This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ႏုိင္ပဲြရဖုိ႔အေျခအေနေကာင္းေနတဲ့ ဒိန္းမတ္နဲ႔ ျပင္သစ္၊ ခ႐ုိေအးရွားကုိ ခက္ခက္ခဲခဲကစားရမယ့္ အာဂ်င္တီးနား

၂၀၁၈ ကမၻာ႔ဖလားအုပ္စုပဲြေတြအျဖစ္ ဒီေန႔(ၾကာသပေတး)မွာ ဒိန္းမတ္- ၾသစေၾတးလ်၊ ျပင္သစ္-ပီ႐ူး၊ အာဂ်င္တီးနား-ခ႐ုိေအးရွားပဲြေတြ ဆက္လက္ကစားၾကမွာျဖစ္ပါတယ္။ အုပ္စု(C)မွာ (၃)မွတ္ကုိယ္စီရထားတဲ့ ဒိန္းမတ္နဲ႔ ျပင္သစ္အသင္းတို႔ ႏုိင္ပဲြဆက္လက္ရယူဖုိ႔ အေျခအေနေကာင္းၿပီး သေရတစ္မွတ္သာရထားတဲ့ အုပ္စု(D)က နာမည္ႀကီး အာဂ်င္တီးနားအသင္းကေတာ့ ခ႐ုိေအးရွားကုိ ခက္ခက္ခဲခဲကစားရမွာပါ။

ဒိန္းမတ္ – ၾသစေၾတးလ် (၂၁-၆-၂၀၁၈ ညေန ၆း၃၀)
အုပ္စုအဖြင့္ပဲြမွာ ပီ႐ူးကုိ (၁-၀)ဂုိးနဲ႔အႏုိင္ရခဲ့တဲ့ ဒိန္းမတ္အသင္း ဒီတစ္ပဲြမွာ အမွတ္ျပည့္ရယူႏုိင္ခဲ့ရင္ ေနာက္တစ္ဆင့္တက္လွမ္းႏုိင္မွာျဖစ္ပါတယ္။ ၾသစေၾတးလ်အသင္းဟာ အဖြင့္ပဲြမွာ ျပင္သစ္ကုိ ဒုကၡေပးႏုိင္ခဲ့ေပမယ့္လည္း ႐ႈံးနိမ့္ခဲ့တာေၾကာင့္ အမွတ္မရေသးပါဘူး။ ၾသစေၾတးလ်အသင္းအေနနဲ႔ အမွတ္ရဖုိ႔အတြက္ ဒီပဲြမွာ ေဖာင္ဖ်က္ကစားရမယ့္အေနအထားပါ။ ဒါေပမဲ့ ထိပ္တန္းကစားသမားတခ်ိဳ႕ပါ၀င္ေနတဲ့ ဒိန္းမတ္ကုိ အသာရဖုိ႔ ခက္ခဲပါလိမ့္မယ္။ ဒိန္းမတ္ပဲ အမွတ္ျပည့္ရယူသြားမွာပါ။

ျပင္သစ္ – ပီ႐ူး (၂၁-၆-၂၀၁၈ ည ၉း၃၀)
ျပင္သစ္အသင္းဟာ ၾသစေၾတးလ်အသင္းနဲ႔ပဲြမွာ ေျခစြမ္းမေကာင္းေပမယ့္ လိုအပ္တဲ့ အႏုိင္(၃)မွတ္ကုိ ရယူႏုိင္ခဲ့တယ္။ ပီ႐ူးကေတာ့ ေတာင္အေမရိကအသင္းပီပီ စိတ္ဓာတ္၊ ေျခစြမ္း မာေက်ာတဲ့အသင္းတစ္သင္းပါ။ ဒီပဲြမွာလည္း ျပင္သစ္အသင္းကုိ ဒုကၡေပးႏုိင္တဲ့အေနအထားရွိပါတယ္။ သေရက်ဖုိ႔မ်ားၿပီး တကယ္လုိ႔ ျပင္သစ္ႏုိင္ရင္ေတာင္ ဂုိးမျပတ္ပါဘူး။

အာဂ်င္တီးနား-ခ႐ုိေအးရွား (၂၂-၆-၂၀၁၈ နံနက္ ၁၂း၃၀)
အုိက္စလန္ကုိ အႏုိင္မရခဲ့တဲ့အတြက္ အာဂ်င္တီးနား ဒီပဲြမွာ ႐ုန္းကန္ရေတာ့မယ္။ Counter နဲ႔ကစားတဲ့ အသငး္ေတြဆုိ အသာစီးမယူႏုိင္တဲ့ အာဂ်င္တီးနားကုိ အုိက္စလန္ထက္ ကစားသမားစုဖြဲ႕မႈ ပုိေကာင္းတဲ့ ခ႐ုိေအးရွား ဒုကၡေပးဦးမွာပါ။ အာဂ်င္တီးနားအသင္းကေတာ့ ေနာက္တစ္ဆင့္တက္ဖုိ႔အတြက္ မျဖစ္မေနႏုိင္ပဲြရဖုိ႔ႀကိဳးစားရမွာျဖစ္ပါတယ္။ ဒီႏွစ္သင္း ၂၀၁၄ မွာ ေနာက္ဆုံးဆုံေတြ႕ခဲ့တုန္းက အာဂ်င္တီးနားအသင္းက (၂-၁)ဂုိးနဲ႔အႏုိင္ရခဲ့တယ္။ ႏုိင္ပဲြရဖုိ႔လုိအပ္ေနတဲ့ အာဂ်င္တီးနားအသင္းကုိပဲ ေရြးခ်ယ္ခ်င္ပါတယ္။

Photo: WGAU
Naing Linn(Akhayar)

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

နိုင်ပွဲရဖို့အခြေအနေကောင်းနေတဲ့ ဒိန်းမတ်နဲ့ ပြင်သစ်၊ ခရိုအေးရှားကို ခက်ခက်ခဲခဲကစားရမယ့် အာဂျင်တီးနား

၂၀၁၈ ကမ္ဘာ့ဖလားအုပ်စုပွဲတွေအဖြစ် ဒီနေ့(ကြာသပတေး)မှာ ဒိန်းမတ်- သြစတြေးလျ၊ ပြင်သစ်-ပီရူး၊ အာဂျင်တီးနား-ခရိုအေးရှားပွဲတွေ ဆက်လက်ကစားကြမှာဖြစ်ပါတယ်။ အုပ်စု(C)မှာ (၃)မှတ်ကိုယ်စီရထားတဲ့ ဒိန်းမတ်နဲ့ ပြင်သစ်အသင်းတို့ နိုင်ပွဲဆက်လက်ရယူဖို့ အခြေအနေကောင်းပြီး သရေတစ်မှတ်သာရထားတဲ့ အုပ်စု(D)က နာမည်ကြီး အာဂျင်တီးနားအသင်းကတော့ ခရိုအေးရှားကို ခက်ခက်ခဲခဲကစားရမှာပါ။

ဒိန်းမတ် – သြစတြေးလျ (၂၁-၆-၂၀၁၈ ညနေ ၆း၃၀)
အုပ်စုအဖွင့်ပွဲမှာ ပီရူးကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဒိန်းမတ်အသင်း ဒီတစ်ပွဲမှာ အမှတ်ပြည့်ရယူနိုင်ခဲ့ရင် နောက်တစ်ဆင့်တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ သြစတြေးလျအသင်းဟာ အဖွင့်ပွဲမှာ ပြင်သစ်ကို ဒုက္ခပေးနိုင်ခဲ့ပေမယ့်လည်း ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်မရသေးပါဘူး။ သြစတြေးလျအသင်းအနေနဲ့ အမှတ်ရဖို့အတွက် ဒီပွဲမှာ ဖောင်ဖျက်ကစားရမယ့်အနေအထားပါ။ ဒါပေမဲ့ ထိပ်တန်းကစားသမားတချို့ပါဝင်နေတဲ့ ဒိန်းမတ်ကို အသာရဖို့ ခက်ခဲပါလိမ့်မယ်။ ဒိန်းမတ်ပဲ အမှတ်ပြည့်ရယူသွားမှာပါ။

ပြင်သစ် – ပီရူး (၂၁-၆-၂၀၁၈ ည ၉း၃၀)
ပြင်သစ်အသင်းဟာ သြစတြေးလျအသင်းနဲ့ပွဲမှာ ခြေစွမ်းမကောင်းပေမယ့် လိုအပ်တဲ့ အနိုင်(၃)မှတ်ကို ရယူနိုင်ခဲ့တယ်။ ပီရူးကတော့ တောင်အမေရိကအသင်းပီပီ စိတ်ဓာတ်၊ ခြေစွမ်း မာကျောတဲ့အသင်းတစ်သင်းပါ။ ဒီပွဲမှာလည်း ပြင်သစ်အသင်းကို ဒုက္ခပေးနိုင်တဲ့အနေအထားရှိပါတယ်။ သရေကျဖို့များပြီး တကယ်လို့ ပြင်သစ်နိုင်ရင်တောင် ဂိုးမပြတ်ပါဘူး။

အာဂျင်တီးနား-ခရိုအေးရှား (၂၂-၆-၂၀၁၈ နံနက် ၁၂း၃၀)
အိုက်စလန်ကို အနိုင်မရခဲ့တဲ့အတွက် အာဂျင်တီးနား ဒီပွဲမှာ ရုန်းကန်ရတော့မယ်။ Counter နဲ့ကစားတဲ့ အသင်းတွေဆို အသာစီးမယူနိုင်တဲ့ အာဂျင်တီးနားကို အိုက်စလန်ထက် ကစားသမားစုဖွဲ့မှု ပိုကောင်းတဲ့ ခရိုအေးရှား ဒုက္ခပေးဦးမှာပါ။ အာဂျင်တီးနားအသင်းကတော့ နောက်တစ်ဆင့်တက်ဖို့အတွက် မဖြစ်မနေနိုင်ပွဲရဖို့ကြိုးစားရမှာဖြစ်ပါတယ်။ ဒီနှစ်သင်း ၂၀၁၄ မှာ နောက်ဆုံးဆုံတွေ့ခဲ့တုန်းက အာဂျင်တီးနားအသင်းက (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တယ်။ နိုင်ပွဲရဖို့လိုအပ်နေတဲ့ အာဂျင်တီးနားအသင်းကိုပဲ ရွေးချယ်ချင်ပါတယ်။

Photo: WGAU
Naing Linn(Akhayar)