This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အသင္းႀကီး အမ်ားစု ရလဒ္ဆိုးေနတာကို ေခ်ဖ်က္ဖို႔ ႀကိဳးပမ္းရမယ့္ အဂၤလန္နဲ႔ ဘယ္လ္ဂ်ီယံ

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲ ပြဲစဥ္တခ်ိဳ႔ ကစားၿပီးတဲ့ အခ်ိန္မွာေတာ့ အသင္းႀကီးအမ်ားစု ရလဒ္ဆိုးေတြနဲ႔ ရင္ဆိုင္ေနရၿပီး အာဂ်င္တီးနား၊ ဘရာဇီးလ္၊ စပိန္၊ ေပၚတူဂီအစရွိတဲ့ အသင္းေတြ ႏုိင္ပြဲေပ်ာက္ဆံုးခဲ့သလို လက္ရွိခ်န္ပီယံ ဂ်ာမနီအသင္းဆိုရင္ ရံႈးပြဲပါ ႀကံဳေတြ႔ခဲ့ရပါတယ္။ ယေန႔ညမွာလည္း အဂၤလန္၊ ဘယ္လ္ဂ်ီယံ အစရွိတဲ့ အသင္းႀကီးေတြ အုပ္စုအဖြင့္ ပြဲစဥ္ေတြကို ယွဥ္ၿပိဳင္ ကစားသြားမွာ ျဖစ္ပါတယ္။ အဂၤလန္အသင္းဟာ ပနားမားအသင္း၊ ဘယ္လ္ဂ်ီယံအသင္းက တူနီးရွားအသင္းေတြနဲ႔ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ပါတယ္။ အဂၤလန္၊ ဘယ္လ္ဂ်ီယံအသင္းေတြဟာ ကစားသမား အင္အားပိုင္း ေတာင့္တင္းတဲ့ အသင္းေတြျဖစ္ၿပီး ကစားရမယ့္ ၿပိဳင္ဘက္ အသင္းေတြက ကိုယ့္ထက္ တစ္ဆင့္နိမ့္တဲ့ အသင္းေတြနဲ႔ ယွဥ္ၿပိဳင္ ကစားသြားမွာ ျဖစ္ပါတယ္။ အသင္းႀကီး အမ်ားစု ရလဒ္ဆိုးေနတာကို အဂၤလန္၊ ဘယ္လ္ဂ်ီယံစတဲ့ အသင္းေတြ ေခ်ဖ်က္ ႏိုင္မလားဆိုတာ စိတ္ဝင္စားဖို႔ ေကာင္းေနပါတယ္။

Sweden-Vs-South-Korea

Sweden-Vs-South-Korea

ဆြီဒင္ – ေတာင္ကိုရီးယား (တနလၤာ ည ၆း၃၀ နာရီ)

ၿပိဳင္ပြဲႀကီးတစ္ရပ္မွာ တစ္ႀကိမ္မွ ေတြ႔ဆံုဖူးျခင္းမရွိတဲ့ အသင္း (၂)သင္း ထိပ္တိုက္ ေတြ႕ဆံုမႈပါ။ ၿပိဳင္ပြဲ မတိုင္ခင္ ကစားခဲ့တဲ့ ေျခစမ္းပြဲေတြမွာ (၂)သင္းစလံုး ရလဒ္ေကာင္းေတြ ရယူႏိုင္ျခင္းမရွိဘဲ ေနာက္ဆံုး (၅)ပြဲမွာ (၁)ပြဲစီသာ အႏိုင္ရခဲ့ပါတယ္။ ႏိုင္ငံတကာ ေျခစမ္းပြဲအျဖစ္ ကစားခဲ့တဲ့ (၃)ႀကိမ္မွာ ဆြီဒင္အသင္းက အသာရထားတယ္ဆိုေပမယ့္ (၁)ပြဲသာ အႏိုင္ရခဲ့ၿပီး က်န္ (၂)ပြဲမွာေတာ့ သေရက်ခဲ့တာျဖစ္လို႔ အျပတ္အသတ္ အသာစီးရထားလို႔ မဆိုႏိုင္ပါဘူး။ အခုတစ္ႀကိမ္ ေတြ႔ဆံုမႈမွာ ကစားသမား အင္အားပိုင္း ကြာျခားမႈ မရွိဘဲ ဆြန္ေဟာင္မင္ ဦးေဆာင္လာတဲ့ ေတာင္ကိုရီးယားတိုက္စစ္က ဆြီဒင္တိုက္စစ္ ထက္ေတာင္ အနည္းငယ္ အသာရေနလို႔ ေတာင္ကိုရီးယားအသင္းကပဲ (၂-၁)ဂိုးေလာက္နဲ႔ အႏိုင္ရသြားဖို႔ ရွိေနပါတယ္။

Belgium-Vs-Panama-Preview

Belgium-Vs-Panama-Preview

ဘယ္လ္ဂ်ီယံ – ပနားမား (တနလၤာ ည ၉း၃၀ နာရီ)

ကစားသမား အင္အားပိုင္း ကြာျခားေနသလို ေနာက္ဆံုး ကစားတဲ့ ပြဲစဥ္ေတြမွာ ရလဒ္ေတြ ဆိုးရြားေနတဲ့ ပနားမားအသင္း ဘယ္လ္ဂ်ီယံဆီကေန ေမွ်ာ္လင့္စရာ မရွိပါဘူး။ အုပ္စု ပထမေနရာကို ရယူႏိုင္ဖို႔ အခုလိုပြဲစဥ္မွာ ဂိုးျပတ္သြင္းထားဖို႔ လိုအပ္ေနတာေၾကာင့္ ဘယ္လ္ဂ်ီယံတိုက္စစ္ ဘယ္ေလာက္အတိုင္းအတာအထိ ေျခစြမ္းျပႏိုင္မလဲဆိုတာ စိတ္ဝင္စားဖို႔ ေကာင္းေနပါတယ္။ ႏွစ္သင္း ထိပ္တိုက္ ေတြ႔ဆံုဖူးျခင္းမရွိဘဲ ပထမဆံုးအႀကိမ္ ထိပ္တိုက္ ရင္ဆိုင္ရမွာပါ။ လူကာကူ၊ ဟာဇက္၊ မာတင္တို႔ ဦးေဆာင္လာမယ့္ ဘယ္လ္ဂ်ီယံတိုက္စစ္ကို ပနားမားတို႔ ပြဲခ်ိန္ျပည့္ ေတာင့္ခံႏိုင္စြမ္းမရွိလို႔ ျပတ္သားတဲ့ ရလဒ္တစ္ခုနဲ႔ ဘယ္လ္ဂ်ီယံအသင္း အႏိုင္ရသြားဖို႔ ရွိေနပါတယ္။

England-Players

England-Players

တူနီးရွား – အဂၤလန္ (အဂၤါ နံနက္ ၁၂း၃၀ နာရီ)

နည္းျပ ေဆာက္ဂိတ္ဒ္ရဲ႕ အဂၤလန္အသင္း အစမ္းသပ္ခံရမယ့္ ပြဲျဖစ္ၿပီး ပြဲေကာင္းတစ္ပြဲ ျဖစ္လာဖို႔ ရွိေနပါတယ္။ ကစားသမား အင္အားပိုင္း ကြာျခားခ်က္ ႀကီးမားေပမယ့္ ၿပိဳင္ပြဲႀကီးေတြ ေရာက္ရင္ ေျခစြမ္းမျပႏိုင္တဲ့ အဂၤလန္အသင္းရဲ႕ အစဥ္အလာေၾကာင့္ ျပတ္သားတဲ့ ရလဒ္တစ္ခု ထြက္ေပၚဖို႔ေတာ့ မလြယ္ေလာက္ဘူး။ ၁၉၉၈ ကမၻာ႔ဖလား ၿပိဳင္ပြဲမွာ ထိပ္တိုက္ေတြ႔ဆံုဖူးၿပီး အဂၤလန္အသင္းက (၂-၀)ဂိုးနဲ႔ အႏိုင္ရရွိထားတယ္။ လက္ရွိစုဖြဲ႔မႈအရလည္း အဂၤလန္အသင္းကပဲ အႏိုင္ရဖို႔မ်ားေနေပမယ့္ (၂)ဂိုးအထက္ ျပတ္ဖို႔ေတာ့ မလြယ္ပါဘူး။

Photo:YouTube, Shankly Hotel, si.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အသင်းကြီး အများစု ရလဒ်ဆိုးနေတာကို ချေဖျက်ဖို့ ကြိုးပမ်းရမယ့် အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံ

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်တချို့ ကစားပြီးတဲ့ အချိန်မှာတော့ အသင်းကြီးအများစု ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပြီး အာဂျင်တီးနား၊ ဘရာဇီးလ်၊ စပိန်၊ ပေါ်တူဂီအစရှိတဲ့ အသင်းတွေ နိုင်ပွဲပျောက်ဆုံးခဲ့သလို လက်ရှိချန်ပီယံ ဂျာမနီအသင်းဆိုရင် ရှုံးပွဲပါ ကြုံတွေ့ခဲ့ရပါတယ်။ ယနေ့ညမှာလည်း အင်္ဂလန်၊ ဘယ်လ်ဂျီယံ အစရှိတဲ့ အသင်းကြီးတွေ အုပ်စုအဖွင့် ပွဲစဉ်တွေကို ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ပနားမားအသင်း၊ ဘယ်လ်ဂျီယံအသင်းက တူနီးရှားအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ အင်္ဂလန်၊ ဘယ်လ်ဂျီယံအသင်းတွေဟာ ကစားသမား အင်အားပိုင်း တောင့်တင်းတဲ့ အသင်းတွေဖြစ်ပြီး ကစားရမယ့် ပြိုင်ဘက် အသင်းတွေက ကိုယ့်ထက် တစ်ဆင့်နိမ့်တဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်။ အသင်းကြီး အများစု ရလဒ်ဆိုးနေတာကို အင်္ဂလန်၊ ဘယ်လ်ဂျီယံစတဲ့ အသင်းတွေ ချေဖျက် နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Sweden-Vs-South-Korea

Sweden-Vs-South-Korea

ဆွီဒင် – တောင်ကိုရီးယား (တနင်္လာ ည ၆း၃၀ နာရီ)

ပြိုင်ပွဲကြီးတစ်ရပ်မှာ တစ်ကြိမ်မှ တွေ့ဆုံဖူးခြင်းမရှိတဲ့ အသင်း (၂)သင်း ထိပ်တိုက် တွေ့ဆုံမှုပါ။ ပြိုင်ပွဲ မတိုင်ခင် ကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာ (၂)သင်းစလုံး ရလဒ်ကောင်းတွေ ရယူနိုင်ခြင်းမရှိဘဲ နောက်ဆုံး (၅)ပွဲမှာ (၁)ပွဲစီသာ အနိုင်ရခဲ့ပါတယ်။ နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် ကစားခဲ့တဲ့ (၃)ကြိမ်မှာ ဆွီဒင်အသင်းက အသာရထားတယ်ဆိုပေမယ့် (၁)ပွဲသာ အနိုင်ရခဲ့ပြီး ကျန် (၂)ပွဲမှာတော့ သရေကျခဲ့တာဖြစ်လို့ အပြတ်အသတ် အသာစီးရထားလို့ မဆိုနိုင်ပါဘူး။ အခုတစ်ကြိမ် တွေ့ဆုံမှုမှာ ကစားသမား အင်အားပိုင်း ကွာခြားမှု မရှိဘဲ ဆွန်ဟောင်မင် ဦးဆောင်လာတဲ့ တောင်ကိုရီးယားတိုက်စစ်က ဆွီဒင်တိုက်စစ် ထက်တောင် အနည်းငယ် အသာရနေလို့ တောင်ကိုရီးယားအသင်းကပဲ (၂-၁)ဂိုးလောက်နဲ့ အနိုင်ရသွားဖို့ ရှိနေပါတယ်။

Belgium-Vs-Panama-Preview

Belgium-Vs-Panama-Preview

ဘယ်လ်ဂျီယံ – ပနားမား (တနင်္လာ ည ၉း၃၀ နာရီ)

ကစားသမား အင်အားပိုင်း ကွာခြားနေသလို နောက်ဆုံး ကစားတဲ့ ပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးရွားနေတဲ့ ပနားမားအသင်း ဘယ်လ်ဂျီယံဆီကနေ မျှော်လင့်စရာ မရှိပါဘူး။ အုပ်စု ပထမနေရာကို ရယူနိုင်ဖို့ အခုလိုပွဲစဉ်မှာ ဂိုးပြတ်သွင်းထားဖို့ လိုအပ်နေတာကြောင့် ဘယ်လ်ဂျီယံတိုက်စစ် ဘယ်လောက်အတိုင်းအတာအထိ ခြေစွမ်းပြနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ နှစ်သင်း ထိပ်တိုက် တွေ့ဆုံဖူးခြင်းမရှိဘဲ ပထမဆုံးအကြိမ် ထိပ်တိုက် ရင်ဆိုင်ရမှာပါ။ လူကာကူ၊ ဟာဇက်၊ မာတင်တို့ ဦးဆောင်လာမယ့် ဘယ်လ်ဂျီယံတိုက်စစ်ကို ပနားမားတို့ ပွဲချိန်ပြည့် တောင့်ခံနိုင်စွမ်းမရှိလို့ ပြတ်သားတဲ့ ရလဒ်တစ်ခုနဲ့ ဘယ်လ်ဂျီယံအသင်း အနိုင်ရသွားဖို့ ရှိနေပါတယ်။

England-Players

England-Players

တူနီးရှား – အင်္ဂလန် (အင်္ဂါ နံနက် ၁၂း၃၀ နာရီ)

နည်းပြ ဆောက်ဂိတ်ဒ်ရဲ့ အင်္ဂလန်အသင်း အစမ်းသပ်ခံရမယ့် ပွဲဖြစ်ပြီး ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ ကစားသမား အင်အားပိုင်း ကွာခြားချက် ကြီးမားပေမယ့် ပြိုင်ပွဲကြီးတွေ ရောက်ရင် ခြေစွမ်းမပြနိုင်တဲ့ အင်္ဂလန်အသင်းရဲ့ အစဉ်အလာကြောင့် ပြတ်သားတဲ့ ရလဒ်တစ်ခု ထွက်ပေါ်ဖို့တော့ မလွယ်လောက်ဘူး။ ၁၉၉၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ထိပ်တိုက်တွေ့ဆုံဖူးပြီး အင်္ဂလန်အသင်းက (၂-ဝ)ဂိုးနဲ့ အနိုင်ရရှိထားတယ်။ လက်ရှိစုဖွဲ့မှုအရလည်း အင်္ဂလန်အသင်းကပဲ အနိုင်ရဖို့များနေပေမယ့် (၂)ဂိုးအထက် ပြတ်ဖို့တော့ မလွယ်ပါဘူး။

Photo:YouTube, Shankly Hotel, si.com
Aung Kyaw Wai (Akhayar)
www.akhayar.com