This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အုပ္စုအဖြင့္ကုိ ႏုိင္ပဲြနဲ႔စတင္ႏုိင္ဖုိ႔ ႀကိဳးစားရမယ့္ ကုိလံဘီယာနဲ႔ ပုိလန္

၂၀၁၈ ကမၻာ႔ဖလား ေနာက္ဆုံးအုပ္စုျဖစ္တဲ့ အုပ္စု(H)က ကုိလံဘီယာ၊ ပုိလန္အသင္းတို႔ဟာ ဂ်ပန္၊ ဆီနီေဂါအသင္းေတြနဲ႔ စတင္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး အဖြင့္ပဲြမွာ ဂုိးျပတ္အႏုိင္ရခဲ့တဲ့ ႐ုရွားအသင္းကေတာ့ ဒုတိယပဲြစဥ္အျဖစ္ အီဂ်စ္အသင္းနဲ႔ ရင္ဆုိင္ရမွာျဖစ္ပါတယ္ . . .

ကုိလံဘီယာ ႏွင့္ ဂ်ပန္ (၁၉-၆-၂၀၁၈ ညေန ၆း၃၀)
ဖယ္လ္ကုိအုိ Falcao ၊ ဘက္ကာ Bacca ၊ ဂ်ိမ္းစ္႐ုိဒရီဂြက္ဇ္ James Rodríguez စတဲ့ နာမည္ေက်ာ္ကစားသမားေတြ ပါ၀င္ေနတဲ့ ကုိလံဘီယာအသင္းဟာ ဒီအုပ္စုမွာ ေနာက္တစ္ဆင့္တက္ဖုိ႔ ေရပန္းစားေနတဲ့အသင္းျဖစ္ပါတယ္။ ဂ်ပန္အသင္းမွာ ဟြန္ဒါ Honda ၊ အုိကာဇာကီ Okazaki ၊ ကာဂါ၀ါ Kagawa စတဲ့ Quality Players ေတြ ပါ၀င္ေနလုိ႔ ေလွ်ာ႔တြက္လုိ႔ေတာ့မရပါဘူး။ ဒါေပမဲ့ အာရွအသင္းတစ္သငး္အေနနဲ႔ သူတို႔နဲ႔ Power ျခင္း ကြာတဲ့ အသင္းကုိ ပဲြခ်ိန္ျပည့္ခံကစားႏုိင္ဖုိ႔ဆုိတာ ခက္ခဲပါတယ္။ ကုိလံဘီယာအသင္းပဲ အုပ္စုအဖြင့္ကုိ ႏုိင္ပဲြနဲ႔ ဖြင့္လွစ္ႏုိင္ပါလိမ့္မယ္။

ပုိလန္ ႏွင့္ ဆီနီေဂါ (၁၉-၆-၂၀၁၈ ည ၉း၃၀)
ပုိလန္အသင္းရဲဲ႕ နာမည္ေက်ာ္တိုက္စစ္မွဴး လီ၀န္ေဒါစကီး Lewandowski နဲ႔ ဆီနီေဂါအသင္းရဲ႕ အဓိက ကစားသမား မာေနး Mane တို႔ ထိပ္တုိက္ေတြ႕မယ္ပဲြပါပဲ။ ႏွစ္သင္းစလုံးမွာ ပရိသတ္နဲ႔ရင္းႏွီးၿပီးသား ဥေရာပအေျခစုိက္ ကစားသမားေတြ ပါ၀င္ေနၿပီး ကစားသမားစုဖြဲ႕မႈက သိပ္ကြာျခားမႈ မရွိပါဘူး။ အာဖရိကအသင္းေတြရဲ႕ အႏုိင္မခံအ႐ႈံးမေပး Fighting Spirit စိတ္ျပင္းထန္မႈေၾကာင့္ ဆီနီေဂါအသငး္ အနိမ့္ဆုံး သေရတစ္မွတ္ ရသြားလိမ့္မယ္လုိ႔ ထင္ပါတယ္။

႐ုရွား ႏွင့္ အီဂ်စ္ (၂၀-၆-၂၀၁၈ နံနက္ ၁၂း၃၀)
အုပ္စု(A)ရဲ႕ ဒုတိယေျမာက္ပဲြစဥ္ျဖစ္ပါတယ္။ အိမ္ရွင္႐ုရွားအသင္းက ေဆာ္ဒီကုိ ဂုိးျပတ္အႏုိင္ယူၿပီး (၃)မွတ္ ရရွိထားၿပီးျဖစ္ေပမယ့္ ဥ႐ုေဂြးကုိ ႐ႈံးနိမ့္ခဲ့တဲ့ အီဂ်စ္အသင္းကေတာ့ အမွတ္ မရေသးပါဘူး။ အီဂ်စ္အသငး္ရဲ႕ အဓိက ကစားသမား ဆာလာ Salah ဒီပဲြမွာ ပါ၀င္ႏုိင္မယ္လုိ႔ သတင္းေတြထြက္ေနတာေၾကာင့္ အီဂ်စ္အသင္း တိုက္စစ္ကစားပုံ ပုိေကာင္းလာႏုိင္တယ္။ အမွတ္မရေသးတဲ့အတြက္လည္း အီဂ်စ္အသင္း ေဖာင္ဖ်က္ကစားရမယ့္အေနအထားပါ။ ဒါေပမဲ့ အိမ္ရွင္အသင္းကုိ သူ႔ကြင္း၊ သူ႔ပရိသတ္ေရွ႕မွာေတာ႔ အႏုိင္ရဖုိ႔အထိ မျဖစ္ႏုိင္ဘူးလုိ႔ထင္တယ္။ အီဂ်စ္ သေရနဲ႔ပဲ ေက်နပ္ရဖုိ႔မ်ားပါတယ္။

Photo:Trome
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အုပ်စုအဖွင့်ကို နိုင်ပွဲနဲ့စတင်နိုင်ဖို့ ကြိုးစားရမယ့် ကိုလံဘီယာနဲ့ ပိုလန်

၂၀၁၈ ကမ္ဘာ့ဖလား နောက်ဆုံးအုပ်စုဖြစ်တဲ့ အုပ်စု(H)က ကိုလံဘီယာ၊ ပိုလန်အသင်းတို့ဟာ ဂျပန်၊ ဆီနီဂေါအသင်းတွေနဲ့ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဖွင့်ပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ရုရှားအသင်းကတော့ ဒုတိယပွဲစဉ်အဖြစ် အီဂျစ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ် . . .

ကိုလံဘီယာ နှင့် ဂျပန် (၁၉-၆-၂၀၁၈ ညနေ ၆း၃၀)
ဖယ်လ်ကိုအို Falcao ၊ ဘက်ကာ Bacca ၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ် James Rodríguez စတဲ့ နာမည်ကျော်ကစားသမားတွေ ပါဝင်နေတဲ့ ကိုလံဘီယာအသင်းဟာ ဒီအုပ်စုမှာ နောက်တစ်ဆင့်တက်ဖို့ ရေပန်းစားနေတဲ့အသင်းဖြစ်ပါတယ်။ ဂျပန်အသင်းမှာ ဟွန်ဒါ Honda ၊ အိုကာဇာကီ Okazaki ၊ ကာဂါဝါ Kagawa စတဲ့ Quality Players တွေ ပါဝင်နေလို့ လျှော့တွက်လို့တော့မရပါဘူး။ ဒါပေမဲ့ အာရှအသင်းတစ်သင်းအနေနဲ့ သူတို့နဲ့ Power ခြင်း ကွာတဲ့ အသင်းကို ပွဲချိန်ပြည့်ခံကစားနိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ ကိုလံဘီယာအသင်းပဲ အုပ်စုအဖွင့်ကို နိုင်ပွဲနဲ့ ဖွင့်လှစ်နိုင်ပါလိမ့်မယ်။

ပိုလန် နှင့် ဆီနီဂေါ (၁၉-၆-၂၀၁၈ ည ၉း၃၀)
ပိုလန်အသင်းရဲ့ နာမည်ကျော်တိုက်စစ်မှူး လီဝန်ဒေါစကီး Lewandowski နဲ့ ဆီနီဂေါအသင်းရဲ့ အဓိက ကစားသမား မာနေး Mane တို့ ထိပ်တိုက်တွေ့မယ်ပွဲပါပဲ။ နှစ်သင်းစလုံးမှာ ပရိသတ်နဲ့ရင်းနှီးပြီးသား ဥရောပအခြေစိုက် ကစားသမားတွေ ပါဝင်နေပြီး ကစားသမားစုဖွဲ့မှုက သိပ်ကွာခြားမှု မရှိပါဘူး။ အာဖရိကအသင်းတွေရဲ့ အနိုင်မခံအရှုံးမပေး Fighting Spirit စိတ်ပြင်းထန်မှုကြောင့် ဆီနီဂေါအသင်း အနိမ့်ဆုံး သရေတစ်မှတ် ရသွားလိမ့်မယ်လို့ ထင်ပါတယ်။

ရုရှား နှင့် အီဂျစ် (၂၀-၆-၂၀၁၈ နံနက် ၁၂း၃၀)
အုပ်စု(A)ရဲ့ ဒုတိယမြောက်ပွဲစဉ်ဖြစ်ပါတယ်။ အိမ်ရှင်ရုရှားအသင်းက ဆော်ဒီကို ဂိုးပြတ်အနိုင်ယူပြီး (၃)မှတ် ရရှိထားပြီးဖြစ်ပေမယ့် ဥရုဂွေးကို ရှုံးနိမ့်ခဲ့တဲ့ အီဂျစ်အသင်းကတော့ အမှတ် မရသေးပါဘူး။ အီဂျစ်အသင်းရဲ့ အဓိက ကစားသမား ဆာလာ Salah ဒီပွဲမှာ ပါဝင်နိုင်မယ်လို့ သတင်းတွေထွက်နေတာကြောင့် အီဂျစ်အသင်း တိုက်စစ်ကစားပုံ ပိုကောင်းလာနိုင်တယ်။ အမှတ်မရသေးတဲ့အတွက်လည်း အီဂျစ်အသင်း ဖောင်ဖျက်ကစားရမယ့်အနေအထားပါ။ ဒါပေမဲ့ အိမ်ရှင်အသင်းကို သူ့ကွင်း၊ သူ့ပရိသတ်ရှေ့မှာတော့ အနိုင်ရဖို့အထိ မဖြစ်နိုင်ဘူးလို့ထင်တယ်။ အီဂျစ် သရေနဲ့ပဲ ကျေနပ်ရဖို့များပါတယ်။

Photo:Trome
Naing Linn(Akhayar)
www.akhayar.com