This Football update is proudly sponsored by Telenor Myanmar.

[Zawgyi]







REF:Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com

အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်များအပြီး စံချိန်မှတ်တမ်းများ

ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲပေါင်း (၆၄)ပွဲ ကျင်းပသွားမယ့်အနက် အုပ်စုပွဲစဉ်တွေအပြီးမှာတော့ (၄၈)ပွဲအထိ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ပွဲပေါင်း (၄၈)ပွဲ အပြီးမှာ သွင်းဂိုးပေါင်း (၁၂၂)ဂိုးအထိရှိခဲ့ပြီး တစ်ပွဲပျမ်းမျှ (၂.၅၄)ဂိုးအထိ ရှိခဲ့ပါတယ်။ အုပ်စုပွဲစဉ်တွေ ပြီးဆုံးချိန်မှာ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တဲ့ အရေအတွက်က (၉)ဂိုးအထိရှိခဲ့ပြီး ပွဲစဉ်အားလုံး မကုန်ခင်မှာတင် ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ကိုယ့်ဂိုးကိုယ် သွင်းယူမှုအများဆုံးပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

World-Cup-trophy-group-match-ball

World-Cup-trophy-group-match-ball

အုပ်စုပွဲစဉ်များအပြီး မှတ်တမ်းများ

ဂိုးသွင်းအများဆုံး ကစားသမား – ဟယ်ရီကိန်း (အင်္ဂလန်) – (၅)ဂိုး
ဂိုးဖန်တီးမှုအများဆုံး ကစားသမား – ကွင်တဲရိုး၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ် (ကိုလံဘီယာ)၊ ဂိုလိုဗင် (ရုရှား)၊ ကလာဆန် (ဆွီဒင်)၊ ကားလို့စ်ဆန်းချက်ဇ် (ဥရုဂွေး) – (၂)ကြိမ်စီ
Hat-Trick ရ ကစားသမား – စီရော်နယ်လ်ဒို (ပေါ်တူဂီ)၊ လူကာကူ (ဘယ်လ်ဂျီယံ)
ပယ်နယ်တီ အရေအတွက် – (၂၄)ကြိမ်
ပယ်နယ်တီမှ ရရှိခဲ့သော သွင်းဂိုးအရေအတွက် – (၁၈)ဂိုး
ပယ်နယ်တီ လွဲချော်မှု အရေအတွက် – (၆)ကြိမ်
ပယ်နယ်တီမှ ဂိုးအဖြစ် ပြောင်းလဲနိုင်မှု ရာခိုင်နှုန်း – (၇၅)ရာခိုင်နှုန်း
ပြိုင်ပွဲရဲ့ ပထမဆုံးဂိုးသွင်းသူ – ဂါဇင်စကီး (ရုရှား)
ပထမဆုံး တစ်ပွဲတည်း (၂)ဂိုးသွင်းယူခဲ့တဲ့ ကစားသမား – ရှရီရှက်ဖ် (ရုရှား)
ပထမဆုံး Hat-Trick ရရှိခဲ့တဲ့ ကစားသမား – စီရော်နယ်လ်ဒို (ပေါ်တူဂီ)
အမြန်ဆုံး သွင်းဂိုး – စီရော်နယ်လ်ဒို (ပေါ်တူဂီ) – (စပိန်၊ မော်ရိုကိုတို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ပွဲအစ (၄)မိနစ်မှာတင် သွင်းယူခဲ့)
လူစားဝင် အမြန်ဆုံးသွင်းဂိုး – ဇီယူဘာ (ရုရှား) – (ဆော်ဒီနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင်ပြီး (၁)မိနစ်အကြာမှာ သွင်းယူခဲ့)
နောက်အကျဆုံးသွင်းဂိုး – ကော်စတာရီကာအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘရာဇီးလ်တိုက်စစ်မှူး နေမာရဲ့ ပွဲကစားချိန် (၉၇)မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုး
သွင်းဂိုးအများဆုံးအသင်း – ဘယ်လ်ဂျီယံ (၉ ဂိုး)
သွင်းဂိုးအနည်းဆုံးအသင်း – သြစတြေးလျ၊ ကော်စတာရီကာ၊ ဒိန်းမတ်၊ အီဂျစ်၊ ဂျာမနီ၊ အိုက်စလန်၊ အီရန်၊ မော်ရိုကို၊ ပနားမား၊ ပီရူး၊ ပိုလန်၊ ဆော်ဒီအာရေဗျ၊ ဆာဘီးယား (၂ ဂိုးစီ)
ပေးဂိုးအများဆုံးအသင်း – ပနားမား (၁၁ ဂိုး)
ပေးဂိုးအနည်းဆုံးအသင်း – ဥရုဂွေး (၀ ဂိုး)
ဂိုးကွာခြားချက် အများဆုံးရရှိခဲ့တဲ့ အသင်း – ဘယ်လ်ဂျီယံ (+၇ ဂိုး)
ဂိုးကွာခြားချက် အဆိုးရွားဆုံး အသင်း – ပနားမား (-၉ ဂိုး)
နှစ်သင်းပေါင်း သွင်းဂိုးအများဆုံးပွဲ – ဘယ်လ်ဂျီယံ ၅-၂ တူနီးရှား၊ အင်္ဂလန် ၆-၁ ပနားမား
တစ်ပွဲတည်း ဂိုးအများဆုံး သွင်းခဲ့တဲ့ အသင်း – အင်္ဂလန် – (၆ ဂိုး)
အကြီမားဆုံး နိုင်ပွဲ – ရုရှား ၅-ဝ ဆော်ဒီအာရေဗျ၊ အင်္ဂလန် ၆-၁ ပနားမား
အုပ်စုပွဲအားလုံး ဂိုးမပေးခဲ့ရတဲ့ အသင်း – ဥရုဂွေး
အုပ်စုပွဲတိုင်း ဂိုးပေးခဲ့ရတဲ့ အသင်း – အာဂျင်တီးနား၊ သြစတြေးလျ၊ ကော်စတာရီကာ၊ အီဂျစ်၊ အင်္ဂလန်၊ ဂျာမနီ၊ အိုက်စလန်၊ ဂျပန်၊ မော်ရိုကို၊ ပနားမား၊ ဆော်ဒီအာရေဗျ၊ ဆီနီဂေါ၊ ဆွစ်ဇာလန်၊ တူနီးရှား
ပွဲဆက်အများဆုံး ဂိုးမပေးခဲ့ရတဲ့ အသင်း – ဥရုဂွေး – (၃)ပွဲ
ပွဲဆက်အများဆုံး ဂိုးမသွင်းနိုင်တဲ့ အသင်း – ကော်စတာရီကာ၊ မော်ရိုကို၊ ပီရူး၊ ကော်စတာရီကာ – (၂)ပွဲ
Clean Sheets အများဆုံး ဂိုးသမား – မူဆလီယာ (ဥရုဂွေး) – (၃)ပွဲ
ပွဲဆက်အများဆုံး ဂိုးမပေးခဲ့ရတဲ့ ဂိုးသမား – မူဆလီယာ (ဥရုဂွေး) – (၃)ပွဲဆက်
အသက်အကြီးဆုံး ဂိုးသွင်းသူ – ဘာလွိုင်း (ပနားမား) – (၃၇)နှစ်၊ (၁၂၀)ရက်
အသက်အငယ်ဆုံး ဂိုးသွင်းသူ – ဘာပေ (ပြင်သစ်) – (၁၉)နှစ်၊ (၁၈၃)ရက်
နိုင်ပွဲအများဆုံး ရရှိခဲ့တဲ့ အသင်း – ဘယ်လ်ဂျီယံ၊ ခရိုအေရှား၊ ဥရုဂွေး (၃ ပွဲစီ)
နိုင်ပွဲအနည်းဆုံး အသင်း – သြစတြေးလျ၊ ကော်စတာရီကာ၊ အီဂျစ်၊ အိုက်စလန်၊ မော်ရိုကို၊ ပနားမား (နိုင်ပွဲမရှိ)
ရှုံးပွဲအများဆုံးအသင်း – အီဂျစ်၊ ပနားမား (၃ ပွဲစီ)
ရှုံးပွဲအနည်းဆုံး အသင်း – ဘယ်လ်ဂျီယံ၊ ဘရာဇီးလ်၊ ခရိုအေးရှား၊ ဒိန်းမတ်၊ ပြင်သစ်၊ ပေါ်တူဂီ၊ စပိန်၊ ဆွစ်ဇာလန်၊ ဥရုဂွေး (ရှုံးပွဲမရှိ)
သရေပွဲ အများဆုံး အသင်း – ဒိန်းမတ်၊ ပေါ်တူဂီ၊ စပိန်၊ ဆွစ်ဇာလန် (၂ ပွဲစီ)
သရေပွဲ အနည်းဆုံး အသင်း – ဘယ်လ်ဂျီယံ၊ ကိုလံဘီယာ၊ ခရိုအေးရှား၊ အီဂျစ်၊ အင်္ဂလန်၊ ဂျာမနီ၊ မက္ကဆီကို၊ နိုက်ဂျီးရီးယား၊ ပနားမား၊ ပီရူး၊ ပိုလန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ ဆာဘီးယား၊ တောင်ကိုရီးယား၊ ဆွီဒင်၊ တူနီးရှား၊ ဥရုဂွေး (သရေပွဲမရှိ)
ရာနှုန်းပြည့် နိုင်ပွဲရရှိခဲ့တဲ့ အသင်း – ဘယ်လ်ဂျီယံ၊ ခရိုအေးရှား၊ ဥရုဂွေး
နိုင်ပွဲမရခဲ့တဲ့ အသင်း – အီဂျစ်၊ ပနားမား
Man of The Match အများဆုံး ရရှိခဲ့တဲ့ ကစားသမား – ရှရီရှက်ဖ် (ရုရှား)၊ ကော်တင်ဟို (ဘရာဇီးလ်)၊ ဟယ်ရီကိန်း (အင်္ဂလန်)၊ မိုဒရစ် (ခရိုအေးရှား)၊ စီရော်နယ်လ်ဒို (ပေါ်တူဂီ)၊ ဆွာရက်ဇ် (ဥရုဂွေး) – (၂)ကြိမ်စီ
ပထမဆုံး အဝါကတ်ပြသခံခဲ့ရတဲ့ ကစားသမား – ဂိုလိုဗင် (ရုရှား)
ပထမဆုံး အနီကတ်ပြသခံခဲ့ရတဲ့ ကစားသမား – ကားလို့စ်ဆန်းချက်ဇ် (ကိုလံဘီယာ)
အမြန်ဆုံး အဝါကတ် – ဂယ်လ်လာဒို (မက္ကဆီကို) – (၁၃)စက္ကန့်
အမြန်ဆုံး အနီကတ် – ကားလို့စ်ဆန်းချက်ဇ် (ကိုလံဘီယာ) – (၃)မိနစ်
အဝါကတ် အများဆုံးအသင်း – ပနားမား (၁၁ ကြိမ်)
အနီကတ် အများဆုံးအသင်း – ကိုလံဘီယာ၊ ဂျာမနီ၊ ရုရှား (၁ ကြိမ်စီ)
အဝါကတ် အနည်းဆုံးအသင်း – ဆော်ဒီအာရေဗျ၊ စပိန်၊ ဥရုဂွေး (၁ ကြိမ်စီ)
အဝါကတ် အများဆုံးပွဲ – ဘယ်လ်ဂျီယံ – ပနားမား (၈ ကတ်)
အဝါကတ် အနည်းဆုံးပွဲ – အာဂျင်တီးနား-အိုက်စလန်၊ ဥရုဂွေး – ဆော်ဒီအာရေဗျ (အဝါကတ်မရှိ)
ကမ္ဘာ့ဖလား (၄)ကြိမ်ဆက် ဂိုးသွင်းခဲ့တဲ့ ကစားသမား – စီရော်နယ်လ်ဒို (ပေါ်တူဂီ)
ကမ္ဘာ့ဖလား (၅)ကြိမ်ဆက် ပါဝင်ခဲ့တဲ့ ကစားသမား – မားကွက်ဇ် (မက္ကဆီကို)
ပရိသတ်အများဆုံးပွဲ – ရုရှား နှင့် ဆော်ဒီအာရေဗျ၊ ဂျာမနီ နှင့် မက္ကဆီကို၊ ပေါ်တူဂီ နှင့် မော်ရိုကို၊ ဒိန်းမတ် နှင့် ပြင်သစ် (၇၈၀၁၁ ဦး)
ပရိသတ်အနည်းဆုံးပွဲ – အီဂျစ် နှင့် ဥရုဂွေး (၂၇၀၁၅ ဦး)

REF:Wikipedia
Photo:guerinsportivo, Sportzwiki
Aung Kyaw Wai (Akhayar)
www.akhayar.com