[Zawgyi]

၂၀၁၈ မွာ ေခတ္စားလာမယ့္ နားကပ္္ဒီဇိုင္းမ်ား

နားကပ္တစ္ခုဟာ မိန္းကေလးတိုင္းအတြက္ မရွိမျဖစ္လိုအပ္ခဲ့တဲ့ လက္ဝတ္လက္စားတစ္ခုပဲျဖစ္ပါတယ္။ ေရႊ၊ ေငြေတြပဲ ဝတ္ဆင္ၾကတဲ့ေခတ္ကေန တျဖည္းျဖည္း နယ္ခ်ဲ႕လို႔လာၾကျပီး မိန္းကေလးေတာ္ေတာ္မ်ားမ်ား ဖက္ရွင္ကို လိုက္စားလို႔လာၾကပါျပီ။ ဖက္ရွင္အျမင္ပိုရွိလာျပီးလွသထက္လွလာၾကပါတယ္။ ေခတ္မီလာတဲ႔အခါမွာ Accessories နဲ႔ပတ္သက္ျပီးေတာ႔လည္း တစ္ႏွစ္နဲ႔တစ္ႏွစ္မတူေအာင္ ေရြးခ်ယ္တတ္လာၾကပါတယ္။ ဒီႏွစ္ ၂၀၁၈ မွာေတာ႔ နားကပ္ဖက္ရွင္ဟာ ဘယ္လိုေတြ တိုးတက္လာႏိုင္လဲဆုိတာ ေလ့လာၾကည့္ရေအာင္။

၁။ Big Statement Earring

statement

အရင္ကဆို မိန္းကေလးေတြအားလံုး နားကပ္ဒီဇိုင္းအၾကီးၾကီးေတြကို မဝတ္ရဲၾကဘူး။ ျပဴးတူးျပဲတဲၾကီးျဖစ္ေနမွာစိုးလို႔ဆိုျပီး မဝတ္ၾကပါဘူး။ အဲဒီလို နားကပ္အၾကီးၾကီးေတြက ကိုယ့္ကိုယ္ကို ဘယ္ေလာက္ယံုၾကည္မႈရွိတယ္ဆိုတာကို တစ္နည္းအားျဖင့္ေဖာ္ျပေပးေနတာျဖစ္ပါတယ္။ ဖက္ရွင္စတိုင္လ္ကို တကယ္ခ်စ္ျမတ္ႏိုးတဲ့သူတိုင္းက နားကပ္အၾကီးၾကီးေတြကို ဝတ္ဆင္တတ္ေလ့ရွိပါတယ္။

၂။ Single Earring

single

နားကပ္ဖက္ရွင္ကို ဆန္းသစ္တီထြင္တဲ့အေနနဲ႔ နားကပ္ကို တစ္ဖက္တည္း ဝတ္ဆင္တဲ့ စတိုင္လ္ဟာ ထြက္ေပၚလို႔လာပါတယ္။ နားကပ္အၾကီးၾကီးကို ႏွစ္ဖက္စံုတူ မဝတ္ဘဲ တစ္ဖက္တည္း ဝတ္ဆင္ၾကပါတယ္။ အဲဒီလိုဝတ္ဆင္တာကို ေန႔စဥ္သြားလာေနတဲ့အခ်ိန္မွာလည္း ဝတ္ဆင္လို႔ရပါတယ္။ ပြဲသြားပြဲလာဝတ္တဲ့အခါဆိုရင္ေတာ့ ပိုျပီး သင့္ေတာ္ပါတယ္။

၃။ Elongated Earring

elongated

ပံုမွန္အရွည္ထက္ပိုျပီး ရွည္တဲ့ နားကပ္ပံုစံမ်ိဳးပါ။ ဒီလိုနားကပ္မ်ိဳးကို ပုခံုးအျပတ္အက်ီၤေလးေတြနဲ႔ တြဲဝတ္တဲ့အခါ ဝတ္လို႔အလိုက္ဖက္ဆံုးပါ။ Elongated Earring ကို ဝတ္ဆင္တဲ့အခါ ကိုယ္ဟာ ယံုၾကည္မႈအျပည့္ရွိတဲ့ မိန္းကေလးတစ္ေယာက္ပါလို႔ အားလံုးကို သက္ေသျပျပီးသားျဖစ္ပါတယ္။

၄။ Tassel Earring

tassled

သူကေတာ့ ပန္းပြား နားကပ္ေလးေတြပါ။ အရင္တစ္ေခတ္တစ္ခါက အရမ္းကို ေခတ္စားခဲ့တဲ့ နားကပ္စတိုင္လ္ေလးပါ။ ပန္းပြားနားကပ္က Retro Fashion သူေတြနဲ႔ Fashion ကို လိုက္စားတဲ့သူေတြရဲ႔ အႀကိဳက္ဆံုး နားကပ္စတိုင္လ္ေလးပဲျဖစ္ပါတယ္။

၅။ Fur Earring

furearring

အေမႊးပြ နားကပ္ေလးေတြက ကိုယ္ဝတ္ထားတဲ့ ဖက္ရွင္စတိုင္လ္ကို ပိုမိုက္ေအာင္လုပ္ေပးပါတယ္။ High End Fashion Style ျဖစ္သြားေအာင္ ဖန္တီးေပးႏိုင္ပါတယ္။

၆။ Metallic Earring

metallic

သံထည္ခ်ည္းနဲ႔ပဲ ဒီဇိုင္းထြင္ထားတဲ့ နားကပ္ေတြက Classic Standard တစ္ခုကိုေရာက္ေအာင္ဖန္တီးေပးႏိုင္တယ္။ Metallic Earring ကိုဝတ္ဆင္ထားတဲ့သူတစ္ေယာက္ကိုၾကည့္လိုက္ရင္ ရွင္းၿပီးသန္႔ေနတာကို အသိအသာျမင္ရမွာျဖစ္ပါတယ္။

Redrose (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

၂၀၁၈ မှာ ခေတ်စားလာမယ့် နားကပ်ဒီဇိုင်းများ

နားကပ်တစ်ခုဟာ မိန်းကလေးတိုင်းအတွက် မရှိမဖြစ်လိုအပ်ခဲ့တဲ့ လက်ဝတ်လက်စားတစ်ခုပဲဖြစ်ပါတယ်။ ရွှေ၊ ငွေတွေပဲ ဝတ်ဆင်ကြတဲ့ခေတ်ကနေ တဖြည်းဖြည်း နယ်ချဲ့လို့လာကြပြီး မိန်းကလေးတော်တော်များများ ဖက်ရှင်ကို လိုက်စားလို့လာကြပါပြီ။ ဖက်ရှင်အမြင်ပိုရှိလာပြီးလှသထက်လှလာကြပါတယ်။ ခေတ်မီလာတဲ့အခါမှာ Accessories နဲ့ပတ်သက်ပြီးတော့လည်း တစ်နှစ်နဲ့တစ်နှစ်မတူအောင် ရွေးချယ်တတ်လာကြပါတယ်။ ဒီနှစ် ၂၀၁၈ မှာတော့ နားကပ်ဖက်ရှင်ဟာ ဘယ်လိုတွေ တိုးတက်လာနိုင်လဲဆိုတာ လေ့လာကြည့်ရအောင်။

၁။ Big Statement Earring

statementearring

အရင်ကဆို မိန်းကလေးတွေအားလုံး နားကပ်ဒီဇိုင်းအကြီးကြီးတွေကို မဝတ်ရဲကြဘူး။ ပြူးတူးပြဲတဲကြီးဖြစ်နေမှာစိုးလို့ဆိုပြီး မဝတ်ကြပါဘူး။ အဲဒီလို နားကပ်အကြီးကြီးတွေက ကိုယ့်ကိုယ်ကို ဘယ်လောက်ယုံကြည်မှုရှိတယ်ဆိုတာကို တစ်နည်းအားဖြင့်ဖော်ပြပေးနေတာဖြစ်ပါတယ်။ ဖက်ရှင်စတိုင်လ်ကို တကယ်ချစ်မြတ်နိုးတဲ့သူတိုင်းက နားကပ်အကြီးကြီးတွေကို ဝတ်ဆင်တတ်လေ့ရှိပါတယ်။

၂။ Single Earring

single

နားကပ်ဖက်ရှင်ကို ဆန်းသစ်တီထွင်တဲ့အနေနဲ့ နားကပ်ကို တစ်ဖက်တည်း ဝတ်ဆင်တဲ့ စတိုင်လ်ဟာ ထွက်ပေါ်လို့လာပါတယ်။ နားကပ်အကြီးကြီးကို နှစ်ဖက်စုံတူ မဝတ်ဘဲ တစ်ဖက်တည်း ဝတ်ဆင်ကြပါတယ်။ အဲဒီလိုဝတ်ဆင်တာကို နေ့စဉ်သွားလာနေတဲ့အချိန်မှာလည်း ဝတ်ဆင်လို့ရပါတယ်။ ပွဲသွားပွဲလာဝတ်တဲ့အခါဆိုရင်တော့ ပိုပြီး သင့်တော်ပါတယ်။

၃။ Elongated Earring

elongated

ပုံမှန်အရှည်ထက်ပိုပြီး ရှည်တဲ့ နားကပ်ပုံစံမျိုးပါ။ ဒီလိုနားကပ်မျိုးကို ပုခုံးအပြတ်အကျီၤလေးတွေနဲ့ တွဲဝတ်တဲ့အခါ ဝတ်လို့အလိုက်ဖက်ဆုံးပါ။ Elongated Earring ကို ဝတ်ဆင်တဲ့အခါ ကိုယ်ဟာ ယုံကြည်မှုအပြည့်ရှိတဲ့ မိန်းကလေးတစ်ယောက်ပါလို့ အားလုံးကို သက်သေပြပြီးသားဖြစ်ပါတယ်။

၄။ Tassel Earring

tassled

သူကတော့ ပန်းပွား နားကပ်လေးတွေပါ။ အရင်တစ်ခေတ်တစ်ခါက အရမ်းကို ခေတ်စားခဲ့တဲ့ နားကပ်စတိုင်လ်လေးပါ။ ပန်းပွားနားကပ်က Retro Fashion သူတွေနဲ့ Fashion ကို လိုက်စားတဲ့သူတွေရဲ့ အကြိုက်ဆုံး နားကပ်စတိုင်လ်လေးပဲဖြစ်ပါတယ်။

၅။ Fur Earring

furearring

အမွှေးပွ နားကပ်လေးတွေက ကိုယ်ဝတ်ထားတဲ့ ဖက်ရှင်စတိုင်လ်ကို ပိုမိုက်အောင်လုပ်ပေးပါတယ်။ High End Fashion Style ဖြစ်သွားအောင် ဖန်တီးပေးနိုင်ပါတယ်။

၆။ Metallic Earring

metallic

သံထည်ချည်းနဲ့ပဲ ဒီဇိုင်းထွင်ထားတဲ့ နားကပ်တွေက Classic Standard တစ်ခုကိုရောက်အောင်ဖန်တီးပေးနိုင်တယ်။ Metallic Earring ကိုဝတ်ဆင်ထားတဲ့သူတစ်ယောက်ကိုကြည့်လိုက်ရင် ရှင်းပြီးသန့်နေတာကို အသိအသာမြင်ရမှာဖြစ်ပါတယ်။

Redrose (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။