This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အုပ္စုအဖြင့္ကုိ ႏုိင္ပဲြနဲ႔ စတင္ႏုိင္ဖုိ႔ အေျခအေနေကာင္းတဲ့ ျပင္သစ္၊ အာဂ်င္တီးနား

၂၀၁၈ ကမၻာ႔ဖလား အုပ္စုပဲြစဥ္ေတြကုိ ဒီေန႔(စေန)မွာ ဆက္လက္ယွဥ္ၿပိဳင္ကစားသြားမွာပါ။ ဒီေန႔ကစားမယ့္ပဲြေတြကေတာ့ ျပင္သစ္-ၾသစေၾတးလ်၊ အာဂ်င္တီးနား-အုိက္စလန္၊ ပီ႐ူး-ဒိန္းမတ္၊ ခ႐ုိေအးရွား-ႏုိက္ဂ်ီးရီးယား တို႔ကစားမယ့္ပဲြေတြပဲျဖစ္ပါတယ္။

ျပင္သစ္-ၾသစေၾတးလ် (၁၆-၆-၂၀၁၈ ညေန ၄း၃၀ အုပ္စု C)

အုပ္စု(C)အဖြင့္ပဲြအျဖစ္ ျပင္သစ္နဲ႔ၾသစေၾတးလ်အသင္းတို႔ ယွဥ္ၿပိဳင္ကစားမွာျဖစ္ၿပီး ျပင္သစ္အသင္း ႏုိင္ပဲြနဲ႔ စတင္ဖြင့္လွစ္ႏုိင္ဖုိ႔ အေျခအေနေကာင္းပါတယ္။ ျပင္သစ္အသငး္က ဂရစ္ဇ္မန္း Griezmann ၊ ဘာေပ Mbappé ၊ ဒမ္ဘီလီ Dembélé တို႔ရဲ႕ တိုက္စစ္အတြဲကုိ ၾသစေၾတးလ်ခံစစ္က ထိန္းခ်ဳပ္ႏုိင္ဖုိ႔ မျဖစ္ႏုိင္ပါဘူး။ ျပင္သစ္အသင္း ဂုိးဘယ္ေလာက္သြင္းမလဲဆုိတာပဲ ေစာင့္ၾကည့္ရမယ္။

အာဂ်င္တီးနား – အုိက္စလန္ (၁၆-၆-၂၀၁၈ ည ၇း၃၀ အုပ္စု D)

ၿပီးခဲ့တဲ့ ယူ႐ုိ-၂၀၁၆ တုန္းက မထင္မွတ္တာေတြ လုပ္ျပခဲ့တဲ့ အုိက္စလန္အသင္းကုိ အာဂ်င္တီးနား သတိထား ကစားရမယ္။ အုိက္စလန္အသင္းက နာမည္ေက်ာ္ကစားသမားေတြ မပါ၀င္ေပမယ့္ အသင္းလုိက္ စုစည္းမႈေကာင္းၿပီး သူတို႔အတြက္ ဘယ္လုိရလဒ္ပဲထြက္ထြက္ ဘာဖိအားမွ မရွိပါဘူး။ ဒါေပမဲ့ ကစားသမား အင္အားခ်င္းကြာဟေနတာေၾကာင့္ အာဂ်င္တီးနားအသင္း ဖိဖိစီးစီးကစားမယ္ဆုိရင္ ႏုိင္ပဲြရယူႏုိင္မွာပါ။

ပီ႐ူး – ဒိန္းမတ္ (၁၆-၆-၂၀၁၈ ည ၁၀း၃၀ အုပ္စု C)

ကမၻာ႔ဖလားၿပိဳင္ပဲြကုိ တစ္ေက်ာ႔ျပန္ ယွဥ္ၿပိဳင္ခြင့္ရခဲ့တဲ့ ပီ႐ူးအသင္း ေျခစြမ္းမာေက်ာပါတယ္။ အဓိက တိုက္စစ္မွဴး ဂြါရဲ႐ုိး Guerrero ဖီဖာပဲြပယ္ျပစ္ဒဏ္နဲ႔ ကင္းလြတ္ခြင့္ရခဲ့လုိ႔ အသင္းအတြက္ ပါ၀င္ကစားႏုိင္မွာျဖစ္တာေၾကာင့္ ပီ႐ူးအသင္း စိတ္ဓာတ္တက္ႏုိင္တယ္။ ဒိန္းမတ္အသင္းမွာလည္း အဲရစ္ဆင္ Eriksen ၊ ရွမုိက္ကယ္ Schmeichel စတဲ့ ဥေရာပကလပ္အသင္းေတြက နာမည္ေက်ာ္ကစားသမားေတြရွိေနတယ္။ သေရက်ဖုိ႔မ်ားၿပီး အႏုိင္ဆုိရင္ ဒိန္းမတ္ကုိ ပုိႀကိဳက္တယ္။

ခ႐ုိေအးရွား-ႏုိက္ဂ်ီးရီးယား (၁၇-၆-၂၀၁၈ နံနက္ ၁း၃၀)

ႏွစ္သင္းစလုံးက ေျခညီတဲ့အသင္းလုိ႔ ဆုိရမယ္။ မာမာထန္ထန္ကစားတတ္တဲ့ အသငး္ေတြျဖစ္လုိ႔ အႀကိတ္အနယ္ရွိမွာပါ။ ဒါေပမဲ့ Quality Players ေတြ ပုိမ်ားတဲ ခ႐ုိေအးရွားကုိ ပုိႀကိဳက္တယ္။

Photo:Herald and News
Naing Linn(Akhayar)

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အုပ်စုအဖွင့်ကို နိုင်ပွဲနဲ့ စတင်နိုင်ဖို့ အခြေအနေကောင်းတဲ့ ပြင်သစ်၊ အာဂျင်တီးနား

၂၀၁၈ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွေကို ဒီနေ့(စနေ)မှာ ဆက်လက်ယှဉ်ပြိုင်ကစားသွားမှာပါ။ ဒီနေ့ကစားမယ့်ပွဲတွေကတော့ ပြင်သစ်-သြစတြေးလျ၊ အာဂျင်တီးနား-အိုက်စလန်၊ ပီရူး-ဒိန်းမတ်၊ ခရိုအေးရှား-နိုက်ဂျီးရီးယား တို့ကစားမယ့်ပွဲတွေပဲဖြစ်ပါတယ်။

ပြင်သစ်-သြစတြေးလျ (၁၆-၆-၂၀၁၈ ညနေ ၄း၃၀ အုပ်စု C)

အုပ်စု(C)အဖွင့်ပွဲအဖြစ် ပြင်သစ်နဲ့သြစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ပြင်သစ်အသင်း နိုင်ပွဲနဲ့ စတင်ဖွင့်လှစ်နိုင်ဖို့ အခြေအနေကောင်းပါတယ်။ ပြင်သစ်အသင်းက ဂရစ်ဇ်မန်း Griezmann ၊ ဘာပေ Mbappé ၊ ဒမ်ဘီလီ Dembélé တို့ရဲ့ တိုက်စစ်အတွဲကို သြစတြေးလျခံစစ်က ထိန်းချုပ်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ပြင်သစ်အသင်း ဂိုးဘယ်လောက်သွင်းမလဲဆိုတာပဲ စောင့်ကြည့်ရမယ်။

အာဂျင်တီးနား – အိုက်စလန် (၁၆-၆-၂၀၁၈ ည ရး၃၀ အုပ်စု D)

ပြီးခဲ့တဲ့ ယူရို-၂၀၁၆ တုန်းက မထင်မှတ်တာတွေ လုပ်ပြခဲ့တဲ့ အိုက်စလန်အသင်းကို အာဂျင်တီးနား သတိထား ကစားရမယ်။ အိုက်စလန်အသင်းက နာမည်ကျော်ကစားသမားတွေ မပါဝင်ပေမယ့် အသင်းလိုက် စုစည်းမှုကောင်းပြီး သူတို့အတွက် ဘယ်လိုရလဒ်ပဲထွက်ထွက် ဘာဖိအားမှ မရှိပါဘူး။ ဒါပေမဲ့ ကစားသမား အင်အားချင်းကွာဟနေတာကြောင့် အာဂျင်တီးနားအသင်း ဖိဖိစီးစီးကစားမယ်ဆိုရင် နိုင်ပွဲရယူနိုင်မှာပါ။

ပီရူး – ဒိန်းမတ် (၁၆-၆-၂၀၁၈ ည ၁၀း၃၀ အုပ်စု C)

ကမ္ဘာ့ဖလားပြိုင်ပွဲကို တစ်ကျော့ပြန် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ပီရူးအသင်း ခြေစွမ်းမာကျောပါတယ်။ အဓိက တိုက်စစ်မှူး ဂွါရဲရိုး Guerrero ဖီဖာပွဲပယ်ပြစ်ဒဏ်နဲ့ ကင်းလွတ်ခွင့်ရခဲ့လို့ အသင်းအတွက် ပါဝင်ကစားနိုင်မှာဖြစ်တာကြောင့် ပီရူးအသင်း စိတ်ဓာတ်တက်နိုင်တယ်။ ဒိန်းမတ်အသင်းမှာလည်း အဲရစ်ဆင် Eriksen ၊ ရှမိုက်ကယ် Schmeichel စတဲ့ ဥရောပကလပ်အသင်းတွေက နာမည်ကျော်ကစားသမားတွေရှိနေတယ်။ သရေကျဖို့များပြီး အနိုင်ဆိုရင် ဒိန်းမတ်ကို ပိုကြိုက်တယ်။

ခရိုအေးရှား-နိုက်ဂျီးရီးယား (၁၇-၆-၂၀၁၈ နံနက် ၁း၃၀)

နှစ်သင်းစလုံးက ခြေညီတဲ့အသင်းလို့ ဆိုရမယ်။ မာမာထန်ထန်ကစားတတ်တဲ့ အသင်းတွေဖြစ်လို့ အကြိတ်အနယ်ရှိမှာပါ။ ဒါပေမဲ့ Quality Players တွေ ပိုများတဲ ခရိုအေးရှားကို ပိုကြိုက်တယ်။

Photo:Herald and News
Naing Linn(Akhayar)