[Zawgyi]

ျမန္မာေဘာလံုးပရိသတ္ေတြရဲ႕ ေပ်ာ္ရႊင္မႈအတြက္ အေကာင္းဆံုးစြမ္းေဆာင္ျပရမယ့္ ယူ-၁၉ အသင္း

အာဆီယံယူ-၁၉ ၿပိဳင္ပြဲကို ၂၀၀၂ ခုႏွစ္က စတင္က်င္းပခဲ့ၿပီး ၂၀၀၄ ခုႏွစ္က လြဲလို႔ ႏွစ္စဥ္မျပတ္ က်င္းပခဲ့တဲ့ အာဆီယံေဒသတြင္း သက္တမ္းအလိုက္ လူငယ္ၿပိဳင္ပြဲတစ္ခုလည္းျဖစ္ပါတယ္။ က်င္းပၿပီးစီးခဲ့တဲ့ (၁၅)ႀကိမ္မွာ ေဒသတြင္းထိပ္သီး ထိုင္းအသင္းက ခ်န္ပီယံဆုကို (၅)ႀကိမ္အထိ ရယူႏိုင္ခဲ့ၿပီး ၿပိဳင္ပြဲရဲ႕ အေအာင္ျမင္ဆံုးအသင္းအျဖစ္ မွတ္တမ္းဝင္ထားတာျဖစ္ပါတယ္။ ထိုင္းအသင္းရဲ႕ ေနာက္မွာေတာ့ ၾသစေၾတးလ်အသင္းက ခ်န္ပီယံဆုကို (၄)ႀကိမ္အထိ ရယူကာ ဒုတိယအေအာင္ျမင္ဆံုးအျဖစ္ ရပ္တည္ေနသလို သူတို႔ရဲ႕ေနာက္မွာ ခ်န္ပီယံဆုကို (၂)ႀကိမ္ရရွိထားတဲ့ ျမန္မာအသင္းက တတိယအေအာင္ျမင္ဆံုးအသင္းအျဖစ္ ရပ္တည္ေနခဲ့ပါတယ္။ ျမန္မာအသင္းဟာ ၿပိဳင္ပြဲရဲ႕ တတိယအေအာင္ျမင္ဆံုးအသင္းျဖစ္သလို ခ်န္ပီယံဆုကို (၂)ႀကိမ္ဆက္တိုက္ရယူႏိုင္ခဲ့တဲ့ တစ္သင္းထဲေသာ အသင္းအျဖစ္ မွတ္တမ္းတင္ထားခဲ့တာျဖစ္ပါတယ္။

Myanmar-and-Brunei-Match

Myanmar-and-Brunei-Match

ၿပိဳင္ပြဲရဲ႕ အေစာပိုင္းကာလေတြမွာ ေအာင္ျမင္မႈေတြ ရရွိခဲ့ၿပီး မွတ္တမ္းေကာင္းေတြ စိုက္ထူႏိုင္ခဲ့ေပမယ့္ ကစားသမားမ်ိဳးဆက္ ရွားပါးမႈျပႆနာေတြေၾကာင့္ ေအာင္ျမင္မႈေတြရယူႏိုင္ဖို႔ အလွမ္းေဝးေနခဲ့တဲ့ အသင္းတစ္သင္းပါပဲ။ ေနာက္ဆံုးအႀကိမ္ ခ်န္ပီယံျဖစ္ခဲ့တဲ့ ၂၀၀၅ ၿပိဳင္ပြဲေနာက္ပိုင္း ႏွစ္ေပါင္း (၁၃)ႏွစ္ၾကာ ဗိုလ္လုပြဲအဆင့္နဲ႔ အလွမ္းေဝးေနခဲ့တာျဖစ္ပါတယ္။ ေနာက္ပိုင္း (၁၂)ႏွစ္တာကာလအတြင္း က်င္းပခဲ့တဲ့ ၿပိဳင္ပြဲ (၁၂)ႀကိမ္မွာ ျမန္မာအသင္း အုပ္စုအဆင့္ကို (၄)ႀကိမ္သာ ေက်ာ္ျဖတ္ႏိုင္ခဲ့အထိ စြမ္းေဆာင္ရည္ပိုင္းေတြက နိမ့္က်ေနခဲ့တယ္။ ယူ-၂၀ ကမၻာ႔ဖလားၿပိဳင္ပြဲအထိ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိခဲ့ၿပီး ျမန္မာေဘာလံုးေလာကရဲ႕ အေကာင္းဆံုးေရႊေရာင္မ်ိဳးဆက္လို႔ တင္စားခဲ့ၾကတဲ့ ကစားသမားေတြ လက္ထက္မွာေတာင္ ေနာက္ဆံုးဗိုလ္လုပြဲကို မတက္ေရာက္ႏိုင္ခဲ့ပါဘူး။

Myanmar-U19-squad

Myanmar-U19-squad

အင္ဒိုနီးရွားႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပေနတဲ့ ၂၀၁၈ အာဆီယံယူ-၁၉ ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာေတာ့ တတိယအႀကိမ္ေျမာက္ ခ်န္ပီယံအိပ္မက္ကို အသက္သြင္းဖို႔ ေျခတစ္လွမ္းအလိုကို ျမန္မာလူငယ္အသင္း ေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။ လက္ရွိျမန္မာယူ-၁၉ အသင္းကို ေငြေခတ္လက္ေရြးစင္ကစားသမားေဟာင္း ဦးမ်ိဳးလႈိင္ဝင္းက နည္းျပခ်ဳပ္အျဖစ္ တာဝန္ယူကိုင္တြယ္ေနၿပီး (၁၃)ႏွစ္ၾကာ ေဝးကြာေနခဲ့တဲ့ ေနာက္ဆံုးဗိုလ္လုပြဲကို တစ္ေက်ာ႔ျပန္ တက္ေရာက္ႏိုင္ေအာင္ စြမ္းေဆာင္ေပးခဲ့တာျဖစ္ပါတယ္။ ျမန္မာအသင္းဟာ အုပ္စု (ခ)မွာ မေလးရွား၊ ကေမၻာဒီးယား၊ အေရွ႕တီေမာ၊ ဘရူႏိုင္းအသင္းေတြနဲ႔ တစ္အုပ္စုတည္း က်ေရာက္ခဲ့လို႔ ေနာက္တစ္ဆင့္ကို အခက္အခဲမရွိ တက္ေရာက္ႏိုင္လိမ့္မယ္လို႔ တြက္ဆခဲ့ေပမယ့္ ပံုစံေကာင္းျပသႏိုင္ဖို႔ ရုန္းကန္ခဲ့ရပါတယ္။ အေရွ႕တီေမာနဲ႔ ကစားခဲ့တဲ့ အုပ္စုအဖြင့္ပြဲစဥ္မွာ သေရက်ခဲ့လို႔ ေနာက္တစ္ဆင့္တက္ေရာက္ဖို႔ ရုန္းကန္ခဲ့ရၿပီး မေလးရွားကို အုပ္စုေနာက္ဆံုးပြဲစဥ္မွာ ရံႈးနိမ့္ခဲ့ေပမယ့္ အုပ္စုဒုတိယေနရာအတြက္ အဓိကၿပိဳင္ဘက္ အေရွ႕တီေမာက ကေမၻာဒီးယားကို ရံႈးနိမ့္ခဲ့လို႔ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏုိင္ခဲ့တာပါ။ အုပ္စုပြဲစဥ္ေတြမွာ ရလဒ္ေကာင္းေတြ မရရွိခဲ့ေပမယ့္ သြင္းဂိုး (၁၃)ဂိုးအထိ ရရွိခဲ့ၿပီး တစ္ပြဲပွ်မ္းမွ် (၃.၂၅)ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့ ျမန္မာအသင္းရဲ႕ တိုက္စစ္ပိုင္းကေတာ့ အေကာင္းဆံုးအေနအထားတစ္ရပ္မွာ ရွိေနခဲ့တယ္။

Myanmar-lose-Malaysia-in-group-match

Myanmar-lose-Malaysia-in-group-match

ဆီမီးဖို္င္နယ္အဆင့္မွာ ေဒသတြင္းထိပ္သီး ထိုင္းအသင္းနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္ အသင္းရဲ႕ အားနည္းခ်က္ေတြကို အေကာင္းဆံုး ျပဳျပင္ႏိုင္ခဲ့ၿပီး ဂိုးသြင္းဘုရင္ဆု ရရွိဖို႔ ေရပန္းစားေနတဲ့ လူငယ္တိုက္စစ္မွဴး ဝင္းႏိုင္ထြန္းရဲ႕ ေနာက္က်အႏိုင္ဂိုးနဲ႔ ဗိုလ္လုပြဲအဆင့္ကို တက္ေရာက္ႏိုင္ခဲ့တယ္။ ျမန္မာအသင္းဟာ လက္ေရြးစင္အဆင့္မွာေကာ သက္တမ္းအလိုက္အဆင့္ေတြရဲ႕ အဓိကၿပိဳင္ပြဲေတြမွာ ထိုင္းအသင္းကို ေက်ာ္ျဖတ္ဖို႔ ခက္ခဲေလ့ရွိၿပီး အသင္းတိုင္းလိုလို အရံႈးေပးေနရတဲ့ မွတ္တမ္းဆိုးတစ္ခုကို ေခ်ဖ်က္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ျမန္မာအသင္းဟာ ဗိုလ္လုပြဲအျဖစ္ အိမ္ရွင္အင္ဒိုနီးရွားအသင္းကို ပယ္နယ္တီအဆံုးအျဖတ္နဲ႔ ေက်ာ္ျဖတ္လာတဲ့ အုပ္စုတြင္းၿပိဳင္ဘက္ မေလးရွားအသင္းနဲ႔ ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။ ထိုင္းအသင္းကို အႏိုင္ကစားႏိုင္ခဲ့တဲ့ ပြဲကေျခစြမ္းကို ဆက္ထိန္းႏိုင္ခဲ့မယ္ဆိုရင္ေတာ့ ျမန္မာအသင္း ႏွစ္ေပါင္း (၁၃)ႏွစ္အၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ တတိယအႀကိမ္ေျမာက္ ခ်န္ပီယံဆုဖလားကို ရယူႏိုင္မွာပါ။ မေလးရွားအသင္းကလည္း ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ဗိုလ္လုပြဲတက္ခဲ့တဲ့ (၅)ႀကိမ္စလံုး ဒုတိယေနရာနဲ႔ပဲ ေက်နပ္ခဲ့ရတဲ့ မွတ္တမ္းဆိုးကို ေခ်ဖ်က္ႏိုင္ဖို႔ အေကာင္းဆံုးျပင္ဆင္လာမွာျဖစ္လို႔ ျမန္မာအသင္း အေကာင္းဆံုး စြမ္းေဆာင္ျပႏိုင္မွ ခ်န္ပီယံဆုဖလားကို ေမွ်ာ္မွန္းႏိုင္မွာျဖစ္ပါတယ္။ ျမန္မာအသင္းဟာ ခ်န္ပီယံျဖစ္ခဲ့တဲ့ (၂)ႀကိမ္စလံုး မေလးရွားအသင္းကို အႏိုင္ရ ဗိုလ္စြဲခဲ့တာျဖစ္လို႔ အခုတစ္ႀကိမ္မွာလည္း ထိပ္တိုက္ေတြ႔ဆံုမႈမွာ အသာရေနတဲ့ မွတ္တမ္းေကာင္းကို ဆက္ထိန္းၿပီး ခ်န္ပီယံဆုဖလားကို အရယူကာ  ေအာင္ျမင္မႈေတြ ငတ္မြတ္ေနတဲ့ ျမန္မာေဘာလံုးခ်စ္ပရိသတ္ေတြကို ေပ်ာ္ရႊင္ေစႏိုင္မလားဆိုတာကေတာ့ . . .

၂၀၁၈ အာဆီယံယူ-၁၉ ခ်န္ပီယံရွစ္ ဗိုလ္လုပြဲ

ျမန္မာ – မေလးရွား (စေနည ၆း၃၀ နာရီ)

Photo:aseanfootball.org, FoxSportsAsia, FA Malaysia Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

မြန်မာဘောလုံးပရိသတ်တွေရဲ့ ပျော်ရွှင်မှုအတွက် အကောင်းဆုံးစွမ်းဆောင်ပြရမယ့် ယူ-၁၉ အသင်း

အာဆီယံယူ-၁၉ ပြိုင်ပွဲကို ၂၀၀၂ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ၂၀၀၄ ခုနှစ်က လွဲလို့ နှစ်စဉ်မပြတ် ကျင်းပခဲ့တဲ့ အာဆီယံဒေသတွင်း သက်တမ်းအလိုက် လူငယ်ပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ (၁၅)ကြိမ်မှာ ဒေသတွင်းထိပ်သီး ထိုင်းအသင်းက ချန်ပီယံဆုကို (၅)ကြိမ်အထိ ရယူနိုင်ခဲ့ပြီး ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ထားတာဖြစ်ပါတယ်။ ထိုင်းအသင်းရဲ့ နောက်မှာတော့ သြစတြေးလျအသင်းက ချန်ပီယံဆုကို (၄)ကြိမ်အထိ ရယူကာ ဒုတိယအအောင်မြင်ဆုံးအဖြစ် ရပ်တည်နေသလို သူတို့ရဲ့နောက်မှာ ချန်ပီယံဆုကို (၂)ကြိမ်ရရှိထားတဲ့ မြန်မာအသင်းက တတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေခဲ့ပါတယ်။ မြန်မာအသင်းဟာ ပြိုင်ပွဲရဲ့ တတိယအအောင်မြင်ဆုံးအသင်းဖြစ်သလို ချန်ပီယံဆုကို (၂)ကြိမ်ဆက်တိုက်ရယူနိုင်ခဲ့တဲ့ တစ်သင်းထဲသော အသင်းအဖြစ် မှတ်တမ်းတင်ထားခဲ့တာဖြစ်ပါတယ်။

Myanmar-and-Brunei-Match

Myanmar-and-Brunei-Match

ပြိုင်ပွဲရဲ့ အစောပိုင်းကာလတွေမှာ အောင်မြင်မှုတွေ ရရှိခဲ့ပြီး မှတ်တမ်းကောင်းတွေ စိုက်ထူနိုင်ခဲ့ပေမယ့် ကစားသမားမျိုးဆက် ရှားပါးမှုပြဿနာတွေကြောင့် အောင်မြင်မှုတွေရယူနိုင်ဖို့ အလှမ်းဝေးနေခဲ့တဲ့ အသင်းတစ်သင်းပါပဲ။ နောက်ဆုံးအကြိမ် ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၀၅ ပြိုင်ပွဲနောက်ပိုင်း နှစ်ပေါင်း (၁၃)နှစ်ကြာ ဗိုလ်လုပွဲအဆင့်နဲ့ အလှမ်းဝေးနေခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း (၁၂)နှစ်တာကာလအတွင်း ကျင်းပခဲ့တဲ့ ပြိုင်ပွဲ (၁၂)ကြိမ်မှာ မြန်မာအသင်း အုပ်စုအဆင့်ကို (၄)ကြိမ်သာ ကျော်ဖြတ်နိုင်ခဲ့အထိ စွမ်းဆောင်ရည်ပိုင်းတွေက နိမ့်ကျနေခဲ့တယ်။ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး မြန်မာဘောလုံးလောကရဲ့ အကောင်းဆုံးရွှေရောင်မျိုးဆက်လို့ တင်စားခဲ့ကြတဲ့ ကစားသမားတွေ လက်ထက်မှာတောင် နောက်ဆုံးဗိုလ်လုပွဲကို မတက်ရောက်နိုင်ခဲ့ပါဘူး။

Myanmar-U19-squad

Myanmar-U19-squad

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၁၈ အာဆီယံယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမှာတော့ တတိယအကြိမ်မြောက် ချန်ပီယံအိပ်မက်ကို အသက်သွင်းဖို့ ခြေတစ်လှမ်းအလိုကို မြန်မာလူငယ်အသင်း ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမြန်မာယူ-၁၉ အသင်းကို ငွေခေတ်လက်ရွေးစင်ကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်းက နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်နေပြီး (၁၃)နှစ်ကြာ ဝေးကွာနေခဲ့တဲ့ နောက်ဆုံးဗိုလ်လုပွဲကို တစ်ကျော့ပြန် တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းဟာ အုပ်စု (ခ)မှာ မလေးရှား၊ ကမ္ဘောဒီးယား၊ အရှေ့တီမော၊ ဘရူနိုင်းအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့လို့ နောက်တစ်ဆင့်ကို အခက်အခဲမရှိ တက်ရောက်နိုင်လိမ့်မယ်လို့ တွက်ဆခဲ့ပေမယ့် ပုံစံကောင်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အရှေ့တီမောနဲ့ ကစားခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ သရေကျခဲ့လို့ နောက်တစ်ဆင့်တက်ရောက်ဖို့ ရုန်းကန်ခဲ့ရပြီး မလေးရှားကို အုပ်စုနောက်ဆုံးပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပေမယ့် အုပ်စုဒုတိယနေရာအတွက် အဓိကပြိုင်ဘက် အရှေ့တီမောက ကမ္ဘောဒီးယားကို ရှုံးနိမ့်ခဲ့လို့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ အုပ်စုပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ မရရှိခဲ့ပေမယ့် သွင်းဂိုး (၁၃)ဂိုးအထိ ရရှိခဲ့ပြီး တစ်ပွဲပျှမ်းမျှ (၃.၂၅)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ မြန်မာအသင်းရဲ့ တိုက်စစ်ပိုင်းကတော့ အကောင်းဆုံးအနေအထားတစ်ရပ်မှာ ရှိနေခဲ့တယ်။

Myanmar-lose-Malaysia-in-group-match

Myanmar-lose-Malaysia-in-group-match

ဆီမီးဖို်င်နယ်အဆင့်မှာ ဒေသတွင်းထိပ်သီး ထိုင်းအသင်းနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အသင်းရဲ့ အားနည်းချက်တွေကို အကောင်းဆုံး ပြုပြင်နိုင်ခဲ့ပြီး ဂိုးသွင်းဘုရင်ဆု ရရှိဖို့ ရေပန်းစားနေတဲ့ လူငယ်တိုက်စစ်မှူး ဝင်းနိုင်ထွန်းရဲ့ နောက်ကျအနိုင်ဂိုးနဲ့ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့တယ်။ မြန်မာအသင်းဟာ လက်ရွေးစင်အဆင့်မှာကော သက်တမ်းအလိုက်အဆင့်တွေရဲ့ အဓိကပြိုင်ပွဲတွေမှာ ထိုင်းအသင်းကို ကျော်ဖြတ်ဖို့ ခက်ခဲလေ့ရှိပြီး အသင်းတိုင်းလိုလို အရှုံးပေးနေရတဲ့ မှတ်တမ်းဆိုးတစ်ခုကို ချေဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းဟာ ဗိုလ်လုပွဲအဖြစ် အိမ်ရှင်အင်ဒိုနီးရှားအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ကျော်ဖြတ်လာတဲ့ အုပ်စုတွင်းပြိုင်ဘက် မလေးရှားအသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ ထိုင်းအသင်းကို အနိုင်ကစားနိုင်ခဲ့တဲ့ ပွဲကခြေစွမ်းကို ဆက်ထိန်းနိုင်ခဲ့မယ်ဆိုရင်တော့ မြန်မာအသင်း နှစ်ပေါင်း (၁၃)နှစ်အကြာ စောင့်ဆိုင်းခဲ့ရတဲ့ တတိယအကြိမ်မြောက် ချန်ပီယံဆုဖလားကို ရယူနိုင်မှာပါ။ မလေးရှားအသင်းကလည်း ပြိုင်ပွဲသမိုင်းတစ်လျှောက် ဗိုလ်လုပွဲတက်ခဲ့တဲ့ (၅)ကြိမ်စလုံး ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ မှတ်တမ်းဆိုးကို ချေဖျက်နိုင်ဖို့ အကောင်းဆုံးပြင်ဆင်လာမှာဖြစ်လို့ မြန်မာအသင်း အကောင်းဆုံး စွမ်းဆောင်ပြနိုင်မှ ချန်ပီယံဆုဖလားကို မျှော်မှန်းနိုင်မှာဖြစ်ပါတယ်။ မြန်မာအသင်းဟာ ချန်ပီယံဖြစ်ခဲ့တဲ့ (၂)ကြိမ်စလုံး မလေးရှားအသင်းကို အနိုင်ရ ဗိုလ်စွဲခဲ့တာဖြစ်လို့ အခုတစ်ကြိမ်မှာလည်း ထိပ်တိုက်တွေ့ဆုံမှုမှာ အသာရနေတဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းပြီး ချန်ပီယံဆုဖလားကို အရယူကာ အောင်မြင်မှုတွေ ငတ်မွတ်နေတဲ့ မြန်မာဘောလုံးချစ်ပရိသတ်တွေကို ပျော်ရွှင်စေနိုင်မလားဆိုတာကတော့ . . .

၂၀၁၈ အာဆီယံယူ-၁၉ ချန်ပီယံရှစ် ဗိုလ်လုပွဲ

မြန်မာ – မလေးရှား (စနေည ၆း၃၀ နာရီ)

Photo:aseanfootball.org, FoxSportsAsia, FA Malaysia Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com