This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲ ရံႈးထြက္ (၁၆)သင္းအဆင့္ကို တက္ေရာက္ခဲ့တဲ့ အသင္းမ်ား

ရုရွားႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပေနတဲ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲကေတာ့ အုပ္စုအဆင့္ ၿပီးဆံုးသြားခဲ့ပါၿပီ။ အိမ္ရွင္ ရုရွားအသင္းအပါအဝင္ သက္ဆိုင္ရာဇုန္ေတြကေန ေျခစစ္ပြဲေအာင္ျမင္ခဲ့တဲ့ အသင္းေပါင္း (၃၂)သင္းကို အုပ္စု (၈)အုပ္စုခြဲကာ ယွဥ္ၿပိဳင္ ကစားေစခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဇြန္လ (၁၄)ရက္ေန႔က စတင္ခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ အုပ္စုအဆင့္ ပြဲစဥ္ေတြကေတာ့ ဇြန္လ (၂၉)ရက္ေန႔မွာ အဆံုးသတ္ခဲ့ၿပီး အုပ္စုတစ္ခုခ်င္းစီက ထိပ္ဆံုး (၂)ေနရာကို ရယူႏိုင္ခဲ့တဲ့ အသင္းေပါင္း (၁၆)သင္း ရံႈးထြက္အဆင့္ကို ဆက္လက္ ယွဥ္ၿပိဳင္ကစားသြားရမွာပါ။ ရံႈးထြက္ (၁၆)သင္းအဆင့္ ပြဲစဥ္ေတြကို လာမယ့္ ဇြန္လ (၃၀)ရက္ေန႔ကေန ဇူလိုင္လ (၃)ရက္ေန႔အထိ ယွဥ္ၿပိဳင္သြားၾကမွာျဖစ္ပါတယ္။

2018-World-Cup-Round-of-16

2018-World-Cup-Round-of-16

ရံႈးထြက္ (၁၆)သင္းအဆင့္ ပြဲစဥ္ေတြမွာ အႏိုင္ရတဲ့ အသင္း (၈)သင္းကေတာ့ ဇူလိုင္လ (၆)ရက္ေန႔နဲ႔ (၇)ရက္ေန႔ေတြမွာ ကြာတားဖိုင္နယ္ပြဲစဥ္ေတြကို ယွဥ္ၿပိဳင္ ကစားသြားရမွာျဖစ္ၿပီး အႏိုင္ရရွိတဲ့ အသင္း (၄)သင္းကေတာ့ ဇူလိုင္လ (၁၀)ရက္ေန႔နဲ႔ (၁၁)ရက္ေန႔ေတြမွာ ဆီမီးဖိုင္နယ္အဆင့္ကို ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ပါတယ္။ ဇူလိုင္လ (၁၄)ရက္ေန႔မွာ တတိယလုပြဲကို ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး ဇူလိုင္ (၁၅)ရက္ေန႔မွာေတာ့ ဆီမီးဖိုင္နယ္အဆင့္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ အသင္း (၂)သင္းအေနနဲ႔ ေနာက္ဆံုးဗိုလ္လုပြဲႀကီးကို ရုရွားႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕မွာရွိတဲ့ ပရိသတ္ (၈)ေသာင္းေက်ာ္ဆန္႔ Luzhniki Stadium အတြင္းမွာ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ပါတယ္။

ရံႈးထြက္ (၁၆)သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ေသာ အသင္းမ်ား

အုပ္စု (က) – ဥရုေဂြး၊ ရုရွား
အုပ္စု (ခ) – စပိန္၊ ေပၚတူဂီ
အုပ္စု (ဂ) – ျပင္သစ္၊ ဒိန္းမတ္
အုပ္စု (ဃ) – ခရိုေအးရွား၊ အာဂ်င္တီးနား
အုပ္စု (င) – ဘရာဇီးလ္၊ ဆြစ္ဇာလန္
အုပ္စု (စ) – ဆြီဒင္၊ မကၠဆီကို
အုပ္စု (ဆ) – ဘယ္လ္ဂ်ီယံ၊ အဂၤလန္
အုပ္စု (ဇ) – ကိုလံဘီယာ၊ ဂ်ပန္

ရံႈးထြက္ (၁၆)သင္းအဆင့္ ပြဲစဥ္မ်ား

ဥရုေဂြး – ေပၚတူဂီ
ျပင္သစ္ – အာဂ်င္တီးနား
ဘရာဇီးလ္ – မကၠဆီကို
ဘယ္လ္ဂ်ီယံ – ဂ်ပန္
စပိန္ – ရုရွား
ခရိုေအးရွား – ဒိန္းမတ္
ဆြီဒင္ – ဆြစ္ဇာလန္
ကိုလံဘီယာ – အဂၤလန္

REF:Wikipedia
Photo:FIFA World Cup Twitter, Fox Sports
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက် (၁၆)သင်းအဆင့်ကို တက်ရောက်ခဲ့တဲ့ အသင်းများ

ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ အုပ်စုအဆင့် ပြီးဆုံးသွားခဲ့ပါပြီ။ အိမ်ရှင် ရုရှားအသင်းအပါအဝင် သက်ဆိုင်ရာဇုန်တွေကနေ ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ အသင်းပေါင်း (၃၂)သင်းကို အုပ်စု (၈)အုပ်စုခွဲကာ ယှဉ်ပြိုင် ကစားစေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ (၁၄)ရက်နေ့က စတင်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေကတော့ ဇွန်လ (၂၉)ရက်နေ့မှာ အဆုံးသတ်ခဲ့ပြီး အုပ်စုတစ်ခုချင်းစီက ထိပ်ဆုံး (၂)နေရာကို ရယူနိုင်ခဲ့တဲ့ အသင်းပေါင်း (၁၆)သင်း ရှုံးထွက်အဆင့်ကို ဆက်လက် ယှဉ်ပြိုင်ကစားသွားရမှာပါ။ ရှုံးထွက် (၁၆)သင်းအဆင့် ပွဲစဉ်တွေကို လာမယ့် ဇွန်လ (၃၀)ရက်နေ့ကနေ ဇူလိုင်လ (၃)ရက်နေ့အထိ ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။

2018-World-Cup-Round-of-16

2018-World-Cup-Round-of-16

ရှုံးထွက် (၁၆)သင်းအဆင့် ပွဲစဉ်တွေမှာ အနိုင်ရတဲ့ အသင်း (၈)သင်းကတော့ ဇူလိုင်လ (၆)ရက်နေ့နဲ့ (၇)ရက်နေ့တွေမှာ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ယှဉ်ပြိုင် ကစားသွားရမှာဖြစ်ပြီး အနိုင်ရရှိတဲ့ အသင်း (၄)သင်းကတော့ ဇူလိုင်လ (၁၀)ရက်နေ့နဲ့ (၁၁)ရက်နေ့တွေမှာ ဆီမီးဖိုင်နယ်အဆင့်ကို ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ ဇူလိုင်လ (၁၄)ရက်နေ့မှာ တတိယလုပွဲကို ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဇူလိုင် (၁၅)ရက်နေ့မှာတော့ ဆီမီးဖိုင်နယ်အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အသင်း (၂)သင်းအနေနဲ့ နောက်ဆုံးဗိုလ်လုပွဲကြီးကို ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာရှိတဲ့ ပရိသတ် (၈)သောင်းကျော်ဆန့် Luzhniki Stadium အတွင်းမှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

ရှုံးထွက် (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့သော အသင်းများ

အုပ်စု (က) – ဥရုဂွေး၊ ရုရှား
အုပ်စု (ခ) – စပိန်၊ ပေါ်တူဂီ
အုပ်စု (ဂ) – ပြင်သစ်၊ ဒိန်းမတ်
အုပ်စု (ဃ) – ခရိုအေးရှား၊ အာဂျင်တီးနား
အုပ်စု (င) – ဘရာဇီးလ်၊ ဆွစ်ဇာလန်
အုပ်စု (စ) – ဆွီဒင်၊ မက္ကဆီကို
အုပ်စု (ဆ) – ဘယ်လ်ဂျီယံ၊ အင်္ဂလန်
အုပ်စု (ဇ) – ကိုလံဘီယာ၊ ဂျပန်

ရှုံးထွက် (၁၆)သင်းအဆင့် ပွဲစဉ်များ

ဥရုဂွေး – ပေါ်တူဂီ
ပြင်သစ် – အာဂျင်တီးနား
ဘရာဇီးလ် – မက္ကဆီကို
ဘယ်လ်ဂျီယံ – ဂျပန်
စပိန် – ရုရှား
ခရိုအေးရှား – ဒိန်းမတ်
ဆွီဒင် – ဆွစ်ဇာလန်
ကိုလံဘီယာ – အင်္ဂလန်

REF:Wikipedia
Photo:FIFA World Cup Twitter, Fox Sports
Aung Kyaw Wai (Akhayar)
www.akhayar.com