This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဗုိလ္စဲြဖုိ႔ ေရပန္းစားေနတဲ့ ဂ်ာမနီနဲ႔ ဘရာဇီးလ္တို႔ အုပ္စုအဖြင့္ကုိ ႏုိင္ပဲြနဲ႔ စတင္ႏုိင္မလား

ဒီေန႔(တနဂၤေႏြ)ကစားမယ့္ ၂၀၁၈ ကမၻာ႔ဖလားပဲြစဥ္ေတြမွာ ပရိသတ္အႀကိဳက္ေတြ႕မယ့္ ပဲြေကာင္းႏွစ္ပဲြပါ၀င္ေနတယ္။ အဲဒါကေတာ့ ဗုိလ္စဲြဖုိ႔ေရပန္းစားေနတဲ့ ထိပ္ဆုံးႏွစ္သင္းျဖစ္တဲ့ ဂ်ာမနီ၊ ဘရာဇီးလ္အသင္းတို႔ဟာ ေျခစြမ္းမာေက်ာတဲ့ မကၠဆီကုိ၊ ဆြစ္ဇာလန္အသင္းတို႔နဲ႔ ဆုံေတြ႕မယ့္ပဲြစဥ္ေတြပါပဲ . . . .

ေကာ္စတာရီကာ ႏွင့္ ဆားဘီးယား (၁၇-၆-၂၀၁၈ ညေန ၆း၃၀)
ကြန္ကာကပ္ဖ္ရဲ႕ အင္အားႀကီးအသင္းတစ္သင္းျဖစ္တဲ့ ေကာ္စတာရီကာနဲ႔ ေျခစြမ္းမာေက်ာတဲ့ ဥေရာပက ဆားဘီးယားတို႔ ရင္ဆုိင္ရမွာျဖစ္လုိ႔ ပဲြကၾကည့္ေကာင္းမွာပါ။ ေကာ္စတာရီကာအသင္းမွာ ဂ်ိဳယဲလ္ကမ္းဘဲလ္ Joel Campbel ၊ ဘ႐ုိင္ယန္႐ုဇ္ Bryan Ruiz တို႔လုိ ကစားသမားေကာင္းေတြရွိသလုိ ဆားဘီးယားအသင္းမွာလည္း ထိပ္တန္းကလပ္ေတြမွာ ကစားေနၾကတဲ့ မာတစ္ Matic ၊ မီလင္ကုိဗစ္ Milinkovic ၊ အီဗန္ႏုိဗစ္ Ivanovic၊ ကုိလာေရာ့ဗစ္ Kolarov စသူေတြလည္း ပါ၀င္ေနတယ္။ ႏွစ္သင္းစလုံးက မာမာထန္ထန္ ကစားတတ္တဲ့အသင္းေတြျဖစ္တာေၾကာင့္ အႀကိတ္အနယ္ရွိမွာပါ။ ပဲြကုိ အလွည့္အေျပာင္းျဖစ္ေအာင္ စြမ္းေဆာင္ႏုိင္မယ့္ ကစားသမားေကာင္းေတြရွိတဲ့ ဆားဘီးယားကုိ ပုိႀကိဳက္တယ္။

ဂ်ာမနီ ႏွင့္ မကၠဆီကုိ (၁၇-၆-၂၀၁၈ ည ၉း၃၀)
လက္ရွိခ်န္ပီယံ ဂ်ာမနီအသင္း သူတို႔ရဲ႕ခ်န္ပီယံဘဲြ႕ကုိ ကာကြယ္ႏုိင္မယ့္ေျခစြမ္းရွိသလားဆုိတာ မကၠဆီကုိနဲ႔ပဲြမွာ စမ္းသပ္ခံရမွာပါ။ ကစားသမားစုဖြဲ႕မႈမွာ ဂ်ာမနီအသင္း သာသလုိရွိေပမယ့္ မကၠဆီကုိအသင္းမွာလည္း ဟာနန္ဒက္ဇ္ Hernandez ၊ ကားလုိ႔စ္ဗီလာ Carlos Vela ၊ လုိဇာႏုိ Lozano ၊ ဂြါဒါဒုိ Guardado စတဲ့ ကစားသမားေကာင္းေတြပါ၀င္ေနတယ္။ ဂ်ာမနီဆီကေန မကၠဆီကုိအသင္း သေရတစ္မွတ္ရယူႏုိင္စြမ္းရွိပါတယ္။

ဘရာဇီးလ္ ႏွင့္ ဆြစ္ဇာလန္ (၁၈-၆-၂၀၁၈ နံနက္ ၁၂း၃၀)
ဘရာဇီးလ္အသင္းဟာ ေျခစစ္ပဲြတုန္းကလည္း ေျခစြမး္ျပႏုိင္ခဲ့သလုိ ၿပီးခဲ့တဲ့ ေျခစမ္းပဲြေတြမွာလည္း ရလဒ္ေကာင္းရယူႏုိင္ခဲ့တယ္။ ေနမာ Neymar ၊ ေကာ္တင္ဟုိ Coutinho ၊ ေဂ်းဆူ Jesus ၊ ၀ီလီယံ Willians တို႔ရဲ႕ တိုက္စစ္အစုအဖဲြ႕က ၿပိဳင္ဘက္တိုင္းကုိ အိပ္မက္ဆုိးေတြ ဖန္တီးႏုိင္စြမ္းရွိေနတယ္။ ဆြစ္ဇာလန္အသင္းမွာလည္း ဥေရာပအေျခစုိက္ နာမည္ေက်ာ္ကစားသမားေကာင္းေတြ ရွိပါတယ္။ ဒါေပမဲ့ (၆)ႀကိမ္ေျမာက္ ကမၻာ႔ဖလားခ်န္ပီယံဆုရရွိဖုိ႔ ေျခလွမ္းျပင္ေနတဲ့ ဘရာဇီးလ္ကုိ တားဆီးႏုိင္မွာ မဟုတ္ပါဘူး။ ဘရာဇီးလ္ အႏုိင္ေသခ်ာတယ္။

Photo: Reuters
Naing Linn(Akhayar)

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဂျာမနီနဲ့ ဘရာဇီးလ်တို့ အုပ်စုအဖွင့်ကို နိုင်ပွဲနဲ့ စတင်နိုင်မလား

ဒီနေ့(တနင်္ဂနွေ)ကစားမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ ပရိသတ်အကြိုက်တွေ့မယ့် ပွဲကောင်းနှစ်ပွဲပါဝင်နေတယ်။ အဲဒါကတော့ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ ထိပ်ဆုံးနှစ်သင်းဖြစ်တဲ့ ဂျာမနီ၊ ဘရာဇီးလ်အသင်းတို့ဟာ ခြေစွမ်းမာကျောတဲ့ မက္ကဆီကို၊ ဆွစ်ဇာလန်အသင်းတို့နဲ့ ဆုံတွေ့မယ့်ပွဲစဉ်တွေပါပဲ . . . .

ကော်စတာရီကာ နှင့် ဆားဘီးယား (၁၇-၆-၂၀၁၈ ညနေ ၆း၃၀)
ကွန်ကာကပ်ဖ်ရဲ့ အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ ကော်စတာရီကာနဲ့ ခြေစွမ်းမာကျောတဲ့ ဥရောပက ဆားဘီးယားတို့ ရင်ဆိုင်ရမှာဖြစ်လို့ ပွဲကကြည့်ကောင်းမှာပါ။ ကော်စတာရီကာအသင်းမှာ ဂျိုယဲလ်ကမ်းဘဲလ် Joel Campbel ၊ ဘရိုင်ယန်ရုဇ် Bryan Ruiz တို့လို ကစားသမားကောင်းတွေရှိသလို ဆားဘီးယားအသင်းမှာလည်း ထိပ်တန်းကလပ်တွေမှာ ကစားနေကြတဲ့ မာတစ် Matic ၊ မီလင်ကိုဗစ် Milinkovic ၊ အီဗန်နိုဗစ် Ivanovic၊ ကိုလာရော့ဗစ် Kolarov စသူတွေလည်း ပါဝင်နေတယ်။ နှစ်သင်းစလုံးက မာမာထန်ထန် ကစားတတ်တဲ့အသင်းတွေဖြစ်တာကြောင့် အကြိတ်အနယ်ရှိမှာပါ။ ပွဲကို အလှည့်အပြောင်းဖြစ်အောင် စွမ်းဆောင်နိုင်မယ့် ကစားသမားကောင်းတွေရှိတဲ့ ဆားဘီးယားကို ပိုကြိုက်တယ်။

ဂျာမနီ နှင့် မက္ကဆီကို (၁၇-၆-၂၀၁၈ ည ၉း၃၀)
လက်ရှိချန်ပီယံ ဂျာမနီအသင်း သူတို့ရဲ့ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်မယ့်ခြေစွမ်းရှိသလားဆိုတာ မက္ကဆီကိုနဲ့ပွဲမှာ စမ်းသပ်ခံရမှာပါ။ ကစားသမားစုဖွဲ့မှုမှာ ဂျာမနီအသင်း သာသလိုရှိပေမယ့် မက္ကဆီကိုအသင်းမှာလည်း ဟာနန်ဒက်ဇ် Hernandez ၊ ကားလို့စ်ဗီလာ Carlos Vela ၊ လိုဇာနို Lozano ၊ ဂွါဒါဒို Guardado စတဲ့ ကစားသမားကောင်းတွေပါဝင်နေတယ်။ ဂျာမနီဆီကနေ မက္ကဆီကိုအသင်း သရေတစ်မှတ်ရယူနိုင်စွမ်းရှိပါတယ်။

ဘရာဇီးလ် နှင့် ဆွစ်ဇာလန် (၁၈-၆-၂၀၁၈ နံနက် ၁၂း၃၀)
ဘရာဇီးလ်အသင်းဟာ ခြေစစ်ပွဲတုန်းကလည်း ခြေစွမ်းပြနိုင်ခဲ့သလို ပြီးခဲ့တဲ့ ခြေစမ်းပွဲတွေမှာလည်း ရလဒ်ကောင်းရယူနိုင်ခဲ့တယ်။ နေမာ Neymar ၊ ကော်တင်ဟို Coutinho ၊ ဂျေးဆူ Jesus ၊ ဝီလီယံ Willians တို့ရဲ့ တိုက်စစ်အစုအဖွဲ့က ပြိုင်ဘက်တိုင်းကို အိပ်မက်ဆိုးတွေ ဖန်တီးနိုင်စွမ်းရှိနေတယ်။ ဆွစ်ဇာလန်အသင်းမှာလည်း ဥရောပအခြေစိုက် နာမည်ကျော်ကစားသမားကောင်းတွေ ရှိပါတယ်။ ဒါပေမဲ့ (၆)ကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုရရှိဖို့ ခြေလှမ်းပြင်နေတဲ့ ဘရာဇီးလ်ကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ဘရာဇီးလ် အနိုင်သေချာတယ်။

Photo: Reuters
Naing Linn(Akhayar)