတ္ထနေရာ ရရှိခဲ့တာက ဘယ်လ်ဂျီယံအတွက် အအောင်မြင်ဆုံး ပြိုင်ပွဲတွေဖြစ်ခဲ့တယ်။ ဒီအနေအထားမှာ ခရိုအေးရှားနဲ့ ဘယ်လ်ဂျီယံတို့ ဗိုလ်လုပွဲရောက်တာနဲ့ သူတို့ရဲ့ အအောင်မြင်ဆုံး ပြိုင်ပွဲအဖြစ် မှတ်တမ်းတင်နိုင်တော့မယ်။

Semifinalist-teams-key-players

Semifinalist-teams-key-players

ချန်ပီယံဟောင်းတွေအဖြစ် နောက်ဆုံး (၄)သင်းစာရင်းမှာ ပါဝင်လာတဲ့ ပြင်သစ်နဲ့ အင်္ဂလန်ဆိုတာကလည်း ကမ္ဘာ့ဖလားမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၁၉၉၈ ပြိုင်ပွဲနဲ့ ၁၉၆၆ ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့တာကလွဲလို့ ကျန်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းမရှိတဲ့ အသင်းတွေပါ။ အိမ်ရှင်ဖြစ်ခဲ့တဲ့ ပြိုင်ပွဲကလွဲလို့ ကျန်ပြိုင်ပွဲမှာ ချန်ပီယံမဖြစ်ဖူးတဲ့ အသင်းတွေဖြစ်လို့ ထိပ်သီးအသင်းတွေဖြစ်ပေမယ့် ‘လူမလေး၊ ခွေးမခန့်’ လိုဖြစ်နေလို့ ပြိုင်ဘက်တွေရဲ့ အိမ်ကျယ်အသင်းတွေအဖြစ် သတ်မှတ်ခံထားရတဲ့ အသင်းတွေပါ။ ဒီတစ်ကြိမ်မှာတော့ ဒီအနေအထားကို ခြေဖျက်ဖို့ သူတို့အတွက် အကောင်းဆုံးအနေအထားတစ်ရပ်ကို ကိုယ်စီပိုင်ဆိုင်ထားကြပါပြီ။ ဆီမီးဖိုင်နယ်ဆိုတဲ့ အတားအဆီးကို ဖြတ်ကျော်နိုင်တာနဲ့ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိလာတော့မှာပါ။ အိမ်ကျယ်အသင်းတွေ အဖြစ်ကနေ ရုန်းထွက်ဖို့ကြိုးပမ်းလာမယ့်အသင်းတွေနဲ့ ချန်ပီယံအသင်းသစ်အဖြစ် မှတ်တမ်းထိုးနိုင်ဖို့ ကြိုးပမ်းလာမယ့် အသင်းတွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေက စိတ်လှုပ်ရှားမှုတွေကို ပေးစွမ်းနေဦးမှာပါ။

World-Cup-trophy-group-match-ball

ဆီမီးဖိုင်နယ် ပွဲစဉ် (၂)ပွဲကို အပိုင်း (၂)ပိုင်းခွဲကြည့်မယ်ဆိုရင်တော့ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံတို့က အကောင်းဆုံး ခြေစွမ်းတွေနဲ့ ဒီအဆင့်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ခရိုအေးရှားနဲ့ အင်္ဂလန်တို့ကတော့ ခြေစွမ်းပိုင်းထက် ကံတရားကြောင့် ဒီအဆင့်အထိ ရောက်လာတဲ့ အသင်းတွေကို ယေဘုယျ သတ်မှတ်လို့ ရပါတယ်။ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံတို့ဟာ အုပ်စုတွင်းမှာလည်း ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပြီး အုပ်စု ပထမနေရာကို အသီးသီး ရရှိကာ နောက်တစ်ဆင့် တက်ရောက်ခဲ့တဲ့ အသင်းတွေဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ အာဂျင်တီးနား၊ ဥရုဂွေးတို့လို ကမ္ဘာ့ဖလား မှတ်တမ်းကောင်းတွေရှိတဲ့ အသင်းတွေကို အဆင့်ဆင့်ကျော်ဖြတ်ခဲ့ရသလို ဘယ်လ်ဂျီယံအသင်းဟာလည်း ဂျပန်၊ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဘရာဇီးလ်တို့ကို ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရတယ်။ အတောင့်တင်းဆုံး လူစာရင်းကို နှစ်သင်းစလုံး ပိုင်ဆိုင်ထားသလို ခြေစွမ်းပိုင်း အကောင်းဆုံးရောက်နေတဲ့ အနေအထားတွေကြောင့် ဒီအဆင့်အထိ တက်ရောက်ခဲ့ကြတာပါ။

2018-Fifa-World-Cup-Logo

2018-Fifa-World-Cup-Logo

ဆီမီးဖိုင်နယ် လမ်းကြောင်းတစ်ဖက်မှာရှိနေတဲ့ ခရိုအေးရှားအသင်းနဲ့ အင်္ဂလန်အသင်းတို့ကတော့ ကံတရားရဲ့ ဖေးမှုတွေနဲ့ ဒီအဆင့်ထိ ရောက်လာခဲ့တယ်လို့ တွက်ဆလို့ရနေပါတယ်။ နာမည်ကြီးအသင်းတွေပါဝင်တဲ့ လမ်းကြောင်းကို ရှောင်လွှဲနိုင်ခဲ့သလို ပြိုင်ဘက်အသင်းတွေနဲ့ ရင်ဆိုင်ရာမှာလည်း ကံတရားရဲ့ ဖေးမမှုတွေရှိခဲ့တဲ့ အသင်းတွေဖြစ်ပါတယ်။ ခရိုအေးရှားအသင်းဟာ ရှုံးထွက် (၁၆)သင်းအဆင့်နဲ့ ကွာတားဖိုင်နယ်အဆင့်တွေမှာ ပြိုင်ဘက်အသင်းတွေကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ကျော်ဖြတ်နိုင်ခဲ့သလို၊ အင်္ဂလန်အသင်းကလည်း ရှုံးထွက်အဆင့်မှာ ကိုလံဘီယာအသင်းကို ပယ်နယ်တီအဆုံးအဖြတ်၊ ကွာတားဖိုင်နယ်မှာ ဆွီဒင်အသင်းကို ဂိုးသမား ပစ်ဖို့ဒ်ရဲ့ အံ့အားသင့်ဖွယ် လက်စွမ်းတွေကြောင့် ကျော်ဖြတ်လာနိုင်ခဲ့တာပါ။ ပုံစံကောင်းပြနေတဲ့ အသင်းနှစ်သင်းမှာ ဘယ်အသင်းက ဗိုလ်လုပွဲရောက်ပြီး၊ ကံတရားဖေးမမှုတွေ ရှိနေတဲ့ အသင်းနှစ်သင်းမှာ ဘယ်အသင်းက ဗိုလ်လုပွဲရောက်မလဲဆိုတာ စိတ်လှုပ်ရှားဖို့ ကောင်းနေခဲ့ပါပြီ။ ပြင်သစ်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းမှာ ဘယ်အသင်းက သူတို့ရဲ့ ခြေစွမ်းကောင်းကို ဆက်ထိန်းသွားနိုင်မလဲ၊ အင်္ဂလန်အသင်းနဲ့ ခရိုအေးရှားအသင်းတို့မှာကော ဘယ်အသင်းက ကံတရားဖေမမှုတွေကို ဆက်လက်ရရှိသွားမလဲဆိုတာ မကြာခင် အဖြေပေါ်သွားတော့မှာပါ . . .

၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်များ

ပြင်သစ် – ဘယ်လ်ဂျီယံ (ဗုဒ္ဓဟူးနံနက် ၀၀း၃၀ နာရီ)
ခရိုအေးရှား – အင်္ဂလန် (ကြာသပေးနံနက် ၀၀း၃၀ နာရီ)

Photo:STE India, AS, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com