This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ျပင္သစ္-ခရိုေအးရွား ပြဲစဥ္မွ ထူးျခားခ်က္မ်ား

ရုရွားႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ ေနာက္ဆံုးဗိုလ္လုပြဲကို ေမာ္စကိုၿမိဳ႕ရွိ လုဇ္နီကြင္းႀကီးမွာ ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီး ျပင္သစ္အသင္းက ခရိုေအးရွားအသင္းကို (၄-၂)ဂိုးနဲ႔ အႏိုင္ယူကာ ခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ၁၉၉၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ ျပင္သစ္အသင္းအတြက္ ဒုတိယအႀကိမ္ေျမာက္ ကမၻာ႔ဖလားကို သိမ္းပိုက္ႏိုင္ခဲ့တာပါ။ ဗိုလ္လုပြဲအျဖစ္ ကစားခဲ့တဲ့ ျပင္သစ္အသင္းနဲ႔ ခရိုေအးရွားအသင္းတို႔ရဲ႕ ပြဲအၿပီး ထူးျခားခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

World-Cup-winner-France-players-celebrates-with-thier-manager

World-Cup-winner-France-players-celebrates-with-thier-manager

၂၀၁၈ ကမၻာ႔ဖလားဗိုလ္လုပြဲရဲ႕ ထူးျခားခ်က္တခ်ိဳ႕

– ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ ခ်န္ပီယံဆုကို ကစားသမားဘဝမွာေကာ နည္းျပဘဝမွာပါ ရရွိခဲ့တဲ့ တတိယေျမာက္ စြမ္းေဆာင္ႏိုင္ခဲ့သူအျဖစ္ ျပင္သစ္နည္းျပ ဒက္ခ်မ့္စ္ Deschamps က မွတ္တမ္းဝင္ခဲ့ပါတယ္။
– ျပင္သစ္တိုက္စစ္မွဴး ဂ်ရူး Giroud ဟာ ၿပိဳင္ပြဲတစ္ေလွ်ာက္ ပါဝင္ကစားခဲ့ၿပီး (၅၄၆)မိနစ္အတြင္း ဂိုးေပါက္ကန္သြင္းမႈ တစ္ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။
– ကမၻာ႔ဖလားဗိုလ္လုပြဲမွာ ႏွစ္ဖက္စလံုး (မိမိအသင္းအတြက္ႏွင့္ ကိုယ့္ဂိုးကိုယ္သြင္း)ကို ဂိုးသြင္းယူခဲ့တဲ့ ပထမဆံုး ကစားသမားအျဖစ္ ခရိုေအးရွားတိုက္စစ္မွဴး မန္ဇူကစ္ Mandzukic က မွတ္တမ္းဝင္ခဲ့ပါတယ္။
– ခရိုေအးရွားတိုက္စစ္မွဴး မန္ဇူကစ္ Mandzukic အေနနဲ႔ ပြတ္ရွ္ကတ္စ္ Puskas၊ ဆီဇီေဘာ Czibor၊ ဂတ္ဒ္မူလာ Gerd Muller နဲ႔ ဇီဒန္း Zidane တို႔ေနာက္ပိုင္း ကမၻာ႔ဖလား၊ ယူရို(သို႔မဟုတ္)  ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေတြမွာ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ (၅)ဦးေျမာက္ ကစားသမားျဖစ္လာခဲ့ပါတယ္။
– ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ ဗိုလ္လုပြဲမွာ ဒုတိယေျမာက္ အသက္အငယ္ဆံုး ဂိုးသြင္းသူအျဖစ္ ျပင္သစ္တိုက္စစ္မွဴး ဘာေပ Mbappe က (၁၉)ႏွစ္ (၂၀၇)ရက္နဲ႔ မွတ္တမ္းဝင္ခဲ့တယ္။

Mbappe3

Mbappe3

– ပရီးမီးယားလိဂ္ရဲ႕ ဒုတိယေျမာက္ ကမၻာ႔ဖလားဗိုလ္လုပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ကစားသမားျဖစ္သလို မန္ယူကစားသမားေတြထဲမွာ ပထမဆံုး ကမၻာ႔ဖလားဗိုလ္လုပြဲ သြင္းဂိုးရရွိခဲ့သူအျဖစ္  ျပင္သစ္ကြင္းလယ္လူ ေပါ့ဘာ Pogba မွတ္တမ္းဝင္ခဲ့ပါတယ္။
– ပထမပိုင္း ပြဲကစားခ်ိန္အတြင္း ႏွစ္သင္းေပါင္း သြင္းဂိုး (၃)ဂိုး ရရွိခဲ့တဲ့ ဒုတိယေျမာက္ ဗိုလ္လုပြဲျဖစ္လာခဲ့ပါတယ္။
– ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ ကိုယ့္ဂိုးကိုယ္ သြင္းယူမႈအမ်ားဆံုးၿပိဳင္ပြဲျဖစ္ခဲ့ၿပီး ကိုယ့္ဂိုးကိုယ္ သြင္းယူမႈ (၁၂)ဂိုးအထိ ရွိခဲ့ပါတယ္။
– ေပါ့ဘာ Pogba နဲ႔ ကန္ေတ Kante ပြဲထြက္ကစားခဲ့တဲ့ ပြဲတိုင္း ျပင္သစ္အသင္း ရံႈးပြဲမရွိခဲ့တာ (၁၉)ပြဲအထိ ရွိလာခဲ့ပါတယ္။
– ျပင္သစ္နည္းျပ ဒက္ခ်မ့္စ္ Deschamps ဟာ အဓိကၿပိဳင္ပြဲြႀကီး (၂)ရပ္ (ကမၻာ႔ဖလားႏွင့္ ယူရို)မွာ ျပင္သစ္အသင္း ဗိုလ္လုပြဲတစ္ေရာက္ခဲ့တဲ့ (၆)ႀကိမ္မွာ (၄)ႀကိမ္အထိ ပါဝင္ပတ္သက္ခဲ့သူျဖစ္ခဲ့ပါတယ္။
– တူညီတဲ့ ႏွစ္တစ္ႏွစ္အတြင္း ကမၻာ႔ဖလားၿပိဳင္ပြဲနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြမွာ ဗိုလ္စြဲႏိုင္ခဲ့တဲ့ (၄)ဦးေျမာက္ ကစားသမားအျဖစ္ ေနာက္ခံလူ ဗာရန္း Varane က မွတ္တမ္းဝင္ခဲ့ပါတယ္။
– ၁၉၇၀ ကမၻာ႔ဖလားဗိုလ္လုပြဲမွာ (၄)ဂိုးသြင္းယူခဲ့တဲ့ ဘရာဇီးလ္အသင္းအၿပီး ျပင္သစ္အသင္းက ဒုတိယေျမာက္ စြမ္းေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။
– ခရိုေအးရွားတိုက္စစ္မွဴး မန္ဇူကစ္ Mandzukic ဟာ ကမၻာ႔ဖလားဗိုလ္လုပြဲမွာ ကိုယ့္ဂိုးကိုယ္ သြင္းယူခဲ့တဲ့ ပထမဆံုးကစားသမားျဖစ္လာခဲ့ပါတယ္။
– ကမၻာ႔ဖလားဗိုလ္လုပြဲကို ပထမဆံုးအႀကိမ္ကစားခဲ့တဲ့ (၁၃)သင္းေျမာက္ အသင္းျဖစ္ခဲ့ၿပီး (၁၀)သင္းေျမာက္ ဥေရာပကိုယ္စားျပဳအသင္းအျဖစ္ ခရိုေအးရွားအသင္း မွတ္တမ္းဝင္ခဲ့ပါတယ္။
– ႏွစ္ေပါင္း (၂၀)အတြင္း ဗိုလ္လုပြဲ (၃)ႀကိမ္ ကစားခဲ့တဲ့ ပထမဆံုး အသင္းအျဖစ္ ျပင္သစ္အသင္းက မွတ္တမ္းဝင္ခဲ့ပါတယ္။

REF:OptaJoe
Photo:OptaJoe, FIFA World Cup
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပြင်သစ်-ခရိုအေးရှား ပွဲစဉ်မှ ထူးခြားချက်များ

ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကို မော်စကိုမြို့ရှိ လုဇ်နီကွင်းကြီးမှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြင်သစ်အသင်းက ခရိုအေးရှားအသင်းကို (၄-၂)ဂိုးနဲ့ အနိုင်ယူကာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်အသင်းအတွက် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားကို သိမ်းပိုက်နိုင်ခဲ့တာပါ။ ဗိုလ်လုပွဲအဖြစ် ကစားခဲ့တဲ့ ပြင်သစ်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ရဲ့ ပွဲအပြီး ထူးခြားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

World-Cup-winner-France-players-celebrates-with-thier-manager

World-Cup-winner-France-players-celebrates-with-thier-manager

၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့ ထူးခြားချက်တချို့

– ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ချန်ပီယံဆုကို ကစားသမားဘဝမှာကော နည်းပြဘဝမှာပါ ရရှိခဲ့တဲ့ တတိယမြောက် စွမ်းဆောင်နိုင်ခဲ့သူအဖြစ် ပြင်သစ်နည်းပြ ဒက်ချမ့်စ် Deschamps က မှတ်တမ်းဝင်ခဲ့ပါတယ်။
– ပြင်သစ်တိုက်စစ်မှူး ဂျရူး Giroud ဟာ ပြိုင်ပွဲတစ်လျှောက် ပါဝင်ကစားခဲ့ပြီး (၅၄၆)မိနစ်အတွင်း ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။
– ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ နှစ်ဖက်စလုံး (မိမိအသင်းအတွက်နှင့် ကိုယ့်ဂိုးကိုယ်သွင်း)ကို ဂိုးသွင်းယူခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ် Mandzukic က မှတ်တမ်းဝင်ခဲ့ပါတယ်။
– ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ် Mandzukic အနေနဲ့ ပွတ်ရှ်ကတ်စ် Puskas၊ ဆီဇီဘော Czibor၊ ဂတ်ဒ်မူလာ Gerd Muller နဲ့ ဇီဒန်း Zidane တို့နောက်ပိုင်း ကမ္ဘာ့ဖလား၊ ယူရို(သို့မဟုတ်) ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ (၅)ဦးမြောက် ကစားသမားဖြစ်လာခဲ့ပါတယ်။
– ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဗိုလ်လုပွဲမှာ ဒုတိယမြောက် အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် ပြင်သစ်တိုက်စစ်မှူး ဘာပေ Mbappe က (၁၉)နှစ် (၂၀၇)ရက်နဲ့ မှတ်တမ်းဝင်ခဲ့တယ်။

Mbappe3

Mbappe3

– ပရီးမီးယားလိဂ်ရဲ့ ဒုတိယမြောက် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်သလို မန်ယူကစားသမားတွေထဲမှာ ပထမဆုံး ကမ္ဘာ့ဖလားဗိုလ်လုပွဲ သွင်းဂိုးရရှိခဲ့သူအဖြစ် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာ Pogba မှတ်တမ်းဝင်ခဲ့ပါတယ်။
– ပထမပိုင်း ပွဲကစားချိန်အတွင်း နှစ်သင်းပေါင်း သွင်းဂိုး (၃)ဂိုး ရရှိခဲ့တဲ့ ဒုတိယမြောက် ဗိုလ်လုပွဲဖြစ်လာခဲ့ပါတယ်။
– ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ကိုယ့်ဂိုးကိုယ် သွင်းယူမှုအများဆုံးပြိုင်ပွဲဖြစ်ခဲ့ပြီး ကိုယ့်ဂိုးကိုယ် သွင်းယူမှု (၁၂)ဂိုးအထိ ရှိခဲ့ပါတယ်။
– ပေါ့ဘာ Pogba နဲ့ ကန်တေ Kante ပွဲထွက်ကစားခဲ့တဲ့ ပွဲတိုင်း ပြင်သစ်အသင်း ရှုံးပွဲမရှိခဲ့တာ (၁၉)ပွဲအထိ ရှိလာခဲ့ပါတယ်။
– ပြင်သစ်နည်းပြ ဒက်ချမ့်စ် Deschamps ဟာ အဓိကပြိုင်ပွဲကြီး (၂)ရပ် (ကမ္ဘာ့ဖလားနှင့် ယူရို)မှာ ပြင်သစ်အသင်း ဗိုလ်လုပွဲတစ်ရောက်ခဲ့တဲ့ (၆)ကြိမ်မှာ (၄)ကြိမ်အထိ ပါဝင်ပတ်သက်ခဲ့သူဖြစ်ခဲ့ပါတယ်။
– တူညီတဲ့ နှစ်တစ်နှစ်အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်ခဲ့တဲ့ (၄)ဦးမြောက် ကစားသမားအဖြစ် နောက်ခံလူ ဗာရန်း Varane က မှတ်တမ်းဝင်ခဲ့ပါတယ်။
– ၁၉၇၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ (၄)ဂိုးသွင်းယူခဲ့တဲ့ ဘရာဇီးလ်အသင်းအပြီး ပြင်သစ်အသင်းက ဒုတိယမြောက် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
– ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ် Mandzukic ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။
– ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ်ကစားခဲ့တဲ့ (၁၃)သင်းမြောက် အသင်းဖြစ်ခဲ့ပြီး (၁၀)သင်းမြောက် ဥရောပကိုယ်စားပြုအသင်းအဖြစ် ခရိုအေးရှားအသင်း မှတ်တမ်းဝင်ခဲ့ပါတယ်။
– နှစ်ပေါင်း (၂၀)အတွင်း ဗိုလ်လုပွဲ (၃)ကြိမ် ကစားခဲ့တဲ့ ပထမဆုံး အသင်းအဖြစ် ပြင်သစ်အသင်းက မှတ်တမ်းဝင်ခဲ့ပါတယ်။

REF:OptaJoe
Photo:OptaJoe, FIFA World Cup
Aung Kyaw Wai (Akhayar)
www.akhayar.com