[Zawgyi]

ပြဲၾကီးပြဲေကာင္းေတြပါ၀င္ေနတဲ႔ စီးရီးေအ ပြဲစဥ္(၂)

ျပီးခဲ႔တဲ႔ စီးရီးေအ ပြဲစဥ္(၁)ရဲ႕ပြဲစဥ္ေတြဟာ ပရိသတ္ေတြကို ဖမ္းစားႏိုင္ခဲ႔ပါတယ္။ ဒီတစ္ပတ္ရဲ႕ စီးရီးေအ ပြဲစဥ္(၂)မွာလည္း ပြဲၾကီးပြဲေကာင္းေတြပါ၀င္ေနလို႔ ၾကည္႔ေကာင္းမွာကေတာ႔ အမွန္ပါပဲ။

ဂ်ဴဗင္တပ္စ္ ႏွင္႔ လာဇီယို ( စေနည ၁၀း၃၀ နာရီ)

Juventus-Vs-Lazio

Juventus-Vs-Lazio

ဂ်ဴဗင္တပ္စ္ဟာ ပြဲစဥ္(၁)မွာ ႏိုင္ပြဲရဖို႔ ႐ုန္းကန္ခဲ႔ရသလို လာဇီယိုကေတာ႔ အိမ္ကြင္းမွာ နာပိုလီကို ႐ံႈးနိမ္႔ခဲ႔ပါတယ္။ ဒီနွစ္သင္းမွာ ဂ်ဴဗင္တပ္စ္ဟာ ပိုေကာင္းတဲ႔အသင္းဆိုတာ ျငင္းခ်က္ထုတ္လို႔မရတဲ႔အရာပါ။ ပြဲစဥ္(၁)မွာ ရမွတ္ဆံုး႐ံႈးခဲ႔တဲ႔ လာဇီယိုဟာ ဒီပြဲမွာရမွတ္ရယူႏိုင္ဖို႔ ၾကိဳးစားလာမွာက ေသခ်ာေနပါတယ္။ ျပီးခဲ႔တဲ႔နွစ္ ဂ်ဴဗင္တပ္စ္ရဲ႕ အိမ္ကြင္းမွာ လာဇီယိုဟာ ႏိုင္ပြဲရယူထားႏိုင္တာေၾကာင္႔ ဂ်ဴဗင္တပ္စ္အေနနဲ႔ (၂)ႏွစ္ဆက္အမွားမခံဖို႔ကလည္း အေရးၾကီးပါတယ္။ စီေရာ္နယ္လ္ဒို Cristiano Ronaldo ဂိုးသြင္းယူႏိုင္မလားဆိုတာကလည္း ေစာင္႔ၾကည္႔သြားရမယ္႔ အခ်က္ပဲျဖစ္ပါတယ္။ အိမ္ကြင္းမွာေတာ႔ ဂ်ဴဗင္တပ္စ္ အေနနဲ႔ အႏိုင္ေသခ်ာပါတယ္။ ဂ်ဴဗင္တပ္စ္ (၂)ဂိုးျပတ္ႏိုင္ပါလိမ္႔မယ္။

နာပိုလီ ႏွင္႔ ေအစီမီလန္ (တနဂၤေႏြ မနက္ ၁း၀၀ နာရီ)

Napoli-Vs-AC-Milan

Napoli-Vs-AC-Milan

နည္းျပ အန္ဆယ္ေလာ႔တီ Ancelotti ရဲ႕ နာပိုလီအသင္းဟာ ကစားပံုေကာင္းျပီး တိုက္စစ္ပိုင္းျမိဳင္ဆိုင္တဲ႔အသင္းပါ။ ေအစီမီလန္အသင္းဟာ နည္းျပဂတ္တူဆို Gattuso လက္ထဲမွာ တိုးတက္မႈကိုရိွလာခဲ႔ပါတယ္။ အသင္းၾကီးႏွစ္သင္းရဲ႕ ေတြ႕ဆံုမႈျဖစ္တာေၾကာင္႔ ျပိဳင္ဆိုင္မႈျပင္းထန္မွာကေတာ႔ ေသခ်ာပါတယ္။ ေနာက္ပိုင္းႏွစ္ေတြ႕ဆံုမႈေတြမွာ နာပိုလီက အသာရေနတာေၾကာင္႔ ေအစီမီလန္ အေနနဲ႔ဒီအေျခအေနကေန ေဖာက္ထြက္ျပဖို႔လိုအပ္ပါတယ္။ ဟီဂြာအင္ Higuaín ေရာက္ရိွလာလို႔ ေအစီမီလန္အသင္းရဲ႕ တိုက္စစ္ပိုင္းဟာ ေစာင္႔ၾကည္႔ခ်င္စရာ ေကာင္းလာခဲ႔တာကေတာ႔ အမွန္ပါပဲ။ နည္းျပအန္ဆယ္ေလာ႔တီ Ancelotti နဲ႔ နည္းျပဂတ္တူဆို Gattuso တို႔ရဲ႕ အားျပိဳင္မႈကို ေစာင္႔ၾကည္႔သြားရမွာျဖစ္ျပီး သေရရလဒ္က ႏွစ္သင္းလံုးအတြက္မွ်တပါတယ္။

Photo: TheHardTackle , Juventus , Juventus Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပွဲကြီးပွဲကောင်းတွေပါဝင်နေတဲ့ စီးရီးအေ ပွဲစဉ်(၂)

ပြီးခဲ့တဲ့ စီးရီးအေ ပွဲစဉ်(၁)ရဲ့ပွဲစဉ်တွေဟာ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်ရဲ့ စီးရီးအေ ပွဲစဉ်(၂)မှာလည်း ပွဲကြီးပွဲကောင်းတွေပါဝင်နေလို့ ကြည့်ကောင်းမှာကတော့ အမှန်ပါပဲ။

ဂျူဗင်တပ်စ် နှင့် လာဇီယို ( စနေည ၁၀း၃၀ နာရီ)

Juventus-Vs-Lazio

Juventus-Vs-Lazio

ဂျူဗင်တပ်စ်ဟာ ပွဲစဉ်(၁)မှာ နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရသလို လာဇီယိုကတော့ အိမ်ကွင်းမှာ နာပိုလီကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒီနှစ်သင်းမှာ ဂျူဗင်တပ်စ်ဟာ ပိုကောင်းတဲ့အသင်းဆိုတာ ငြင်းချက်ထုတ်လို့မရတဲ့အရာပါ။ ပွဲစဉ်(၁)မှာ ရမှတ်ဆုံးရှုံးခဲ့တဲ့ လာဇီယိုဟာ ဒီပွဲမှာရမှတ်ရယူနိုင်ဖို့ ကြိုးစားလာမှာက သေချာနေပါတယ်။ ပြီးခဲ့တဲ့နှစ် ဂျူဗင်တပ်စ်ရဲ့ အိမ်ကွင်းမှာ လာဇီယိုဟာ နိုင်ပွဲရယူထားနိုင်တာကြောင့် ဂျူဗင်တပ်စ်အနေနဲ့ (၂)နှစ်ဆက်အမှားမခံဖို့ကလည်း အရေးကြီးပါတယ်။ စီရော်နယ်လ်ဒို Cristiano Ronaldo ဂိုးသွင်းယူနိုင်မလားဆိုတာကလည်း စောင့်ကြည့်သွားရမယ့် အချက်ပဲဖြစ်ပါတယ်။ အိမ်ကွင်းမှာတော့ ဂျူဗင်တပ်စ် အနေနဲ့ အနိုင်သေချာပါတယ်။ ဂျူဗင်တပ်စ် (၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။

နာပိုလီ နှင့် အေစီမီလန် (တနင်္ဂနွေ မနက် ၁း၀၀ နာရီ)

Napoli-Vs-AC-Milan

Napoli-Vs-AC-Milan

နည်းပြ အန်ဆယ်လော့တီ Ancelotti ရဲ့ နာပိုလီအသင်းဟာ ကစားပုံကောင်းပြီး တိုက်စစ်ပိုင်းမြိုင်ဆိုင်တဲ့အသင်းပါ။ အေစီမီလန်အသင်းဟာ နည်းပြဂတ်တူဆို Gattuso လက်ထဲမှာ တိုးတက်မှုကိုရှိလာခဲ့ပါတယ်။ အသင်းကြီးနှစ်သင်းရဲ့ တွေ့ဆုံမှုဖြစ်တာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်မှာကတော့ သေချာပါတယ်။ နောက်ပိုင်းနှစ်တွေ့ဆုံမှုတွေမှာ နာပိုလီက အသာရနေတာကြောင့် အေစီမီလန် အနေနဲ့ဒီအခြေအနေကနေ ဖောက်ထွက်ပြဖို့လိုအပ်ပါတယ်။ ဟီဂွာအင် Higuaín ရောက်ရှိလာလို့ အေစီမီလန်အသင်းရဲ့ တိုက်စစ်ပိုင်းဟာ စောင့်ကြည့်ချင်စရာ ကောင်းလာခဲ့တာကတော့ အမှန်ပါပဲ။ နည်းပြအန်ဆယ်လော့တီ Ancelotti နဲ့ နည်းပြဂတ်တူဆို Gattuso တို့ရဲ့ အားပြိုင်မှုကို စောင့်ကြည့်သွားရမှာဖြစ်ပြီး သရေရလဒ်က နှစ်သင်းလုံးအတွက်မျှတပါတယ်။

Photo: TheHardTackle , Juventus , Juventus Twitter
Ko Kyue(Akhayar)
www.akhayar.com